Friday 21 October 2011

လစ်ဗျားဖြစ်စဉ်မှ မြန်မာပြည်အတွက်အတွေးတခု

0 comments | Read more...
အာရပ်စပရင်းလို့ခေါ်တဲ့ အီဂျစ်မှစတင်လိုက်သော၊ အောက်ခြေလူထုမှနှစ်ကာလကြာမြင့်စွာအုပ်ချုပ်နေသော
စစ်အာဏာရှင်များကိုတွန်လှန်ဖြိုချခြင်း များတွင်ယခုလောလောဆယ်မြင်တွေ့နေရသော၊ လစ်ဗျားတွင်ဖြစ်ပျက်
နေသည့်ဖြစ်စဉ်များသည်တခုအပါအဝင်ဖြစ်သည်။
အာရပ်ကမ္ဘာမှာ ဖြစ်စဉ်များရဲ့အခြေခံတူညီချက်ကတော့၊အာဏာရှင်များ၊ ပြည်သူလူထုပေါ်မတရားအုပ်ချုပ်မှုများ
အတင်းအဓမ္မ အနိုင်ကျင့်မှုများကိုလုံးဝသီးမခံနိုင်တော့ခြင်းမရှိတော့တဲ့အခါမှာ၊ တဦးတယောက်ထက်ကျော်
လွန်သောပြည်သူများဟာအုပ်စိုးသူများရဲ့ဖိနှိပ်ချုပ်ချယ်မှု့များကိုပိုမိုလွန်ကဲစွာခံစားလာရတဲ့အခါမှာ၊ သန်းခေါင်
ထက်ညဥ့်မနက်တော့ဘူးဆိုတဲ့အခြေခံနှင့်အာဏာရှင်များကိုတွန်းလှန်ဖြိုချကြခြင်းဖြစ်ပေသည်။
ဒိလိုပြည်သူ့တော်လှန်ရေးများဟာဘာကိုညွှန်းဆိုသလဲဆိုတော့၊ နှစ်ပေါင်းများစွာပြည်သူအတွက်အလုပ်မလုပ်
တော့သည့်စနစ်၊ နှစ်ပေါင်းများစွာပြည်သူတွေကိုဆိုးကျိုးတွေသာပေးသည့်စနစ်၊ တိုင်းပြည်နှင့်လူမျိုးအတွက်လုံး
ဝအကျိုးဖြစ်ထွန်းမှုမပေးနိုင်တော့သည့်စနစ်ကြီးကို ဖယ်ရှားပစ်ခြင်းပင်ဖြစ်သည်။
ထိုအခါမှသာလျှင်ပြည်သူများအတွက်အာမခံချက်ပေးမည့်စနစ်ကိုပြန်လည်ထူထောင်နိုင်ပေမည်။ ပြည်သူ့ဆန္ဒ
နှင့်ရွေးချယ်သောပြည်သူ့အစိုးရတရပ်ကိုထူထောင်နိုင်ပေမည်။
တနည်းအားဖြင့်ပြောနိုင်သေးတာက၊ ဆွေးမြေ့ပြီးလုံးဝပြန်လည်အသုံးပြု၍မရနိုင်သော အဆောက်အဦးကိုဖြိုချ
ပြီး၊ အသစ်ဆောက်ပြန်လည်ဆောက်လုပ်ခြင်းဖြစ်သည်။
မြန်မာပြည်မှာရောပြည်သူလူထုအတွက်အာမခံချက်ပေးနိုင်သောစနစ်တခုရှိလာရန်အထက်ပါအခြေအနေများနှင့်
တူညီမှုများရှိပါသလား?
မြန်မာနိုင်ငံမှာဒီနေ့ တည်ဆောက်နေတဲ့စနစ်က၊ ဒီမိုကရေစီလည်းမဟုတ်။ ဒီမိုကရေစီကပြားလည်းမဟုတ်ပေ။
စစ်အာဏာရှင်စနစ်ထဲမှာ ပါဝင်ပတ်သက်ခဲ့ပြီးနောက်၊ ယူနီဖေါင်း ချွတ်ပြီး ဒီမိုကရေစီနှင့်အနီးစပ်ဆုံးတူညီအောင်
ဖန်တီးလုပ်ဆောင်နေသော၊ပြည်သူကရွေးချယ်တင်မြောက်ထားခြင်းမရှိသော၊ ဆွေးမြေ့ပြီးပြန်လည်အသုံးပြု၍မနို
င်တော့သော အဆောက်အဦးရဲ့အစိတ်အပိုင်းအများစုကို၊ အသစ်လို့ယူဆရသောပြည်သူကရွေးချယ်တင်မြော
က်လိုက်သောလက်တဆုပ်စာ လူတစုဖြင့်ရောနှောပြီး အဆောက်အဦးကိုပြန်လည်မွန်မံခြင်းသည်၊ ယခင်အ
ဆောက်အဦးနှင့်ဘာမျှထူးခြားမှုရှိလိမ်မည်မဟုတ်ပေ။ သတိချပ်ရန်အချက်ကတော့၊စစ်အာဏာရှင်စနစ်များ
သည်ဘယ်တော့မှပြည်သူအတွက်အကျိုးဖြစ်ထွန်းစေမှာမဟုတ်တာကတော့သေချာပေသည်။
မြန်မာပြည်မှာနောက်ထပ်သတိပြုရန်အချက်တခုကလည်း၊ စစ်အာဏာသိမ်းခြင်းကို တရားဝင်ပြုလုပ်နိုင်ရန်ဖွဲ့
စည်းပုံအခြေခံဥပဒေတွင်ထည့်သွင်းထားခြင်းပင်ဖြစ်တော့သည်။

