Wednesday 8 August 2012

၈၈ စိတ်ဓါတ် မှ တိုင်းပြည်ထူထောင်ရေးဆီသို့

0 comments | Read more...









၈.၈.၈၈ မှာ ပါဝင်ခဲ့သူ တိုင်း ၈ လေးလုံးနှစ်ပတ်လည်ကို အမြဲတမ်းအမှတ်ရနေတာကတော့ နိုင်ငံကိုကြီးပွါး
တိုးတက်စေခြင်တဲ့စိတ်ကိုဖြေဖျောက်၍ မရတာကြောင့်ဖြစ်တယ်လို့ထင်တယ်။ ၂၄ နှစ်ကြာ ရှိခဲ့ပြီဖြစ်တဲ့ပြ
ည်သူ့အရေးတော်ပုံရဲ့အကျိုးဆက်တွေကြောင့်၊ ဒီနေ့ဖြစ်နေတဲ့ကိစ္စတွေ ဖြစ်နေရတယ်ဆိုပေမယ့်၊ ဖြစ်သ
င့်သလောက် မဖြစ်နေဘူးဆိုတာကိုတော့လက်ခံရမှာပါ။

၈၈ နဲ့အတူ အနစ်နာခံမှုတွေ၊ စွန့်လွတ်မှုတွေ၊ ဆုံးရှုံးရမှုတွေ၊ မိသားစုနဲ့ပြန်မဆုံရခြင်းတွေ စတဲ့ပေးဆပ်
မှုတွေဟာ၊ မြန်မာပြည်ကို နိုင်ငံတကာအဆင့်မှီ ဖွံ့ဖြိုးသောနိုင်ငံတခုဖြစ်စေလိုတာမှတပါး၊ အခြားဘာရည်
ရွယ်ချက်မှမရှိခဲ့ဘူးဆိုတာ၊ ကာယကံရှင်တွေ အားလုံးသိကြသလို၊ ပြည်သူလူထုတရပ်လုံးလည်းသိတဲ့ကိစ္စ
တခုပါ။ ပေးဆပ်ခဲ့ပြီးသလောက်၊ အချိုးအစားညီမျှသော ပြန်လည်ရရှိမှုကို မြန်မာပြည်မှာ ရရှိခံစားနေရတာ
မတွေ့ရသေးတာတော့ တရားမျှတတဲ့ရှုမြင်မှုတခုလို့ဆိုရမှာပါ။

ဂျပန်တွေ ဒုတိယကမ္ဘာစစ်မှာ စစ်ရှုံးပြီးတော့၊ ဘာဆိုဘာမှမရှိတဲ့ဘဝကနေ၊ ဆုံးရှုံးခြင်း ငတ်မွတ်ခဲ့ခြင်းတွေ
ကိုအခြေပြုလျှက်၊ အလုပ်ကြိုးစားလုပ်ကိုင်ခြင်း၊ ခံယူချက် ပြင်းပြစွာနဲ့၊ ဥရောပ နဲ့အမေရိက တို့ကနေသ
င်ယူလာတဲ့နည်းပညာတွေကို၊ ပြန်လည်မွန်းမံ တီထွင်ခြင်းတွေနဲ့၊ အလျှင်အမြန်ဖွံ့ဖြိုးတဲ့နိုင်ငံတခု ဖြစ်လာ
အောင်လုပ်ဆောင်နိုင်ခဲ့တာကို မြန်မာပြည်အနေနဲ့အတုယူစေခြင်တယ်။ ဒါပေမယ့်၊ အခြေခံနဲ့ပေးလာတဲ့
ပတ်ဝန်းကျင်အနေအထားကတော့မတူဘူးပေါ့။ အဓိကအချက်ကတော့ (transparency) လို့ခေါ်တဲ့ပွင့်လ
င်းညင်သာမှုအပေါ်မှာများစွာမူတည်နေတယ်။ ဟန်လုပ်ပြီးပြောင်းလဲ လို့ကတော့၊ သင့်တော်တဲ့တန်ပြန်သ
က်ရောက်မှုကိုဘဲရမှာဘဲ။

သမာသမတ်ကျသော၊ ရှုထောင့်ကနေရှုမြင်ခြင်း အားဖြင့် မြန်မာပြည်ကိုရှုမြင်ကြည့်မယ်ဆိုလျှင်၊ ၂၀၀၈ ဖွဲ့
စည်းပုံအခြေခံဥပဒေ နဲ့ ဟန်ပြ ဒီမိုကရေစီ အစိုးရတရပ် ကိုသာလုပ်ဆောင်ခြင်းအားဖြင့်၊   မြန်မာပြည်ကို
တိုးတက်သော၊ နိုင်ငံတခုဖြစ်လာအောင် မတွန်းပို့နိုင်လောက်ဘူးလို့ယုံကြည်တယ်။ တိုင်းပြည်ကိုအမှန်
တကယ်ဖွံ့ဖြိုးတိုးတက်ခြင်တယ်ဆိုရင်၊ အနစ်နာခံမှုတွေ၊ ဆက်စပ်နေတာကိုတွေ့ရမယ်။ အဲဒီ လိုအပ်တဲ့
အနစ်နာခံမှုတွေကိုမလုပ်နိုင်ဘူးဆိုရင်၊ မြန်မာပြည်ကို ယခင်ကလို မွဲတေနေတဲ့အဆင့်မှာဘဲ ရှိနေစေခြင်
တယ်ဆိုတဲ့ရည်ရွယ်ချက် ကိုထင်ရှားအောင်လုပ်ပြသလိုဖြစ်မှာပါ။ မေးစရာရှိလာတာက ဘာကြောင့် ၂၀၀၈
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ခွင့်မပြုရဲတာလဲ?

ဒီနေရာမှာ အပိုင်းနှစ်ပိုင်း ရှိလာတာကိုတွေ့ရတယ်။ ပထမအပိုင်းက၊ ဒေါ်စုတို့ပြောသလို၊ ၈၈ မျိုးဆက်
ခေါင်းဆောင်တွေပြောသလို၊ ၈၈ နဲ့အတူဆုံးရှုံးခဲ့မှု့တွေကို အားပြုပြီး၊ အားလုံးညီညီ ညာညာဝိုင်ဝန်းလုပ်
ဆောင်ကြမယ်ဆိုတဲ့ သန္ဓေ တည်ခြင်းကို၊ လိုအပ်သလောက်မလုပ်နိုင်ခဲ့သေးခြင်း ဆိုတဲ့အချက်ဟာ လုပ်
ဆောင်ခဲ့သူအားလုံးလည်းမြင်ကြတဲ့အချက်တခုပါ။ ဒီလိုအပ်ချက်ကိုမတည်ဆောက်နိုင်တဲ့အခါ၊ အခွင့်သာ
သလိုနေလို့ရတဲ့၊ ခြစားနေတဲ့၊ အာဏာရှင်တွေချုပ်ကိုင်ထားတဲ့ မြန်မာပြည်ဆိုတဲ့ ယန္တရားကြီးဟာလည်း
တွန်းရွှေ့မယ့်သူ မရှိသကဲ့သို့၊ မူလနေရာမှာဘဲဆက်ရှိနေရတာလို့မြင်ပါတယ်။

ဒါပေမယ့်၊ တိုင်းပြည်နဲ့လူမျိုးကိုသာ အဓိကထားပြီး၊ အခြားသောအရာတွေအားလုံးဟာသာမညဖြစ်တယ်
ဆိုတဲ့ အခြေခံသဘောထားနဲ့၊ လုံလောက်သော တွန်းအားစိုက်ထုတ်မှုကို၊ ပြည်တွင်းပြည်ပ ၈၈ မျိုးဆက်
များနှင့်ပြည်သူလူထုတရပ်လုံးဟန်ချက်ညီစွာပြုလုပ်နိုင်ခဲ့ပါလျှင်၊ မြန်မာပြည်ကို တိုးတက်မှု့ဘက်ကိုဦးတ
ည်မယ့် လမ်းကြောင်းမှန်ပေါ်တွန်းတင်ပေးနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။


Sunday 29 July 2012

အခြေခံအကျဆုံးအပြောင်းအလဲ

0 comments | Read more...


မကြာသေးခင်ကဘဲ ကမ္ဘာ့အရက်စက်ဆုံးစစ်အာဏာရှင်တွေအုပ်ချုပ်ခြင်းခံခဲ့ရတဲ့မြန်မာနိုင်မှာ၊ ဒီမိုကရေ
စီဘက်ကိုပြောင်းလဲနေပါပြီဆိုပြီး ကမ္ဘာတလွှား ကွက်ကြို ကွက်ကြား မရဲတရဲ ချီးမွန်းနေကြတာတွေကြား
နေရတယ်။

အစစ်အမှန် အပြောင်းအလဲဟုတ်မဟုတ်ကို မသုံးသတ်နိုင်သေးခင်မှာ၊ ညင်သာတဲ့ပြောင်းလဲမှု သို့မဟုတ်
ကမ္ဘာမှာ စံနမူနာယူလောက်သော အာဏာရှင်စနစ် မှ ဒီမိုကရေစီသို့ကူးပြောင်းခြင်း ပုံသဏ္ဍန် ကိုဖေါ်ထု
တ်လိုတာကြောင့်၊ ကမ္ဘာ့ခေါင်းဆောင်များ ဒေါ်အောင်ဆန်းစုကြည်ကိုဦးတည်ပြီး၊ အားပေးနှစ်သိမ့်တဲ့ မြန်
မာပြည်သို့လာရောက်လည်ပတ်ခြင်းကိုပြုလုပ်ကြတယ်။

အပြောင်းအလဲတွေကို ပြန်ကြည့်တဲ့အခါ၊ မြန်မာပြည်မှာ ယခင်ကနဲ့မတူတာတွေ အများကြီးတွေ့ရတာကို
တော့မငြင်းလိုပါ။ ဦးသိန်းစိန် ဗိုလ်ချုပ်အောင်ဆန်းပုံချိတ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့တာကနေစပြီး
မြစ်ဆုံဆည် ကို ရပ်ဆိုင်းတယ်၊ တိုင်းပြည်အကျိုးအတွက် အနစ်နာခံပြီးလုပ်နေကြတဲ့သူတွေကိုနောက်ယေ
ာင်ခံလိုက်ခြင်း ထောက်လှန်းခြင်းတွေကို ပေါ်ပေါ်ထင်ထင်မလုပ်တော့ဘူး၊ သတင်းသမားတွေ လွတ်လပ်
စွာသတင်းယူခွင့်ရနေကြတယ် (censor တွေတော့ရှိနေဆဲဘဲ)၊ ဆန္ဒပြခွင့်ကို လက်တလုံးခြား လှည့်ပတ်ပြီး
ခွင့်ပြုချက်ပေးထားတယ်၊ စတဲ့စတဲ့ ပွင့်လင်းထင်သာမှုမရှိတဲ့ ကိစ္စတွေကိုတော့၊ မြန်မာပြည်မှာလုပ်ဆောင်
နိုင်နေတာတွေကိုတွေ့ရမှာဖြစ်တယ်။

နောက်ကြောင်းပြန်လှည့်လို့မရတဲ့ပြောင်းလဲမှု့မျိုးကိုအကောင်အထည်ဖေါ်နေပါတယ်ဆိုတဲ့အသုံးအနှုံးကို
လက်ကိုင်ပြုပြီး၊ နိုင်ငံတကာကိုရော၊ ပြည်တွင်းကိုပါ၊ ဝါဒဖြန့်လုပ်ဆောင်လာခဲ့တာ၊ မြန်မာ့အရေးကိုလုပ်ေ
ဆာင်နေသူ အတော်များများရဲ့အာရုံကိုဖမ်းစားနိုင်ခဲ့တယ်။ ဒါပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ
ရယ်၊ ယူနီဖေါင်းချွတ်ပြီး အစိုးရအဖွဲ့ထဲဝင်လာသူတွေရဲ့ သဘောထားတွေမပြောင်းလဲတာတွေရယ်ကိုကြ
ည့်ရင်၊ မြန်မာပြည်ဟာ အချိန်မရွေး နောက်ကြောင်းပြန်လှည့်လို့ရနိုင်တယ်။ ယခင်ကလဲ နိုင်ငံတကာရဲ့ေ
ပြာဆိုမှုတွေကို ဂရုမစိုက်ခဲ့သလို အပြုအမူမျိုးရှိခဲ့တာကြောင့်၊  ၎င်းတို့ရဲ့အကျိုးစီးပွါးကိုအခြေခံပြီးနောက်
ကြောင်းပြန်လှည့်မယ်ဆိုရင်၊ နိုင်ငံတကာရဲ့ပြောဆိုရှုံ့ချမှုတွေကို လစ်လျှုရှုဖို့ရာ အာဏာရှင်တွေအနေ
နဲ့ ဝန်မလေးလောက်ဘူးလို့ထင်တယ်။

ဒီနေ့မြန်မာပြည်ရဲ့အခြေအနေကိုပြန်ကြည့်မယ်ဆိုရင်၊ အပေါ်ယံပြောင်းလဲမှုတွေ သာလျှင်ဖြစ်ပြီး၊ အဲဒီေ
ပြာင်းလဲမှုတွေတောင်၊ ပြည်သူတွေအတွက်အာမခံချက်မပေးနိုင်သေးတာကိုတွေ့ရမယ်။ စီးပွါးရေးလုပ်ငန်း
တွေ အားလုံးကို ယခင်ကလိုဘဲ ၎င်းတို့နဲ့ ၎င်းတို့ကို ပံ့ပိုးနေသောသူတွေရဲ့လက်ထဲမှာဘဲထားထားခြင်း
ဟာ၊ ၎င်းတို့ရဲ့ရည်ရွယ်ချက်တွေထဲက တခုဖြစ်တယ်။ ဦးသိန်းစိန်ရဲ့အပြောအရ၊ နိုင်ငံခြားတိုင်းပြည်တွေ
မှာအလုပ် သွားလုပ်နေကြတဲ့မြန်မာလူမျိုးတွေကို၊ မြန်မာပြည် ကိုပြန်ခေါ်ပြီး မြန်မာပြည်တိုးတက်ရေးအတွ
က်၊ ဝိုင်းဝန်းလုပ်ဆောင်ကြစေခြင်တယ်ဆိုတဲ့ ကိစ္စဟာလည်း၊ လက်တွေ့မှာ အလုပ်တွေမရှိဘဲနဲ့၊ သင့်တင့်
လျောက်ပတ်တဲ့ လုပ်ခကြေးငွေတွေကို မရနိုင်ဘဲနဲ့၊ ဥပဒေ စိုးမိုးရေးကို လက်တွေ့ကျကျအကောင်အထ
ည်မဖေါ်နိုင်သေးတာကိုသိနေကြတဲ့မြန်မာတွေအနေနဲ့ မြန်မာပြည်ကိုပြန်လာကြမယ်ဆိုတဲ့ကိစ္စဟာအတေ
ာ်လေးခက်ခဲလှပါတယ်။

မြန်မာပြည်ရဲ့တိုးတက်မှုတွေကိုအသေအခြာ ဆန်းစစ်ကြည့်မယ်ဆိုရင်၊ အချိန်နဲ့တပြေးညီ၊ ရည်ရွယ်ချက်ရှိ
ရှိ၊ စည်းစနစ်နဲ့သွားနေတယ်ဆိုတဲ့ အရာတွေကိုဆွဲထုတ်ပြဖို့ရာ၊ အလွန်ခက်ခဲပါသည်။ အဓိကျပသနာကေ
တာ့၊ စစ်အစိုးရ ဆိုသူများက၊ ၎င်းတို့ရဲ့သဘောထား၊ ထင်မြင်ချက်တွေ၊ လုပ်ဆောင်ချက်တွေကို၊ မှားနေ
သည့်တိုင်အောင်၊ ၎င်းတို့လုပ်တာမှန်သည်၊ ဆိုသည့် ကမ္ဘာထဲမှ မထွက်ဘဲ၊ ဒီမိုကရေစီ ဆိုတဲ့အ ရေခွံကိုခြုံ
ပြလိုက်ပြီး၊ မြန်မာပြည်ရဲ့ပြသနာများကို၊ ဟန်ဆောင်ဖြေရှင်းနေတဲ့ ပုံစံမျိုးဖြစ်နေတယ်။ စစ်အစိုးရရဲ့ ယူနီေ
ဖါင်းချွတ်တွေ (သို့) ကြံ့ဖွတ်ပါတီ ရဲ့တာဝန်ရှိတဲ့သူတွေရဲ့ အပြောအဆိုတွေကို သုံးသပ်ကြည့်မယ်ဆိုရင်၊ ၎င်းတို့အနေနဲ့ ၎င်းတို့ရဲ့ရည်ရွယ်ချက်တွေကို တစိုက်မတ်မတ်၊ အကောင်အအထည်ဖေါ်နေတယ်ဆိုတာ
သိသာတယ်။ တချိန်တည်းမှာဘဲ၎င်းတို့ရဲ့ရည်ရွယ်ချက်တွေဟာ၊ အကောင်အထည်ပေါ်လာသလိုဖြစ်နေ
တာကိုတွေ့ရမှာဖြစ်တယ်။

အတိုက်အခံတွေဘက်ကတော့၊ လွှတ်တော်ထဲမှာ ပါဝင်လုပ်ဆောင်ခြင်းအားဖြင့်၊ တိုင်းပြည်ကိုတိုးတက်ေ
အာင်မလုပ်နိုင်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်နိုင်အောင်လုပ်မယ်၊ ဥပဒေစိုးမိုးရေး ရအောင်လုပ်ဆော
င်မယ်လို့ကြွေးကြော်ထားတာကိုတွေ့ရတယ်။ ဖြစ်နိုင်ခြေရှိ/မရှိ ကိုတော့ လောလောဆယ်နဲ့၊ ဒီလွှတ်တေ
ာ်သက်တမ်းအတွင်းမှာ ဖြစ်မလာနိုင်ဘူးလို့တွေ့ရှိရတယ်။ ဘာကြောင့်လည်းဆိုတော့ စစ်အာဏာရှင်တွေ
က ၎င်းတို့ကျူးလွန်ထားခဲ့သမျှကို အရေးယူမခံရစေဖို့၊ ဒီဖွဲ့စည်းပုံထဲမှာ အကုန်လုံးထည့်သွင်းရေးဆွဲထား
ပြီးသားဆိုတဲ့အပေါ်မှာ၊ ဒီ၂၀၀၈ ဖွဲ့စည်းပုံဟာ၊ စစ်အာဏာရှင်တွေရဲ့ ခံကတုတ်ဖြစ်တယ်၊ ဒါကိုအစွမ်းကုန်
ကာကွယ်ရမယ်ဆိုတာဟာ စစ်အာဏာရှင်တွေရဲ့ရည်မှန်းချက်ဖြစ်တယ်ဆိုတာဟာ သဘာဝကျလှပါတယ်။

ဒါဆိုရင် ယခုလက်ရှိလွှတ်တော်သက်တမ်းကုန်မယ့်၊ ၂၀၁၅ ကိုမျှော်ကြည့်မယ်ဆိုရင်လည်း၊ ကိုယ်လိုရာဆွဲ
တွေးတဲ့ပုံစံမျိုးနဲ့ ရွေးကောက်ပွဲမှာအပြတ်အသတ်အနိုင်ရအောင်လုပ်ပစ်လိုက်မယ်ဆိုတဲ့အယူအဆနဲ့စိတ်
ကူးကြည့်လို့ရပေမယ့်၊ လက်တွေ့သဘောမှာ ဖြစ်လာနိုင်ခြေအလွန်နည်းတယ်ဆိုတာ ယနေ့ရှိပြီးသားအ
ခြေအနေတွေကညွှန်းဆိုနေတယ်။ စစ်အာဏာရှင်တွေအနေနဲ့ ရွေးကောက်ပွဲကို အနိုင်ရမှဖြစ်မယ်ဆိုတဲ့
အခြေအနေအရဘဲ၊ တရားသည်၊ မတရားသည်ကို လစ်လျှူရှုပြီး၊ အောက်လမ်းနည်းနဲ့အနိုင်ရအောင်လုပ်
သွားမယ်ဆိုရင်လည်း၊ အတိုက်အခံတွေဘက်က ထိထိရောက်ရောက်အရေးယူနိုင်တဲ့ လုပ်ဆောင်ချက်တွေ
ယခင်ကတည်းကမရှိခဲ့ဘူးဆိုတာ၊ အထင်အရှားမြင်ခဲ့ပြီးပြီ။

ဒါဆိုရင်အခြေခံအကျဆုံးအပြောင်းအလဲကဘာလဲ???..........
မြန်မာပြည်မှာ အစစ်အမှန်ပြောင်းလဲမှုဘက်ကိုဦးတည်ဖို့အတွက် အဓိကကျတဲ့အောက်ခြေတွေကိုအရင်
ဦးစွာ ပြောင်းလဲပစ်နိုင်တယ်ဆိုရင်၊ မြန်မာပြည်မှာ ရိုးရာဓလေ့လိုဖြစ်နေတဲ့ ခြစားလဒ်စားမှုတွေကို တိုက်
ဖျက်ပစ်နိုင်မယ်။ တိုင်းပြည်အကျိုး၊ အများပြည်သူအကျိုးထက် မိမိကိုယ်ကျိုးကိုသာကြည့်နေရတဲ့လုပ်ရိုးလု
ပ်စဉ်တွေကိုပယ်ဖျက်နိုင်မယ်။ အခွင့်သင့်စွာဘဲ မကြာသေးခင်က ထွက်ပေါ်လာတဲ့ရပ်ကွက်ကျေးရွာအုပ်ချု
ပ်ရေးဆိုင်ရာနည်းဥပဒေတွေထွက်ပေါ်လာခဲ့ပြီ ဆိုတော့ ပြည်သူတွေတိုက်ရိုက်ရွေးချယ်ခွင့်ရမယ်လို့ဆိုထ
ားတယ်။ အဲဒီလိုအမှန်တကယ်ပြည်သူ့ဆန္ဒနဲ့လျှို့ဝှက်မဲပေးပြီးရွေးချယ်မယ်ဆိုလျှင်၊ ယခင် ခြစားလဒ်စား
နေတဲ့၊ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်အောင်ပံ့ပိုးနေတဲ့ပုဂ္ဂိုလ်တွေကို တိုင်းပြည်နဲ့လူမျိုးအတွက်အ
မှန်တကယ်အလုပ်လုပ်နိုင်မယ့်သူတွေနဲ့အစားထိုးနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။ ဒါ့ကြောင့် ကိုမင်းကို
နိုင်နဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်များကို၊ အခြေခံအကျဆုံးအပြောင်းအလဲများဖြစ်ပေါ်လာအောင်ကြိုးပမ်း
စေလိုတာကြောင့် ဒီဆောင်းပါးလေးနဲ့တင်ပြလိုက်ပါရစေ။

(ကိုမင်းကိုနိုင်နဲ့ ၈၈ ခေါင်းဆောင်များကို အလေးအနက်အကြံပေးခြင်တာက အဓိက ရည်ရွယ်ချက်ပါ။)
(ပြည်သူကရွေးချယ်နိုင်တော့မည့်ရပ်ကျေး နည်းဥပဒေပေါ်ထွက်လာ - http://burmese.dvb.no/archives/27902 )

Saturday 2 June 2012

အာဏာရှင်တွေဟာ ထင်တာထက်ပိုပြီး လိမ္မာ ပါးနပ်ကြတယ်

0 comments | Read more...
Dictators are supposed to be dumb, or at least crazy. Muammar al-Qaddafi was a ranting lunatic with a goofy fashion sense. Kim Jong Il had a weird hairstyle and a penchant for surreal sloganeering. Those generals in Burma were brutes given to consulting soothsayers on major decisions and shooting people at the drop of a hat. Full Story

အာဏာရှင်တွေဟာ၊၎င်းတို့ရရှိထားတဲ့လုပ်ပိုင်နိုင်ခွင့်တွေအပေါ်မူတည်ပြီး၊လူထုကမနှစ်မြို့တာကိုသိလျက်
နဲ့ ၎င်းတို့ရဲ့စည်းစိမ်တွေကို ဘိုးစဉ်ဘောင်ဆက် ထိန်းသိမ်းထားနိုင်ဖို့ အာဏာကို တည်မြဲနေအောင်လုပ်
တာဟာ သူတို့ရဲ့ ရည်မှန်းချက်သာလျှင်ဖြစ်တယ်။  ဘယ်သူတွေဘာပြောပြော၊ ကမ္ဘာကဘာဘဲပြောပြောဂရု
မစိုက်ဘဲ၊ ၎င်းတို့လုပ်ခြင်တာတွေကို၊ မရရအောင်အကောင်အထည်ဖေါ်တယ်၊ ၎င်းတို့ကိုဆန့်ကျင်တဲ့ ပြည်သူကို
နည်းမျိုးစုံနဲ့နှိပ်စက်တယ်ဆိုတဲ့အချက်တွေဟာ၊ အာဏာရှင်တွေရဲ့တူညီတဲ့လက္ခဏာဖြစ်တယ်။


