Wednesday 25 April 2012

အန်အယ်ဒီရဲ့ရပ်တည်ချက်ကို အားဖြည့်ကြပါ

0 comments | Read more...
ယ္ခု ကျမ်းသစ္စာ ကျိန်ဆိုရမယ့်အသုံးအ နှုန်းကို ပြင်ပေးဖို့ကိစ္စ ကိုပြန်ကြည့်ရင်၊ အန်အယ်လ်ဒီရွေးကောက်
ပွဲမဝင်ခင်က၊ လွှတ်တော်နှစ်ခုလုံးရဲ့ ထောက်ခံမှုနဲ့ ဦးသိန်းစိန်ကိုယ်တိုင်လက်မှတ်ရေးထိုးပြီးထုတ်ပြန်ပေး
ခဲ့တယ်ဆိုတာ၊ တိုင်းသိ၊ ပြည်သိ၊ နိုင်ငံတကာသိ ဖြစ်ခဲ့ပြီးပြီ။ အဲဒါကြောင့်လည်း၊ တရားမဝင်အခြေခံဥပဒေ
နဲ့လူထု ရဲ့ အစစ်အမှန်ရွေးချယ်ခြင်းမခံရတဲ့ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ပါလီမန် တွေဆိုတာသိ
ရက်နဲ့၊ အန်အယ်လ်ဒီ ရွေးကောက်ပွဲဝင်ခဲ့တယ်။

ယခုတခါလွှတ်တော်ထဲကို ဝင်ခါနီးမှာမှ၊ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်အစား၊ လေးစားလို
က်နာပါမည် လို့မပြောင်းပေးတော့ဘူးလို့ ဖြစ်သွားတာဟာ ရှေ့နောက်မည်ီတာသာဖြစ်တယ်။ ဒီလိုဖြစ်တာ
ဟာ ၄င်းတို့အတွင်းမှာလည်း သူတလူ ငါတမင်းဆိုတဲ့ ဂိုဏ်းဂနတွေမြောက်များစွာရှိနေတယ်ဆိုတာလူသိ
ရှင်ကြား သရုပ်ပြသလိုဖြစ်နေတယ်။ ဥပမာ၊ ကြံ့ဖွတ်ပါတီရဲ့တာဝန်ရှိသူတွေတချို့ဆိုရင်၊ ဒီကိစ္စကို နားမ
လည် ပါးမလည်နဲ့ပြောနေကြတာတွေဟာ၊ တိုင်းပြည်နဲ့လူမျိုးအတွက်၊ အလွန်ရင်နာစရာကောင်းလှတယ်။
သူတို့ကိုယ်သူတို့၊ ပြည်သူကရွေးချယ်ထားတဲ့သူတွေမဟုတ်ဘူး၊ ပြည်သူတွေက သူတို့ကိုလုံးဝမကြိုက်
ဘူးဆိုတာ၊ မသိနိုင်တဲ့အခြေအနေဖြစ်နေတယ်။
တချို့ကလည်းပြောကြတယ်။ အခြေခံဥပဒေကိုကာကွယ်ပါမည်ဆိုတဲ့စာသားဟာ၊ နိုင်ငံတကာမှာလည်း
ဒီလိုဘဲပြဌါန်းထားတယ်ပြောပြန်တယ်။ ဒါပေမယ့် မြန်မာပြည်ကအခြေခံဥပဒေဟာ၊ ပြည်သူ့ဆန္ဒ နဲ့ရေး
ဆွဲထားတာမဟုတ်သလို၊ ပြည်သူ တွေရဲ့ဆန္ဒအစစ်အမှန်နဲ့အတည်ပြုထားတာမဟုတ်ဘူးဆိုတာတွေကို
အဓိကထားစဉ်းစားရမှာဖြစ်တယ်လို့ထင်တယ်။

ဦးသိန်းစိန်က ပြောသေးတာက ဘယ်ကိစ္စ တွေမှာမဆို ၎င်းတို့ဘက်ကဘဲအလျော့ပေးနေရတယ်လို့ဆို
ပြန်တယ်။ ပြည်သူတွေဘက်က လုံးဝ လုံးဝ သင်ပုန်းချေရေး ဆိုတာနဲ့၊ အာဏာရှင်တွေ အမြင်မှန်ရလာပြီ
ဆိုတဲ့ စပ်ကူးမတ်ကူး ကာလမှာ ပြည်သူတွေအနေနဲ့ သဘောထားကြီးကြီး ထားပေးနေတယ်ဆိုတာတွေကို
တော့၊ အလေးထားစရာမလိုဘဲ ပျက်ပြယ်သွားပြီလို့ ခံယူလိုက်တာလားလို့မေးစရာရှိလာတယ်။