*** မြန်မာပြည်သည် ပြည်သူလူထုအတွက်အာမခံချက်ပေးမည့်ဒီမိုကရေစီနိုင်ငံသစ်ဆီသို့ဦတည်နေသည်ဟု
*** သတ်မှတ်ပါသလား?

Wednesday 19 October 2011

နှာစေးနေရသောအကြံပေးအဖွဲ့နှင့်အကြံအဖန်အစိုးရ

0 comments | Read more...


မြန်မာပြည်မှာနိုင်ငံရေးအကျဉ်းသားလုံးဝမရှိပါ ဆိုတဲ့ so-called ဦးသိန်းစိန်အစိုးရမှ တောက်လျှောက်ပြောလာပြီးမှယခု သမ္မတအကြံပေးအဖွဲ့ထဲက ပုဂ္ဂိုလ်တယောက်ကမြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသား ၆၀၀ လောက်ရှိတယ်ဆိုပြီး ပြောဆိုချက်ကတော့၊ မြန်မာနိုင်ငံမှာ နိုင်ငံရေး
အကျဉ်းသားရှိတယ်ဆိုတာကို ဝန်ုခံပြောဆိုလိုက်တာဘဲဖြစ်တယ်။အရေအတွက်နဲ့ပတ်သက်ပြီးတော့
ပြောရမယ်ဆိုရင်တော့၊ စစ်အစိုးရရဲ့ ကိန်းဂဏန်းဖေါ်ပြမှုတွေဟာဘယ်တော့မှမှန်ကန်မှု့မရှိဘဲ
အမြဲတမ်း တဝက်ကျော်သို့မဟုတ် ဆယ်ဆလောက်လျော့ပြီးဖေါ်ပြလေ့ရှိတယ်ဆိုတော့ ယ္ခု AAPP ရဲ့ရှိထား
တဲ့ကိန်းဂဏန်းနဲ့နီးစပ်လိမ့်မယ်လို့သတ်မှတ်လို့ရမှာပါ။ ဒီလိုပြောဆိုချက်ကိုအသေးစိတ်လေ့လာကြည့်မ
ယ်ဆိုလျှင်၊ တွေ့ရှိနိုင်တာက so-called သမ္မတ အကြံပေးအဖွဲ့ဟာ ပုံမှန်အားဖြင့် နှာစေးနေရမယ့်ခြင်သေ့
ပါးစပ်နားကယုန်လေးလိုဖြစ်ရမယ်အစား၊ တဆင့်ကျော်ပြီးပြောလာပြီလို့ယူဆလို့ရတယ်။ ၎င်းတို့ရဲ့ရပ်တ
ည်ချက်မူအရ win-win situation ရောက်အောင်ဆောင်ရွက်မယ်လို့ဆိုထားတယ်။ ဒါကိုက စစ်အာဏာ
ရှင်တွေရဲ့ပြည်သူအပေါ် ရက်စက်ပြုမူခဲ့တာတွေ၊ လက်ရှိအချိန်အထိရှိနေတဲ့ခြစားလဒ်စားမှုတွေကိုဖုံးကွ
ယ်ပေးမယ်လို့ပြောတာသာလျှင်ဖြစ်တယ်။
ဦးကိုကိုလှိုင်ရဲ့ ယခုပြောဆိုလိုက်သော နိုင်ငံရေးအကျဉ်းသား ၆၀၀ ဆိုတာဟာ၊ တဖက်ကကြည့်လျှင်
ဘောင်ကျော်ပြီးပြောတယ်လို့ပြောလို့ရသလို၊ အာဏာပိုင်များနှင့်ညှိနှိုင်းမှု့များအရ၊ နိုင်ငံရေအကျဉ်း
သားရှိတယ်ဆိုတာကိုပြောဖို့အချိန်တန်ပြီလို့၊ ဆုံးဖြတ်ချက်ကျသည့်အပေါ်ဒီလိုစကားမျိုးထွက်လာခြင်း
ဖြစ်နိုင်ပေသည်။ ဒါ့အပြင်မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကို၊ မြင်ကွင်းကျယ် အနေနဲကကြည့်မည်ဆို
လျှင် တွေ့ရမှာက၊ မြန်မာနိုင်ငံကို စစ်အာဏာရှင်စနစ်ဖြင့်ထာဝရအုပ်ချုပ်ဖို့ဆိုတဲ့စစ်အာဏာရှင်များရဲ့
အလိုကျဖြစ်ဖို့ဆိုတဲ့ ၂၀၁၄ ရဲ့အာစီယံဥက္ကဌ နှင့် စီးပွါးရေးပိတ်ဆို့ထားမှုတွေဖယ်ရှားပေးဖို့ဆိုတဲ့လိုအပ်
ချက်ကို၊ အကြံအဖန်သတင်းလွတ်လပ်ခွင့်၊ အယောက်၂၀၀ လောက်သောနိုင်ငံရေးအကျဉ်းသားတွေကို
လွှတ်ပေးခြင်း ဆိုတဲ့ဈေးနဲ့ပေးဝယ်နေခြင်းအပေါ်၊ အမေရိကန်အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး
ကိုမလွှတ်ပေးဘူးဆိုရင်၊ မရောင်းနိုင်ဘူးဆိုတဲ့အပေါ် မောင်သိန်းစိန်နဲ့အဖွဲ့ကဈေးပိုပေးဖို့စဉ်းစားနေကြ
တဲ့အခြေအနေကိုတွေ့မြင်ရမည်ဖြစ်ပေသည်။ မည်သို့ပင်ဖြစ်စေကာမူ so-called ဦးသိန်းစိန်အစိုးရနှင့် နှာ
စေးနေသောအကြံပေးအဖွဲ့များအနေနှင့် စစ်မှန်သော၊ တိုင်းပြည်နှင့်လူမျိုးအတွက်ဖြစ်သောပြုပြင်ပြောင်းလဲ
မှုတွေလုပ်ရမယ့်အစား၊ လိမ်လည်လှည့်ဖြားမှုတွေ ပြုလုပ်နေကြခြင်းတွေဟာအချိန်ဖြုန်းနေခြင်းသာလျှင်ဖြ
စ်ပေတော့မည်။