လစ်ဗျား အာဏာရှင် ကဒါဖီ ရဲ့ နိုင်ငံတကာသိအောင် ပြည်သူကိုနှိပ်စက်ခြင်း၊ နိုင်ငံတကာမှာ ၎င်းရဲ့လူမ
ဆန် ရက်စက်မှုတွေလုပ်ခဲ့ခြင်းကြောင့်၊ နိုင်ငံတကာနဲ့ ၎င်းရဲ့နှိပ်စက်ခြင်းကိုခံခဲ့ရတဲ့ ပြည်သူလူထုရဲ့အပြစ်
ပေးခြင်းကိုခံလိုက်ရတယ်။ မြောက်ကိုးရီးယားအာဏာရှင် ကင်ဂျုံအီး နိုင်ငံတကာနဲ့ ၎င်းရဲ့ပြည်သူတွေကိုယ်
တိုင်ရဲ့ဒါဏ်ခတ်ခြင်းကိုမခံရခင်မှာ သေသွားတော့ကံကောင်းသလိုတော့ရှိသားဘဲ။

ဒါပေမယ့် တိုင်းပြည်ကိုစုတ်ပြတ်နေအောင်လုပ်ပြီး၊ ပြည်သူတွေကိုနည်းမျိုးစုံနဲ့ နှိပ်စက်နေတဲ့မြန်မာပြည်က
အာဏာရှင်တွေရော ဘယ်ရောက်နေကြသလဲ။ သူတို့ရဲ့ရည်ရွယ်ချက်ကဘာလဲ။ သူတို့အတွက် နောက်
တဆင့် ဖြစ်သင့်တာဟာဘာလဲ။ အဖြေမရှိတဲ့မေးခွန်းတွေကတော့အများကြီးဘဲ။

မြန်မာပြည်ကအာဏာရှင်တွေရော အထက်ကဆောင်းပါးရှင် CHRISTIAN CARYL ပြောသလို ငတုံးငအတွေ
ဖြစ်မလား၊ ဒါမှမဟုတ် တကယ်ဘဲလိမ္မာပါးနပ်ကြသလားဆိုတာကတော့ ပြောရတာအတော်ခက်လိမ့်မယ်။ ပြည်သူကိုရန်သူလိုသဘော
ထားပြီး၊ နှိပ်စက်လိုရသမျှနည်းတွေနဲ့နှိပ်စက်ခြင်းကိုပြုလုပ်တဲ့အတွက်၊ ဦးနှောက်
မရှိတဲ့ ငတုံးငအတွေလို့ပြောလို့ရပေမယ့်၊ အကွက်ကျကျ နဲ့ပြင်ဆင်ပြီးတော့ ၎င်းတို့ရဲ့ ကျုးလွန်ထားတဲ့ရာ
ဇဝတ်မှုတွေအတွက် ဒဏ်ခတ်ခြင်းမခံရအောင်၊ စစ်အာဏာရှင်စနစ်ကို၊ ဒီမိုကရေစီအရေခြုံပြလိုက်တာက
တော့၊ တော်တော်လေးလိမ္မာပါးနပ်တယ်လို့ပြောမလား၊ မကောင်းတဲ့ဘက်မှာ တဖက်ကမ်းခပ်အောင်တော်
တယ်လို့ပြောရမလားဘဲ။

မြန်မာပြည်ရဲ့အခြေအနေနဲ့ပတ်သက်ပြီးကျိန်းသေတာတခုကတော့၊ အာဏာရှင်တွေဟာလက်သည်းလေး
ဖွက်လိုက်ရုံနဲ့၊ ယခင်က ၎င်းတို့ပြုလုပ်ခဲ့ပြီးသော၊ နည်းမျိုးစုံမတရားမှုများကိုပြန်မလုပ်တော့ဘူးလို့ဘယ်သူ
မှအာမခံချက်မပေးနိုင်တဲ့အခြေအနေမှာရှိတယ်။ မြန်မာပြည်မှာ စစ်အာဏာရှင်တွေဟာ အတွင်းထဲမှာရှိနေ
ဆဲဖြစ်ပြီး၊ ဖယ်ရှားပစ်ခြင်းမခံရသ၍၊ ဆက်လက်ပြီးဒုက္ခပေးမြဲပေးနေလိမ်မယ်လို့ယုံကြည်ရပါတယ်။

Wednesday 25 April 2012

အန်အယ်ဒီရဲ့ရပ်တည်ချက်ကို အားဖြည့်ကြပါ

0 comments | Read more...
ယ္ခု ကျမ်းသစ္စာ ကျိန်ဆိုရမယ့်အသုံးအ နှုန်းကို ပြင်ပေးဖို့ကိစ္စ ကိုပြန်ကြည့်ရင်၊ အန်အယ်လ်ဒီရွေးကောက်
ပွဲမဝင်ခင်က၊ လွှတ်တော်နှစ်ခုလုံးရဲ့ ထောက်ခံမှုနဲ့ ဦးသိန်းစိန်ကိုယ်တိုင်လက်မှတ်ရေးထိုးပြီးထုတ်ပြန်ပေး
ခဲ့တယ်ဆိုတာ၊ တိုင်းသိ၊ ပြည်သိ၊ နိုင်ငံတကာသိ ဖြစ်ခဲ့ပြီးပြီ။ အဲဒါကြောင့်လည်း၊ တရားမဝင်အခြေခံဥပဒေ
နဲ့လူထု ရဲ့ အစစ်အမှန်ရွေးချယ်ခြင်းမခံရတဲ့ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ပါလီမန် တွေဆိုတာသိ
ရက်နဲ့၊ အန်အယ်လ်ဒီ ရွေးကောက်ပွဲဝင်ခဲ့တယ်။

ယခုတခါလွှတ်တော်ထဲကို ဝင်ခါနီးမှာမှ၊ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်အစား၊ လေးစားလို
က်နာပါမည် လို့မပြောင်းပေးတော့ဘူးလို့ ဖြစ်သွားတာဟာ ရှေ့နောက်မည်ီတာသာဖြစ်တယ်။ ဒီလိုဖြစ်တာ
ဟာ ၄င်းတို့အတွင်းမှာလည်း သူတလူ ငါတမင်းဆိုတဲ့ ဂိုဏ်းဂနတွေမြောက်များစွာရှိနေတယ်ဆိုတာလူသိ
ရှင်ကြား သရုပ်ပြသလိုဖြစ်နေတယ်။ ဥပမာ၊ ကြံ့ဖွတ်ပါတီရဲ့တာဝန်ရှိသူတွေတချို့ဆိုရင်၊ ဒီကိစ္စကို နားမ
လည် ပါးမလည်နဲ့ပြောနေကြတာတွေဟာ၊ တိုင်းပြည်နဲ့လူမျိုးအတွက်၊ အလွန်ရင်နာစရာကောင်းလှတယ်။
သူတို့ကိုယ်သူတို့၊ ပြည်သူကရွေးချယ်ထားတဲ့သူတွေမဟုတ်ဘူး၊ ပြည်သူတွေက သူတို့ကိုလုံးဝမကြိုက်
ဘူးဆိုတာ၊ မသိနိုင်တဲ့အခြေအနေဖြစ်နေတယ်။
တချို့ကလည်းပြောကြတယ်။ အခြေခံဥပဒေကိုကာကွယ်ပါမည်ဆိုတဲ့စာသားဟာ၊ နိုင်ငံတကာမှာလည်း
ဒီလိုဘဲပြဌါန်းထားတယ်ပြောပြန်တယ်။ ဒါပေမယ့် မြန်မာပြည်ကအခြေခံဥပဒေဟာ၊ ပြည်သူ့ဆန္ဒ နဲ့ရေး
ဆွဲထားတာမဟုတ်သလို၊ ပြည်သူ တွေရဲ့ဆန္ဒအစစ်အမှန်နဲ့အတည်ပြုထားတာမဟုတ်ဘူးဆိုတာတွေကို
အဓိကထားစဉ်းစားရမှာဖြစ်တယ်လို့ထင်တယ်။

ဦးသိန်းစိန်က ပြောသေးတာက ဘယ်ကိစ္စ တွေမှာမဆို ၎င်းတို့ဘက်ကဘဲအလျော့ပေးနေရတယ်လို့ဆို
ပြန်တယ်။ ပြည်သူတွေဘက်က လုံးဝ လုံးဝ သင်ပုန်းချေရေး ဆိုတာနဲ့၊ အာဏာရှင်တွေ အမြင်မှန်ရလာပြီ
ဆိုတဲ့ စပ်ကူးမတ်ကူး ကာလမှာ ပြည်သူတွေအနေနဲ့ သဘောထားကြီးကြီး ထားပေးနေတယ်ဆိုတာတွေကို
တော့၊ အလေးထားစရာမလိုဘဲ ပျက်ပြယ်သွားပြီလို့ ခံယူလိုက်တာလားလို့မေးစရာရှိလာတယ်။

ဒီလိုအခြေအနေတွေအပေါ်မှာ၊ ပြည်သူတွေကိုယ်စားအတိအကျထောက်ပြနေဖို့လိုတာက၊၎င်းတို့ဟာပြည်
သူကို အမျိုးမျိုးဒုက္ခပေးနေတဲ့ အာဏာရှင်တွေအဖြင့်ကနေ၊ ထူးထူးခြားခြားကြီး  အနစ်နာခံမှုတွေမရှိသေး
တဲ့အပေါ်မှာ၊ အသွင်ပြောင်းထားတဲ့အာဏာရှင်တွေအဆင့်မှာဘဲရှိနေသေးတယ်။ ၎င်းတို့ကိုပြည်သူကရွေး
ချယ်တင်မြှောက်ထားလို့၊ တိုင်းပြည်အုပ်ချုပ်ရေး ရာထူးတွေမှာလုပ်နေကြရတာမဟုတ်ဘဲ၊ အာဏာကိုအ
တင်းတွယ်ကပ်ထားလိုလို့၊ တိုင်းပြည်ရဲ့အဓိကကျတဲ့နေရာတွေမှာ အတင်းနေရာယူထားတယ်ဆိုတာကို
အမြဲတမ်းမီးမောင်းထိုးပြနေဖို့လိုတယ်လို့ထင်တယ်။

ဒီလိုလိမ့်ခဲတင်းလင်းဖြစ်မှုတွေဟာ၊ အခြားဘာတွေကိုပြဆိုနေသလဲဆိုရင်၊ အာဏာရှင်တွေဟာ ၎င်းတို့ရ
လိုတဲ့အရာတွေကိုရရှိပြီးနောက်၊ ကတိမတည်တော့ဘဲ၊ အရာရာကိုလစ်လျူရှုခြင်းရဲ့ ကနဦးအခြေအနေ
တွေလို့လဲသတ်မှတ်လို့ရတယ်။ ဒီလိုကတိမတည်မှု၊ ဗြောင်လိမ်ဗြောင်စား လုပ်မှု့တွေဟာ စစ်အာဏာ
ရှင်တွေရဲ့လုပ်ရိုးလုပ်စဉ် ဘဲဆိုတာ၊ မြန်မာပြည်သူ ပြည်သားတိုင်းအတွေ့အကြုံရှိပြီးသား ဖြစ်တယ်ဆို
တာကိုလည်းမမေ့သင့်ဘူး။

ဒီအခြေအနေမှာ၊ တာဝန်သိ ပြီးတိုင်းပြည် ချစ်တဲ့ပြည်သူတယောက်အနေနဲ့၊ အန်အယ်လ်ဒီရဲ့ မှန်ကန်
တဲ့ရပ်တည် တိုက်ပွဲဝင်မှုကို အပြည့်အဝထောက်ခံကြောင်း အာဏာရှင်တွေသိအောင်၊ နိုင်ငံတကာသိ
အောင်ပြသဖို့လိုတယ်လို့ထင်မိပါတယ်။

Monday 23 April 2012

အန်အယ်လ်ဒီ (NLD) ပြည်သူ့ဆန္ဒကို ထင်ဟပ်ပြဖို့လိုပြီ

0 comments | Read more...
တရားမဝင် တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ စစ်အစိုးရရဲ့လွှတ်
တော်ထဲကိုဝင်မယ့်၊ အန်အယ်လ်ဒီရဲ့ အရွေးချယ်ခံအမတ်များ ကျမ်းသစ္စာ ကျိန်ဆိုခြင်းမှ   စတင်
ပြီး ပြည်သူအတွက်လုပ်ပြဖို့လိုနေပါပြီ။

ဦးသိန်းစိန် ဟာ၊ အန်အယ်လ်ဒီ ရွေးကောက်ပွဲ မဝင်ခင်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်
ပါမည်ဆိုတဲ့အစား၊ လေးစားပါမည်ဟု ပြင်ဆင်ပေးခဲ့သော်လည်း၊ လွှတ်တော်ထဲသို ဝင်ရန်ကျမ်း
သစ္စာ ကျိန်ဆိုခြင်းကိုတော့ မပြင်ပေးနိုင်ဘူးလို့၊ ဂျပန်မှာရောက်ရှိနေစဉ်အတွင်း ပြောဆိုလိုက်
တယ်ဆိုတာကိုသိရတယ်။

ဒါဟာ စစ်အာဏာရှင်တွေရဲ့ အတွင်းသရုပ်ကိုဘယ်တော့မှဖုန်းကွယ်မထားနိုင်ဘူးဆိုတာကိုအ
တိအကျ ပြဆိုနေတာဖြစ်တယ်။ စစ်အာဏာရှင်တွေ အဲဒီလိုဘာလို့လုပ်ရသလဲဆိုတော့၊ ၎င်းတို့
လိုချင်တာများရသွားတဲ့အခါမျိုးတွေမှာ၊ ဒီလိုလုပ်လေ့လုပ်ထ ရှိတယ်ဆိုတာ၊ ယခင်လုပ်ရပ်ဟေ
ာင်းတွေကိုပြန်ကြည့်ရင် မြင်နိုင်ပါတယ်။

အန်အယ်လ်ဒီ က လွှတ်တော်ထဲကိုဝင်တယ်ဆိုတာဟာလည်း၊ ၎င်းတို့ရဲ့ဆန္ဒကို လိုက်လျောပြီး
အတွင်းထဲသို့ဝင်ပြီး ဆွေးနွေးလုပ်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် ရွေးကောက်ပွဲ ဝင်ခဲ့တာလို့မြင်
ပါတယ်။ အန်အယ်လ်ဒီ ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရတယ်ဆိုတာဟာလည်း၊ ပြည်
သူတွေဟာ စစ်အာဏာရှင်တွေကို ဘယ်တော့မှထောက်ခံမှာမဟုတ်ဘူးဆိုတဲ့ သတင်းစကားကို
ပေးလိုက်တာဘဲဆိုတာ၊ အာဏာရှင်နဲ့အပေါင်းအပါတွေသိသင့်တယ်။

ဒါပေမယ့်၊ စစ်အာဏာရှင်တွေဟာ၊ မလိုအပ်တဲ့ မှားယွင်းတဲ့ အတွေးအခေါ် အယူအဆတွေကို
အမြဲတမ်းစွဲကပ်ထားပြီး၊ ၎င်းတို့ရဲ့ ရည်ရွယ်ချက်တွေကို မမှိတ်မသုန်အကောင်အထည်ဖေါ်နေ
တယ်ဆိုတာကိုတော့ တာဝန်သိ ပြည်သူတဦးအနေနှင့် အစဉ် အမှတ်ရနေဖို့လိုအပ်တယ်လို့မြ
င်ပါတယ်။ ဥပမာ အားဖြင့်၊ အနောက်နိုင်ငံကြီးတွေဟာ မြန်မာပြည်ကို ကိုလိုနီ လုပ်ဖို့အတွက်
အစဉ်ကြိုးပမ်းနေတယ်၊ ၎င်းတို့သာလျှင် သန်း ၅၀ ကျော်သောပြည်သူတွေရဲ့အကျိုးကိုရှေ့ရှု
ပြီးလုပ်ဆောင်နေတယ်ဆိုတာတွေဟာ၊ ညာဖြီးနေတယ်ဆိုတာကို၊ အဲဒီကာယကံရှင်တွေ မသိ
မမြင်နိုင်ကြတာဟာ၊ တိုင်းပြည်အတွက် အင်မတန်ရင်လေးဖို့ကောင်းတယ်။

ဒီလိုအခြေအနေတွေကြောင့်၊ ပြည်သူတွေကိုအမှန်တကယ် လွတ်လပ်မှုရစေခြင်တယ်ဆိုရင်
အန်အယ်လ်ဒီအနေနှင့်၊ ပြတ်သားသင့်တဲ့နေရာများတွင် ပြတ်သားဖို့ရန်လိုအပ်တယ်လို့မြင်
ပါတယ်။ အခြေခံဥပဒေကိုပြင်တယ်ဆိုတာ၊ လုပ်ခြင်လျှင်လုပ်လို့ရပါတယ်။ ၎င်းတို့ရှုထောင့်
မှကြည့်လျှင် အင်မတန်လွယ်ကူတဲ့ကိစ္စလေးပါ။ ဒါပေမယ့် ဒီလိုလွယ်ကူတဲ့ကိစ္စကို၊ တော်တော်
ကြီးခက်ခဲအောင် ပြောနေတယ်ဆိုတာဟာ၊ ရည်ရွယ်ချက်ရှိရှိညစ်ပတ်တာဖြစ်တယ်။ အကြော
က်တရားတွေလွှမ်းမိုးနေတာသာဖြစ်တယ်။

အဲဒီတော့၊ အန်အယ်လ်ဒီအနေနဲ့ လွှတ်တော်ထဲမှာလည်း အများစု (majority) ဆိုတဲ့အခြေ
အနေကိုမရလို့၊ ဘယ်လိုပြုပြင်မှုတွေကိုလုပ်နိုင်မှာလဲလို့အများစုက ထင်မြင်ချက်တွေပေး
နေတဲ့အချိန်မှာ၊ ယခင်ကသဘောတူပြီးသား ဒီကျန်းသစ္စာ ကျိန်ဆိုတဲ့ကိစ္စ လေးကိုပြေလည်
အောင်တော့လုပ်ပြနိုင်ဖို့လိုအပ်တယ်လို့မြင်ပါတယ်။






Sunday 22 April 2012

ဦးသိန်းစိန်ရဲ့အစိုးရအဖွဲ့ကို ပြန်ပြင်ဖွဲ့စည်းမယ်ဆိုတဲ့အပေါ်

0 comments | Read more...
တရားမဝင် စစ်အစိုးရတဖြစ်လဲ ယူနီဖေါင်းချွတ် အရပ်သားအစိုးရအတွင်း အလွန် ရှုပ်ထွေးတဲ့ဇာတ်လမ်းများ ကို ပိုမိုရှင်း လင်းအောင် ခေါင်းမာတဲ့သူတွေ၊ တဦးခြင်းနှင့် မိမိအသိုင်းအဝိုင်း ရဲ့အကျိုးကိုသာကြည့်ပြီး တိုင်းပြည်ချစ်တယ်လို့အော်ေ နသူများကို၊ ၎င်းတို့နဲ့သင့်တော်တဲ့နေရာမှာ ထားမယ်ဆိုတဲ့ ဦးသိန်းစိန်ရဲ့ပြန်လည်ဖွဲ့စည်းမယ်ဆိုတဲ့အကြံကတော့၊ တော် တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်။ လုပ်နိုင်မလုပ်နိုင်ကတော့ ဦးသိန်းစိန်ရဲ့အပိုင်းပေါ့။

ဒီလိုလုပ်ဖို့လိုအပ်ချက်က တော့ မြန်မာနိုင်ငံမှာ အမှန်တကယ်နဲ့အရေးတကြီးလိုအပ်နေတဲ့ကိစ္စလို့မြင်တယ်။ မြန်မာပြည်သူလူထုကမထောက်ခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အတင်းအဓမ္မ အုပ်ချုပ်နေတဲ့ စစ်အစိုးရဟာ ပွင့်လင်းပြီး၊ ပြည်သူအများအတွက်အကျိုးဖြစ်စေရန် ပြည်သူအများစုထောက်ခံတဲ့ ပြုပြင်ပြောင်းလဲရေးတွေကိုမလုပ်လို့ကတော့၊ မြန်မာပြည်ဟာစစ်အာဏာရှင်တွေလက်ထဲမှာ ဘဲရှိနေပြီး၊ အစစ်အမှန်တိုးတက်မှုဘက်ကိုရောက်မှာမဟုတ်ဘူးလို့သုံးသပ်လို့ရတယ်။

ဒါပေမယ့် ရှိပြီးသား တရားမဝင် အစိုးရအဖွဲ့အတွင်း၊ သင့်တင့်သောပြောင်းလဲမှုတွေလုပ်မယ်ဆိုရင်တော့၊ ပြည်သူတွေ လည်းအလိုက်အထိုက လက်ခံပေးနိုင်လိမ့်မယ်လို့ထင်တယ်။ ကျိန်းသေတာတခုကတော့၊ ဦးသိန်းစိန်နဲ့၎င်းရဲ့အုပ်စုကတော့၊ ခေါင်းမာတဲ့ စစ်တပ်အုပ်စုကို၊ မလှန်နိုင်သေးသလိုဖြစ် နေတယ်ဆိုတာ၊ ကေအိုင်အေနဲ့ အတိအကျ အပစ်အခတ်မရပ်စဲနိုင်သေးတဲ့အခြေအနေတွေကပြဆိုနေတယ်။ ဒါပေ မယ့်လည်း၊ ဦးသိန်းစိန်ဟာ လုံးဝပြုပြင်ပြောင်းလဲချင်တဲ့လူ ဟုတ်မဟုတ်က လည်းဘယ်သူမှမပြောနိုင်ဘူး။

ဦးသိန်းစိန် ရဲ့အပြောအဆိုတွေနဲ့၊ အကဲခတ်လို့ရနိုင်သမျှသော၎င်း ရဲ့သဘောထားတွေအရဆိုလျှင် သူလည်းဒီ ပုတ်ထဲကဒီပဲဘဲ ဆိုတာ သတ်မှတ်လို့ရတယ်။ အမြင်ကျဉ်းမြောင်းတဲ့အာဏာရှင်စစ်တပ်ထဲက၊ အယူသည်းလွန်းတဲ့စစ်သားတွေ ဆိုတော့၊ သတင်းလုံခြုံမှု့ကိုအရမ်း ထိမ်းသိမ်းတာကြောင့်၊ ဘာတွေဖြစ်လာမလဲဆိုတာကိုတော့ခန့်မှန်းရခက်ပါတယ်။

Saturday 24 March 2012

လုပ်ခဲ့ပြီးသား ကလိန်ကကျစ်နှင့် ရွေးကောက်ပွဲအသစ်

0 comments | Read more...









ဦးသိန်းစိန် အစိုးရအနေနဲ့၊ ဧပြီ ၁ ရက်ရွေးကောက်ပွဲဟာ တရားမျှတ တဲ့ပုံသဏ္ဍန် ဖြစ်အောင်လုပ်ပေးရမယ်ဆိုတဲ့ သီအို
ရီအရ နိုင်ငံတကာ မှလေ့လာသူများကို ဖိတ်ခေါ်လိုက်တာကိုကြည့်ရင်သိနိုင်ပါတယ်။ ဒါပေမယ့်၊ မပိုင်လျှင်ဝက်မမွေးဘူး
ဆိုသည့် အာဏာရှင်တို့ရဲ့အယူအဆနှင့်၊ ၎င်းတို့အတွင်း တဗိုလ်ချုပ်နှင့် တဗိုလ်ချုပ် သဟဇာတမဖြစ်ခြင်းနှင့်၊ အထက်
က အာဏာရှင်ကြီးများရဲ့ အမိန့်တွေဟာ၊ အောက်ခြေသို့လျှောလျှောရှူရှူ နဲ့ မစီးဆင်းနေခြင်းတွေက၊ ရွေးကောက်ပွဲကို
တမျိုးတဖုံဖြစ်စေနိုင်တယ်လို့ထင်တယ်။

ဦးသိန်းစိန်အစိုးရဟာ၊ သတ္တိကောင်းတာလား၊ မြှောက်ပေးတဲ့သူတွေရဲ့ အားကောင်းချက်ကြောင့်လား ဆိုတာတော့မပြော
တတ်ပါ၊ နိုင်ငံတကာ ကလေ့လာစောင့်ကြည့် မယ့်အဖွဲ့တွေကို ဘယ်လောက်အတိုင်းအတာအထိ လေ့လာခွင့်ပြုမလဲဆို
တာကို၊ ဆက်ပြီးရှုစားနေဖို့လိုပါလိမ့်မယ်။

ယခုရှိပြီးသား တတိုင်းပြည်လုံးသိသော၊ ၎င်းတို့ရဲ့လှည့်စားမှုများနဲ့ နိုင်ငံတကာကလေ့လာသူများရဲ့ မျက်စိရှေ့မှာ ရိုး
သားသလိုလုပ်ပြပေးရမယ့် အခြေအနေများကို ချိန်ခွင်လျှာ ထိုးကြည့်ရင်၊ ဦးသိန်းစိန် တို့ရဲ့ကြံ့ဖွတ်က၊ အရေးသာနေ
လျှက်ဘဲရှိနေတယ်ဆိုတာ၊ အောက်ပါအချက်တွေကိုကြည့်ရင်သိသာနိုင်ပါတယ်။

ဦးသိန်းစိန် ကိုယ်စားပြုသောကြံ့ဖွတ်ပါတီအနေနှင့် အောက်ပါအချက်များကို တရားဝင်လုပ်ပိုင်ခွင့်ရှိနေသည်။
(၁) သေပြီးသောသူများမဲ လာပေးခွင့်ရှိသည်။
(၂)အချို့တော်တော်များများသော ပုဂ္ဂိုလ်များ မဲဆန္ဒနယ် နှစ်ခု၊ သုံးခုတွင် မဲပေးခွင့်ရှိနေသည်။
(၃) ရွေးကောက်ပွဲ အတွက်ကြိုတင်မဲပေးခြင်းကို စောင့်ကြည့်ခွင့်မရှိ။
(၄) ကြိုတင်မဲပေးမည့်စာရင်းများ သိခွင့်မရှိ
(၅) ပြိုင်ဖက်ကိုယ်စားလှယ်လောင်းများကို ပုတ်ခတ် မဲဆွယ်ခွင့်ရှိသည်။
(၆) အခြားပါတီများရဲ့ကိုယ်စားလှယ်များမဲဆွယ်စည်းရုံးမှုလုပ်ခြင်းများတွင် ကိုယ်ထိလက်ရောက် စော်ကားခြင်းများ ကိုခွင့်ပြုထားသည်။

ဒါဆိုရင်၊ ဒီလို စနစ်တကျမှားယွင်းနေတဲ့ကိစ္စတွေကို၊ လစ်လျှုရှု လိုက်ခြင်းကိုသာ လုပ်နေရုံနှင့်၊ မြန်မာပြည်ကို အမှန်တ
ကယ်စစ်မှန်သော၊ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ဆွဲတင်နိုင်လိမ်မည်မဟုတ်ဘူးလို့ထင်ပါတယ်။

----------------
ဧပြီ(၁) ရက် ကြားဖြတ်ရွေးကောက်ပွဲ၊ တရားမျှတမယ်လို့၊ ထင်ပါသလား?