ဒီလိုအခြေအနေတွေအပေါ်မှာ၊ ပြည်သူတွေကိုယ်စားအတိအကျထောက်ပြနေဖို့လိုတာက၊၎င်းတို့ဟာပြည်
သူကို အမျိုးမျိုးဒုက္ခပေးနေတဲ့ အာဏာရှင်တွေအဖြင့်ကနေ၊ ထူးထူးခြားခြားကြီး  အနစ်နာခံမှုတွေမရှိသေး
တဲ့အပေါ်မှာ၊ အသွင်ပြောင်းထားတဲ့အာဏာရှင်တွေအဆင့်မှာဘဲရှိနေသေးတယ်။ ၎င်းတို့ကိုပြည်သူကရွေး
ချယ်တင်မြှောက်ထားလို့၊ တိုင်းပြည်အုပ်ချုပ်ရေး ရာထူးတွေမှာလုပ်နေကြရတာမဟုတ်ဘဲ၊ အာဏာကိုအ
တင်းတွယ်ကပ်ထားလိုလို့၊ တိုင်းပြည်ရဲ့အဓိကကျတဲ့နေရာတွေမှာ အတင်းနေရာယူထားတယ်ဆိုတာကို
အမြဲတမ်းမီးမောင်းထိုးပြနေဖို့လိုတယ်လို့ထင်တယ်။

ဒီလိုလိမ့်ခဲတင်းလင်းဖြစ်မှုတွေဟာ၊ အခြားဘာတွေကိုပြဆိုနေသလဲဆိုရင်၊ အာဏာရှင်တွေဟာ ၎င်းတို့ရ
လိုတဲ့အရာတွေကိုရရှိပြီးနောက်၊ ကတိမတည်တော့ဘဲ၊ အရာရာကိုလစ်လျူရှုခြင်းရဲ့ ကနဦးအခြေအနေ
တွေလို့လဲသတ်မှတ်လို့ရတယ်။ ဒီလိုကတိမတည်မှု၊ ဗြောင်လိမ်ဗြောင်စား လုပ်မှု့တွေဟာ စစ်အာဏာ
ရှင်တွေရဲ့လုပ်ရိုးလုပ်စဉ် ဘဲဆိုတာ၊ မြန်မာပြည်သူ ပြည်သားတိုင်းအတွေ့အကြုံရှိပြီးသား ဖြစ်တယ်ဆို
တာကိုလည်းမမေ့သင့်ဘူး။

ဒီအခြေအနေမှာ၊ တာဝန်သိ ပြီးတိုင်းပြည် ချစ်တဲ့ပြည်သူတယောက်အနေနဲ့၊ အန်အယ်လ်ဒီရဲ့ မှန်ကန်
တဲ့ရပ်တည် တိုက်ပွဲဝင်မှုကို အပြည့်အဝထောက်ခံကြောင်း အာဏာရှင်တွေသိအောင်၊ နိုင်ငံတကာသိ
အောင်ပြသဖို့လိုတယ်လို့ထင်မိပါတယ်။

Monday 23 April 2012

အန်အယ်လ်ဒီ (NLD) ပြည်သူ့ဆန္ဒကို ထင်ဟပ်ပြဖို့လိုပြီ

0 comments | Read more...
တရားမဝင် တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ စစ်အစိုးရရဲ့လွှတ်
တော်ထဲကိုဝင်မယ့်၊ အန်အယ်လ်ဒီရဲ့ အရွေးချယ်ခံအမတ်များ ကျမ်းသစ္စာ ကျိန်ဆိုခြင်းမှ   စတင်
ပြီး ပြည်သူအတွက်လုပ်ပြဖို့လိုနေပါပြီ။

ဦးသိန်းစိန် ဟာ၊ အန်အယ်လ်ဒီ ရွေးကောက်ပွဲ မဝင်ခင်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်
ပါမည်ဆိုတဲ့အစား၊ လေးစားပါမည်ဟု ပြင်ဆင်ပေးခဲ့သော်လည်း၊ လွှတ်တော်ထဲသို ဝင်ရန်ကျမ်း
သစ္စာ ကျိန်ဆိုခြင်းကိုတော့ မပြင်ပေးနိုင်ဘူးလို့၊ ဂျပန်မှာရောက်ရှိနေစဉ်အတွင်း ပြောဆိုလိုက်
တယ်ဆိုတာကိုသိရတယ်။

ဒါဟာ စစ်အာဏာရှင်တွေရဲ့ အတွင်းသရုပ်ကိုဘယ်တော့မှဖုန်းကွယ်မထားနိုင်ဘူးဆိုတာကိုအ
တိအကျ ပြဆိုနေတာဖြစ်တယ်။ စစ်အာဏာရှင်တွေ အဲဒီလိုဘာလို့လုပ်ရသလဲဆိုတော့၊ ၎င်းတို့
လိုချင်တာများရသွားတဲ့အခါမျိုးတွေမှာ၊ ဒီလိုလုပ်လေ့လုပ်ထ ရှိတယ်ဆိုတာ၊ ယခင်လုပ်ရပ်ဟေ
ာင်းတွေကိုပြန်ကြည့်ရင် မြင်နိုင်ပါတယ်။