Monday 17 October 2011

Die, Die, Die

0 comments | Read more...

လွတ်မြောက်ရေးအတွက်တိုက်ပွဲဝင်နေသူများဒီဆောင်းပါးကိုဖတ်ကြည့်သင့်သည်။အလွန်ကြေကွဲစရာကောင်းသော၊ မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းမှုသမိုင်းတွင်ဖယ်ထား၍မရသော အာဏာရှင်များ၏ လုံးဝ၊ လုံးဝ လူမဆန်သောရက်စက်မှု့များကိုလူတိုင်း

သိထားသင့်သည်။ Thanks to Wunna Maung and Kyaw Soe Lin for Saving Daw Suu's life. . . . .


'They were screaming: Die, die, die!': The dramatic inside story of Aung San Suu Kyi's darkest hour - the independence UK

Sunday 16 October 2011

စောင့်ကြည့်ခြင်း (သို့) NATO လုပ်ခြင်းဖြင့် စစ်အာဏာရှင်စနစ်အောက်ကမလွတ်မြောက်နိုင်

0 comments | Read more...


မြန်မာပြည်မှာနိုင်ငံရေးအခင်းအကျင်းများပြောင်းလဲလာနေသည်၊စစ်အာဏာရှင်များလှည့်ကွက်အသစ်များသုံး
ပြုလာကြသည်ဆိုတာကိုမည်သူမှငြင်း၍မရနိုင်ပါ။ သေချာတာတခုကတော့မြန်မာပြည်အစစ်အမှန်ပြောင်လဲရေး
ဘက်သို့ရောက်ရှိဖို့အတွက် စစ်အာဏာရှင်များအမြင်မှန်ရလာနေပြီလောဆိုတာကို၊ ဒေါ်အောင်ဆန်းစုကြည်ပင်
လျှင်ထင်မြင်ချက်မပေးနိုင်ပါ။ ထိုနည်းတူစွာ စစ်အာဏာရှင်များဘက်ကလည်းသိသိသာသာ ဖွင့်ဟပြောဆိုမှုမျိုး
သို့မဟုတ် သိသိသာသာလုပ်ဆောင်ပြခြင်းများဘာတခုမျှမရှိသေးပေ။လက်လှမ်းမှီသလောက်မွှေနှောက်လေ့
လာတဲ့အခါမှာမှ၊ တွေ့ရှိနိုင်တာကတော့ ဦးသိန်စိန်ပြောခဲ့တဲ့ good governance, clean government
ဆိုတဲ့ကောင်းနိုးရာရာလေးတွေကို တွေ့ရှိနိုင်မှာဖြစ်တယ်။