Wednesday 21 March 2012

The Voice Weekly ဂျာနယ်၊ Modern ဂျာနယ် နဲ့ မြစ်ဆုံဆည်

0 comments | Read more...









မြန်မာပြည် ကို ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနေပါတယ်ဆိုတဲ့၊ စစ်အာဏာရှင်အရေခြုံများဟာ၊ ပြည်သူကိုအနိုင်ကျင့်
လိုတဲ့စိတ်တွေကို၊ မထိန်းချုပ်ထားနိုင်ဘူးဆိုတာ၊ The Voice Weekly ဂျာနယ်၊ Modern ဂျာနယ် တို့ကိုတရားစွဲတဲ့
ကိစ္စ၊ မြစ်ဆုံဆယ်ကိုပြန်စတင်မယ်ဆိုတဲ့ကိစ္စတွေကိုကြည့်ရင်၊ အနာဂါတ် မြန်မာပြည်အတွက် စိုးရိမ်စရာတွေအများကြီး
ရှိနေသေးတယ်လို့ တထစ်ချ ပြော၍ ရပေသည်။

The Voice Weekly ဂျာနယ် ကို သတ္တု တွင်းဝန်ကြီးဌါနကတရားစွဲမယ်ဆိုတဲ့ကိစ္စ ကိုပြန်ကြည့်လျှင်၊ ဂျာနယ်ကဖေါ်
ပြတဲ့ နိုင်ငံပိုင်၊ ပြည်သူပိုင် ငွေကြေးတွေကို အလွဲသုံးစားလုပ်ခံထားရတယ်ဆိုတာ၊ အထောက်အထားတွေနဲ့တွေ့ရှိ
ထားတာကို ပြည်သူကိုတင်ပြခြင်းသာဖြစ်တယ်။ ပြည်သူတွေသိသင့်တဲ့၊ ပြည်သူကလက်မခံတဲ့ အတင်းအဓမ္မအုပ်ချု
ပ်သူတွေရဲ့ မတရားလုပ်ထားတဲ့အမှန်တရားတွေကိုတင်ပြခြင်းသာလျှင်ဖြစ်တယ်။ အမှန်တကယ်ရိုးသားတယ်ဆိုလျှ
င် ပြန်လည်ဖြေရှင်းချက် ပြုလုပ်ရမည့်အစား၊ တရားပြန်ဆွဲတယ်ဆိုတာကတော့၊ သဘာဝမကျဘူးလို့မြင်ပါတယ်။ အ
နိုင်ကျင့်လို့ရ သေးလျှင်ဆက်ပြီး ကျင့်နေဦးမယ်ဆိုတဲ့အခြေခံအယူအဆကိုဖေါ်ပြနေသလိုဖြစ်နေတယ်။ မြန်မာနိုင်ငံ
မှာ၊ လဒ်စားမှု၊ ငွေကြေးအလွဲသုံးစားမှုတွေဟာ၊ အောက်ခြေအဆင့်ကနေ အထက်ပိုင်းအထိ၊ အမြစ်တွယ်ပြီးတည်ရှိ
နေခဲ့တယ်ဆိုတာ၊ တနိုင်ငံလုံးရော၊ တကမ္ဘာလုံးရော သိပြီးသားကိစ္စကြီးဖြစ်တယ်ဆိုတာကိုတော့၊ အထွေအထူးပြော
စရာမလိုဘူးလို့ထင်ပါတယ်။

အမှန်တရားကိုပြောလို့အရေးယူခံရတယ်၊ ထောင်ချခံရတယ်ဆိုတာ၊ မြန်မာပြည်မှာမရှိသင့်တော့တဲ့ လုပ်ရိုးလုပ်စဉ်
တခုဖြစ်သလို၊ ဒီမိုကရေစီနဲ့လဲဆန့်ကျင်ဘက်ဖြစ်ပါတယ်။ အဲဒါကြောင့် The Voice Weekly ဂျာနယ်၊ Modern
ဂျာနယ် တို့ကိုတရားစွဲတဲ့ကိစ္စတွေအပေါ်၊ ပြည်သူတွေအနေနဲ့ ၎င်း ဂျာနယ်နှစ် ခုနဲ့အတူအမှန်တရားဘက်ကရပ်တည်
နေတယ်ဆိုတာကို၊ တကိုယ်ကောင်းဆန်တဲ့အဓမ္မဝါဒီတွေ သိအောင်ကမ္ဘာကသိအောင်ပြသဖို့လိုတယ်လို့ထင်တယ်။

မြစ်ဆုံစီမံကိန်းကိုပြန်ကြည့်မယ်ဆိုရင်လည်း၊ ဆည်တည်ဆောက်ခြင်းလုပ်ငန်းတွေကို၊ ရပ်ဆိုင်းထားလိုက်တယ်ဆိုပြီး
ဦးသိန်းစိန် က သမ္မတ တဦးအနေနှင့်ထုတ်ပြန်ထားခဲ့တယ်ဆိုတာ၊ မြန်မာသိကမ္ဘာသိ ဖြစ်ခဲ့တယ်။ ရပ်တန့်ထားမယ့်
ကာလကိုလည်း၊ ၎င်းအနေနဲ့သမ္မတ အဖြစ် တာဝန်ထမ်းဆောင်နေသ၍ကာလ အတောအတွင်း၊ တည်ဆောက်ရေး
လုပ်ငန်းတွေကိုပြန်မစဘူးလို့၊ အတိအလင်းကြေငြာထားခဲ့တယ်။ ဒီလို အပြောတမျိုးအလုပတမျိုးလုပ်ခဲ့တာတွေဟာ
စစ်အာဏာရှင်တွေလက်ထက်မှာ၊ မရေတွက်နိုင်လောက်အောင်အများကြီးဘဲ။ ယခုဦးသိန်းစိန်အစိုးရ အနေနဲ့၊ သူတို့
ကိုယ်သူတို့အခိုင်အမာပြောဆိုနေတာက၊ သူတို့ဟာယခင်အစိုးရလိုမဟုတ်ပါဘူး၊ အစစ်အမှန်ဒီမိုကရေစီကိုဖေါ်ဆော
င်မယ့်အစိုးရလို့ဆိုပေမယ့်၊ ယခုလိုပြည်သူလူထုအတွက်၊ တိုင်းပြည်အတွက်အကျိုးမရှိတဲ့ကိစ္စကို ပြန်လည်လုပ်ဆောင်
မယ်ဆိုတာဟာ၊ မလှိမ့်တပတ်လုပ်တာထင်ရှားတယ်။ ဒီနေရာမှာရှင်းရှင်းလင်းလင်းမြင်ကြည့်လို့ရတဲ့ ကိစ္စတခုက၊ ယ္ခု
အစိုးရထဲမှာပါဝင်သူအတော်များများဟာ၊ ပြည်သူကအစစ်အမှန်ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေမဟုတ်ကြဘူးဆို
တာကို၊ ၎င်းတို့ကိုယ်တိုင်သိနေလျက်နဲ့၊ ယခုလိုပြည်သူရဲ့အကြည်အငြိုပျက်မယ့်ကိစ္စကို တော့မလုပ်သင့်ဘူးလို့၎င်း
တို့သဘောပေါက်သင့်တယ်။ အဲဒီလိုသဘောမပေါက်ဘူးဆိုရင်တော့၊ ယခုလုပ်နေသမျှတွေဟာ၊ ဟန်ဆောင်လုပ်ဇတ်
တွေဘဲလို့မှတ်ယူသင့်တယ်။ တနည်းအားဖြင့်၊ ပြည်သူကိုသွေးတိုးစမ်းတဲ့သဘောလို့လဲပြောလို့ရတယ်။ အဲဒါကြောင့်
ဒီလိုအားပြိုင်သလိုလုပ်လာတဲ့ကိစ္စတွေအပေါ် ပြည်သူတွေအနေနဲ့၊အမှန်တရားဖြစ်သင့်တဲ့အခြေအနေများအပေါ်မား
မားမတ်မတ်ရပ်တည်ကြမယ်ဆိုရင်တော့၊ မြန်မာနိုင်ငံနဲ့မြန်မာပြည်သူတွေအတွက်ဖြစ်သင့်တာတွေဖြစ်လာလိမ့်မယ်
လို့မြင်ပါတယ်။

မိတ်ဆွေအနေနှင့် လည်းအထက်ပါကိစ္စများအပေါ် အလွန်စိုးရိမ်မိတယ်ဆိုလျှင်အောက်ပါ ပုံစံလေးမှာ မိမိထင်မြင်သော၊
ဖြစ်စေလိုသောဆန္ဒကိုထုတ်ဖေါ်ရေးသားနိုင်ပါသည်။



Thursday 15 March 2012

ပြည်သူပိုင်ဘဏ္ဍာကိုအလွဲသုံးစားလုပ်ခြင်းနဲ့လဒ်စားမှုကို ပြတ်သားစွာအရေးမယူနိုင်လျှင်

0 comments | Read more...









မြန်မာပြည်မှာ၊ စစ်အာဏာရှင်စနစ်ခိုင်မြဲအောင်တွန်းပို့တဲ့၊ အကြောင်းအရင်းတခုဖြစ်တဲ့ ခြစားလဒ်စားမှုများကိုပြတ်ပြတ်
သားသား အရေးယူနိုင်/မနိုင် ဆိုတဲ့အချက်ဟာလည်း၊ စစ်အာဏာရှင်တဖြစ်လဲဦးသိန်းစိန်အစိုးရကို၊ မြန်မာပြည်နှင့်ပြည်
သူလူထုအတွက်၊ ရိုးသားမှုရှိ/မရှိ ဆိုတဲ့အကဲဖြတ် ချက် ထုတ်နိုင်ပေမည်။

ယခုအချိန်အထိတော့၊ စစ်အာဏာရှင်များဟာ ၎င်း တို့ရဲ့မတရားလုပ်ဆောင်ချက်များ၊ မသမာမှုများ၊ လဒ်စားထားမှုများ
ကိုဖုံးကွယ်ထားလိုတဲ့ဆန္ဒတွေအပြည့်အဝရှိနေကြတာကိုတွေ့ရတယ်။ တကယ်တမ်း တိုင်းပြည်ကိုတိုးတက်စေချင်တယ်ဆိုရ
င်တော့၊ တဦးချင်းစီအလိုက် အနစ်နာခံမှုတော့ရှိရမှာအမှန်ပင်ဖြစ်သည်။

ဒီလိုငွေစာရင်းကွာနေတဲ့ကိစ္စတွေကို၊ ပြည်သူတွေသိအောင်၊တင်ပြပေးတဲ့ the voice weekly ဂျာနယ်ဟာလည်းပြည်
သူတွေအတွက်လုပ်သင့်တဲ့အလုပ်ကိုလုပ်ခဲ့တယ်လို့သတ်မှတ်ပါတယ်။

ပြည်သူပိုင်ပစ္စည်း၊ တိုင်းပြည်ပိုင်ဘဏ္ဍာငွေတွေကို၊ တဦးတယောက်ရဲ့ကိုယ်ကျိုး (သို့) လူတစရဲ့အကျိုးအတွက်သာသုံးစွဲ
ခြင်းဟာ၊ ဘယ်နိုင်ငံဘယ်နေရာမှာမှ၊ ခွင့်ပြုထားခြင်းမရှိသလို၊ မြန်မာပြည်မှာလည်း၊ အလားတူ၊ ငွေရေးကြေးရေးဖေါက်
ပြန်မှု၊ အလွဲသုံးစားလုပ်မှုများရှိခဲ့ပါလျှင်၊ တရားဥပဒေအရ၊ အရေးယူအပစ်ပေးခံရသင့်ပါသည်။ သို့မဟုတ်ပါက၊ ဒီမိုကေ
ရစီ သို့သွားနေပါသည်ဟုကြွေးကြော်နေသော၊ မျက်နှာဖုံးစွပ် စစ်အာဏာရှင်များအတွက် ယုံကြည်နိုင်စရာအကြောင်းတ
ကွက်မှ ရှိတော့မှာမဟုတ်လို့မြင်ပါတယ်။

ဒီလဒ်စားမှုတွေအပေါ်၊ တိုင်းပြည်နှင့်လူမျိုးအတွက် ကောင်းသော စံနမူနာပြလုပ်ဆောင်ခြင်း မျိုးကိုလုပ်နိုင်ဖို့အတွက်ဆို
လျှင်၊ ငွေကြေးအလွဲသုံးစားမှုကို လုပ်ဆောင်သူများ၊ ပါဝင်ပတ်သက်သူများအနေ နှင့် တိုင်းပြည်အတွက်အနစ်နာ ခံသော
အားဖြင့်၊ လုပ်ရဲလျှင်ခံရဲရမည်ဟူသောမူကိုထုတ်ဖေါ်ပြသနိုင်မယ်ဆိုလျှင်၊ တိုင်းပြည်နှင့်လူမျိုးအတွက်၊ အလွန်ကောင်းမွန်သ
င့်မြတ်လိမ့်မည်ဟုယုံကြည်ပါသည်။

လက်ရှိသဘောကိုကြည့်မယ်ဆိုရင်လည်း၊ ထိုကဲ့သို့လုပ်ဆောင်ထားသူများမှာ၊ စစ်ဗိုလ် များပင်ဖြစ်တယ်ဆိုတာ၊ ပြည်သူက
သိပြီးသားပင်ဖြစ်သည်။ ဒါဆိုရင်စစ်သားဆိုတာလုပ်ရဲရင်ခံရဲရတယ်ဆိုတာပြသဖို့လိုအပ်ပြီလို့တိုက်တွန်းလိုက်ချင်ပါသည်။

တဆက်ထဲမှာဘဲ၊ ဦသိန်းစိန် အစိုးရအနေနဲ့ကြွေးကြော်ထားတဲ့ clean government, good governance ဆိုတာကို
ပြတ်ပြတ်သားသားထုတ်ဖေါ်ပြဖို့အချိန်တန်ပြီလို့ထင်မြင်မိပါသည်။

Wednesday 14 March 2012

၈၈ ခေါင်းဆောင် မင်းကိုနိုင်ရဲ့ ဖိတ်ခေါ်ချက်ကို အပြည့်အဝထောက်ခံပါတယ်

0 comments | Read more...


မြန်မာပြည်အတွက်၊ မြန်မာပြည်သူတွေအတွက် ၁၉၈၈ ကနေစပြီး ယနေ့ ၂၄ နှစ်တိုင်အောင၊် ထူး
ထူးခြားခြားဘာမှ မလုပ်နိုင်သေးခဲ့သေးတဲ့အပေါ်မှာ၊ အခြေအနေ နဲ့အချိန်အခါကပေးလားတဲ့အခွ
င့်အရေးတွေကို၊ အကျိုးရှိစွာအသုံးချနိုင်ဖို့လိုကိုလိုအပ်နေတယ်။

ယခင်ကာလတွေတုန်းက၊ စစ်အာဏာရှင်နဲ့လက်ပါးစေတွေရဲ့ အဟန့်အတားအမျိုးမျိုးကိုခံနေခဲ့ရ
တာကြောင့် နိုင်ငံနှင့်ပြည်သူ အတွက် ထိရောက်သောလုပ်ဆောင်မှုတွေကိုမလုပ်နိုင်ခဲ့တာကတော့
သဘာဝကျလှပါတယ်။

စစ်အာဏာရှင်စနစ်ယခုအချိန်မှာကင်းစင်နေပြီလို့တော့ မဆိုလိုပါ။ မျက်နှာဖုန်းနောက်ကွယ်မှာရှိတဲ့
ပုဂ္ဂိုလ်ဟာ၊ တိုင်းပြည်နဲ့ပြည်သူတွေကို အမျိုးစုံသောဒုက္ခတွေပေးခဲ့ဘူးသူဆိုတာကိုတော့ မေ့လို့မရ
တဲ့အရာဖြစ်တဲ့အတွက်၊ ဦးနှောက်ထဲကဖျောက်ပစ်လိုက်လို့လဲမရသလို သမိုင်းမှာလည်းတွင်ကျန်ေ
နမယ့်ဖြစ်စဉ် ဆိုတာအားလုံးနားလည်ကြပါတယ်။

ဒါပေမယ့်၊ ဒီနေ့ကာလအခြေအနေတွေအရ၊ လုံးဝလွတ်လွတ်လပ်လပ်လုပ်လို့မရသေးပေမယ့်၊ တစုံ
တခုသောအတိုင်းအတာအထိ၊ ယခင်ကလုပ်လို့မရတဲ့ကိစ္စတွေ၊ ပြည်သူလူထုနဲ့၊ လူမှုအသိုင်းအဝိုင်း
အကျိုးဖြစ်ထွန်းစေမယ့်ကိစ္စတွေ၊ စစ်အာဏာရှင်စနစ်ကင်းစင်ပြီး၊ အမှန်တကယ် လွပ်လပ်တဲ့မြန်မာ
နိုင်ငံကြီးဖြစ်သည်အထိ၊ စွန့်လွှတ်အနစ်နာခံလုပ် မယ့်၊ ရဲဘော်ရဲဘက်တွေအကြားပိုမိုခိုင်မာတဲ့တ
ည်ဆောက်မှု့၊ လုပ်ငန်းတွေကို ရသမျှအချိန်အတွင်းမှာ၊ အားသွန်ခွန်စိုက်ပြီးလုပ်ဖို့လိုအပ်တယ်လို့
မြင်တယ်။ ဒီနေရာမှာတခု ထည့်တွက်ဖို့လိုတာက၊ ယခုရှိနေတဲ့အခြေအနေလိုမျိုး မနက်ဖြန်မှာရချင်
မှရလိမ့်မယ်။ အဲဒါကြောင့် ယခုလိုလုပ်လို့ရနေတဲ့အချိန်အတွင်းမှာ၊ နှစ်ဆတိုးလုပ်နိုင်ပါမှ၊ လွန်ခဲ့တဲ့
အချိန်တွေမှာ အလုပ်မဖြစ်ခဲ့တာတွေကိုကာမိလိမ့်မယ်။

ကိုမင်းကိုနိုင်ရဲ့ ပြည်ပရဲဘော်များ သို့ရည်ရွယ်တဲ့မိန့်ခွန်းဟာတော့၊ ဒီနေ့ကာလရဲ့လိုအပ်ချက်ကို
အပြည့်အဝ ဖြည့်ဆီးပေးလိုက်တာဖြစ်တယ်။ ရိုးရိုးသားသားနဲ့၊ တိုင်းပြည်ကောင်းကျိုးကိုမျှော်ကိုးပြီး
တလှေထဲစီး၊ တခရီးထဲသွား နေကြတဲ့ရဲဘော်ရဲဘက်တွေကို စုပေါင်းလုပ်ဆောင်ကြဖို့ဖိတ်ခေါ်ချက်
သာလျှင်ဖြစ်တယ်လို့ယုံကြည်ပါတယ်။

အဲဒါကြောင့်၊ မြန်မာပြည်ဒီမိုကရေစီ အရေးအတွက် လုပ်ဆောင်ရင်း၊ အကြောင်းအမျိုးမျိုးကြောင့်ပြ
ည်ပကိုရောက်နေသူများ၊ ကိုမင်းကိုနိုင်ရဲ့ဖိတ်ခေါ်ချက်ကို လေးလေးနက်နက်စဉ်းစားပြီး၊ လုပ်သင့်
တာတွေစလုပ်ကြဖို့တိုက်တွန်းပါတယ်။

ဥပမာအားဖြင့်၊ non violent နည်းနဲ့လုပ်ဆောင်နေကြတဲ့အဖွဲ့အစည်းများမှာပါဝင်နေကြတဲ့သူတွေ
ကိုတော့ ဦးသိန်းစိန်အစိုးရအနေနဲ့ပြသနာ မရှာလောက်ဘူးလို့ခန့်မှန်းလို့ရပါတယ်။ မြန်မာပြည်ထဲ
ပြန်ဝင်ဖို့မဖြစ်နိုင်သေးတဲ့သူများ အနေနဲ့လည်း၊ ကိုမင်းကိုနိုင်အကြံပြုသလို၊ အခမ်းအနားတွေ၊ ဆ
န္ဒပြတာတွေထက်၊ ပိုမိုအလုပ်ဖြစ်မယ့်လုပ်ငန်းတွေ၊ ရှိနေတာကြောင့်၊ အဲဒီလိုလုပ်ငန်းမျိုးတွေကိုရှာ
ကြံလုပ်ဆောင်ခြင်း (ဥပမာ - ၈၈ ခေါင်းဆောင်များလုပ်ဆောင်နေသောလုပ်ငန်းများကိုအထောက်
အကူပြုစေရန်၊ စနစ်တကျ နှင့် ပုံမှန်ဘဏ္ဍာငွေ ရှာဖွေထောက်ပံ့ပေးခြင်း) အားဖြင့်ကျွန်တော်တို့အား
လုံးရဲ့ဒီမိုကရေစီနိုင်ငံသစ်ကြီးဆီကိုချီတက်ခြင်းရဲ့ Day One ကိုစတင်နိုင်ပေမည်။ အဲဒါကြောင့်ကျွ
န်တော်တို့အားလုံးအနေနဲ့၊ ၈၈ ခေါင်းဆောင်များကို လက်တွေ့ကျသော ထောက်ခံပံ့ပိုးမှုတွေကိုအ
မြန်ဆုံးအကောင်အထည်ဖေါ်သင့်ကြောင်းထင်မြင်မိပါသည်။

Sunday 4 March 2012

ဧပြီ (၁) ရက်ရွေးကောက်ပွဲ တရားမျှတလိမ့်မလား

0 comments | Read more...