အန်အယ်လ်ဒီ က လွှတ်တော်ထဲကိုဝင်တယ်ဆိုတာဟာလည်း၊ ၎င်းတို့ရဲ့ဆန္ဒကို လိုက်လျောပြီး
အတွင်းထဲသို့ဝင်ပြီး ဆွေးနွေးလုပ်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် ရွေးကောက်ပွဲ ဝင်ခဲ့တာလို့မြင်
ပါတယ်။ အန်အယ်လ်ဒီ ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရတယ်ဆိုတာဟာလည်း၊ ပြည်
သူတွေဟာ စစ်အာဏာရှင်တွေကို ဘယ်တော့မှထောက်ခံမှာမဟုတ်ဘူးဆိုတဲ့ သတင်းစကားကို
ပေးလိုက်တာဘဲဆိုတာ၊ အာဏာရှင်နဲ့အပေါင်းအပါတွေသိသင့်တယ်။

ဒါပေမယ့်၊ စစ်အာဏာရှင်တွေဟာ၊ မလိုအပ်တဲ့ မှားယွင်းတဲ့ အတွေးအခေါ် အယူအဆတွေကို
အမြဲတမ်းစွဲကပ်ထားပြီး၊ ၎င်းတို့ရဲ့ ရည်ရွယ်ချက်တွေကို မမှိတ်မသုန်အကောင်အထည်ဖေါ်နေ
တယ်ဆိုတာကိုတော့ တာဝန်သိ ပြည်သူတဦးအနေနှင့် အစဉ် အမှတ်ရနေဖို့လိုအပ်တယ်လို့မြ
င်ပါတယ်။ ဥပမာ အားဖြင့်၊ အနောက်နိုင်ငံကြီးတွေဟာ မြန်မာပြည်ကို ကိုလိုနီ လုပ်ဖို့အတွက်
အစဉ်ကြိုးပမ်းနေတယ်၊ ၎င်းတို့သာလျှင် သန်း ၅၀ ကျော်သောပြည်သူတွေရဲ့အကျိုးကိုရှေ့ရှု
ပြီးလုပ်ဆောင်နေတယ်ဆိုတာတွေဟာ၊ ညာဖြီးနေတယ်ဆိုတာကို၊ အဲဒီကာယကံရှင်တွေ မသိ
မမြင်နိုင်ကြတာဟာ၊ တိုင်းပြည်အတွက် အင်မတန်ရင်လေးဖို့ကောင်းတယ်။

ဒီလိုအခြေအနေတွေကြောင့်၊ ပြည်သူတွေကိုအမှန်တကယ် လွတ်လပ်မှုရစေခြင်တယ်ဆိုရင်
အန်အယ်လ်ဒီအနေနှင့်၊ ပြတ်သားသင့်တဲ့နေရာများတွင် ပြတ်သားဖို့ရန်လိုအပ်တယ်လို့မြင်
ပါတယ်။ အခြေခံဥပဒေကိုပြင်တယ်ဆိုတာ၊ လုပ်ခြင်လျှင်လုပ်လို့ရပါတယ်။ ၎င်းတို့ရှုထောင့်
မှကြည့်လျှင် အင်မတန်လွယ်ကူတဲ့ကိစ္စလေးပါ။ ဒါပေမယ့် ဒီလိုလွယ်ကူတဲ့ကိစ္စကို၊ တော်တော်
ကြီးခက်ခဲအောင် ပြောနေတယ်ဆိုတာဟာ၊ ရည်ရွယ်ချက်ရှိရှိညစ်ပတ်တာဖြစ်တယ်။ အကြော
က်တရားတွေလွှမ်းမိုးနေတာသာဖြစ်တယ်။

အဲဒီတော့၊ အန်အယ်လ်ဒီအနေနဲ့ လွှတ်တော်ထဲမှာလည်း အများစု (majority) ဆိုတဲ့အခြေ
အနေကိုမရလို့၊ ဘယ်လိုပြုပြင်မှုတွေကိုလုပ်နိုင်မှာလဲလို့အများစုက ထင်မြင်ချက်တွေပေး
နေတဲ့အချိန်မှာ၊ ယခင်ကသဘောတူပြီးသား ဒီကျန်းသစ္စာ ကျိန်ဆိုတဲ့ကိစ္စ လေးကိုပြေလည်
အောင်တော့လုပ်ပြနိုင်ဖို့လိုအပ်တယ်လို့မြင်ပါတယ်။