ဒါပေမယ့်ဒီ ဦးသိန်းစိန်ရဲ့အစိုးရလို့ခေါ်ဆိုပေးရမယ့် လက်ရှိအစိုးရရဲ့သက်တမ်း(၆)လ ကျော်ကာလအတွင်းမှာ
သိသာတဲ့အစစ်အမှန်ပြောင်းလဲမှုဆိုတာ၊ ဘာကိုမှဖေါ်ထုတ်ပြလို့မရဘူးဖြစ်တယ်။ မြစ်ဆုံဆယ်ကိုရပ်ဆိုင်းထား
ခြင်းကိစ္စဟာလည်း၊ လိုရာကိုဆွဲတွေးယူကြည့်မယ်ဆိုရင် ပြည်သူ့ဆန္ဒကို လိုက်လျှောပြီး လုပ်ဆောင်ခဲ့တယ်လို့
ပြောလို့ရပေမယ့်၊ တဖက်ကပြန်ကြည့်မယ်ဆိုရင် ဧရာဝတီနဲ့ပတ်သက်ပြီးမြန်မာပြည်မှာရှိတဲ့လူတန်းစားပေါးစုံ
ရဲ့အသံတွေထွက်ပေါ်လာခြင်းဟာ၊ မြန်မာပြည်မှာ အာရပ် စပရင်း ဖြစ်ပေါ်စေမယ့်အခြေခံအကြောင်းတရား
တွေကြောင့် စစ်အာဏာရှင်တွေရဲ့ကျေးဇူးရှင် ပေါက်ဖေါ်ကြီးရဲ့မျက်နှာကိုတောင်မထောက်နိုင်ဘဲ မြစ်ဆုံဆည်
စီမံကိန်းကိုရပ်တန့်လိုက်ပြီလို့ကြေငြာလိုက်တာဆိုရင်ပိုမှန်လိမ်မယ်။ ဒါပေမယ့်အားလုံးသိတဲ့အတိုင်း ဆည်
တည်ဆောက်ခြင်းကိုလုံးဝမလုပ်တော့ဘူးလို့မဆိုလိုသလို၊ လက်ရှိလုပ်ဆောင်နေတဲ့ကုမ်ပဏီရဲ့ကားကြီးကား
ငယ်နဲ့တရုပ်ပြည်ထဲသို့ပို့ဆောင်နေမှုများဟာ ဆက်လက်ဖြစ်ပေါ်နေဆဲဘဲဆိုတာ အထောက်အထားများက
ပြဆိုနေပါတယ်။

ဒါဆိုရင်မြန်မာပြည်ရဲ့အခြေအနေတွေဟာဘယ်ကိုဦးတည်နေသလဲ ဆိုတာမေးခွန်းထုတ်ခြင်ကြလိမ်မယ်လို့
ထင်ပါတယ်။ အဖြေကတော့ရှင်းပါတယ်။ မြန်မာပြည်ဟာ အာဏာလွှဲပြောင်းပေးနေတဲ့စပ်ကူးမတ်ကူးကာ
လထဲမှာလို့ပြောလို့ရပါတယ်။ ဒီနေရာမှာသတိချပ်ရမှာကတော့၊ အာဏာလွှဲပြောင်းပေးခြင်းသည် အာဏာ
ရှင်တစုမှ အခြားအာဏာရှင်တစုသို့ ပခုံးပြောင်းလွှဲပေးနေတာသာလျှင်ဖြစ်တယ်ဆိုတာသိမြင်ဖို့အရေးကြီး
သည်။