မြန်မာပြည်မှာကျင်းပ ဖို့ရှိနေတဲ့ကြားဖြတ်ရွေးကောက်ပွဲတွေဟာ၊ အချိန်ကာလနဲ့ အခြေအနေများေ
ကြာင့်၊ ဘယ်လိုအကျိုးရလဒ်တွေထွက်ပေါ်လာလိမ့်မလဲဆိုတာ၊ မြန်မာ့နိုင်ငံရေးကိုစောင့်ကြည့်လေ့
လာနေသူတိုင်းအတွက်စိတ်ဝင်စားစရာဖြစ်နေခဲ့တယ်။

၂၀၁၀ ရွေးကောက်ပွဲကိုပြန်ကြည့်ရင်၊ ကြံ့ဖွတ်ပါတီက ၁၁၅၄ နေရာအနက် ၈၈၃ နေရာကိုယူလိုက်
နိုင်တဲ့အတွက် ၇၆.၅ ရာခိုင်နှုံး နဲ့အနိုင်ရတယ်ဆိုတာကိုမြန်မာမီဒီယာတွေမှာ ၈၀ ရာခိုင်နှုံးဆိုပြီး
ပြောနေခဲ့သေးတယ်။ မျှတမှုရှိတယ်၊ မရှိဘူးဆိုတာကတော့၊ အောက်ပါအများသိတဲ့အချက်လေးေ
တွကိုကြည့်ရင်သိနိုင်ပါတယ်။ (၁) ရွေးကောက်ပွဲရလဒ်ကို ရွေးကောက်ပွဲပြီး ၁၁ ရက် ကြာမှ မထင်မ
ရှားထုတ်ပြန်ခြင်း (၂) မဲဆန္ဒပေးသူဦးရေနှင့်၊ ကြိုတင်မဲပေးမည့်အရေအတွက်ကိုမဲရုံမှူးတွေတောင်
ပြောခွင့်မရှိခြင်း (၃) ညပိုင်းတွင် ကိုယ်စားလှယ်တဦးမှ အနိုင်ရရှိထားသော်လည်း၊ မနက်ပိုင်းတွင်
ကြံ့ဖွတ်
မှကိုယ်စားလှယ်က အနိုင်ရသည်ဟုထုတ်ပြန်ခြင်း (၄) ရွေးကောက်ပွဲရလဒ် မထွက်နိုင်သေးခင်မှာ
စစ်တပ်အထက်ပိုင်းတာဝန်ရှိသူများမှ၊ ကြံ့ဖွတ် ပါတီုအနေနှင့် ၈၀% ဖြင့်အနိုင်ရသည်ဟု ကြိုတင်ထု
တ်ဖေါ်ပြောနိုင်ခြင်း (၅) ကြိုတင်မဲများအကန့်အသတ်မရှိရနိုင်ခြင်း၊ ဆိုတာတွေဟာ စစ်အာဏာရှ
င်တွေရဲ့ ၎င်းတို့ အနိုင်ရမှဖြစ်မယ်ဆိုတဲ့ ရည်ရွယ်လုပ်ဆောင်မှုကြောင့်ဖြစ်တယ်။ အဓိကရည်ရွယ်
ချက်ကတော့၊ ရွေးကောက်ပွဲဆိုတဲ့အသုံးအနှုံး နဲ့၊ မြန်မာနိုင်ငံမှာဒီမိုကရေစီရွေးကောက်ပွဲတွေရှိတ
ယ်ဆိုတာကိုပြသပြီး၊ အဲဒီရွေးကောက်ပွဲတွေမှာ၊ ၎င်းတို့အနိုင်ရရှိခဲ့တယ်ဆိုတာကို တရုပ်သတင်းဌါ
နတွေကနေ ရွေးကောက်ပွဲရလဒ်တွေကိုထုတ်ပြန်သွားတာကိုကြည့်ခြင်းဖြင့်သိနိုင်ပါတယ်။

ဒါဆိုရင်၊ လာမယ့် ၂၀၁၂၊ ဧပြီ (၁) ရက်ရွေးကောက်ပွဲတွေရော၊ တရားမျှတလိမ့်မလား??? အခြေအ
နေတွေကိုပြန်ကြည့်မယ်ဆိုရင်၊ ၂၀၁၄ မှာ အာဆီယံဥက္ကဌလုပ်ဖို့အတင်းတောင်းယူထားခြင်း၊ နိုင်ငံ
တကာစီးပွါးရေးပိတ်ဆို့မှုတွေဟာ စစ်အစိုးရအတွက်ကြီးစွာသောအဟန့်အတားဖြစ်နေခြင်းအပေါ်
စီးပွါးရေးပိတ်ဆို့မှုတွေဖွင့်ပေးခြင်းနှင့် အသင့်အတင့်မှန်ကန်တဲ့ရွေးကောက်ပွဲကိုလုပ်ပြခြင်းဖြင့်လဲ
လှယ်ယူရန်ရှိနေခြင်း၊ နိုင်ငံတကာသို့အာမခံချက်ပေးထားတဲ့ အတိုက်အခံများကို ၎င်းတို့ရဲ့နိုင်ငံေ
ရးလုပ်ငန်းစဉ်များမှာ ပါဝင်ခွင့်ပြုမယ်ဆိုတဲ့အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှကိုယ်စားလှယ်တ
ချို့ကိုလွှတ်တော်တွေထဲရောက်လာစေလိုသောဆန္ဒတွေရှိနေခြင်း၊ အာစီယံနှင့် အီးယူတို့မှ ရွေးကေ
ာက်ပွဲစောင့်ကြည့်ရေးအဖွဲ့များထာရှိခွင့်ပြုရေးနှင့်တရားမျှတတဲ့ရွေးကောက်ပွဲကျင်းပပေးဖို့တောင်း
ဆိုထားတာရှိခြင်း၊ ပြီးတော့အဓိက အချက်ဖြစ်တဲ့ လွတ်လပ်နေတဲ့မဲဆန္ဒနယ် ၄၈ နေရာသာရှိခြင်းတို့
ကြောင့်၊ ဧပြီ (၁) ရက်ရွေးကောက်ပွဲဟာ တစုံတခုသောအတိုင်းအတာအထိ (???) လွတ်လပ်ပြီးတ
ရားမျှတလိမ့်မယ်လို့ထင်မိတယ်။

ဒါပေမယ့် နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်ပြောတဲ့၊ ဧပြီ (၁) ရက်ရွေးကောက်ပွဲဟာ၊ ၂၀၁၀ ရွေး
ကောက်ပွဲတွေလိုဘဲလွတ်လပ်ပြီးတရားမျှတမှုရှိရစေမယ်ဆိုပြီး ကုလသမဂ္ဂ နဲ့နိုင်ငံတကာမှာပြောေ
နတာတွေက၊ တခြားတယောက်ယောက်ရဲ့အားကိုးနဲ့ပြောနေတဲ့ပုံသဏ္ဍန်မျိုးဖြစ်နေတယ် ဆိုတော့
ဗွေယူလို့မရဘူးလို့ထင်တယ်။

ဒါပေမယ့်၊ ၂၀၁၅ ရွေးကောက်ပွဲကတော့၊ အာဏာရှင်တွေအတွက်အရေးကြီးတဲ့ရွေးကောက်ပွဲအလှ
ည့်ကိုပြန်ရောက်တော့၊ ၂၀၁၀ ရွေးကောက်ပွဲလိုရုပ်မဆိုးမဲ့၊ ၎င်းတို့ရဲ့ကိုယ်စားလှယ်အများစုကိုအနို
င်ရစေမယ့်ရွေးကောက်ပွဲလိုပြန်ဖြစ်လိမ့်မယ်လို့ထင်ရတယ်။

အဲဒါဆိုရင် ရွေးကောက်ပွဲတွေရဲ့ပုံသဏ္ဍန်တွေက ဘယ်လို ဖြစ်ကြမလဲဆိုရင်...
-၂၀၁၀ ရွေးကောက်ပွဲ - မတော်မတရား
- ၂၀၁၂ ရွေးကောက်ပွဲ - အသင့်အတင့်မျှတ
- ၂၀၁၅ ရွေးကောက်ပွဲ - မတရားမတော်

-------------------------------------
ဧပြီ(၁) ရက် ကြားဖြတ်ရွေးကောက်ပွဲ၊ တရားမျှတမယ်လို့၊ ထင်ပါသလား?

Saturday 3 March 2012

ဦးသိန်းစိန်အစိုးရ၊ တကယ်ရိုးသားတယ်ဆိုရင်

0 comments | Read more...









စစ်တပ်ကြီးစိုးမှုနဲ့မြန်မာပြည်ကို အုပ်ချုပ်ခဲ့တာ ရာစုနှစ် တဝက်ကျော်ရှိခဲ့ပြီ။ ယခုဦးသိန်းစိန်အစိုး

ရဆိုတာလည်း၊ စစ်တပ်ကလာတဲ့သူတွေနဲ့ဖွဲ့စည်းထားပြီး၊ စစ်တပ်ကနောက်ခံပေးထားတဲ့အပြင်

ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း၊ အချိန်မရွေး စစ်အာဏာသိမ်းနိုင်တဲ့အခြေအနေတွေကိုဖန်တီး

ထားခြင်းဟာ၊ မြန်မာပြည်ရဲ့အနာဂတ်ကို၊ ဘယ်လိုမှကောင်းအောင်မြင်ကြည့်လို့မရနိုင်ဘူလို့မြင်

တယ်။

မြန်မာပြည်ရဲ့ယခုလက်ရှိလုပ်ဆောင်နေတဲ့အပြောင်းအလဲတွေဟာ၊ တကယ်ဘဲအပြောင်အလဲတွေ

လို့အခြားသော နိုင်ငံသားတဦးအနေနဲ့ထင်မြင်ပေမယ့်၊ မြန်မာနိုင်ငံမှာမွေးမြန်မာပြည်ရဲ့ စနစ်ဆိုး

အောက်မှာကြီးပြင်းလာသူအဖို့၊ ဒီလိုလုပ်ဆောင်ပြတာတွေဟာ၊ လှည့်ဖြားမှုတွေလို့ဘဲမြင်မိတယ်။

တခုသတိချပ်ရမှကတော့၊ မြန်မာပြည်မှာ ယခုလိုဖြစ်ပျက်နေတာတွေဟာ၊ ယခင်ဘယ်တုန်းကမှ မ

ရှိခဲ့ဘူးတာကြောင့်၊ ရုတ်တရက်မြင်လိုက်ရတဲ့အခါမှာ၊ အပြောင်းအလဲလို့မြင်ကြတာဟာသဘာဝေ

တာ့ကျပါတယ်။ ဒါပေမယ့်အတွင်းကျကျ လေ့လာကြည့်တဲ့အခါမှာတော့၊ စစ်အစိုးရဟာအပေါ်ယံ

လူမြင်ကောင်းအောင်လုပ်ပြတဲ့ပုံသဏ္ဍန်လိုဖြစ်နေတယ်။


ဘာဖြစ်လို့လဲဆိုတော့၊ အများစုကလက်မခံနိုင်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ ရယ်၊ မသမာတဲ့ရွေးေ

ကာက်ပွဲ နဲ့တိုင်းပြည်အာဏာကိုဆက်လက်ထိန်းချုပ်ထားတာတွေဟာ၊ လုံးဝအခြေခံကျတဲ့မသမာ

မှုတွေဖြစ်တယ်။


ရာဇဝတ်ဘေးပြေးမလွတ် ဘူးလို့ဆိုပေမယ်၊ စစ်အစိုးရကတော့ မြန်မာပြည်သူနဲ့ကျောင်းသားတွေ

ကိုသတ်ထားတာတွေကို အပြစ်မခံရဖို့ဖွဲ့စည်းပုံအခြေခံဥပဒေမှာကိုထည့်သွင်းထားတာဟာသူရဲေ

ဘာကြောင်တဲ့လုပ်ရပ်သာလျှင်ဖြစ်တယ်။ တိုင်းပြည်ရဲ့ဘဏ္ဍာတွေကို ခြစားလဒ်စားလုပ်ထားတဲ့သူ

တွေကို အရေးယူလို့မရအောင်လုပ်ထားတာဟာ၊ လုပ်ရဲပြီးမခံရဲလို့ဖြစ်တယ်။


မြန်မာပြည်သူတွေ အာဏာရှင်အဆက်ဆက်အောက်မှာ၊ နည်းမျိုးစုံနဲ့အလိမ်ခံနေခဲ့ရတယ်။ ဒါပေမ

ယ့်လိမ်ပုံလိမ်နည်းတွေကတော့၊ တခါနဲ့တခါ တူနေလို့တော့မရဘူးပေါ့။ အဲဒါကြောင့် ဦးသိန်းစိန် ရဲ့

ကြံ့ဖွတ်အစိုးရဟာလည်း၊ လူတွေယုံကြည်နိုင်လောက်အောင်အထိ လုပ်ပြပေးနေတယ်ဆိုတာတော့

သံသယမရှိပါဘူး။


ဒါပေမယ့်၊ ဦးသိန်းစိန်အစိုးရအနေနဲ့၂၀၀၈ ဖွဲ့စည်းပုံကိုပြန်လည်ပြင်ဆင်ပြီး၊ တရားမျှတတဲ့ (မဲလိမ်

မဲခိုးမှုမရှိတဲ့) ရွေးကောက်ပွဲတခုဖြင့် ထွက်ပေါ်လာမယ့် ပါလီမန်နဲ့အစိုးရလိုမျိုးဖြစ်လာအောင်အေ

ကာင်အထည်ဖေါ်လုပ်ဆောင်ပြမယ်ဆိုရင်တော့၊ ရိုးသားတဲ့လုပ်ရပ်လို့ အားလုံးကမှတ်ချက်ပေးကြ

လိမ့်မယ်လို့ အာမခံပြီးပြောရဲပါတယ်။

Thursday 1 March 2012

ဦးသိန်းစိန်ရဲ့ အရိုးကြေကြေ၊ အရည်ခန်းခန်း မိန့်ခွန်း

0 comments | Read more...






မိန့်ခွန်းတခုလုံးကို ခြုံငုံပြီးတော့ပြောမယ်ဆိုရင်တော့၊ သိပ်မဆိုးပါဘူး။ အပြောကတော့ရွှေမန်းဘဲ
လို့ပြောလို့ရနိုင်ပါတယ်။ ဘာလို့လဲဆိုတော့၊ အသံနေအသံထားကအစ ငိုသံလေးပါ ထည့်ထားပြီး၊
အသုံးအနှုံးမှာလည်း၊ ပြည်သူလူထုအစား၊ မိဘပြည်သူဆိုပြီးသုံးနှုံးထားတယ်ဆိုတော့၊ သူ့ရဲ့မိန့်
ခွန်းကိုနားထောင်ဖြစ်မယ်ဆိုလျှင်၊ မငိုလိုက်ပါနဲ့လို့အကြံပြုပါရစေ။

သိန်းစိန်အပြောကောင်းတာကို၊ ကာကွယ်နိုင်ဖို့အတွက်၊ အောက်ပါအချက်တွေကိုခေါင်းထဲမှာထည့်
ထားပြီးနားထောင်မယ်ဆိုရင်တော့၊ နဲနဲသက်သာရာရနိုင်မယ်လို့တော့ထင်တယ်။
(၁) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ သည် စစ်အာဏာရှင်စနစ် ထာဝစဉ်တည်ရှိရေးအတွက်သာရည်
ရွယ်ပြီး၊ ထိုဖွဲ့စည်းပုံဖြင့်၊ ဒီမိုကရေစီစနစ်ကို မတည်ဆောက်နိုင်သလို၊ အုတ်မြစ်ချရန်လည်းမဖြစ်နို
င်ပေ။
(၂) သိန်းစိန် နှင့်အတူ၊ ၎င်းရဲ့အစိုးရတွင်ပါဝင်သော အမတ်ဆိုသူများသည်၊ မဲခိုးမဲလိမ်ခြင်းဖြင့်အနို
င်ရရှိထားတာကြောင့်၊ ပြည်သူ့ကိုယ်စားလှယ်များမဟုတ်ကြပါ။

အဓိကအချက်တွေအဖြင့်၊ လတ်တလော ရေပန်းစားနေတဲ့ဝန်ထမ်းတွေလစာတိုး မတိုး။ သူ့အပြော
အရလောလောဆယ်မဖြစ်နိုင်သေးပါ။ မြန်မာပြည်မှာဝန်ထမ်း အရေအတွက်၊ ၃.၃ ရာနှုံးရှိတဲ့အပေါ်
လစာတိုးလို့ကုန်ဈေးနှုံးတက်လာခြင်းအပေါ်၇၆.၇ ရာနှုံးသောပြည်သူလူထု ရဲ့မျက်နှာကိုထောက်
ထားသောအားဖြင့်၊ လစာမတိုးပေးနိုင်သေးပါလို့ဆိုတယ်။

ပြီးတော့နောက်ရေပန်းစားနေတဲ့ကိစ္စတခု ဖြစ်တဲ့ ၅၀၀၀ တန်ဖုန်း တွေ ရောင်းချနိုင်ဖို့အတွက်လို
အပ်တဲ့အဆောက်အဦးတွေကို ယခုမှဘဲဆောက်နေသေးတယ်ဆိုတော့၊ နောက်တကြိမ် သမတရွေး
ချယ်ပွဲလောက်ကျမှ ချပေးလိမ့်မယ်ထင်တယ်။

ကျန်းမာရေးကို ယခင်ကထက် ၄ဆတိုး၊ ပညာရေးကိုယခင်ကထက် ၂ဆတိုးပြီးလုပ်ဆောင်ဖို့လျှာ
ထားတယ်ဆိုတဲ့အကောင်းလေးတွေထုတ်ပြီးပြောပြနိုင်တာတော့ သိပ်တော်တယ်လို့ပြောလို့ရ
တယ်။ စစ်ရေးနဲ့ အခြားမလိုအပ်တဲ့အသုံးစရိတ်တွေကိုတော့ထိန်ချန်ထားတယ်။

အလွန်ထူးဆန်းတဲ့ကိစ္စကတော့၊ တရားဥပဒေစိုးမိုးရေး နဲ့ အဂတိလိုက်စားမှု့ပပြောက်အောင်လုပ်
ဆောင်နေတယ်ဆိုတာကို ပြောလာတာအံ့သြဖို့ကောင်းလှတယ်။ လက်ရှိအခြေအနေတွေအရ၊ အဲ
ဒီအဓိကပြသနာတွေကို၊ ဖြေရှင်းနေတဲ့ပုံ လုံးဝမတွေ့ရဘူး။ ဒီပြသနာတွေကို ပြေလည်အောင်နဲ့တိုင်း
ပြည်တိုးတက်အောင်ပြုလုပ်မယ်ဆိုရင်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကိုချက်ချင်းပြင်မှရမယ်ဆိုတာသ
ဘောမပေါက်သရွေ့၊ အပြောကတော့ဖြင့်ရွှေမန်းဘဲလို့သာအသိအမှတ်ပြုခံရလိမ့်မယ်လို့မြင်ပါတ
ယ်။

နောက်ဆုံးမှတ်သားစရာတခုကတော့၊ ၎င်းရဲ့အစိုးရအနေနဲ့အမှားများလုပ်မိခဲ့ပါလျှင်မိဘပြည်သူ
များအနေနဲ့ထိန်းကျောင်းတည့်မတ်ပေးဖို့နဲ့၊ ၎င်းရဲ့အစိုးရအဖွဲ့ဝင်များအနေနှင့် တိုင်းပြည်အတွက်
အသက်နဲ့ခန္ဓာ ပေးဆပ်ထားသူများ ဖြစ်တာကြောင့်၊ အရိုးကြေကြေ၊ အရည်ခန်းခန်း ဆောင်ရွက်
သွားကြမယ်ဆိုတော့..........???????????????

နားထောင်ချင်တယ်ဆိုရင် ဒီမှာ နှိပ်ပြီးသွားနားထောင်နိုင်ပါတယ်။

Saturday 25 February 2012

သူရဦးရွှေမန်းရဲ့တပတ်တာ၊ မှတ်စရာ

0 comments | Read more...









အသံနားထောင်ရန်အောက်ပါပုံကိုနှိပ်ပါ။

မြန်မာပြည်မှာ အပြောင်းအလဲတွေဟာ ဘယ်လိုအကောင်အထည်ပေါ်လာလိမ့်မလဲဆိုတာကိုတွေးကြည့်ရင်၊
မြန်မာပြည်ရဲ့လူ့သက်တမ်းတခုအပြင်၊ နောက်သက်တမ်းတခုကိုပါထည့်သွင်းစဉ်းစားရလောက်အောင်ပြသ
နာတွေ ရှုပ်ထွေးပြီး၊ ခရီးလမ်းဆုံးကို မမြင်နိုင်သည့်အခြေအနေနှင့်ရင်ဆိုင်ရတာဟာသဘာဝကျလှသည်။ ဖွံ
ဖြိုးသောမြန်မာပြည်ဖြစ်ဖို့အတွက် မျိုးချစ်ပြည်သူတယောက်အနေနှင့်၊ မိမိတိုင်းပြည်အတွက်ဘာလုပ်ပေးရမ
လဲလို့စဉ်းစားနေတယ်ဆိုရင်၊ ၎င်းတို့ချမှတ်ထားတဲ့ဥပဒေများနဲ့အညီ၊ သူရဦးရွှေမန်းပြောတာကို၊ ကိုးကားပြီး
မြန်မာပြည်မှာ၊ ပြည်သူအတွက်အလုပ်မလုပ်တဲ့သူတွေ၊ ခြစားလဒ်စားမှုတွေနဲ့ ပျော်ပါးနေသူတွေကို ရှာဖွေေ
ဖ်ါထုတ် ပြီး၊ ဥပဒေအရ အရေးယူအောင် ပြုလုပ်နိုင်တယ်ဆိုရင်၊ မြန်မာပြည်ရဲ့လူတန်းစားတရပ်အတွက်သာ
အလုပ်လုပ်သော နိုင်ငံပိုင် ယန္တရားကြီးကို၊ တစိတ်တပိုင်း သန့်စင်အောင်ပြုလုပ်ပေးရာရောက်တယ်လို့မြင်
ပါတယ်။ သူရဦးရွှေမန်းအပြောအရ၊ သူ့ကိုတောင်ခွင့်မလွှတ်ပါနဲ့လို့ဆိုလာတယ်။ ပြည်သူတွေ အဖိနှိပ်ခံဘ
ဝကို ဆယ်စုနှစ်ပေါင်းမြောက်များစွာရောက်နေရတယ်ဆိုပေမယ့်၊ ဒီလောက်တော့ မညံ့ကြပါဘူးဆိုတာပြဖို့
အချိန်ကောင်းဘဲလို့မြင်မိပါတယ်။

Thursday 23 February 2012

ပြည်သူ့ဝန်းရံမှု လိုအပ်မည့် မတရားမှုများ

0 comments | Read more...









မြန်မာပြည် ဒီမိုကရေစီနိုင်ငံဘက်ဆီကိုသွားနေပြီလို့သူတို့ပြောကြတယ်။ အောက်ပါအမှု (၃) ခုကိုကြည့်ရင်မြန်
မာပြည်ဟာယခင်ကနဲ့ဘာမှထူးခြားမှုမရှိသေးဘူးလို့ အတိအကျပြောလို့ရတယ်။ တရားမျှတတဲ့ဥပဒေတွေကို
ကျင့်သုံးလိုစိတ်မရှိဘူး၊ အပြစ်ကျူးလွန်တဲ့သူတို့ရဲ့ဘက်တော်သားတွေဟာ ဘာမှပြသနာမရှိဘူး၊ ပြည်သူလူထု
ကိုအနိုင်ကျင့်ချင်တိုင်အနိုင်ကျင့်နေဦးမှာဘဲ။ ဒီလိုမတရားမှုတွေကိုလက်ရှိအခြေအနေနဲ့ ကိုက်ညီစွာ ပြည်သူ
လူထုအားလုံး လက်ချင်းချိတ်ပြီး ဝန်းရံပေးဖို့လိုအပ်နေတယ်လို့ထင်တယ်။


အရှင်ဂန္ဘီရ
နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးလို့၊ မကြာသေးခင်ကမှပြန်လွတ်လာတယ်။ ပုဒ်မ ၄၀၁ ဆိုတဲ့
အချိန်မရွေးပြန်ဖမ်းလို့ရတယ်ဆိုတာရယ်၊ အဖမ်းပြန်ခံရရင်၊ ယခင်ကကျန်ရှိနေတဲ့ပြစ်ဒဏ်တွေ
ကိုပြန်ကျခံရမယ်ဆိုတဲ့သဘောဖြစ်တယ်။ ဦးဂန္ဘီရကိုပြန်ဖမ်းမယ်ဆိုတာဟာ၊ သွေးတိုးစမ်ခြင်းဖြစ်
တဲ့အတွက်၊ ပြည်သူတွေရဲ့ ဝန်းရံမှုလိုအပ်လိမ့်မယ်လို့မြင်တယ်။ ဓမ္မစက်နဲ့မရလို့၊ အာဏာစက်
နဲ့ လုပ်ရတော့မယ်ဆိုတဲ့အသုံးအနှုံးအရဘဲ၊ တော်တော်ကြီးကိုမိုက်ရိုင်းတာဖြစ်တယ်။


ဖြိုးဝေအောင်
X20 သင်္ကြန်မဏ္ဍပ်ကို ဗုံးဖေါက်ခြင်းကိုမပြုလုပ်ရပါဘဲနဲ့၊ အတင်းစွပ်စွဲခံရပြီး၊ အတင်းဝန်ခံခိုင်းခံနေ
ရတယ်။ ၂၀၁၀ ဧပြီလ ၂၂ ရက်ကထဲကဖမ်းခံထိထားပြီး၊ စစ်ကြောရေးစခန်းတွေမှာ နည်းလမ်းပေါ
င်းစုံနဲ့အတင်းနှိပ်စက်ခံရပြီး၊ ယခုနောက်ဆုံး၊ သူ့ရဲ့ရှေ့နေနှစ်ဦးကိုပါ တရားရုံးက၊ တရားပြန်ဆွဲတဲ့
အထိကို ရောက်သွားပြီ။ ပြည်သူတွေရဲ့ဝန်းရံပေးမှုရမယ်ဆိုလျှင်၊ အခြေအနေကိုပြောင်ပြန်၊ ပြန်လှ
န်လို့ရမယ်။

ကောင်းဆက်ပိုင်
ဆိုင်ကယ်ပေါ်ကဆွဲချခံရပီး၊ သေဆုံးသွားရတယ်။ ရဲအရာရှိတွေကိုယ်တိုင်ကျူးလွန်ပတ်သက်နေပြီး
ဘာမှအရေးယူမခံရတာဟာ၊ ယခင်စနစ်ကြီးထဲမှာဘဲရှိနေတာဖြစ်တယ်။ ဒီမိုကရေစီဆိုပြီးဥပဒေစိုး
မိုးမှုမရှိတာတွေကို၊ ဒီအတိုင်းဘဲလက်ပိုက်ကြည့်နေမယ်ဆိုရင်၊ ဆက်ပြီးခံနေရဦးမယ့် အခြေအနေ
ထဲကနေရုန်းထွက်နိုင်မှာမဟုတ်တော့ဘူးလို့ထင်တယ်။

Wednesday 22 February 2012

မြန်မာနိုင်ငံရဲ့အဓိကပြသနာတခု

0 comments | Read more...