Sunday 22 April 2012

ဦးသိန်းစိန်ရဲ့အစိုးရအဖွဲ့ကို ပြန်ပြင်ဖွဲ့စည်းမယ်ဆိုတဲ့အပေါ်

0 comments | Read more...
တရားမဝင် စစ်အစိုးရတဖြစ်လဲ ယူနီဖေါင်းချွတ် အရပ်သားအစိုးရအတွင်း အလွန် ရှုပ်ထွေးတဲ့ဇာတ်လမ်းများ ကို ပိုမိုရှင်း လင်းအောင် ခေါင်းမာတဲ့သူတွေ၊ တဦးခြင်းနှင့် မိမိအသိုင်းအဝိုင်း ရဲ့အကျိုးကိုသာကြည့်ပြီး တိုင်းပြည်ချစ်တယ်လို့အော်ေ နသူများကို၊ ၎င်းတို့နဲ့သင့်တော်တဲ့နေရာမှာ ထားမယ်ဆိုတဲ့ ဦးသိန်းစိန်ရဲ့ပြန်လည်ဖွဲ့စည်းမယ်ဆိုတဲ့အကြံကတော့၊ တော် တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်။ လုပ်နိုင်မလုပ်နိုင်ကတော့ ဦးသိန်းစိန်ရဲ့အပိုင်းပေါ့။

ဒီလိုလုပ်ဖို့လိုအပ်ချက်က တော့ မြန်မာနိုင်ငံမှာ အမှန်တကယ်နဲ့အရေးတကြီးလိုအပ်နေတဲ့ကိစ္စလို့မြင်တယ်။ မြန်မာပြည်သူလူထုကမထောက်ခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အတင်းအဓမ္မ အုပ်ချုပ်နေတဲ့ စစ်အစိုးရဟာ ပွင့်လင်းပြီး၊ ပြည်သူအများအတွက်အကျိုးဖြစ်စေရန် ပြည်သူအများစုထောက်ခံတဲ့ ပြုပြင်ပြောင်းလဲရေးတွေကိုမလုပ်လို့ကတော့၊ မြန်မာပြည်ဟာစစ်အာဏာရှင်တွေလက်ထဲမှာ ဘဲရှိနေပြီး၊ အစစ်အမှန်တိုးတက်မှုဘက်ကိုရောက်မှာမဟုတ်ဘူးလို့သုံးသပ်လို့ရတယ်။

ဒါပေမယ့် ရှိပြီးသား တရားမဝင် အစိုးရအဖွဲ့အတွင်း၊ သင့်တင့်သောပြောင်းလဲမှုတွေလုပ်မယ်ဆိုရင်တော့၊ ပြည်သူတွေ လည်းအလိုက်အထိုက လက်ခံပေးနိုင်လိမ့်မယ်လို့ထင်တယ်။ ကျိန်းသေတာတခုကတော့၊ ဦးသိန်းစိန်နဲ့၎င်းရဲ့အုပ်စုကတော့၊ ခေါင်းမာတဲ့ စစ်တပ်အုပ်စုကို၊ မလှန်နိုင်သေးသလိုဖြစ် နေတယ်ဆိုတာ၊ ကေအိုင်အေနဲ့ အတိအကျ အပစ်အခတ်မရပ်စဲနိုင်သေးတဲ့အခြေအနေတွေကပြဆိုနေတယ်။ ဒါပေ မယ့်လည်း၊ ဦးသိန်းစိန်ဟာ လုံးဝပြုပြင်ပြောင်းလဲချင်တဲ့လူ ဟုတ်မဟုတ်က လည်းဘယ်သူမှမပြောနိုင်ဘူး။

ဦးသိန်းစိန် ရဲ့အပြောအဆိုတွေနဲ့၊ အကဲခတ်လို့ရနိုင်သမျှသော၎င်း ရဲ့သဘောထားတွေအရဆိုလျှင် သူလည်းဒီ ပုတ်ထဲကဒီပဲဘဲ ဆိုတာ သတ်မှတ်လို့ရတယ်။ အမြင်ကျဉ်းမြောင်းတဲ့အာဏာရှင်စစ်တပ်ထဲက၊ အယူသည်းလွန်းတဲ့စစ်သားတွေ ဆိုတော့၊ သတင်းလုံခြုံမှု့ကိုအရမ်း ထိမ်းသိမ်းတာကြောင့်၊ ဘာတွေဖြစ်လာမလဲဆိုတာကိုတော့ခန့်မှန်းရခက်ပါတယ်။

Labels

ဧပြီ(၁) ရက် ကြားဖြတ်ရွေးကောက်ပွဲ၊ တရားမျှတမယ်လို့၊ ထင်ပါသလား?

Search This Blog