Showing posts with label Irrawaddy. Show all posts
Showing posts with label Irrawaddy. Show all posts

Saturday, 1 October 2011

ဧရာဝတီ မှသည်

0 comments | Read more...
မြစ်ဆုံရေကာတာ တည်ဆောက်ခြင်းကို ခေတ္တ ရပ်ဆိုင်းထားလိုက်ပြီဆိုတဲ့နောက်ပိုင်းမှာ၊မြန်မာပြည်ရဲ့နိုင်ငံရေး
ကိုလေ့လာကြည့်လျှင်၊ အမျိုးမျိုးထင်မြင်ယူဆနိုင်သည်။အဖြစ်နိုင်ဆုံးထင်မြင်ချက်ကတော့သမ္မတဦးသိန်းစိန်
ဟာအပြောနှင့်အလုပ်ညီအောင်ပြည်သူ့ဘက်ကရပ်တည်ပြလက်ခြင်းပင်ဖြစ်သည်ဟုသတ်မှတ်၍ရသည်။

အဲဒီလိုဘဲအခြားသောထင်မြင်ယူဆ၍ရနိုင်သည့် အခြေအနေအကြောင်းရပ်များစွာ ရှိနေနိုင်ပေ သေးသည်။

ဒါပေမယ့် အဲဒီယူဆချက်တွေအားလုံးထဲကမှ၊အဖြစ်နိုင်ခြေအရှိဆုံးကတော့အချို့သောသူများလည်းယူဆ
ကြမည့်စစ်တပ်အတွင်း အားပြိုင်မှုများ တစတစပေါ်ထွက်လာနေသည်ဆိုတာ အလွန်ဖြစ်နိုင်သည်။ သန်းရွှေရဲ့
အလိုအရလုပ်ထားသော ဒီလိုရေကာတာစီမံကိန်းများကို၊ သိန်းစိန်ကရပ်ဆိုင်းပစ်သည်ဆိုတာဟာ၊ အတော်ကို
စဉ်းစားစရာကောင်းသည်။ ဒီစီမံကိန်းကိုပြန်ကြည့်မယ်ဆိုလျှင် ရင်းနှီးမြှပ်နှံမှုက ဒေါ်လာသန်း ၃၆၀၀ ကျော်တန်
ကြေးဆိုတာနှင့် ဒီစီမံကိန်းကိုစတင်လုပ်ဆောင်နေတာဟာ ဒီဇင်ဘာ ၂၀၀၉ လောက်ကထဲကဆိုတော့ အတော်
တောင်ခရီးရောက်နေခဲ့ပြီ။

ဒီလိုဆိုရင် သိန်းစိန်က ယခုလိုသာမန်အပြောင်အလဲများဖြစ်တဲ့ ဘီဘီစီ၊ ဒီဗွီဘီ၊ အာအက်ဖ်အေ၊ ဗွီအိုအေတို့ကို
မတရားအသင်းမှ ပယ်ဖျက်လိုက်ခြင်းနှင့်၊ မြစ်ဆုံစီမံချက်ခေတ္တရပ်ဆိုင်းထားခြင်းတွေကိုလုပ်ခြင်းဟာ၊ သန်းရွှေ
ရဲ့အခြားတဖက်ကိုရောက်နေခြင်းကြောင့်လို့ယူဆလို့ရတယ်။ ဒါမှမဟုတ်ရင်လည်း၊ သာမန်ပြည်သူတွေ၊ တွေး
ကြည့်လို့မရနိုင်တဲ့ လှည့်ဖြားမှုဆိုတာလည်းဖြစ်ကောင်းဖြစ်လိမ္မယ်။

ဒါဆိုရင်ပြည်သူတွေအနေနှင့်တဘက်ဘက်ကိုအလေးပေးဖို့လိုအပ်နေသည်ဟုသတ်မှတ်၍ရသည်။

ဒါဆိုရင် ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ၊ ရိုးသားသည်ဟုဝေလခွဲ၍မရသော သိန်းစိန်နဲ့အပေါင်းအပါများကို နှာ
ခေါင်းပိတ်ပြီးထောက်ခံပေးဖို့တာဝန်ရှိလာပြီဆိုရပေမည်။

Labels

ဧပြီ(၁) ရက် ကြားဖြတ်ရွေးကောက်ပွဲ၊ တရားမျှတမယ်လို့၊ ထင်ပါသလား?

Search This Blog