မြန်မာပြည်မှာအဓိက ပြသနာပေါင်းများစွာထဲက တခုဖြစ်သော စစ်တပ်ကြီးစိုးရေး၊ အရပ်သားများကို အနိုင်ကျင့်
ချင်တိုင်းအနိုင်ကျင့်လိုခြင်း သဘောထား လုပ်ဆောင်ချက်နဲ့ပတ်သက်ပြီး၊ ကိုကျော်ကျော်သိန်းနဲ့အတူ၊ အမျိုး
သားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ ၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ဆွေး
နွေးထားတာ တော်တော်လေးကိုကောင်းပါတယ်။ ဆွေးနွေးမူ့ကောင်းတာထက်၊ စစ်တပ်ကြီးစိုးရေးဆိုတဲ့ အယူ
အဆဟာမြန်မာပြည်မှာ၊ အတွင်းကျကျကိုအမြစ်တွယ်နေခဲ့ပြီ။ ဒီအယူအဆနဲ့ လုပ်ဆောင်ချက်တွေ လွှမ်းမိုးလာ
တဲ့အခါမှာ၊ မြန်မာပြည်ကိုလည်ပတ်နေတဲ့ယန္တရားတွေအကုန်လုံး၊ တိုးတက်မှုဘက်ကိုမသွားနိုင်တော့ဘဲ တကို
ယ်တော်ကြီးပွါးမှုများနဲ့ လုံးလည်ချာလည်ဖြစ်နေတာကြောင့်မြန်မြာ့ပည်ဟာအောက်ဆုံးတကအောက်ဆုံးကိုဆ
င်းသွားနေတာလို့မြင်ပါတယ်။ အောက်ကအသံဖိုင်ကို နားမထောင်ကြည့်စေချင်တယ်။

ပြီးတော့ ဒီပြသနာရဲ့အဖြေကို အလေးအနက်ထားပြီး ရှာဖို့လိုအပ်မယ်လို့ထင်ပါတယ်။

Friday 17 February 2012

အခြေအနေကိုအကောင်းဆုံးအသုံးချခြင်း

0 comments | Read more...







အတိတ်ကို ပြန်သွားတာတော့မဟုတ်ပါ။ မနေ့ကဖြစ်ခဲ့တာတွေကိုတော့လစ်လျှုရှုလို့မရနိုင်ဘူးလို့ထင်ပါတယ်။
မြန်မာပြည် ဒီမိုကရေစီအရေးအတွက်၊ ရဟန်းသံဃာတွေ၊ ကျောင်းသားတွေ၊ ပြည်သူတွေ ရဲ့ အသက်တွေ ဘဝ
ပေါင်းမြောက်များစွာကိုပေးဆပ်ခဲ့ ပြီးပြီ။ ဒီလိုအနစ်နာခံခဲ့ခြင်း တွေရဲ့ ရည်ရွယ်ချက်ကတော့၊ မြန်မာပြည်နဲ့ ပြည်
သူတွေရဲ့ဘဝတွေ လွတ်လပ်ပြီး၊ လူလူခြင်းနှိပ်စက်တဲ့ဘဝတွေကနေလွတ်မြောက်ဖို့ဘဲဖြစ်တယ်လို့နားလည်မိ
တယ်။

မြန်မာပြည်ဟာလွတ်လပ်ရေး ရပြီးနောက်ပိုင်း ကတည်းက တည်တည်ငြိမ်ငြိမ် နဲ့လမ်းကြောင်းမှန်ပေါ်ကို မရော
က်နိုင်ခဲ့သေးတာကြောင့် ဆင်းရဲတွင်းနက်မြဲနက်နေရတာဖြစ်တယ်။ အထူးသဖြင့် ၁၉၈၈ စစ်အာဏာအသိမ်းခံရ
ပြီးနောက်ပိုင်း၊ အသိဥာဏ်နည်းသော စစ်အာဏာရှင်တစုရဲ့ ကိုယ်ကျိုးအတွက်သာကြည့်ပြီး ဥစ္စာ ပြိုင်အာဏာ
လုမှုများ ရဲ့အကျိုးရလဒ်အဖြင့် အလွန့်အလွန် ဆင်းရဲပြီး၊ အထီးကျန်ဖြစ်ခါ၊ မြန်မာဆိုရင် ကမ္ဘာမှာအထင်သေး
ခံရစရာ လူမျိုးတခုအဖြင့် အားလုံးတွေ့ကြုံခံစားခဲ့ရတယ်။ ယခုအချိန် အထိလည်း နိုင်ငံတကာကိုထွက်ပြီး မိသား
စုစားဝတ်နေရေးပြေလည်ဖို့အတွက် ဒုက္ခ မျိုးစုံခံပြီး ဆင်းဆင်းရဲရဲ လုပ်ကိုင်နေကြတဲ့မြန်မာတွေလည်း တနှစ်ထ
က်တနှစ်ကိန်းဂဏန်းပိုတိုးလာနေတယ်။

ယနေ့မြန်မာပြည်ရဲ့အခြေအနေဟာ ပြည်တွင်းမှာဝါဒဖြန့်ထား တဲ့စစ်အစိုးရရဲ့ မီဒီယာတွေပြောသလို မြန်မာ
ပြည် ဒီမိုကရေစီရသွားပြီ ဆိုတာဟုတ်မဟုတ်ကို အသေအချာစမ်းစစ်ဖို့လိုအပ်သည်ဟုထင်သည်။ အဲဒီလိုသုံး
သပ်တဲ့နေရာမှာလည်း၊ နိုင်ငံတကာကသုံးသပ်သလို၊ လွှတ်တော်ရှိတယ်၊ ရွေးကောက်ပွဲရှိတယ်၊ လူထုဆန္ဒခံ
ယူပွဲနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုထားတယ်၊ အကျဉ်းသားတွေလွှတ်ပေးတယ် ဆိုရင် ဒါဟာကောင်း
မွန်တဲ့လက္ခဏာပဲလို့ အပေါ်ယံသုံးသပ်မှုမျိုးလည်းမဖြစ်စေလိုပါ။

ပြီးတော့၊ မြန်မာပြည်မှာအလုပ်အကိုင်တွေ တိုးပွါးလာအောင်လုပ်ခြင်း၊ ဂျီဒီပီ ကိန်းဂဏန်းတွေ ပိုပြနိုင်အောင်
လုပ်ခြင်းဟာလည်း၊ ဟုတ်သလိုလို နဲ့၊ ဒါဟာလည်း မြန်မာပြည်အတွက်အဖြေမဟုတ်သေးဘူးဆိုတာရိုးရိုးသား
သားတွေးဆကြည့်ရင်သိနိုင်တယ်။

အဓိကပြသနာက၊ မြန်မာနိုင်ငံမှာ အသိဥာဏ်နည်းတဲ့ စစ်အာဏာရှင်တွေ၊ ပြည်သူကိုရန်သူလိုသဘောထား
တဲ့စစ်အာဏာရှင်တွေ၊ ဖက်စစ် တွေထက်ဆိုးတဲ့ လူမျိုးတူချင်း ကြီးနိုင်ငယ်ညှင်း ဝါဒနဲ့၊ ဘယ်သူသေသေ င
တေမာရင်ပြီးရောဆိုပြီး ကျင့်ကြံတဲ့သူများ ရှိနေသေးသ၍၊ မြန်မာပြည်ဟာနောက်ကြောင်းပြန်မလှည့်ဘဲရှေ့
သို့သွားနေတယ်ဆိုတာဟာ အဓိပါယ်ရှိလိမ့်မှာမဟုတ်ဘူးလို့ထင်တယ်။

ဒီနေ့မြန်မာပြည်ရဲ့ဖြစ်ပေါ်ပြောင်းလဲမှုတွေကိုပြန်ကြည့်မယ်ဆိုရင်၊ အခြေအနေ အတိုင်းအတာတစုံအောက်
မှာ ယခုလိုအပြောင်းအလဲတွေကိုလုပ်ပေးနေတာဖြစ်ပြီး၊ တကယ်အစစ်အမှန် ပြောင်းလဲမှုတွေကိုလုပ်နေတဲ့
ပုံ လုံးဝမပေါက်ဘူး ဆိုတာပါလီမန်ရယ်၊ စစ်တပ်ရယ်၊ အောက်ခြေတာဝန်ရှိသူတွေရဲ့လုပ်ဆောင်ချက်တွေကို
ကြည့်ရင်သိသာတယ်။ စစ်တပ်ကြီးစိုးရေး ဝါဒနဲ့ လုပ်ဆောင်ချက်တွေဟာ၊ မြန်မာနိုင်ငံကို အပြောင်းအလဲလု
ပ်နေ တဲ့အချိန်မှာ ရှင်းရှင်းလင်းလင်းဖြစ်အောင် ပြည်သူကို ချပြ ပြောပြ လုပ်ဆောင်ပြဖို့ လုံးဝ လိုကို လိုအပ်
တယ်လို့မြင်တယ်။

မြန်မာပြည်ကို ဆင်းရဲမွဲတေနေအောင်လုပ်ခဲ့တဲ့သူတွေဟာ၊ လူမြင်ကွင်းထဲကပြောက်နေပေမယ့်၊ ကန့်လန့်
ကာနောက်ကွယ်မှာရှိနေတုန်းဘဲ၊ တစုံတခုသောအတိုင်းအတာအထိ ကြိုးကိုင်နေဆဲဘဲဆိုတာ ခန့်မှန်းလို့
ရနေတယ်။ အဲဒီလူတွေအပြင်၊ အဲဒီ အာဏာရှင်တွေအသုံးချခဲ့တဲ့ ယန္တရားတွေ၊ အဖွဲ့အစည်းတွေဟာလည်း
တည်ရှိနေဆဲဘဲဖြစ်တယ်။ ဒီနေရာမှာသတိကြီးစွာထားဖို့လိုတာက၊ စစ်အာဏာရှင်တွေဟာ ရာဇဝတ်သား
(criminals) ဘဝ ကနေ၊ ယခုလိုအမြန်အဆန်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကိုလုပ်တာဟာ အသက်ရှုေ
ပါက်ရှာတာဖြစ်တယ်။ အသက်မှန်မှန် ပြန်ရှုလို့ရရင်၊ နဂိုမူရင်းအတိုင်းဘဲ ပြန်လည်ပြုမူလိမ့်မယ်ဆိုတာပွင့်
လင်း ပြီးထင်သာမြင်သာ မရှိတဲ့အခြေအနေတွေက ညွှန်ပြနေတယ်။

ကိုမင်းကိုနိုင်နဲ့ ၈၈ ခေါင်းဆောင်များသို့အကြံပြုခြင်း

စစ်အစိုးရဟာ၊ ယခုလိုအသက်ပုံမှန်ပြန်ရှုနိုင်ဖို့ လုပ်နေတဲ့အချိန်မှာ၊ ၈၈ ခေါင်းဆောင်များလို တိုင်းပြည်
ကိုအမှန်တကယ်ချစ်မြတ်နိုးသူများအနေနှင့်၊ မြန်မာပြည်နဲ့မြန်မာပြည်သူတွေအမှန်တကယ်လွတ်မြောက်
စေဖို့အတွက်၊ ထင်ထင်ပေါ်ပေါ် ပြင်ဆင်မှုတွေလုပ် နေစေချင်တယ်။ သိသာထင်ရှားတဲ့တည်ဆောက်မှု့
တွေ၊ ပြုလုပ်သင့်တယ်။ အလုံးစုံသောအခြေအနေများအရ၊ မြန်မာပြည်နဲ့ ပြည်သူလူထုဟာ စစ်အာဏာ
ရှင်အောက်မှ လွတ်ပါပြီလို့လက်ဆုတ်လက်ကိုင်မပြနိုင်သေးခင်မှာ၊ အချိန်နဲ့တပြေးညီ ခြေလှမ်းကျဲကျဲ
တည်ဆောက်မှုတွေ လုပ်နေဖို့လိုအပ်တယ်လို့မြင်တယ်။ အတိတ်ကဖြစ်ပျက်ခဲ့ပြီးသောအခြေအနေများ
ပေါ်မူတည်ပြီးရရှိခဲ့သောအတွေ့အကြုံများအရ၊ စနစ်တကျ (systematic) တိုက်ပွဲဝင်ခြင်းဆိုတဲ့တည်ေ
ဆာက်မှုမျိုးကို ပြုလုပ်ဖို့အကြံပေးလိုတယ်။ ယနေ့အခြေအနေများအရ စစ်အစိုးရက ဒီမိုကရေစီကိုဘန်း
ပြပြီး ၎င်းတို့လိုခြင်တာတွေကို မရ ရအောင်ယူနေတဲ့အချိန်မှာ၊ အတိုက်အခံများဘက်ကလည်းဒီအခြေခံ
အခွင့်အရေးတွေကိုဘဲသုံးပြီး၊ ပြည်သူတွေဟာ ကျွန်တော်တို့တွေနဲ့ တသွေးတည်းတသားတည်းရှိတယ်
ဆိုတာကို တစိုက်မတ်မတ် လုပ်ဆောင်ထားနိုင်မယ်ဆိုရင်၊ နောက်တကြိမ်တွေအလိမ်ခံရခြင်းမှ ကာကွယ်
နိုင်လိမ့်မယ်လို့ထင်မြင်မိပါတယ်။ အဲဒါအပြင် အခြေအနေအရ လိုအပ်လျှင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်း
ရေးအတွက် အထက်ပါတည်ဆောက်ထားမှုများနဲ့ မြန်မာပြည်ကို လွတ်လပ်သော ဒီမိုကရေစီအခွင့်အရေး
များအပြည့်အဝရှိသော၊ လူလူခြင့်နှိပ်စက်မှုများမရှိတော့သော နိုင်ငံသစ်ဆီသို့ သယ်ဆောင်နိုင်လိမ့်မယ်
လို့ယုံကြည်ပါတယ်။
Link

Sunday 5 February 2012

အောင်ပွဲကိုညွှန်ပြခြင်း (သို) ၈၈ ခေါင်းဆောင်များသို့အကြံပြုခြင်း

0 comments | Read more...









လွန်ခဲ့သော (၂၃) လောက်တုန်းက၊ မြန်မာနိုင်ငံရဲ့အခြေအနေများဟာ၊ ယနေ့ကာလတွင် လုပ်ဆောင်နိုင်သော
အခြေအနေများနှင့် တော်တော်လေးအသွင်တူသည်။ ရိုးသားစွာဖြင့်ပြောရမယ်ဆိုရင်တော့၊ ယနေ့အခြေအနေ
များသည်၊ ယ္ခင်အခြေအနေများနဲ့ကွဲလွဲမှုရှိသလို၊ ယခင်ကထက်ပိုမိုသောလုပ်ဆောင်နိုင်မှုများကိုလုပ်ဆောင်
နိုင်နေတာကိုတွေ့ရသည်။ ဥပမာအားဖြင့်၊ ယခင်ကလို တဦးခြင်းစီ၏ နိုင်ငံရေးလှုပ်ရှားမှုတိုင်းကို လိုက်ကြည့်
သောထောက်လှန်းရေးများ မတွေ့ရတော့ခြင်း၊ လွတ်လွတ်လပ်လပ် ပြောဆိုနိုင်ခြင်း၊ သွားလာနိုင်ခြင်း၊ဆက်
သွယ်နိုင်ခြင်းတို့သည် ထင်ရှားသောထူးခြားချက်များဖြစ်သည်။

ဒါပေမယ့်၊ မြန်မာပြည်ရဲ့အတွင်းကျသောအခြေအနေ နှင့် စစ်အာဏာရှင်စနစ်ကင်းစင်ရေး ဆိုတဲ့ရှုထောင့်မှကြ
ည့်လျှင်၊ မြန်မာပြည်ရဲ့ရောက်ရှိနေသောအခြေအနေသည်၊ အဆင့် ၁ ကိုစတင်ခြင်းလို့ပင်ပြောရပေမည်။ သို့ပါ
သော်လည်း၊ မြန်မာပြည် ကိုထည့်သွင်းပုံသွင်းခံထားရတဲ့ပုံစံခွက် ကတော့၊ ဒီမိုကရေစီလို့စာတမ်းထိုးထားပေမ
ယ့်၊ ဒီမိုကရေစီမဟုတ်သေးတဲ့ပုံစံခွက်ထဲမှာပင်ရှိနေသေးတာကြောင့်၊ ဒီမိုကရေစီ သို့မဟုတ်ပြည်သူအတွက်အာ
မခံချက်ရှိသော စနစ်ဆီသို့ သွားရာလမ်းကြောင်းပေါ်ကိုမရောက်သေးဘူးလို့ပြောလို့ရသည်။ တနည်းအားဖြင့်
ဒီအခြေအနေဟာ၊ မြန်မာပြည် ကိုထာဝစဉ်အမှောင်ထဲမှာဘဲရှိနေစေလိုသောလူတစုရဲ့ ဖြစ်စေခြင်သောလမ်းေ
ကြောင်းပေါ်မှာဘဲရှိနေတယ်လို့ပြောလို့ရသည်။

ဘာ့ကြောင့်ဒီလိုပြောနိုင်တာလဲဆိုတော့၊ ယခုမြန်မာပြည်ကို လည်ပတ်နေတာသည်၊ ပြည်သူများ ထောက်ခံမှု့
မရှိသော (တနည်းအားဖြင့်) စစ်အစိုးရရဲ့ ထာဝစဉ် စစ်အာဏာရှင်စနစ် ဖြင့်မြန်မာပြည်ကိုအုပ်ချုပ်ဖို့အတွက်
အာမခံချက်အပြည့်အဝပေးသော ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့်သွားနေတာ ကြောင့်ဖြစ်သည်။ တဆက်တည်းမှာ
ဘဲ၊ ယခု ဒီမိုကရေစီအစိုးရ ဆိုပြီးကြွေးကြော်ပြီး လုပ်နေသူများသည်၊ မဲလိမ်မဲခိုးမှုတွေဖြင့် တရားမျှတမှုလုံးဝမရှိ
ဘဲ အဆိုပါ ရာထူးများကို ရယူ လုပ်ဆောင်နေတာကြောင့်၊ မြန်မာပြည်သည်လမ်းကြောင်းမှန်ပေါ်သို့လုံးဝမရော
က်သေးဘူးလို့ပြောလို့ ရခြင်းဖြစ်သည်။

မြန်မာပြည်ရဲ့အဓိကပြသနာ
မြန်မာပြည်ရဲ့လက်ရှိအခြေအနေဟာ၊ ပွင့်လင်းလာတယ်လို့ တချို့ကပြောကြတယ်။ တချို့ပြောတာက သိန်းစိန်
နဲ့အဖွဲ့ဟာအမှန်တကယ်အပြောင်းအလဲလုပ်ချင်စိတ်ရှိတယ်လို့ပြောကြတယ်။ ဒါပေမယ့် ကာယကံရှင်တွေရဲ့ပွင့်
ပွင့်လင်းလင်း ပြောဆိုလာခြင်းမရှိသည့်အပေါ်မှာရယ်၊ လက်ရှိအစိုးရရဲ့လုပ်ဆောင်ချက်နဲ့သဘောထားတွေအ
ရ ဒီလူတွေဟာ၊ ရည်ရွယ်ချက်တခုကို အကောင်အထည်ဖေါ်နေသလိုမျိုးဖြစ်နေသည်။ ဒီအခြေအနေတွေကိုဘာ
တွေကညွှန်းဆိုနေသလဲဆိုတော့၊ သိန်းစိန်ရဲ့၊ နိုင်ငံရေးအကျဉ်းသားနဲ့၊ စီးပွါးရေးပိတ်ဆို့မှုကိုဖွင့်ပေးဖို့လဲလှယ်
ခြင်းပုံစံတွေ၊ နိုင်ငံရေးအကျဉ်းသားမရှိဘူးလို့ငြင်းဆိုတာတွေ၊ တိုင်းရင်းသားလူမျိုးစုအဖွဲ့တွေနဲ့အပေါ်ယံအပစ်
အခတ်ရပ်စဲရေးလုပ်တာတွေ ဟာ၊ ရိုးသားတဲ့သဘောမဆောင်ဘူးဆိုတာ ဖေါ်ပြနေတယ်။ ပြီးတော့ အာဏာရှင်
တွေကြွေးကျော်ထားတဲ့၊ မီဒီယာကို မီဒီယာနဲ့တိုက်မယ်ဆိုတာ ကိုလည်းထည့်တွက်ရမှာဖြစ်တယ်။ ဒါဆိုရင်မြန်
မာပြည်ရဲကအဓိကပြသနာက၊ စစ်အာဏာရှင်တွေဖြစ်စေခြင်တဲ့လမ်းကြောင်းပေါ်ကမြန်မာပြည်ကို၊ ဝိုင်းဝန်းပံ့ပိုး
တယ်ဆိုရင်၊ မြန်မာပြည်စစ်အာဏာရှင်စနစ်အောက်ကလွတ်မြောက်အောင် လုပ်ဆောင်ရာမကျဘူးလို့ပြောလို့
ရပါတယ်။

ဖြစ်သင့်သောအခြေအနေ
စစ်အာဏာရှင်တွေဟာ၊ တိုင်းပြည်ကိုချစ်သယောင်ယောင် ပြောပြီး၊ အနောက်နိုင်ငံတွေဟာမြန်မာနိုင်ငံကို၊ ကို
လိုနီလုပ်ဖို့အမြဲတမ်းကြိုးစားနေတယ်ဆိုတဲ့ဝါဒဖြန့်မှုနဲ့ တိုင်းပြည်ကိုချယ်လှယ်နေခဲ့တာယနေ့ထိတိုင်အောင်ဘဲ
လို့ပြောလို့ရတယ်။ ဒီနေ့အာဏာရှင်တွေဘက်က၊ ရိုးရိုးသားသားနဲ့ တိုင်းပြည်ကိုချစ်တဲ့စိတ်နဲ့ တိုင်းပြည်ကိုဝိုင်း
ဝန်းတည်ဆောက်ကြမယ်ဆိုရင်၊ ယနေ့ကာလမှာ လုပ်ဆောင်နေတဲ့အခြေအနေနဲ့မတူတဲ့၊ ပိုမိုပွင့်လင်းညင်သာ
တဲ့၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းပြည်ပြန်လည်ထူထောင်လုပ်ဆောင်မှု့သဏ္ဍန်တွေကိုလုပ်ဆောင်လို့
ရတယ်။ ဒါပေမယ့် အဲဒါတွေကိုမလုပ်ဘူး ဆိုတာတွေ့ရတယ်။

မှန်ကန်သောအယူအဆ
မြန်မာပြည်ရဲ့ယခုလို အခြေအနေမျိုးမှာ၊ တိုင်းပြည်ကိုချစ်သောသူတဦးအနေနှင့်၊ မြန်မာပြည်ကို တိုးတက်သော
နိုင်ငံတခုဖြစ်စေချင်တယ်ဆိုရင်တော့၊ မြန်မာပြည်အတွက်မှန်ကန်သောလမ်းကြောင်းပေါ်မှ နေပြီး မဆုတ်မနစ်
သောဇွဲလုံ့လနှင့် အချိန်တွေကိုအကျိုးရှိရှိအသုံးချဖို့ရန်လိုအပ်သည်ဟုမှတ်ယူရမည်။ မြန်မာပြည်ကြီး အရမ်းကို
နောက်ကျပြီး ကျန်နေခဲ့တဲ့အပေါ်၊ ပုံမှန်လမ်းလျှောက်ပြီးလိုက်တာထက်၊ ပြေးနိုင်တယ်ဆိုလျှင် အပြေးလိုက်ရမ
ည်ဖြစ်သည်။

အောင်ပွဲကိုမမြင်နိုင်ခြင်း
ပြည်သူတွေအနေနှင့်အောင်ပွဲကို မမြင်နိုင်တဲ့အခါမှာ၊ ၎င်းတို့ရဲ့ပြတ်ပြတ်သားသား ပူးပေါင်းဆောင်ရွက်နိုင်မှုေ
တွကို ပြသဖို့ရန်အခက်အခဲရှိတယ်လို့ထင်မိတယ်။ ၈၈ တုန်းက ကြားဖြတ်အစိုးရဖွဲ့နိုင်ခဲ့ရင် မဆလအစိုးရကို
ဖယ်ရှားနိုင်မယ်ဆိုတာ အောင်ပွဲကိုမြင်ရတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ အန်အယ်ဒီကိုမဲပေးလိုက်ရင် အန်အယ်
ဒီဟာအစိုးရဖြစ်လာမယ်ဆိုတဲ့အပေါ် အန်အယ်ဒီကိုမဲပေးခြင်းဟာအောင်ပွဲကိုမြင်ရလို့လုပ်တာဖြစ်တယ်။ အဲဒီေ
နာက်ပိုင်း ခေါင်းဆောင်ပိုင်းတွေအားလုံးကိုထောင်ထဲထည့်ထားခံရတယ်ဆိုတော့၊ ပြည်သူဟာ ရှေ့ဆောင်လမ်း
ပြနဲ့၊ အောင်ပွဲကိုညွှန်ပြပေးမယ့်ခေါင်းဆောင်မရှိတဲ့အပေါ် ပြည်သူရဲ့နိုင်ငံရေးနိုးကြားမှု့လျော့ကျသွားတယ်လို့
တချို့ကယူဆကြတယ်။ ဒါပေမယ့် ပြတ်ပြတ်သားသားနဲ့ ပြည်သူရှေ့ကရပ်ပြီး၊ လက်တွေ့ကျတဲ့လုပ်ငန်းစဉ်တွေ
ကိုချပြပြောဆိုပြီး လက်တွေ့ကျကျလုပ်ဆောင်မယ်ဆိုရင်၊ ပြည်သူလူထုကလည်း၊ အားမန်အပြည့်နဲ့ထပ်ချပ်မ
ကွာလိုက်နေမာဘဲလို့ယုံကြည်တယ်။ ဒါနဲ့ပတ်သက်ပြီး၊ ဒီနေ့ကာလအခြေအနေတွေအရ၊ ပြည်သူလူထုအနေ
နဲ့အောင်ပွဲကိုမမြင်နိုင်ခြင်းပုံသဏ္ဍန်မျိုးဖြစ်နိုင်ခြေရှိတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအရ၊ ၂၀၁၀ မဲလိမ်ပွဲအရ၊ ဖြစ်လာခဲ့
တဲ့ အာဏာရှင်တဖြစ်လဲအစိုးရအတွင်းအတိုက်အခံအရေအတွက်က ဘာမှမရှိဘဲနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကို
ပြင်မယ်ဆိုတာသည် wishful thinking လိုပုံစံမျိုးဖြစ်နေတယ်ဆိုတာပြည်သူတယောက်အနေနဲ့သိလောက်
တယ်။

၈၈ ခေါင်းဆောင်များကိုအကြံပြုခြင်း
၈၈ ခေါင်းဆောင်များအနေနဲ့၊ လုပ်ရပ်များနှင့်ရော ၊သဘောထားများအရ ပြသပြီးခဲ့တဲ့အပေါ်မှာ၊ ပြည်သူရဲ့ထေ
ာက်ခံမှု့အပြည့်အဝရှိပြီးသားလို့ယုံကြည်တယ်။ အဲဒါကြောင့်ပြည်သူကို အောင်ပွဲကိုမြင်နိုင်အောင်ပြပေးပြီး မလွ
တ်လပ်သေးတဲ့ မြန်မာပြည်နဲ့၊ ပြည်သူတွေရဲ့ဘဝတွေလွတ်မြောက်အောင် ပြည်သူတွေရဲ့ရှေ့ကမားမာမတ်မတ်
ရပ်ပြီးပြတ်ပြတ်သားသား ဦးဆောင်မှု့ပေးစေချင်တယ်။ ထို့အပြင် ပြည်တွင်းပြည်ပမှာရှိတဲ့ အဖွဲ့အစည်းတွေကို
တူညီသောဦးတည်ချက်အောက်မှာ၊ အလုပ်ခွဲခြားလုပ်ကိုင်ခြင်း နှင့်လုပ်ဆောင်သွားဖို့စုစည်းမှုတွေလုပ်မယ်ဆို
ရင်၊ စစ်အစိုးရနဲ့ယှဉ်ပြီး၊ အမှန်တကယ်လုပ်သင့်သောလုပ်ဆောင်ချက်များ (ဥပမာ - ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ဆ
ဆင်ရေးဆွဲပြီး၊ စစ်မှန်သောရွေးကောက်ပွဲတခုကိုချက်ချင်းကျင်းပရေး) ရင်ဘောင်တန်းလုပ်နိုင်မယ်လို့ယုံကြည်
မိပါတယ်။

Thursday 2 February 2012

CAREFUL CONSIDERATION IS NEEDED TO LIFT SANCTIONS ON BURMA

0 comments | Read more...