ဒီလိုအခြေအနေကြီးကို၊ မြန်မာပြည်သူတွေ၊ အတိုက်အခံတွေ၊ နိုင်ငံတကာတွေကစောင့်ကြည့်နေကြ
သည့်အပြင် ဒီနေ့ ဂျပန်က ODA တွေပြန်ပေးတော့မယ်ဆိုတဲ့အထိပြောလာပြီ။ မြန်မာပြည်သူတွေ၊ ကို
ဇာဂနာပြောသလို NATO နဲ့ဘဲအဆုံးသတ်ရတော့မလိုဖြစ်နေပြီ။ ဒီနေရာမှာသဘာဝ တရားတွေနဲ့ယှဉ်
ပြီးမြန်မာပြည်ရဲ့အခြေအနေတွေကိုထောက်ရှုသင့်တာကတော့၊ မျှော်လင့်ခြင်းနဲ့၊ ရရှိခြင်းဟာဆွေမျိုးမ
တော်စပ်ဘူးဆိုတာပါဘဲ။ ထိုက်တန်တဲ့ပေးဆပ်မှုရှိမှသာလျှင်၊ တူညီတဲ့အကျိုးကိုခံစားရမှာဖြစ်တဲ့အတွက်
ကြောင့်၊ စောင့်ကြည့်ပြီး NATO သာလျှင်လုပ်နေမယ်ဆိုရင်တော့ စစ်အာဏာရှင်စနစ်မြန်မာပြည်မှာချုပ်
ငြိမ်းမည်မဟုတ်တော့ပါ။

Friday 14 October 2011

ကိုဇာဂနာ၊ မစုစုနွေး တို့လို ပုဂ္ဂိုလ် များလိုအပ်နေ

0 comments | Read more...


ပြီးခဲ့တဲ့ (၂) ရက်ကမှ ထောင်ကထွက်လာသူတွေအထဲ၊နိုင်ငံရေးအကျဉ်းသားတွေဟာအားရစရာကော
င်းလောက်အောင် မြန်မာပြည်ရဲ့နိုင်ငံရေးအဖြစ်မှန် တွေကိုထိန်သိမ်း တွေးမြင်ထားနိုင်တယ်ဆိုတာ၊ ၎င်း
တို့နဲ့အင်တာဗျူးလုပ်ထားတာတွေကိုနားထောင်ကြည့်ရင် တွေ့ရှိနိုင်ပါတယ်။

အထူးသဖြင့် ကိုဇာဂနာ၊ မစုစုနွေးတို့ရဲ့ပြောဆိုချက်တွေကို လေ့လာကြည့်လျှင်၊ ထောင်ထဲမှာနေရပေ
မယ့်၊ လတ်တလောမြန်မာ့နိုင်ငံရေးလောကကြီးထဲမှာ ဘယ်လိုဘဲလှည့်ဖြားမှု့တွေရှိနေပါစေ၊ စစ်ထုတ်
ပြီးယုံကြည်တယ်ဆိုတဲ့မြန်မာပြည်လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေတဲ့သူတိုင်းမှာ အမှန်တကယ်
ရှိသင့်တဲ့စိတ်ဓါတ်မျိုးတွေရှိနေတာကိုတွေ့ရတယ်။ ထိုမျှမကသေးဘဲ၊ ထောင်ကထွက်တဲ့နေ့မှာဘဲပွင့်ပွင့်
လင်းလင်းကိုထုတ်ဖေါ်ပြောဆိုကြတာတွေဟာ၊ မြန်မာပြည်တွင်းရဲ့အကျဉ်းထောင်ပြင်ပမှာရှိနေတဲ့သူတွေ
အတွက်အတုယူစရာဘဲလို့မြင်မိတယ်။

ဥပမာအားဖြင့် ကိုဇာဂနာပြောတဲ့ NATO မလုပ်နဲ့၊ ပြေတီဦးလုပ် ဆိုတာရယ်။ မစုစုနွေးရဲ့ သူ့ကိုအကျဉ်း
ချရင်၊ အစိုးရအာဏာပိုင်တွေထဲက သူ့လိုလုပ်ရပ်မျိုးလုပ်တဲ့သူကို ထောင်ချသင့်တယ်ဆိုတာဟာ အမှန်
တရားအတွက်ပြောရဲတာကိုပြတာဖြစ်တယ်။

