
မြန်မာပြည် ဒီမိုကရေစီနိုင်ငံဘက်ဆီကိုသွားနေပြီလို့သူတို့ပြောကြတယ်။ အောက်ပါအမှု (၃) ခုကိုကြည့်ရင်မြန်
မာပြည်ဟာယခင်ကနဲ့ဘာမှထူးခြားမှုမရှိသေးဘူးလို့ အတိအကျပြောလို့ရတယ်။ တရားမျှတတဲ့ဥပဒေတွေကို
ကျင့်သုံးလိုစိတ်မရှိဘူး၊ အပြစ်ကျူးလွန်တဲ့သူတို့ရဲ့ဘက်တော်သားတွေဟာ ဘာမှပြသနာမရှိဘူး၊ ပြည်သူလူထု
ကိုအနိုင်ကျင့်ချင်တိုင်အနိုင်ကျင့်နေဦးမှာဘဲ။ ဒီလိုမတရားမှုတွေကိုလက်ရှိအခြေအနေနဲ့ ကိုက်ညီစွာ ပြည်သူ
လူထုအားလုံး လက်ချင်းချိတ်ပြီး ဝန်းရံပေးဖို့လိုအပ်နေတယ်လို့ထင်တယ်။
အရှင်ဂန္ဘီရ
နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးလို့၊ မကြာသေးခင်ကမှပြန်လွတ်လာတယ်။ ပုဒ်မ ၄၀၁ ဆိုတဲ့အချိန်မရွေးပြန်ဖမ်းလို့ရတယ်ဆိုတာရယ်၊ အဖမ်းပြန်ခံရရင်၊ ယခင်ကကျန်ရှိနေတဲ့ပြစ်ဒဏ်တွေ
ကိုပြန်ကျခံရမယ်ဆိုတဲ့သဘောဖြစ်တယ်။ ဦးဂန္ဘီရကိုပြန်ဖမ်းမယ်ဆိုတာဟာ၊ သွေးတိုးစမ်ခြင်းဖြစ်
တဲ့အတွက်၊ ပြည်သူတွေရဲ့ ဝန်းရံမှုလိုအပ်လိမ့်မယ်လို့မြင်တယ်။ ဓမ္မစက်နဲ့မရလို့၊ အာဏာစက်
နဲ့ လုပ်ရတော့မယ်ဆိုတဲ့အသုံးအနှုံးအရဘဲ၊ တော်တော်ကြီးကိုမိုက်ရိုင်းတာဖြစ်တယ်။
ဖြိုးဝေအောင်
X20 သင်္ကြန်မဏ္ဍပ်ကို ဗုံးဖေါက်ခြင်းကိုမပြုလုပ်ရပါဘဲနဲ့၊ အတင်းစွပ်စွဲခံရပြီး၊ အတင်းဝန်ခံခိုင်းခံနေရတယ်။ ၂၀၁၀ ဧပြီလ ၂၂ ရက်ကထဲကဖမ်းခံထိထားပြီး၊ စစ်ကြောရေးစခန်းတွေမှာ နည်းလမ်းပေါ
င်းစုံနဲ့အတင်းနှိပ်စက်ခံရပြီး၊ ယခုနောက်ဆုံး၊ သူ့ရဲ့ရှေ့နေနှစ်ဦးကိုပါ တရားရုံးက၊ တရားပြန်ဆွဲတဲ့
အထိကို ရောက်သွားပြီ။ ပြည်သူတွေရဲ့ဝန်းရံပေးမှုရမယ်ဆိုလျှင်၊ အခြေအနေကိုပြောင်ပြန်၊ ပြန်လှ
န်လို့ရမယ်။
ကောင်းဆက်ပိုင်
ဆိုင်က
ယ်ပေါ်ကဆွဲချခံရပီး၊ သေဆုံးသွားရတယ်။ ရဲအရာရှိတွေကိုယ်တိုင်ကျူးလွန်ပတ်သက်နေပြီးဘာမှအရေးယူမခံရတာဟာ၊ ယခင်စနစ်ကြီးထဲမှာဘဲရှိနေတာဖြစ်တယ်။ ဒီမိုကရေစီဆိုပြီးဥပဒေစိုး
မိုးမှုမရှိတာတွေကို၊ ဒီအတိုင်းဘဲလက်ပိုက်ကြည့်နေမယ်ဆိုရင်၊ ဆက်ပြီးခံနေရဦးမယ့် အခြေအနေ
ထဲကနေရုန်းထွက်နိုင်မှာမဟုတ်တော့ဘူးလို့ထင်တယ်။
0 comments:
Post a Comment