CAREFUL CONSIDERATION IS NEEDED TO LIFT SANCTIONS ON BURMA

Political climate in Burma at the moment is all about sanctions imposed by US and EU. Actually it is the occasion to fulfil what the regime wants for their continue grip on power. Chairing the ASEAN in 2014 which is one of the wish lists of new regime let by Thein Sein has been arranged and removing sanctions on Burma will be the next aspiration for deformed regime. Relatively those economic sanctions are about to be loosen for the sake of Thein Sein regime and its collaborators where the people of Burma are cheated with artificial freedom.

Though it is acceptable that some changes have taken place in Burma, it is too early to verify that they are real or trick. No official from the new regime as well as opposition can articulate that Burma is now heading for the route to genuine democracy. According to the scenarios that we all are seeing in Burma right now, conflict between Thein Sein’s regime and army officials are endlessly going on. So called president Thein Sein has not supremacy to stop the war in northern Burma when commander in chief of the army refuses to accept the order. As the dictators in Burma are so secretive, it is impossible to discover similar situation like power struggle among the dictators have been going on. Therefore unfair judgement on current situation in Burma will mean the west is feeding the oppressors instead of helping innocent Burmese people.

Without any other interest to help Burmese people, the changes in Burma should be distinguished as it is not sufficient attestation to consider building unfailing democratic society. There is a constitution that was drawn by dictators. There was a constitutional referendum, but the people of Burma could not voice as it should be. There was an election, but vote rigging made the dictators win almost all the seats in parliament. There are parliaments in Burma, but any proposal from a small number of opposition MP is obviously turned down. There are MPs in the parliaments, but almost all of them have not been elected by the people. There is a so-called president in Burma, but he was transformed from one of previous dictators and he wasn’t chosen by the people practically and technically.

Previous regime and new regime is exactly the same as they do not wish to release political prisoners. Worse than that so-called president Thein Sein and members of his regime keep denying there is no prisoners of conscience in Burma. But Thein Sein used the word political prisoners when he made barefaced plea to US and EU for lifting sanctions on Burma immediately. The fact here is that it is true that the Thein Sein regime released some political prisoners but it is only one third of all political prisoners in Burma. Two third of political prisoners are still behind the bar even though new regime claims that they have freed political prisoners in line with the call from the west. When we look at the conditions of release, article 401 of their constitution explains that if a freed political prisoner is arrested again upon any kind of offense, he or she has to serve current punishment plus remaining sentences from previous incarceration. Furthermore, we all have witnessed that a dissident in Burma may possibly be arrested on any occasion by dictatorial regime.

By looking at a couple of cases fabricated by new regime, such as taking legal action to the prominent and venerable Buddhist monk Ashin Pyinna Thiha (Shwe Nya War Sayadaw), the abbot of the Sardu Pariyatti Monastery for speaking at one of NLD office in Mandalay, suing again to recently released ex-army captain Nay Myo Zin for transporting T-Shirts with the picture of Daw Aung San Suu Kyi's father Bogyoke Aung San into prison, and summoning recently released leading monk U Gambira and others for returning to their own monastery without permission indicate similar behaviour of previous regime is still in practice.

Despite the claim by Thein Sein regime that they are in the process of implementation for democracy in Burma, deformed army officials in current regime exercise secretiveness. They do not seem they are transparent to the people and international community as it should be. Without showing appropriate transparency, new regime won't differentiate previous dictators. As we all learnt from the situations in Burma, nobody knows exactly what has happened to previous regime and why Thein Sein regime is being replaced in dictatorial system with almost the same workforce and staffs of previous regime. They say this is disciplined democracy. In relation to the accomplishment of Thein Sein regime, it can be clearly seen that it is not much different between previous regime and current regime except a democratic facade.

The first and foremost thing that the Thein Sein regime should identify itself to show they are different from previous dictators is to set up a legitimate law abiding society for both officials and citizen of Burma to bring to light that no one is above the law and everyone is equal before the law. To perform this, a transparent legal system must be established along with a clear set of laws that are freely and easily accessible to all, strong enforcement structures, and an independent judiciary to protect citizens against the arbitrary use of power by the regime, individuals or any other organization.

Looking at the call from so-called president Thein Sein, he has demanded for sanctions to be lifted by the west saying “There are three requirements that Western countries would like to see us do. First is the release of political prisoners. Second is to hold the [parliamentary] election. Thirdly, to have Aung San Suu Kyi and others participate in our political process. I believe we have accomplished these steps already. What is needed from the Western countries is for them to do their part.” It sounds he is in a bargaining shop though he should have understood that those changes he mentioned above are inescapable once a country is moving toward genuine democracy.

Due to the attitude and manner of new regime in Burma, the officials from US and EU who are capable to set policy in order to loosen sanctions on Burma, should consider assurance on following things in exchange with lifting sanctions.

(1) Remaining all political prisoners must be free without exception.

(2) Coming by-election in Burma must be free and fair plus any other elections should be observed by international standards for election monitoring – UN or similar international election observers. According to existing circumstance, approaching by-election in Burma will likely to be free because it coincides with the US call for free April elections to exchange with lifting sanctions. Also available parliamentary seats in the election are just one tenth of the whole parliament

(3) Daw Aung San Suu Kyi must have complete freedom to do things in the process toward genuine democracy in Burma for the interest of Burmese people and guarantee she will not be detained again from now on.

(4) Min Ko Naing, 88 student leaders and recently released political prisoners must have inclusive freedom for structuring genuine democratic Burma and guarantee any of them will not be arrested again with any premeditated charge.

(5) Official statement from the most responsible persons of Thein Sein regime should be released to proclaim that there will not be military coup in the future.

(6) Rule of law in Burma must be established immediately

(7) Intensive and Nationwide cease fire agreement must be implemented with all the ethnic minority groups and others.

Sunday 15 January 2012

ကြိုဆိုပါတယ်၊ ထောက်ခံပါတယ်၊ ယုံကြည်ပါတယ် ၈၈ ခေါင်းဆောင်များ

0 comments | Read more...









ကြိုဆိုပါတယ်

မတရားတဲ့ဥပဒေများနဲ့ မတရားထောင်ချခံထားရခြင်းမှ လွတ်မြောက်လာတဲ့ ၈၈ ခေါင်းဆောင်များကို၊ သူတို့ကို
ယ်တိုင် ခံစားရတဲ့ပီတိဖြစ်မှုမျိုးလို၊ သူတိုရဲ့မိသားစုဝင်တွေခံစားရတဲ့ ကြည်နှူးမှုမျိုး နဲ့ဆင်တူသော ဝမ်းသာပီတိ
ဖြစ်မှု ဖြင့် လှိုက်လှဲစွာကြိုဆိုပါတယ်။ အလေးပြုပါတယ်။


ထောက်ခံပါတယ်
၈၈ ပြည်သူ့အရေးတော်ပုံမှစပြီး၊ ၂၀၀၇ သံဃာများရဲ့ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြခြင်း လှုပ်ရှာမှုတွေမှာ ပါ
ပြည်သူ့ဘက်ကရပ်တည်ပြီး၊ လုပ်သင့်တဲ့ လမ်းကြောင်းအပေါ်မှာ ပြတ်ပြတ်သားသား၊ ညီညီညာညာ ဦးဆောင်
တိုက်ပွဲဝင်ခဲ့မှု များအတွက်၊ လေးလေးနက်နက် ကိုထောက်ခံပါတယ်။ ပြီးတော့ မြန်မာပြည်လွတ်မြောက်မှုတော်
လှန်ရေးအတွက်၊ ယခင်ကလိုဘဲ မပြောင်းလဲတဲ့သဘောထားများ၊ ကတိပြုပြောဆိုမှုများ ကို ထောင်အသီးသီးမှ
လွတ်မြောက်လာပြီးနောက်၊ ပြောဆိုကြတာတွေကိုကြားရတဲ့အတွက်လည်း၊ အားရမိပါတယ်။ ဆက်ပြီးတော့လ
ည်းဆင်နွှဲနေရဦးမယ့်တိုက်ပွဲတွေမှာ၊ လိုအပ်မယ့်မည်သည့်ကန္တကနေမဆို ပံ့ပိုးလုပ်ဆောင်သွားဖို့လည်းအဆင်
သင့်ရှိနေပါတယ်။

ယုံကြည်ပါတယ်
ဒီနေ့မြန်မာနိုင်ငံရဲ့မပြီးပြတ်သေးတဲ့လွတ်မြောက်ရေးတိုက်ပွဲကို၊ ဆက်ပြီးဆင်နွှဲနေရဦးမယ့်၊ အခြေအနေမျိုးမှာ
မြန်မာပြည်သူပြည်သားများအားလုံး၊ စစ်မှန်သော ဒီမိုကရေစီဆိုတဲ့ စနစ်အောက်မှာ ရရှိခံစားခွင့်ရှိသော အခွင့်အ
ရေးများရရှိမည့် အစစ်အမှန်လွတ်လပ်သောမြန်မာပြည်ကြီးဖြစ်ပေါ်လာသည်အထိတိုက်ပွဲဝင်ရာတွင်၊ လုပ်ဆော
င်သင့်သောနှင့် ဖြစ်နိုင်ချေရှိသောလမ်းကြောင်းကိုသာ ရွေးချယ်ပြီး၊ ပြည်သူလူထုနှင့်တသားတည်းဖြစ်စွာဦးဆေ
ာင်မှု့ပေးနေလိမ့် ဦးမယ်လို့လဲယုံကြည်ပါတယ်။

Wednesday 11 January 2012

တန်ရာ တန်ကြေးတော့ပေးရမယ်လို့ထင်တယ် - ၂

0 comments | Read more...

တန်ရာတန်ကြေးတော့ပေးရမယ်လို့ထင်တယ် - အပိုင်း (၂)
အပိုင်း (၁) ကို ဒီမှာသွားရောက်ဖတ်ရှုနိုင်ပါတယ်။

အတိုက်အခံများ၏စည်းလုံးညီညွတ်စွာတိုက်ပွဲဝင်မှုအားနည်းခြင်း

အရှိအတိုင်းရှုမြင်ရန်

ဒီကန္တကိုတင်ပြတဲ့နေရာမှာ၊ အမှန်တကယ်တွေ့မြင်ရတဲ့အခြေအနေများကိုသာ ဆွေးနွေးတင်ပြလိုတာကြောင့်၊
လိုအပ်ချက်များရှိကောင်းရှိပေလိမ်မည်။ ဒါပေမယ့်၊ ဥပမာသဘောအရ၊ ကိုယ်နဲ့ယှဉ်ပြိုင်ထိုးသတ်ရမယ့်ပြိုင်ဘ
က်ကဲ့သို့ အရပ်အမောင်း၊ အလုံးအထည် မတိမ်းမယိမ်းရှိမှသာလျှင်၊ ကိုယ့်ရဲ့ပြိုင်ဘက်ကိုအနိုင်ရအောင်ထိုးသ
တ်နိုင်ပေမည်။ သို့မဟုတ်ဘဲ၊ ကိုယ်တိုင်က အလုံးအထည်၊ အရပ်အမောင်းအားဖြင့်ဘယ်လိုမှ မယှဉ်သာအောင် ကွာခြားနေသည်ကို လစ်လျှုရှုပြီး၊ အရှိသဘောကိုဥပေက္ခာ ပြုပြီးကြိုးဝိုင်းထဲသို့ဝင်သွားမယ်ဆိုရင်တော့၊ ကျိန်း
်သေအရှုံးနှင့်ရင်ဆိုင်ရမှာဖြစ်သည်။ ဒီသဘောသဘာဝအရ၊ ကိုယ်ကိုယ်တိုင်ရဲ့လက်ရှိအခြေအနေကို၊ လက်ရှိအ
တိုင်းရှုမြင်နိုင်ပါမှ၊ ကိုယ့်ရဲ့ပြိုင်ဘက်ကို အနိုင်ရအောင်ထိုးသတ်နိုင်ဖို့အတွက်၊ ဘယ်လိုပြင်ဆင်ရမည်၊ဘယ်လို
ပရိယယ်ကိုသုံးရမည်ဆိုတာကိုသိနိုင်ပေမည်။

ဦးစွာအနေနဲ့ ကျွန်တော်တို့အားလုံးအရှိအတိုင်းလက်ခံရမှာက၊ တဖက်ကကျွန်တော်တို့ရဲ့ပြိုင်ဘက် စစ်အာ
ဏာရှင်လူယုတ်မာများ(သို့) စစ်သားမပီသသော စစ်ယူနီဖေါင်းဝတ်များ (သို့) ယူနီဖေါင်းဝတ်ပြီး၊ကလိန်ကကျစ်
အမျိုးမျိုးလုပ်ဆောင်နေကြတဲ့အာဏာရှင်များဟာ၊ နိုင်ငံတခုလုံးအတိုင်းအတာဆောင်တဲ့ ယန္တရား ကြီးရှိတယ်။ အဲဒီယန္တရားကြီးဟာ စနစ်တခုနဲ့လည်ပတ်ပြီး၊ အာဏာရှင်တို့ဖြစ်စေခြင်သလိုဖန်တီးလုပ်ဆောင်နေကြတယ်။ ရှင်းရှင်းပြောရမယ်ဆိုရင်၊ အဲဒီယန္တရားကြီးဟာစနစ်တကျမှားယွင်းနေတာဖြစ်တယ်။ အဲဒီစနစ်တကျမှားယွင်းနေ
တဲ့ ယန္တရားကြီးနဲ့၊ နှစ် ၅၀ ကျော် ကြာအောင် မြန်မာပြည်သူတွေကိုနှိပ်စက်ခဲ့တာဖြစ်တယ်။

အဲဒီလိုစနစ်တခုနဲ့လည်ပတ်နေတဲ့ယန္တရားကြီးကို၊ တွန်းလှန်တဲ့အခါမှာ၊ တယောက်ကတမျိုး၊ အခြားအဖွဲ့တခု
ကတမျိုးဆိုသလိုမျိုး တော်လှန်တဲ့သဏ္ဍန်နဲ့ (သို့) စနစ်တကျ မဟုတ်တဲ့ တိုက်ပွဲဝင်မှု့မျိုးနဲ့ဆိုရင်၊ အောင်ပွဲရ
နိုင်ဖို့သိပ်မလွယ်ကူနိုင်ဘူးလို့သတ်မှတ်လို့ရတယ်။ စစ်အစိုးရဟာ စနစ်တခုနဲ့သွားနေတဲ့အပေါ်မှာ၊၎င်းတို့လို
လားတဲ့ရည်မှန်းချက်တွေကို ကြိုးပမ်းအကောင်အထည်ဖေါ်လို့ရတယ်။ အဲဒါအပြင်အတိုက်အခံဘက်က စနစ်
တကျနဲ့ အတိုက်အခံပြုလုပ်မှုမရှိခြင်းအပေါ်၊ အတားအဆီးကိုထင်တာထက်လျော့နည်းစွာတွေ့ကြုံရတဲ့အပေါ်၊
၎င်းတို့ရဲ့ရည်မှန်းချက်တွေကို၊ အလွန်အကျွံ အခက်အခဲတွေကြားကလုပ်ဆောင်စရာမလိုဘဲ၊ ရရှိကြတယ်။ ဒါ
ပေမယ့် ကျွန်တော်တို့အတိုက်အခံများအနေနှင့် စနစ်တခုဖြင့်စနစ်တကျတိုက်ပွဲဝင်မှုကိုပြုလုပ်ကြမယ်ဆိုလျှင်၊
လတ်တလောအကျိုးအမြတ်အနေနှင့် အာဏာရှင်တွေလုပ်ချင်သလိုအလွယ်တကူမလုပ်နိုင်တော့မယ့်အခြေ
အနေကိုဖန်တီးနိုင်လိမ့်မည်။ ထို့အပြင် စနစ်တခုဖြင့်ယန္တရားတခုလည်ပတ်သလို ပူးပေါင်းတိုက်ပွဲဝင်ကြမည်ဖြစ်
တာကြောင့်၊ တနေ့တာကုန်ဆုံးသွားသည့်အခါတွင်၊ တနေ့တာနှင့်ညီမျှသောအလုပ်ပြီးမှုဖြစ်လာပေမည်။

ထိုနည်းတူစွာ၊ တလကုန်သွားလျှင်၊ တလနှင့်ညီမျှသော အလုပ်ပြီးမှု၊ တနှစ်ကုန်သွားလျှင်တနှစ် နှင့်ညီမျှသော
အလုပ်ပြီးမှုများရှိလာပေမည်။ ဒီနေရာမှာ၊ အားလုံးအတွက်လိုအပ်မယ့်၊ အားလုံးတညီတညွတ်တည်း လက်ခံ
မယ့် ဦးတည်ချက် နှင့်လုပ်ငန်းစဉ်များကို မဖြစ်မနေချမှတ်ဖို့လိုအပ်တယ်ဆိုတာကိုသတိချပ်ရပေမည်။

စစ်အစိုးရဘာလုပ်သလဲ

မြန်မာနိုင်ငံရဲ့အဆင့်အတန်းဟာ၊ ကမ္ဘာနဲ့ယှဉ်ပြီးပြောမယ်ဆိုလျှင် ကမ္ဘာ့နိုင်ငံအတော်များများဟာ ၂၁ ရာစုထဲ
မှာရောက်နေကြတယ်ဆိုပေမယ့်၊ မြန်မာနိုင်ငံကတော့ ၁၉ ရာစုလောက်မှာဘဲရှိနေသေးသလို၊ အစစ အရာရာ
မဖွံဖြိုးခြင်းဒဏ်ကိုပြည်သူတွေခံနေကြရတယ်။ ဒီလိုဘာလို့ဖြစ်တာလဲဆိုတော့၊ စစ်အစိုးရဟာတိုင်းပြည်အတွက်
အလုပ်လုပ်နေခြင်းမဟုတ်လို့၊ မြန်မာဆိုတာမျက်နှာငယ်ရတယ်၊ ပြည်သူတွေမှာဆင်းရဲမှုဒဏ်ကို နှစ်ရှည်လများ
မျိုးဆက်တခုပြီးတခု ခါးစည်းခံနေရတာဖြစ်တယ်။

ဒါဆိုရင်စစ်အစိုးရဘာတွေလုပ်သလဲ? ရှင်းရှင်းလေးဘဲတွေးကြည့်လို့ရတယ်။ စစ်အစိုးရအတွင်းမှာအဓိကဦးစား
ပေးလုပ်ဆောင်နေရတာက၊ အာဏာနှင့် ပိုင်ဆိုင်မှု ပြိုင်ပွဲ သည်၊ တိုင်းပြည်တိုးတက်ရေးထက်၊ ၎င်းတို့အတွက်
သေရေးတမျှအရေးကြီးသော နံပါတ် တစ်လုပ်ငန်းးစဉ်ဖြစ်တယ်။ အဲဒါကြောင့် အာဏာလွန်ဆွဲပွဲတွေကို ကျွန်
တော်တို့တွေမြင်နေရတ်ာဖြစ်တယ်၊ စီးပွါးရေးလုပ်ငန်းပိုင်ဆိုင်မှုတွေခွဲဝေယူနေကြတာတွေကိုကျွန်တော်တို့မြ
င်နေရတာဖြစ်တယ်။ ပြီးတော့စစ်အစိုးရ၊ ဘာလုပ်သေးလဲ။ အာဏာ နဲ့၊ ပိုင်ဆိုင်မှုတွေရှိလာတဲ့အခါမှာ၊ အဲဒါတွေ
ကိုထာဝရှိခံစားလိုတဲ့ တပ်မက်စိတ်ကြောင့်၊ ၄င်းတို့ရဲ့လုံခြုံရေးနဲ့၊၎င်းတို့ရဲ့တည်ရှိမှုကိုပံ့ပိုးသောသူများရဲ့လုံ
ခြုံရေးတွေဟာအရေးကြီးတဲ့ကဏ္ဍကိုရောက်လာတယ်။ အရင်ဦးဆုံးဖြစ်တာကတော့၊ ပြည်သူတွေအပေါ် အပြစ်
ကျူးလွန်ခြင်းကစပြီး၊ အပြစ်တွေတခုပြီးတခု ကျူလွန်မှုဖြစ်လာတဲ့အခါမှာ၊ အာဏာကိုလက်လွှတ်၍မရတော့တဲ့
အခြေအနေမျိုးကိုရောက်လာတယ်။ အဲဒီအခါမှာ၊ ဗိုလ်ချုပ်အောင်ဆန်း ရည်ရွယ်ခဲ့တဲ့၊ တပ်မတော်သည်ပြည်သူ့
အတွက် ဆိုတာရဲ့ဆန့်ကျင်ဘက်၊ စစ်တပ်သည်ပြည်သူကိုနှိပ်စက်ဖို့အတွက် ယန္တရားဆိုတဲ့အခြေအနေဘက်
ကိုရောက်သွားရတယ်။

စစ်အစိုးရဘာတွေလုပ်သေးလဲ။ အထက်ကပြောခဲ့သလို၊ အာဏာနဲ့ ပိုင်ဆိုင်မှု တွေရဲ့ အရသာတွေကိုသားစဉ်
မြေးဆက်ခံစားလိုတဲ့အခါမှာ၊ စစ်အာဏာရှင်စနစ် မြန်မာပြည်မှာထာဝစဉ်တည်ရှိရေးကို အမြစ်တွယ်အောင်ပြု
လုပ်ခြင်းဆိုတဲ့လုပ်ငန်းစဉ်ရှိလာတယ်။ အဲဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေလို ပုံစံမျိုးထွက်ပေါ်လာအော
င်၊ ၁၉၉၃ မှစပြီး ၂၀၀၈ အထိဆိုလျှင် ၁၅ နှစ်ကြာအောင် ကလိန်ကကျစ်အကြံတွေထုတ်ရတယ်။ စစ်အာဏာရှင်
တွေဟာ၊ နှိုက်နှိုက်ချွတ်ချွတ်၊ ပြည်သူကိုနှိပ်ကွပ်ဖို့အတွက်လိုလေသေးမရှိအောင် ပြင်ဆင်ထားတယ်ဆိုတာကို၊ အာဏာရှင်တွေရဲ့ယခုလက်ရှိလုပ်နေတာတွေကြည့်ရင်သိနိုင်တယ်။