မြန်မာပြည်တွင်းကယနေ့လက်ရှိအခြေအနေတွေဟာ၊ ပြောင်းလဲမှုဘက်ကိုဦတည်နေတယ်ဆိုကြပေမယ့်၊ စစ်အစိုးရရဲ့ ယခင်ကာလတွေက အပြုအမူတွေကိုလေ့လာကြည့်လျှင်၊ ယနေ့ကာလဖြစ်စဉ်များသည်
ဘာမျှထူးခြားမှုရှိမည့်ဘက်သို့ဦးတည်ခြင်းမရှိပါ။ ထူခြားမှုတခုလို့ယူဆလို့ရတာက အဆင့်မြင့်တဲ့၊ လူထု မထင်မှတ်နိုင်တဲ့ လှည့်ဖြားမှု့တွေကို သုံးလာတာတွေ့ရတယ်။ နိုင်ငံတကာရဲ့စံချိန်တွေနဲ့ပြည့်မှီအောင်၊ ရွေးကောက်ပွဲဆိုတာရှိရတယ်သတင်းလွတ်လပ်မှု့ပေးရမယ်၊ အကျဉ်းသားတွေကိုလွှတ်ပေးရမယ်ဆိုတာ
တွေကို၊ မြန်မာပြည်သူလူထုရဲ့ခံစားရမှု့တွေကိုလစ်လျှု ရှု ပြီးလက်တလုံးခြားလုပ်သွားတာတွေဟာ၊ ၎င်း
တို့အတွက်သာလျှင် ဦးစားပေးစဉ်းစားနေရတာကြောင့်ဖြစ်မယ်လို့ထင်ပါတယ်။

အဲဒါကြောင်၊ ကိုဇာဂနာတို့၊ မစုစုနွေးတို့လိုလူမျိုးတွေ တိုးပွါးလာပါစေလို့အကြံပြုလိုပါတယ်။

ဒါပေမယ့် ၈၈ ကျောင်းသားခေါင်းဆောင်များနှင့် လက်ရှိနိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်
လာမယ်ဆိုရင်တော့၊ တိုင်းပြည်နဲ့လူမျိုးအတွက်အကောင်းဆုံးဖြစ်ပေလိမ္မည်။

Wednesday 12 October 2011

နိုင်ငံရေးအကျဉ်းသာားတွေကို မလွှတ်ပေးတာဟာဘာကြောင့်လဲ?

0 comments | Read more...


အဖြေကတော့ရှင်းပါတယ်။ သဘောထားမမှန်လို့သာလျှင်ဖြစ်ပါတယ်။ ရိုးသားသောသဘောထားဖြင့် အပြောနှင့်အလုပ်ညီအောင် သက်သေပြခြင်တယ်ဆိုရင်၊ ယနေအကျဉ့်းထောင်အသီးသီးမှာကျခံနေရတဲ့နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးမှာဖြစ်ပါတယ်။ ဒါပေမယ့် ယခုလွှတ်မဲ့အကျဉ်းသား ၆၃၅၉ ဦး နဲ့ လက်ချိုးရေလို့ရတဲ့နိုင်ငံရေးအကျဉ်းသားတချို့ကိုလွှတ်ပေးခြင်းဟာ နိုင်ငံတကာမှာအရောင်းအဝယ်တခုပြုလုပ်သလိုသာဖြစ်ကြောင်း၊ ဖြစ်စဉ်တွေကိုပြန်လေ့လာကြည့်လျှင်တွေ့
မြင်နိုင်မှာပါ။ သိန်းစိန်ရဲ့ဥပဓိရုပ်ကိုကြည့်လျှင်၊ ရိုးရိုးသားသားလုပ်မယ့်ပုံမပေါ်ပါဘူး။ ဒါပေမယ့် သူ့ရဲ့အကြံပေးအဖွဲ့နဲ့၊ အလိုတူအလိုပါတွေ ကသာလျှင် မြောက်ပင့်ပြောနေကြတာကိုတွေ့နေရတယ်။ မြစ်ဆုံဆယ်ကိုရပ်တန့်မယ့်ကိစ္စမှာလည်း၊ အာမခံချက်က ခေတ္တရပ်ဆိုင်းထားတာသာဖြစ်တယ်။ စစ်အစိုးရရဲ့ယခင်လုပ်ရပ်များအရ၊ ပြည်သူအကျိုးကိုကြည့်တယ်ဆိုတာ၊ ယုံနိုင်စရာမရှိသေးဘူးဆိုတာ သဘာဝကျပါတယ်။ ယခုစစ်အစိုးရထဲမှာ ရှိနေတဲ့သူတွေအားလုံးနီးပါးဟာ သဘောထားခံယူချက် အတူတူတွေချည်းပါဘဲ။ လက်နက်အားကိုးနဲ့ပြည်သူလူထုရဲ့ဆန္ဒလုံးဝမပါဘဲ၊ ၎င်းတို့နဲ့၎င်းတို့ရဲ့မိသားစုအသိုင်းအဝိုင်းများအကျိုးအတွက်အတင်းအဓမ္မအာဏာကိုစွဲကိုင်အုပ်ချုပ်နေတာသာ
လျှင်ဖြစ်တယ်။ အဲဒီတော့အမှားလုပ်ထားတာကိုအပြစ်ပေးအရေးယူခံရမှာကိုကြောက်ပြီးတော့သံသယစိတ်နဲ့
့၎င်းတို့ဘက်ကို ပြန်လှည့်လာနိုင်မယ့်အန္တရာယ်တွေကို ကာကွယ်နေရတဲ့အလေ့အထကြီး စစ်အာဏာရှင်တွေထံ
မှာစွဲကပ်လာခဲ့တယ်။ 88မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့နိုင်ငံရေးအကျဉ်းသားတွေကို နှစ်ရှည်ထော
င်ဒဏ် ချမှတ်ထားတာဟာ သန်းရွှေရဲ့လက်ချက်ဖြစ်တယ်။ ဥပဒေအထက်မှာနေပြီးတော့ မတရားတဲ့ဥပဒေတွေ
နဲ့ နှစ်တရာကျော် ထောင်ဒါဏ်တွေကိုချမှတ်ခဲ့တာဟာ၊ စကားမပြောတဲ့အာဏာရှင်ရဲ့ လုပ်ရပ်နဲ့ သက်သေပြခြ
င်းသာလျှင်ဖြစ်တယ်။ ဒီလိုအခြေအနေတွေကနေ ယခင်စစ်အစိုးရနဲ့လုံးဝ မတူပါဘူးဆိုတဲ့ သိန်းစိန်အစိုးရဟာ
နိုင်ငံရေးအကျဉ်းသားမရှိဘူး၊ နိုင်ငံရေးအကျဉ်းသားတွေမလွှတ်ပေးတာဟာ၊ သန်းရွှေလက်အောက်ကမလွတ်
မြောက်နိုင်သေးဘူးဆိုတာ ကိုပြနေတာဖြစ်တယ်။