စစ်အစိုးရဘာတွေလုပ်သေးလဲ။ ဒီတခါတော့ ( party time) ပျော်ပွဲရွှင်ပွဲလေးတွေတက်ရဦးမယ်။ သူတို့ကိုယ်
ပိုင်သတင်းစာတွေမှာပါတဲ့ အတိုင်း၊ ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်းတွေကို နေ့ရှိသရွေ့လုပ်ရသေးတယ်။ လုပ်ငန်းနား
လည်တာမလည်တာကတော့ ဘေးဖယ်ထားပေါ့၊ ကြော့ကြော့လေးနဲ့ရှေ့တန်းထွက်စရာမလိုတဲ့ယူနီဖေါင်းလေး
တွေနဲ့ မဆီမဆိုင်ကိစ္စလေးတွေကိုလုပ်ရသေးတယ်။ တကယ်ဆိုရင် အောက်ခြေ ငယ်သားတွေအတွက်၊မလိုအ
ပ်တဲ့စစ်ပွဲတွေဖြစ်တဲ့ တိုင်းရင်းသားလူမျိုးစုတွေကိုထိုးစစ်ဆင်ခြင်း အလုပ်တော့ရှိတယ်။ ဒါဟာလည်းလုံးဝမလိုအ
ပ်တဲ့စစ်ပွဲတွေဖြစ်တယ်ဆိုတာသိသာပါတယ်။ လူမျိုးစုတွေဟာ၊ သူ့ဟာနဲ့သူ နေထိုင်နေကြတာဖြစ်တယ်။သူတို့
ရဲ့အခွင့်အရေးတွေကိုရရှိဖို့အတွက် သူတို့နဲ့ဆိုင်ရာနယ်မြေတွေမှာဘဲခုခံကာကွယ်ပြီးနေထိုင်နေကြတာဖြစ်တ
ယ်။ ဘယ်လူမျိုးစုကမှ၊ မြန်မာပြည်ထဲကိုထိုးစစ်တွေဆင်ပြီးဝင်ရောက်လာနေတာမရှိဘူး။ စစ်အစိုးရဟာဒါကို ရေး
ကြီးခွင်ကျယ်လုပ်ပြီးထိုးစစ်တွေဆင်တယ်။ ကျေးရွာတွေမီးရှို့တယ်။ အမျိုးသမီးတွေကိုမုဒိမ်းကျင့်ခွင့်ပေးထားတ
ယ်။ ရွာသားတွေရဲ့ ပစ္စည်းတွေကိုလုယက်တာ၊ သိမ်းယူတာဟာ၎င်းတို့အတွက်အပြစ်မဟုတ်ဘူး။ ဒီလိုထိုးစစ်ေ
တွပြုလုပ်ခြင်း၊ စစ်ပွဲတွေကိုဖန်တီးထားတာဟာလည်း၊ ရည်ရွယ်ချက်တွေရှိတယ်။ အောက်ခြေတပ်မှုးတပ်သားေ
တွကိုထိန်းချုပ်တဲ့နေရာမှာ၊ စစ်တပ်ဆိုတဲ့အတိုင်း စစ်မရှိဘဲနဲ့ အမိန့်ပေးခြင်းအလုပ်ကို၊ ကာလတခုအတိုင်းအ
တာအထိ ကြာမြင့်စွာဖြစ်ပေါ်စေခဲ့လျှင်၊ အောက်ခြေတပ်တွေကိုထိန်းချုပ်တဲ့နေရာမှာပြသနာများစွာရှိသည်။ကျွန်
တော်တို့မြင်တွေ့ခဲ့ပြီးသလို၊ တပ်ရင်းအလိုက် အာခံမှုတွေ တိုးပွါးလာမှာကိုစိုးရိမ်သည့်အတွက်စစ်ကိုဖန်တီးပြီး၊
လုပ်ချင်ရာလုပ်ခွင့်တွေကိုပေးထားရတာဖြစ်တယ်။

စစ်အစိုးရတခုလုံးမှာလည်ပတ်ဖို့အတွက်၊ တခုတည်းသော ကျွေးကြော်သံကတော့၊ အနောက်အင်အားကြီးနိုင်
ငံတွေကမြန်မာနိုင်ငံကို၊ ကျူးကျော်နယ်ချဲ့ဖို့ကြိုးပမ်းနေကြတယ်။ အဲဒါကြောင့် အထက်ပိုင်းအာဏာရှင်တွေရဲ့
အိုးအိမ်တွေမပြိုကွဲရေးအတွက် အချုပ်အချာအာဏာတည်မြဲဘို့လိုအပ်တယ်။ ယခင်ကဆိုရင်တော့ အမေရိကန်
ကို တိုက်ရိုက်ရည်ညွှန်းတယ်။ အမေရိကန်ရဲ့လုပ်နိုင်ခွင့်ကိုလည်း၊ အလွန်ကြောက်ကြပုံပေါ်သည်။ ဒါ့ကြောင့်
ကမ္ဘာမှာ၊ မြန်မာစစ်အစိုးရအမုန်းဆုံးဟာ၊ အမေရိကန်ဖြစ်တယ်ဆိုတာ၊ယခင်အာဏာရှင်များအတိအလင်းထုတ်
ဖေါ်ပြောဆိုခဲ့တာကိုကြားခဲ့ကြပြီဖြစ်မှာပါ။ ယခုသိန်းစိန်လည်း ၂၀၁၂ လွတ်လပ်ရေးနေ့မှာ၊ဒီဓါတ်ပြားဟောင်း
ကြီးကိုဘဲ ပြန်ဖွင့်ပြသွားခဲ့တယ်ဆိုတာ အားလုံးကြားခဲ့တဲ့အတိုင်းပါဘဲ။

ဒီလိုဆိုရင်၊ စစ်အစိုးရဟာ၊ တိုင်းပြည်အတွက်တကယ်ကိုဘာမှလုပ်မနေဘူးဆိုတာ၊ နှစ်ကာလကြာခဲ့တဲ့အပေါ်မှာ၊
မြန်မာပြည်ဟာဆုတ်ယုတ်တဲ့ဘက်ကိုသွားနေတယ်ဆိုတာ၊ မနေ့တနေ့ကအခြေအနေများကသက်သေပြနေခဲ့
တယ်။

အတိုက်အခံတွေရောဘာတွေလုပ်သလဲ

ကျွန်တော်တို့အတိုက်အခံတွေဘက်က၊ လိုအပ်ချက်များစွာရှိခဲ့တာကြောင့်၊ ကမ္ဘာမှာ ဒီမိုကရေစီဝေ့ တွေတခုပြီး
တခုဖြတ်နေပေမယ့်လည်း၊ မြန်မာပြည်မပါဘူးဖြစ်နေတယ်။ အဲဒါကြောင့်ကျွန်တော်တို့အတိုက်အခံတွေအနေနဲ့
လည်း၊ လုပ်သင့်တာကိုအချိန်နဲ့တပြေးညီ၊ အချိန်ကာလကုန်သွားသလောက်၊ အကျိုးဖြစ်ထွန်းမှု ဖြစ်အောင်လုပ်
နိုင်ခဲ့လား မလုပ်နိုင်ခဲ့ဘူးလားဆိုတာကိုသမာသမတ်ကျကျ၊ ရှုမြင်နိုင်ပါမှ၊ ဘာလိုအပ်ချက်တွေရှိနေသလဲဆို
တာကို တွေ့ရှိနိုင်ပေမည်။ ဒီနေရာမှာအတိုက်အခံများနဲ့ပတ်သက်တဲ့ဆွေးနွေးချက်များဟာ၊ မြန်မာပြည်လွတ်
မြောက်ရေးအတွက်သာရည်ရွယ်ပြီးပြောဆိုတာဖြစ်တဲ့အတွက်၊ အပုဒ်ချတာမဟုတ်သလို မကောင်း မတရားပြော
ဆိုတာလည်းမဟုတ်ရပါ။

ပြည်တွင်း

မြန်မာပြည်တွင်းမှ အတိုက်အခံဆိုလျှင်အဓိက အင်အားစုမှာ အမျိုးသားဒီမိုကရေစီအဖွဲု့ချုပ်ဖြစ်သည်။အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့် ယခုနောက်ဆုံးဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာပြီးနောက်ပိုင်းမှာ၊အတိုင်း
အတာတခုအထိကျယ်ပြန့်စွာလုပ်ဆောင်လာနိုင်တယ်ဆိုတာဘယ်သူမှမငြင်းနိုင်ပေ။ အစည်းအဝေးတွေ၊ အခ
မ်းအနားတွေ၊ အာဇာနည်နေ့ချီတက်အလေးပြုခြင်းနှင့်ပဲခူးခရီးစဉ်တွေကိုလုပ်နိုင်ခဲ့သလို၊ အခြားသောလုပ်နိုင်စ
ရာတွေများစွာရှိပေလိမ့်မည်။ ဒါပေမယ့် တခုလုံးအတိုင်းအတာအရ၊ အန်အယ်လ်ဒီ ကို အားကိုးကြီးစွာနဲ့ကြည့်
နေကြတယ်။ လုံလောက်တဲ့ လွတ်လပ်စွာ လုပ်နိုင်ခွင့်ရှိတဲ့ အခြေအနေမှာ၊ ပြည်သူလူထုနဲ့အတူ၊ စစ်အာဏာရှင်
စနစ်ကိုပြိုလဲအောင် ဘယ်လိုနည်းတွေနဲ့လုပ်ဆောင်မည်လဲဆိုတာကို စောင့်ကြည့်ပြီး၊ အဲဒီလုပ်ငန်းစဉ်တွေမှာ
ဘယ်လိုပါဝင်နိုင်မလဲဆိုတာအသင့်ပြင်ထားကြတယ်။ အန်အယ်လ်ဒီအနေနှင့် အဲဒီအခွင့်အရေးတွေကိုအသုံးချ တာကိုမတွေ့ရဘူး၊အန်အယ်လ်ဒီရဲ့ပါတီကို ပြန်လည်ဖွဲ့စည်းတဲ့ အလုပ်တွေကိုတော့လုပ်နေတာတွေ့ရတယ်။
အရှိအတိုင်းအရ၊ အန်အယ်ဒီအနေနှင့်လုပ်နေတာသည်၊ ရွေးကောက်ပွဲဝင်ရန်အတွက်၊ ပါတီမှတ်ပုံတင်ခြင်း၊ခွင့်
ပြုချက်ရမရကိုစောင့်ခြင်း၊ ရွေးကောက်ပွဲအတွက်ပြင်ဆင်ခြင်းစသည့်လုပ်ငန်းစဉ်များသည်၊အန်အယ်လ်ဒီရဲ့အဓိ
ကလုပ်ဆောင်နေသောရည်ရွယ်ချက် ကြီးဖြစ်နေသည်။ အဲဒီလိုလုပ်ရတဲ့ရည်ရွယ်ချက်ရဲ့ အကျိုးဖြစ်ထွန်းနိုင်မှု
ကို လေ့လာကြည့်လျှင်၊ ကြားဖြတ်ရွေးကောက်ပွဲတွင် ၄၈ နေရာလစ်လပ်နေခြင်းအတွက် အန်အယ်လ်ဒီအနေနှင့်
အဆိုပါ လွှတ်တော်အမတ်နေရာများမှာ အနိုင်ရရန်အတွက်ဖြစ်သည်။ ပြီးလျှင် လွှတ်တော်ထဲသို့ အန်အယ်လ်ဒီ ကိုယ်စားလှယ်များ ရောက်သွားမည်။ အခြေခံဥပဒေပြင်ဆင်ရေး၊ ဥပဒေစိုးမိုးရေးကို လွှတ်တော်ထဲမှာဆွေးနွေး
မည်။ ဒါတွေကကိုယ့်ဘက်ကဖြစ်လိုတဲ့ဆန္ဒတွေဖြစ်တယ်။ ဖြစ်နိုင်ခြေရှိမရှိအတွက်၊ အခြားတဖက်ရဲ့ တုန့်ပြန်မှု
နှင့် လက်ရှိအခြေအနေတွေကိုထည့်တွက်ရဦးမည်ဖြစ်သည်။ လောလောဆယ်အခြေအနေမှာ ၂၀၀၈ ဖွဲ့စည်းပုံ
အခြေခံဥပဒေအရ၊ လွှတ်တော်များတွင် မဲခွဲဆုံးဖြတ်ခြင်နည်းလမ်းးများဖြင့် မည်သည့်အဆိုတင်သွင်းမှုမှအနိုင်ရ
ဖို့ရန်မဖြစ်နိုင်ပါ။ ဘာ့ကြောင့်လဲဆိုတော့ ကြံ့ဖွတ်ပါတီ မှအမတ်များနှင့် သုံးပုံတပုံသော စစ်တပ်ကိုယ်စားလှယ်
များသည်၊ ရည်ရွယ်ချက်ရှိရှိ၊ အဆိုပါနေရာများကိုယူထားခြင်းဖြစ်တာကြောင့်၊ သူတို့လုပ်သင့်တာတွေကိုဘဲဆ
က်လုပ်နေကြမည်ဟုသတ်မှတ်၍ရသည်။ ဒါဆိုလျှင် ပြည်သူတယောက်ရဲ့အမြင်မှာအန်အယ်လ်ဒီအနေနှင့် ဖြစ်နို
င်ခြေကိုတောင်မြော်မှန်းလို့မရတဲ့၊လုပ်ဆောင်ချက်တွေကိုတန်ဖိုးရှိသောအချိန်များကိုအသုံးပြုလျက်အကောင်အ
ထည်ဖေါ်နေသည်ဟုမြင်မည်ဆိုလျှင်၊အဲဒီလိုမျိုးထင်မြင်သူအနေနဲ့မမှားဘူးလို့ထင်ပါသည်။ အချုပ်အားဖြင့်၊အန်
အယ်လ်ဒီသည် ၎င်းပါတီဝင်အမတ်တချို့လွှတ်တော်အတွင်းသို့ဝင်ရောက်နိုင်ရေးကိုလုပ်ဆောင်နေခြင်းသည်၊
လောလောဆယ်ကာလ၊ အန်အယ်လ်ဒီအနေနှင့်အမြင့်ဆုံးလုပ်ဆောင်နေတာဖြစ်သည်။ တဆက်တည်းမှာဘဲ၊ ထိုလုပ်ဆောင်မှုရဲ့ ရလဒ် အသီးအပွင့်အနေနှင့် စစ်အာဏာရှင်စနစ်ကိုဖယ်ရှားနိုင်သော၊ အခြေအနေသို့ရော
က်ရှိအောင်မဖြစ်နိုင်ဟုသတ်မှတ်၍ရသည်။ အရှိသဘောအရ၊ ထိုထက်ပိုသောမျှော်လင့်ချုက်ကိုထားတယ်ဆို
လျှင်၊ လက်ရှိအခြေအနေနှင့် လွဲချော်နေသော ကိုယ်လိုရာဆွဲတွေးမှုသာလျှင်ဖြစ်လိမ့်မည်ဟုရိုးရိုသားသးဘဲမြင်
ပါသည်။

ဒါဆိုလျှင်အခြားသောပြည်တွင်းအင်အားစုများကို ကြည့်မယ်ဆိုလျှင်၊ ၈၈၊ ၉၆၊ ၂၀၀၇ စသည်ဖြင့်ပါဝင်လှုပ်ရှားခဲ့
သူများရော၊ ထောက်ခံသူများပါဝင်တဲ့အင်အားစုကတော့၊ ခေါင်းဆောင်များဖြစ်ကြတဲ့ မင်းကိုနိုင်နဲ့အတူ အား
လုံးသော ၈၈ မျိုးဆက်ခေါင်းဆောင်များထောင်တွင်းရောက်နေကြတဲ့အပေါ်ငြိမ်နေကြတယ်လို့ထင်ရတယ်။အရှိ
သဘောအရ ထိုအင်အားစုများလည်း မြန်မာပြည်မှ လက်ရှိဖြစ်ပေါ်နေသောအခြေအနေများကိုစောင့်ကြည့်နေ
ကြရတဲ့အခြေအနေမှာသလျှင်ရှိနေခဲ့သည်။ လွတ်လပ်စွာလုပ်ကိုင်ခွင့် တစုံတရာရနေပါသော်လည်း၊ ဒီလိုလုပ်နို
င်ခွင့်တွေကိုအသုံးမချနိုင်ဘဲဖြစ်နေခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ၊ ၈၈ မျိုးဆက်ခေါင်းဆောင်များ ရဲ့ဦးဆောင်မှု
ကိုရခဲ့ပါမူ၊ ထိုအင်အားစုများသည်၊ အာဏာရှင်စစ်အစိုးရရဲ့ အဓမ္မတည်ရှိမှုကို ကိုင်လှုပ်နိုင်မည်ဖြစ်သော်လည်း၊
လောလောဆယ်အခြေအနေအရ၊ စစ်အစိုးရရဲ့ဆက်လက်တည်ရှိမှုကိုဟန့်တားနိုင်မည့်ပုံမပေါ်ပေ။

ထို့အပြင်၊ ပြည်တွင်း၌ အခြားသောအင်အားစုများရှိသေးပါသော်လည်း၊ သူတို့လည်း၊အာဏာရှင်များဘာတွေ
လုပ်လာလိမ့်မလဲဆိုတာကိုဘဲစောင့်ကြည့်ရင်းရှိနေခဲ့ကြတာလက်ရှိအနေအထားလို့ဘဲမြင်ပါတယ်။

ပြည်ပ

နယ်စပ်အခြေစိုက်အဖွဲ့အစည်းများ

ပြည်ပရှိ မြန်မာ့လွတ်မြောက်ရေးကြိုးပမ်းသူများတွင်၊ နယ်စပ်နှင့်နိုင်ငံတကာဟုထပ်ရှိပြန်သည်။ဦးစွာအနေနှင့်
မြန်မာပြည်နယ်စပ်တလျောက်မြန်မာတပြည်လုံးလွတ်မြောက်ရေးရော၊ ၎င်းတို့သက်ဆိုင်ရာ လူမျိုးစုဒေသများ လွတ်မြောက်ရေးအတွက်ပါလုပ်ဆောင်နေသောသူများရဲ့လုပ်ဆောင်နိုင်မှုကိုလည်း ဆွေးနွေးဖို့လိုအပ်မယ်လို့
ထင်မိပါတယ်။ ဒီတော့မှ နယ်စပ်ဒေသရောက် အဖွဲ့အစည်းများအနေနဲ့ စစ်အစိုးရရဲ့တည်ရှိမှုကိုခြိမ်းခြောက်မှု
ပြုနေသလား၊ ဒါမှမဟုတ်စစ်အစိုးရအနေနှင့်ထည့်သွင်းတွက်ချက်စရာမလိုလောက်အောင်ဘဲထိုအဖွဲ့အစည်း
များကပြုမူနေပါသလားဆိုတာဆန်းစစ်ဖို့လိုအပ်လာသည်။ ပထမဦးဆုံးတွေ့ရှိရမည့်အချက်က၊ အဲဒီနယ်စပ်
တွင် အလွန်မြောက်များစွာသောအဖွဲ့အစည်းများ၊ စစ်အာဏာရှင်စနစ်ပြုတ်ကျရေးလုပ်ဆောင်နေကြတာကိုေ
တွ့ရမည်။ အဲဒါအပြင် ထိုအဖွဲ့ပေါင်းမြောက်များစွာဖြင့်ပေါင်းစပ်ထားသော၊ တပ်ပေါင်းစုအဖွဲ့များလည်းထပ်ရှိေ
သးသည်။ အဲဒီလိုအဖွဲ့ငယ်များဖြင့်ပေါင်းစပ်ထားသောတပ်ပေါင်းစုအဖွဲ့များပင်၊ အတော်များများရှိသည်ကိုတွေ့
ရသည်။ ထိုအဖွဲ့အစည်းများအားလုံးသည်စစ်အာဏာရှင်စနစ်ပြုတ်ကျရေးလုပ်ဆောင်နေသည်မှာ အနည်းဆုံး
အနှစ်၂၀ ကျော်သက်တမ်းရှိသောအဖွဲ့အစည်းများဖြစ်ကြသည်။ အမည်နာမအားဖြင့်၊ တပ်ပေါင်းစုဆိုတာသည်၊
အလွန်အားရှိစရာလိုပုံစံမျိုးဖြစ်ပေမယ့်၊ အမှန်တကယ်စနစ်တကျလုပ်ဆောင်မှုမရှိပါမူ၊ ကာလကြာလာသည်နှင့်
အမျှ၊ အကျိုးဖြစ်ထွန်းမှုတစုံတရာကိုမပြနိုင်သောအခြေအနေမျိုးသို့ဆိုက်ရောက်သွားတာသည်၊ သဘာဝတရား
ပင်ဖြစ်သည်။ ထိုကဲ့သို့ အမှန်တကယ်စစ်အစိုးရပြုတ်ကျရေးလမ်းစဉ်ဖြင့်လုပ်ငန်းစဉ်များမရှိသောတပ်ပေါင်းစု
များသည်၊ သဘောတရားအရ၊ ကြားလို့ကောင်းသော်လည်း၊ လက်တွေ့သဘောတွင်၊ ပြည်သူများ၏အထင်ေ
သးခံရမှု နှင့် အာဏာရှင်များမှ၊ ထည့်သွင်းစဉ်းစားခြင်းမလုပ်သည့်အဖွဲ့အစည်းများအဖြစ်ရောက်ရှိသွားပေမည်။ အမှန်တကယ် ဖြစ်ပျက်နေသည့်အခြေအနေအရလည်း၊ တပ်ပေါင်းစုဟုဆွဲစပ်လိုက်ပြီး၊ ရုံးဖွင်ြ့ပီး၊ စုပေါင်းရုံးထိုင်
ကြသလိုပုံစံမျိုးသာလျှင်ဖြစ်နေခဲ့သည်။ တဖက်ကကြည့်လျှင်တော့၊ သူတို့တွေလည်းမြန်မာပြည်လွတ်မြောက်
ရေးလုပ်နေကြတာဘဲလို့မြင်လို့ရပေမယ့်၊ အရှိသဘောအရ၊ နှစ်ကာလကြာလာသည်နှင့်အမျှ၊ ထိရောက်သော
အကျိုးရလဒ်များကိုမပြနိုင်ခဲ့ပါက၊ တစုံတရာလိုအပ်ချက်တွေရှိနေတာကြောင့်ဆိုတာကို လက်ခံရပေတော့မည်။

အဆိုပါအခြေအနေများကြောင့် နယ်စပ်ဒေသတွင်အခြေပြုသောအဖွဲ့အစည်းများအနေနှင့်လည်း၊အမှန်တကယ်
စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက်အာမခံနိုင်လောက်အောင်၊စွမ်းဆောင်မှုမပြုနိုင်ဘူးဆိုတာ ပြည်သူတေ
ယာက်အနေနှင့်တွေ့ရှိခံစားရပေမည်။