အဲဒီတော့ နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ပေးတာနဲ့၊ သိသာထင်ရှားတဲ့ နိုင်ငံရေးအရပြောင်းလဲမှုမလုပ်
တာဟာ
(၁) စစ်အာဏာရှင်များ အကြောက်တရားမကင်းစင်သေးခြင်း (အကယ်၍မြန်မာနိုင်ဒီမိုကရေစီဘက်သို
ကူးပြောင်းသွားသည်ရှိသော်၎င်းတို့တိုင်းပြည်ကိုမတရားလုပ်ထားတာတွေကို ပြန်လည်ရေးယူခြင်းခံရပေမည်။
ဒီလိုလုပ်ငန်းစဉ်တွေမဖြစ်လာဖို့အတွက်၊ အာဏာကိုလုံးဝလက်လွက်ခံဖို့ရာမဖြစ်နိုင်သေးပေ။)
(၂)မကြာသေးခင်ကအမွေခွဲထားသော ပိုင်ဆိုင်မှုများ၊ ၎င်းတို့စီးပွါးရေးလုပ်ငန်းများကိုလက်လွတ်ဆုံးရှုံးရမှာကို
စိုးရိမ်ခြင်း။
(၃) အထက်ပါဖြစ်စဉ်များကို ဆက်တိုက်ဖြစ်နေစေဖို့ ပြည်သူ့ဆန္ဒနဲ့အုပ်ချုပ်တဲ့ ပြည်သူ့အစိုးရ ကိုဖေါ်ဆောင်ဖို့
ဆိုတာလုံးဝမဖြစ်နိုင်တော့ပေ။(မြန်မာနိုင်ငံကိုဥပဒေအရအုပ်ချုပ်သောနိုင်ငံတခုအစား၊ အာဏာရှင်များ ဥပဒေ
ရဲ့အထက်ကနေပြီး မတရားအုပ်ချုပ်ခြင်းက အာဏာရှင်များအတွက်စိတ်အေးရသည်။)

အဲဒီလိုဆိုတော့၊ မြန်မာပြည်မှာအလိုလျောက်ပြောင်းလဲခြင်းသည်၊ ပြည်သူများအတွက်အဖြေမဟုတ်။ ပြည်သူတွေ
အတွက်လိုအပ်မဲ့အပြောင်းအလဲပုံစံသည်၊ ထိုက်ထိုက်တန်တန်လုပ်ယူမှသာလျှင်ရနိုင်ပေမည်။

Monday 3 October 2011

About Myitsone Dam Project

0 comments | Read more...

The Myitsone Hydroelectric Project is located at the confluence of the Mali and N'Mai rivers and is the largest of seven dams (total capacity 13,360 MW) planned along the Irrawaddy, Mali Hka, and N'Mai Hka rivers in Burma. Scheduled for completion in 2019, Myitsone will become the 15th largest hydropower station in the world, with installed capacity at 6,000 MW.