လူမျိုးစုလက်နက်ကိုင်အဖွဲ့များ

တဆက်တည်းမှာဘဲ၊ လူမျိုးစုလက်နက်ကိုင်အဖွဲ့များရဲ့၊ လုပ်ဆောင်နိုင်မှုကိုဆန်းစစ်ကြည့်သည့်အခါမှာလည်း၊
တွ့မြင်ရနိုင်တဲ့အချက်များကတော့ အမျာုးစုသောလူမျိုးစုအဖွဲ့များသည်၊ ရာစုနှစ်တဝက်နီးပါး စစ်အာဏာရှင်စ
နစ်ကို ခုခံတိုက်ခိုက်နေသောအဖွဲ့များဖြစ်ကြသည်။ ယခင်ကာလတွေတုန်းကတော့ သက်ဆိုင်ရာလူမျိုးစုအဖွဲ့
များရဲ့ ဒေသများမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးရဖို့ကိုသာ ဦးတည်ခဲ့ပေမယ့်၊ ယခုအခါ တနိုင်ငံလုံးအတိုင်းအတာေ
ဆာင်သော ဒီမိုကရေစီနှင့်လူ့အခွင့်ရေးရရှိရေး၊ စစ်မှန်သော နှင့် တနိုင်ငံလုံးအတိုင်းအတာဆောင်သော အပစ်
အခတ်ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး တွေကိုတောင်းဆိုလာတာသည်ရအလွန်ကောင်းမွန်သောလက္ခဏာ
များဖြစ်ကြသည်။ ဒါပေမယ့်အရှိသဘောအရ၊ အားလုံးသောလူမျိုးစုအဖွဲ့အစည်းများသည်၊ ခုခံစစ်ကိုသာဆင်နွှဲေ
နသော အဖွဲ့အစည်းများဖြစ်ကြသည်။ တနည်းအားဖြင့် စစ်အစိုးရတပ်များ၎င်းတို့ဒေသသို့ထိုးစစ်များဆင်သည့်
အခါတွင်ပြန်လည်ခုခံတိုက်ခိုက်သောစစ်ကိုဆင်နွှဲခြင်းဖြင့်၊ ယနေ့ထိတိုင်ရပ်တည်နေကြခြင်းဖြစ်သည်။ တနည်း
အားဖြင့် ၎င်းလူမျိုးစုအဖွဲ့များနှင့်တပ်ပေါင်းစုအဖွဲ့တွေရဲ့သဘောတူထားပြီးသားနဲ့ပထမဦးဆုံးရည်ရွယ်ချက်ဖြစ်
တဲ့၊စစ်အာဏာရှင်စနစ်ပြုတ်ကျရေးကို၊ လက်တွေ့ကျကျ လုပ်ငန်းစဉ်များဖြင့်၊ လက်တွေ့ကျကျ အကောင်အထ
ည်ဖေါ်၊ စုပေါင်းအတူတကွတိုက်ပွဲဝင်ခြင်းကို မပြုလုပ်နိုင်သေးသမျှ၊ စစ်အာဏာရှင် တွေ မြန်မာပြည်မှာတည်ရှိ
နေမှုကို ခြိမ်းခြောက်မှုမပြုနိုင်ဘူးလို့ သတ်မှတ်၍ရပေသည်။ ဒါပေမယ် ယခုနောက်ဆုံးအခြေအနေအထိအချို့
သောလူမျိုးစုအဖွဲ့စည်းများ၏ရပ်တည်ချက်သည်၊ အခြေအနေပေါ်မူတည်ပြီး မြန်မာပြည် ကိုစစ်အာဏာရှင်ေ
အာက်ကလွတ်မြောက်စေမည့်လမ်းကြောင်းပေါ်ကိုရောက်အောင် ယူဆောင်သွားနိုင်မယ့်အခြေအနေမျိုးကိုဆုပ်
ကိုင်ထားတာကိုတွေ့ရသည်။ အဲဒါကဘာလဲဆိုတော့၊ ယူ၊အန်၊အက်ဖ်၊စီ လို့ခေါ်တဲ့၊ ညီညွတ်သော တိုင်းရင်းသား
လူမျိုးများ ဖက်ဒရယ်ကောင်စီ အဖွဲ့ရဲ့ဖြစ်ပေါ်လာပုံနှင့် ရပ်တည်ချက်များသည်၊ စစ်အစိုးရရဲ့ တခုခြင်းစီအလိုက်
ခွဲထုတ်ပြီး၊ ငြိမ်းချမ်းရေးလုပ်နေပါသည်ဆိုသည့်လုပ်ငန်းများကိုတစုံတရာအခက်အခဲ ဖြစ်စေသည်ဟုသတ်မှတ်၍
ရသည်။

သို့ပါသော်လည်း၊ လူမျိုးစုလက်နက်ကိုင်အဖွဲ့များအနေနှင့် လည်း မိမိနယ်မြေတွင်သာခုခံ စစ်ကိုဆင်နွှဲနေခြင်း
သည်၊ စစ်အာဏာရှင်စနစ်တည်ရှိမှုကို တစုံတရာခြိမ်းခြောက်မှုမပြုနိုင်သည့်အပြင်၊ ကာလကြာလာသည်နှင့်
အမျှ၊ စစ်အာဏာရှင်တို့ဖြစ်စေချင်သလိုပုံစံမျိုးထဲသို့တစတစ သက်ရောက်သွားခြင်းသာလျှင်ဖြစ်ပေလိမ့်မည်
ဟုသတ်မှတ်၍ရသည်။

နိုင်ငံတကာရောက်မြန်မာအတိုက်အခံများ

နောက်ထပ်အင်အားစုတခုအနေနှင့် နိုင်ငံတကာရောက်၊ မြန်မာပြည်လွတ်မြောက်ရေးလုပ်ဆောင်နေသူများ၊စစ်
အာဏာရှင်စနစ်ပြုတ်ကျရေးလုပ်ဆောင်နေသူများရဲ့လုပ်ဆောင်နိုင်မှု့များကိုလည်းထည့်သွင်းဆွေးနွေးရန်လို
အပ်ပေသည်။ နိုင်ငံတကာမှာရှိတဲ့မြန်မာ့အရေးလုပ်ဆောင်နေတဲ့မြန်မာအဖွဲ့အစည်းများနဲ့ပတ်သက်လို့၊အများ
စုသောသူတွေမြင်တာက၊ စစ်အာဏာရှင်စနစ်ကို သိသိသာသာပြောင်းလဲသွားအောင် သို့မဟုတ် စစ်အာဏာရှ
င်စနစ်ပြိုကျသွားအောင် လုပ်နိုင်စွမ်းမရှိဘူးလို့သတ်မှတ်ကြတယ်။ အဲဒီအဖွဲ့အစည်းတွေအနေနဲ့ အလုပ်နိုင်ဆုံး
က၊ နိုင်ငံတကာဖိအားတွေ၊ စစ်အစိုးရအပေါ် သက်ရောက်စေဖို့၊ ကုလသမဂ္ဂ ရဲ့ ဖိအားတွေ၊အစစ်အစိုးရပေါ်တိုး
ပွါးသတ်မှတ်လာဖို့ကလွဲရင် အခြားလုပ်နိုင်တာမရှိ ဘူးလို့သတ်မှတ်ကြတယ်။ မြန်မာပြည်မှာစစ်အစိုးရကိုဖြုတ်
ချနိုင်ရေးအတွက်၊ ပြည်ပရောက်အင်အားစုများထက်၊ ပြည်တွင်းကအင်အားစုများက ပို၍အရေးကြီးပြီး၊ပိုမိုစွမ်းေ
ဆာင်နိုင်တယ်လို့သတ်မှတ်ကြတယ်။

နိုင်ငံတကာရောက်မြန်မာအတိုက်အခံများနှင့်ပတ်သက်၍ အထက်ပါတွေးခေါ်အယူဆမှုများဟာ၊ တစုံတခုသော
အတိုင်းအတာအထိမှန်ကန်မှုရှိပါသည်။ဒါပေမယ့်အမှန်တကယ်စစ်အစိုးရပြုတ်ကျရေးလက်တွေ့လုပ်ငန်းစဉ်တွေကို၊
ပြည်တွင်း၊ နယ်စပ်၊ ပြည်ပ အတိုက်အခံတွေ စုပေါင်းလုပ်ဆောင်ကြမယ်ဆိုရင် အင်အားစုတခုခြင်းစီ၏ အရေးပါ
မှုတွေရှိကြသည်။

ဒီနေရာမှာမေးစရာရှိတာက၊ စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် လက်တွေ့ကျတဲ့လုပ်ငန်းစဉ်တွေနဲ့၊စနစ်
တကျ အကောင်အထည်ဖေါ်လုပ်ဆောင်ကြဖို့ ဆန္ဒ အစစ်အမှန်ရှိကြရဲ့လား၊ မရှိဘူးလားဆိုတာဖြစ်သည်။

အရှိသဘောအရ၊ နိုင်ငံတကာရောက် မြန်မာ့အရေးကိုလုပ်ဆောင်နေသော မြန်မာအဖွဲ့အစည်းများ ဟာလည်း
အဆမတန်များပြားလွန်းလှသည်။ အဖွဲ့အစည်းများပြီးထိရောက်စွာလုပ်နိုင်ကြတယ်ဆိုရင်လည်း၊ ဖြေသိမ့်လို့ရ
နိုင်သေးသည်။ ဒါပေမယ့် နိုင်ငံတကာရှိမြန်မာအဖွဲ့များအနေနှင့်ပုံမှန်လုပ်ဆောင်နေတဲ့လုပ်ငန်းစဉ်များကတော့ ဆန္ဒပြခြင်း၊ သဘောထားထုတ်ပြန်ခြင်း၊ နိုင်ငံတကာရဲ့ ဖိအားများ ရရှိလာအောင်ကြိုးပမ်းခြင်း တွေကိုသာ လုပ်ေ
ဆာင်နေခဲ့ကြသည်။ ထို့အပြင် ပြည်တွင်းလိုအပ်မှုများအတွက်ရံပုံငွေ ရှာဖွေထောက်ပံ့ခြင်းတို့ကိုလည်းလုပ်ေ
ဆာင်ကြသည်။ စိတ်ဓါတ်ပိုင်းဆိုင်ရာအရတော့၊ စစ်အာဏာရှင်စနစ် ပြုတ်ကျရေး ကိုဦးတည်လုပ်ရမည်ဆိုတာ
သိခြင်းနှင့်အတူလုပ်ဆောင်နေကြတယ်ဆိုပေမယ့်၊ ထိရောက်သည့်လုပ်ငန်းစဉ်များဘက်သို့ ဦးမတည်နိုင်ဘဲ
ရှိနေခဲ့ကြသည်။ များသောအားဖြင့် အွန်လိုင်းလုပ်ဆောင်ခြင်းများ ကဲန်ပိန်းများသာဖြစ်တာကြောင့်၊ စစ်အစိုးရရဲ့
တည်ရှိမှုကိုတစုံတရာခြိမ်းခြောက်နိုင်တယ်လို့ထင်ရပေမယ်၊ စစ်အစိုးရဟာ ဖိအားပေးမှု အများစုကိုလစ်လျှု
ရှုနိုင်တာကြောင့်၊ ဖိအားပေးခြင်းလုပ်ဆောင်မှုများကိုလည်း၊ အဓိကလုပ်ငန်းစဉ်များအဖြစ် သတ်မှတ်ပြီးလုပ်ေ
ဆာင်၍မရနိုင်ပေ။ လက်ရှိအနေအထားအရ၊ နိုင်ငံတကာရောက်မြန်မာအတိုက်အခံများ၏အာရုံစိုက်မှုသည်
မြန်မာပြည်တွင်းမှာ ဖြစ်ပေါ်နေသော မြန်မာ့နိုင်ငံရေး ဖြစ်စဉ်များ၊ ပြည်တွင်းမှ လုပ်ဆောင်နေမှုများဖြစ်သည်။ ဆိုလိုတာက စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက်သီးသန့်လုပ်ငန်းစဉ် မရှိသည့်အပေါ်၊ မြန်မာပြည်တွင်းဖြ
စ်ပေါ်နေသောနိုင်ငံရေး အခြေအနေများနဲ့ပတ်သက်၍ သဘောထားများထုတ်ဖေါ်ပြောဆိုကြသည့်လုပ်ငန်းများ
ကိုသာလုပ်ဆောင်နေကြသလိုဖြစ်နေသည်။

ဒါဆိုရင်၊ နိုင်ငံတကာမှာရှိနေကြသော မြန်မာ့အရေးကိုလုပ်ဆောင်နေကြသောအတိုက်အခံများသည်လည်း၊ စစ်
အာဏာရှင်စနစ်ကိုယိုင်လဲသွားအောင်၊ ပြုတ်ကျသွားအောင်လုပ်ဆောင်နိုင်သည့် အခြေအနေမရှိဘူးလို့သတ်
မှတ်လို့ရသည်။ ဒါပေမယ့်စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် လက်တွေ့ကျသောလုပ်ငန်းစဉ်များဖြင့်လုပ်
ဆောင်ကြမယ်ဆိုလျှင်တော့၊ စစ်အာဏာရှင်များမြန်မာပြည်မှာတည်ရှိနေမှုကို အဆုံးသတ်ဖို့အတွက်အထော
က်အကူများစွာပြုနိုင်လိမ့်မည်ဟုယုံကြည်သည်။

မြန်မာပြည်မှာစစ်အာဏာရှင်စနစ်ပြုတ်ကျရေး၊ မြန်မာပြည်ရဲ့ဒုတိယလွတ်လပ်ရေးကို ရရှိအောင် ကြိုးပမ်းနေကြ
သူများစွာရှိသလို၊ ဆင်းရဲဒုက္ခများရှည်ကြာစွာခံစားနေရပြီးလူမျိုးတူအချင်းချင်း နှိပ်စက်မှုကိုခံနေရသော၊ အဖိနှိပ်
ခံမြန်မာပြည်သူများကို စာနှာထောက်ခံသော နိုင်ငံတကာပြည်သူများ၊ အဖွဲ့အစည်းမြောက်များစွာရှိကြသည်။ နိုင်ငံတကာအနေအထားနှင့်မကြည့်ခင်မှာ၊ မြန်မာပြည်တွင်းအနေအထားနှင့်ဘဲပြန်ကြည့်မည်ဆိုလျှင်၊ မြန်မာတ
နိုင်ငံလုံးအတိုင်းအတာနှင့် မြန်မာပြည် နေရာအနှံ့မှာရှိသောပြည်သူများ၊စစ်အာဏာရှင်စနစ်ပြုတ်ကျရေး၊ ဒီမို
ကရေစီစနစ် မြန်မာပြည်မှာတည်ဆောက်ရေးကို အတိုင်းထက်အလွန်လိုလားကြသည်။ အားပေးထောက်ခံကြ
သည်။ ထိုနည်းတူစွာဘဲ၊ လက်တဆုပ်စာစစ်အာဏာရှင်တစု ကိုဖယ်ရှားပစ်ဖို့တိုက်ပွဲဝင်နေကြသောအဖွဲ့အစ
ည်းပေါင်းမြောက်များစွာလည်းရှိကြသည်။

သို့ပါသော်လည်းကောက်ကျစ်စဉ်းလဲသောစစ်အာဏာရှင်များသည်၊ ယနေ့ထိတိုင် သက်ဆိုးရှည်ပြီး၊ မြန်မာပြ
ည်ကိုလုပ်ချင်သလို လုပ်ခွင့်ရနေသည်။ ကောက်ကျစ်ယုတ်မာသော စစ်အာဏာရှင်များသည် တိုင်းပြည်ရဲ့သယံ
ဇာတများကို၎င်းတို့ရဲ့ကိုယ်ကျိုး ၎င်းတို့ရဲ့မိသားစုအကျိုးတွေအတွက် ဆက်လက်အသုံးချနိုင်နေဆဲဖြစ်သည်။
ထို့အပြင် အနာဂါတ်တွင်လည်း၊ မြန်မာပြည်မှာစစ်အာဏာရှင်စနစ်ကြီးစိုးနိုင်ရန်၊အခြေခံအုတ်မြစ်များတည်ေ
ဆာက်ထားနိုင်ခဲ့ပြီးပြီ။

ဒီနေရာမှာမေးစရာတခုရှိလာတာက၊ လုံလောက်သောအင်အားနှင့် ထောက်ခံမှုတွေရှိခဲ့ပါလျက်နဲ့လက်တဆုပ်
စာ စစ်အာဏာရှင်တွေကိုဘာလို့မဖယ်ရှားနိုင်သေးတာလဲ ဆိုတဲ့မေးခွန်းဖြစ်သည်။ ဒီမေးခွန်းရဲ့အဖြေကို (၁)
စစ်အစိုးရက လိမ်မာပါးနပ်လို့လား? ........(၂) အတိုက်အခံများဘက်က အလွန်ညံ့ဖျင်းလို့လား?.........ဆိုတာ
အကြမ်းမျဉ်းအဖြေရှာကြည့်၍ရသည်။ ဒါပေမယ့်အသေအခြာ လေးလေးနက်နက်လေ့လာကြည့်မယ်ဆိုရင်ေ
တာ့၊ တွေ့ရှိရမယ့်အချက်က၊ ဘယ်သူက စနစ်တကျနဲ့ ယန္တရားတခု လည်ပတ်သလို ရည်မှန်းချက်ကိုရောက်ေ
အာင်အကောင်အထည်ဖေါ်သလဲ ဆိုတဲ့အပေါ်မှာ၊ အချိန်ကြာလာသည့်အခါ၊ အမှန်တကယ်လုပ်တဲ့သူက၎င်းလု
ပ်ဆောင်မှု၏အကျိုးရလဒ်ကို ရရှိခံစားသလို၊ အမှန်တကယ် တစိုက်မတ်မတ်လုပ်ဆောင်ခြင်းမရှိခဲ့ပါမူ မည်သည့်
အကျိုးဖြစ်ထွန်းမှုမှ မရရှိနိုင်ဘူးဆိုတာ သဘာဝ ကျသည်ဟုထင်သည်။ ဒီနေ့မြန်မာပြည်မှာဖြစ်ပေါ်နေသောအ
ခြေအနေများသည်၊ ကျွန်တော်တို့အားလုံးမနေ့ကလုပ်ဆောင်မှုများ၏ အကျိုးရလဒ်ဖြစ်သည်။

ဒါဆိုရင်၊ မြန်မာပြည်မှာ စစ်အာဏာရှင်စနစ်ကိဖယ်ရှားနိုင်ရေးအတွက် ရိုးစင်းသောအဖြေက၊ အတိုက်အခံများ
အနေနှင့် စနစ်တကျနှင့် ယန္တရားတခုလည်ပတ်သလို အားလုံးအတွက်ဖြစ်သင့်တဲ့ရည်ရွယ်ချက်တွေကို အကော
င်အထည်ဖေါ်သည့်
အခြေအနေမျိုး မဖန်တီးနိုင်သ၍ စစ်အာဏာရှင်များ ရဲ့တည်ရှိမှုကိုခြိမ်ခြောက်
မှုမပြုနိုင်ဟုထင်ပါသည်။ အနိမ့ှ်ဆုံးအဆင့် အဖြင့် စားကပွဲဝိုင်းမှာဆွေးနွေးသော တွေ့ဆုံဆွေးနွေးမှုများပင်လျှင်၊ စစ်အစိုးရဘက်မှအသိအမှတ်ပြုပြီးထည့်သွင်းစဉ်းစားရသော ကျစ်လစ်စုစည်းသော အတိုက်အခံအင်အားစု တခု
ဖြစ်ဖို့လိုသည်ဟုမြင်သည်။ အတိုက်အခံများ၏ တခုတည်းသော အမြဲတမ်းလိုအပ်ချက်တခုကတော့၊အောင်ပွဲရ
နိုင်မည့် စုစည်းစွာလုပ်ဆောင်ခြင်းနည်းလမ်းကိုဘယ်တော့မှ ရွေးချယ်မှု မလုပ်ခြင်းပင်ဖြစ်သည်။ ဆိုလိုတာက စစ်အာဏာရှင်စနစ်ကိုဖယ်ရှားပစ်ဖို့အတွက် (၁) လုပ်ရိုးလုပ်စဉ်များကို၊ တဖွဲ့ခြင်းစီအလိုက်လုပ်ဆောင်သလိုပုံ
စံမျိုးဘဲဆက်လုပ်နေမှာလား (ယနေ့အထိအောင်ပွဲမရသေးတဲ့အကြောင်းရင်း)(၂) စုစည်းပြီး ကျစ်လစ်စွာဖြင့်
အားလုံးအတွက်လိုအပ်မယ့်ရည်ရွယ်ချက်ကို စနစ်တကျ အကောင်အထည် ဖေါ်ခြင်း (အောင်ပွဲရဖို့အတွက်အပြ
ည့်အဝ အာမခံချက်ပေးသည်) ဆိုသည် ရွေးချယ်မှု နှစ်ခုအနက် တခုကိုလုပ်ရမည်ဆိုလျှင် နံပါတ်တစ်ကိုသာရွေး
ချယ်ကြတာကြောင့်ဖြစ်သည်။

ယနေ့အာရပ်ကမ္ဘာမှာ ဖြစ်ပေါ်နေသောဒီမိုကရေစီအရေးပြောင်းလဲမှုများကိုကြည့်လျှင် ပြည်သူများအနေနှင့်ထိုက်တန်စွာပေးဆပ်ကြ၍၊ ပေးဆပ်ခြင်းနှင့်ညီမျှသော
အကျိုးရလဒ်များကိုရရှိကြသည်။ အပြန်အလှန်အားဖြင့် အဲဒီလိုမျိုးသူတို့တွေအနေနှင့် မလုပ်ဆောင်ခဲ့ကြဘူးဆို
လျှင် ယခုလောလောဆယ်ကာလသို့ရောက်ရှိနေသောအခြေအနေများကို ရရှိခံစားဖို့ရန်မဖြစ်နိုင်ပေ။ အဲဒီအာ
ရပ်ကမ္ဘာမှာ ဖြစ်ပေါ်နေတဲ့လူထုတော်လှန်ရေးများရဲ့ ထူးခြားချက်က လူထုတွေအနေနှင့်၊ ဆက်တိုက် တိုက်ပွဲဝင်
ခြင်း ကိုလုပ်ဆောင် ခြင်းကြောင့်အာဏာရှင်များ ကျဆုံးရသည်။ အဓိကထူးခြားမှုကြီးကတော့၊ အာဏာရှင်စနစ်
ဆိုတဲ့ယန္တရား ကိုရပ်တန့်ပစ်လိုက်နိုင်ပြီး၊ ပြည်သူအတွက်အကျိုးရှိတဲ့စနစ်ကို စတင်နိုင်မယ့်အခြေအနေကိုရရှိ
ခြင်းပင်ဖြစ်သည်။ တကယ်ဆို အာဏာရှင် တယောက် ကိုဖယ်ရှားဖို့ရန်အလွန်ကိုခက်ခဲပြီး၊ ထိုက်သင့်သောပေး
ဆပ်မှုကိုလည်း လုပ်ဆောင်ရသည်။ လစ်ဗျား မှာဆိုလျှင် နိုင်ငံတကာရဲ့ကူညီ ဖေးမမှုရှိတာတောင် အာဏာရှင်
ကဒါဖီ ကိုဆုံးခန်းတိုင်အောင် အလွန်ခက်ခက်ခဲခဲနှင့်လုပ်ဆောင်ခဲ့ရတဲ့သဘောမှာရှိတယ်။ အထက်ကပြောခဲ့သ
လိုဘဲ သူတို့တွေအဲဒီလိုမကြိုးပမ်းခဲ့ကြဘူးဆိုလျှင်၊ သူတို့တွေအဲဒီလိုမပေးဆပ်ခဲ့ကြဘူးဆိုလျှင်၊ အာဏာရှင်များ
ဟာ ဘယ်တော့မှ အလျော့ပေးမှာမဟုတ်ဘူးဆိုတာ ဘယ်သူမှမငြင်းနိုင်တဲ့သဘောတရားတခုလိုဖြစ်နေခဲ့တယ်။

မြန်မာပြည်မှာ ပြန်ကြည့်မယ်ဆိုလျှင်၊ လူထုရဲ့အင်အားနဲ့ တော်လှန်ခြင်းပုံစံများ အကြိမ်တော်တော်များများရှိခဲ့
သည်။ ဒါပေမယ့် ဆက်တိုက်ဆက်တိုက် လုပ်ဆောင်ခြင်းမျိုး ကိုမစွမ်းဆောင်နိုင်သည့်အပေါ် အာဏာရှင်စနစ်ထဲ
မှာဘဲတဝဲလည်လည်ဖြစ်နေခဲ့ရသည်။ နောက်တခုရှိသေးတာက မြန်မာပြည်မှအတိုက်အခံများသည်အာဏာရှင်
တို့ရဲ့အလိမ်အညာ လှည့်ကွက်တွေကို အမြဲတမ်း ယုံကြည်မိခြင်းပင်ဖြစ်သည်။ ရှိခဲ့ပြီးသော အတွေ့အကြုံများအ
ရ၊ မြန်မာပြည်မှအာဏာရှင်များသည်ကတိဘယ်တော့မှ မတည်သူများဖြစ်သည်။ ပြည်သူကို ဗြောင်လိမ်ခြင်း၊နိုင်
ငံတကာကိုဗြောင်လိမ်ခြင်း၊ ၎င်းတို့အခြင်းခြင်း လိမ်ကျစ်နေကြခြင်းများဖြင့်၊ မြန်မာပြည်ကိုနောက်ကျသထက်ကျ
အောင်လုပ်ဆောင်နေ သူများဖြစ်သည်။ အာဏာရှင်တွေဟာ ၎င်းတို့အလှည့် တဖန်ပြန်ခံရမှာကို အလွန်ကြော
က်ပြီး သူရဲဘောကြောင်ကြသည်။ ယခုလောလောလတ်လတ်ဘဲ နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးမယ်ဆို
ပြီး၊ တဖြည်းဖြည်းနဲ့ နိုင်ငံရေးအကျဉ်းသားဆိုတဲ့အသုံးအနှုံးကိုတောင် မသုံးတော့ဘဲ၊ မြန်မာပြည်မှာရာဇဝတ်အ
ကျဉ်းသားသာလျှင်ရှိတယ်ဆိုပြီး လုပ်ချလိုက်တာ ဘယ်လောက်တရားကျဘို့ကောင်းလိုက်သလဲ။

အဲဒီလိုဆိုတော့၊ မြန်မာပြည်မှာ အစစ်အမှန် အခြေအနေတွေ ကိုပြောင်းလဲမှုဖြစ်ဖို့ရန်၊ တန်ရာတန်ကြေးတော့ေ
ပးရမယ်လို့ထင်တယ်။ တကျပ်တန်သောပစ္စည်းကို ဆယ်ပြားနဲ့ပေးဝယ်မယ် ဆိုလျှင်တော၊့ ရောင်းတဲ့သူကလ
ည်း အများကြီးစဉ်းစားပေဦမည်။ အကြွေဆယ်ပြား နဲ့တော့တကျပ်တန်ပစ္စည်းကိုမရနိုင်ဘူးလို့ထင်ပါသည်။

Labels

ဧပြီ(၁) ရက် ကြားဖြတ်ရွေးကောက်ပွဲ၊ တရားမျှတမယ်လို့၊ ထင်ပါသလား?

Search This Blog