The main dam is approximately 152 meters long, 152 meters high, and includes a reservoir about 766 square kilometers with a depth of 290 meters deep. The dam project is expected to costs USD $3.6 billion dollars and is being developed by Myanmar Ministry of Electric Power-1, China Power Investment Corporation, and Asia World Company of Burma. (from Internation Rivers website)

Details: http://www.internationalrivers.org/node/6876#project

Saturday 1 October 2011

ဧရာဝတီ မှသည်

0 comments | Read more...
မြစ်ဆုံရေကာတာ တည်ဆောက်ခြင်းကို ခေတ္တ ရပ်ဆိုင်းထားလိုက်ပြီဆိုတဲ့နောက်ပိုင်းမှာ၊မြန်မာပြည်ရဲ့နိုင်ငံရေး
ကိုလေ့လာကြည့်လျှင်၊ အမျိုးမျိုးထင်မြင်ယူဆနိုင်သည်။အဖြစ်နိုင်ဆုံးထင်မြင်ချက်ကတော့သမ္မတဦးသိန်းစိန်
ဟာအပြောနှင့်အလုပ်ညီအောင်ပြည်သူ့ဘက်ကရပ်တည်ပြလက်ခြင်းပင်ဖြစ်သည်ဟုသတ်မှတ်၍ရသည်။

အဲဒီလိုဘဲအခြားသောထင်မြင်ယူဆ၍ရနိုင်သည့် အခြေအနေအကြောင်းရပ်များစွာ ရှိနေနိုင်ပေ သေးသည်။

ဒါပေမယ့် အဲဒီယူဆချက်တွေအားလုံးထဲကမှ၊အဖြစ်နိုင်ခြေအရှိဆုံးကတော့အချို့သောသူများလည်းယူဆ
ကြမည့်စစ်တပ်အတွင်း အားပြိုင်မှုများ တစတစပေါ်ထွက်လာနေသည်ဆိုတာ အလွန်ဖြစ်နိုင်သည်။ သန်းရွှေရဲ့
အလိုအရလုပ်ထားသော ဒီလိုရေကာတာစီမံကိန်းများကို၊ သိန်းစိန်ကရပ်ဆိုင်းပစ်သည်ဆိုတာဟာ၊ အတော်ကို
စဉ်းစားစရာကောင်းသည်။ ဒီစီမံကိန်းကိုပြန်ကြည့်မယ်ဆိုလျှင် ရင်းနှီးမြှပ်နှံမှုက ဒေါ်လာသန်း ၃၆၀၀ ကျော်တန်
ကြေးဆိုတာနှင့် ဒီစီမံကိန်းကိုစတင်လုပ်ဆောင်နေတာဟာ ဒီဇင်ဘာ ၂၀၀၉ လောက်ကထဲကဆိုတော့ အတော်
တောင်ခရီးရောက်နေခဲ့ပြီ။

ဒီလိုဆိုရင် သိန်းစိန်က ယခုလိုသာမန်အပြောင်အလဲများဖြစ်တဲ့ ဘီဘီစီ၊ ဒီဗွီဘီ၊ အာအက်ဖ်အေ၊ ဗွီအိုအေတို့ကို
မတရားအသင်းမှ ပယ်ဖျက်လိုက်ခြင်းနှင့်၊ မြစ်ဆုံစီမံချက်ခေတ္တရပ်ဆိုင်းထားခြင်းတွေကိုလုပ်ခြင်းဟာ၊ သန်းရွှေ
ရဲ့အခြားတဖက်ကိုရောက်နေခြင်းကြောင့်လို့ယူဆလို့ရတယ်။ ဒါမှမဟုတ်ရင်လည်း၊ သာမန်ပြည်သူတွေ၊ တွေး
ကြည့်လို့မရနိုင်တဲ့ လှည့်ဖြားမှုဆိုတာလည်းဖြစ်ကောင်းဖြစ်လိမ္မယ်။

ဒါဆိုရင်ပြည်သူတွေအနေနှင့်တဘက်ဘက်ကိုအလေးပေးဖို့လိုအပ်နေသည်ဟုသတ်မှတ်၍ရသည်။

ဒါဆိုရင် ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ၊ ရိုးသားသည်ဟုဝေလခွဲ၍မရသော သိန်းစိန်နဲ့အပေါင်းအပါများကို နှာ
ခေါင်းပိတ်ပြီးထောက်ခံပေးဖို့တာဝန်ရှိလာပြီဆိုရပေမည်။

Labels

ဧပြီ(၁) ရက် ကြားဖြတ်ရွေးကောက်ပွဲ၊ တရားမျှတမယ်လို့၊ ထင်ပါသလား?

Search This Blog