
မြန်မာပြည် ကို ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနေပါတယ်ဆိုတဲ့၊ စစ်အာဏာရှင်အရေခြုံများဟာ၊ ပြည်သူကိုအနိုင်ကျင့်
လိုတဲ့စိတ်တွေကို၊ မထိန်းချုပ်ထားနိုင်ဘူးဆိုတာ၊ The Voice Weekly ဂျာနယ်၊ Modern ဂျာနယ် တို့ကိုတရားစွဲတဲ့
ကိစ္စ၊ မြစ်ဆုံဆယ်ကိုပြန်စတင်မယ်ဆိုတဲ့ကိစ္စတွေကိုကြည့်ရင်၊ အနာဂါတ် မြန်မာပြည်အတွက် စိုးရိမ်စရာတွေအများကြီး
ရှိနေသေးတယ်လို့ တထစ်ချ ပြော၍ ရပေသည်။
The Voice Weekly ဂျာနယ် ကို သတ္တု တွင်းဝန်ကြီးဌါနကတရားစွဲမယ်ဆိုတဲ့ကိစ္စ ကိုပြန်ကြည့်လျှင်၊ ဂျာနယ်ကဖေါ်
ပြတဲ့ နိုင်ငံပိုင်၊ ပြည်သူပိုင် ငွေကြေးတွေကို အလွဲသုံးစားလုပ်ခံထားရတယ်ဆိုတာ၊ အထောက်အထားတွေနဲ့တွေ့ရှိ
ထားတာကို ပြည်သူကိုတင်ပြခြင်းသာဖြစ်တယ်။ ပြည်သူတွေသိသင့်တဲ့၊ ပြည်သူကလက်မခံတဲ့ အတင်းအဓမ္မအုပ်ချု
ပ်သူတွေရဲ့ မတရားလုပ်ထားတဲ့အမှန်တရားတွေကိုတင်ပြခြင်းသာလျှင်ဖြစ်တယ်။ အမှန်တကယ်ရိုးသားတယ်ဆိုလျှ
င် ပြန်လည်ဖြေရှင်းချက် ပြုလုပ်ရမည့်အစား၊ တရားပြန်ဆွဲတယ်ဆိုတာကတော့၊ သဘာဝမကျဘူးလို့မြင်ပါတယ်။ အ
နိုင်ကျင့်လို့ရ သေးလျှင်ဆက်ပြီး ကျင့်နေဦးမယ်ဆိုတဲ့အခြေခံအယူအဆကိုဖေါ်ပြနေသလိုဖြစ်နေတယ်။ မြန်မာနိုင်ငံ
မှာ၊ လဒ်စားမှု၊ ငွေကြေးအလွဲသုံးစားမှုတွေဟာ၊ အောက်ခြေအဆင့်ကနေ အထက်ပိုင်းအထိ၊ အမြစ်တွယ်ပြီးတည်ရှိ
နေခဲ့တယ်ဆိုတာ၊ တနိုင်ငံလုံးရော၊ တကမ္ဘာလုံးရော သိပြီးသားကိစ္စကြီးဖြစ်တယ်ဆိုတာကိုတော့၊ အထွေအထူးပြော
စရာမလိုဘူးလို့ထင်ပါတယ်။
အမှန်တရားကိုပြောလို့အရေးယူခံရတယ်၊ ထောင်ချခံရတယ်ဆိုတာ၊ မြန်မာပြည်မှာမရှိသင့်တော့တဲ့ လုပ်ရိုးလုပ်စဉ်
တခုဖြစ်သလို၊ ဒီမိုကရေစီနဲ့လဲဆန့်ကျင်ဘက်ဖြစ်ပါတယ်။ အဲဒါကြောင့် The Voice Weekly ဂျာနယ်၊ Modern
ဂျာနယ် တို့ကိုတရားစွဲတဲ့ကိစ္စတွေအပေါ်၊ ပြည်သူတွေအနေနဲ့ ၎င်း ဂျာနယ်နှစ် ခုနဲ့အတူအမှန်တရားဘက်ကရပ်တည်
နေတယ်ဆိုတာကို၊ တကိုယ်ကောင်းဆန်တဲ့အဓမ္မဝါဒီတွေ သိအောင်ကမ္ဘာကသိအောင်ပြသဖို့လိုတယ်လို့ထင်တယ်။
မြစ်ဆုံစီမံကိန်းကိုပြန်ကြည့်မယ်ဆိုရင်လည်း၊ ဆည်တည်ဆောက်ခြင်းလုပ်ငန်းတွေကို၊ ရပ်ဆိုင်းထားလိုက်တယ်ဆိုပြီး
ဦးသိန်းစိန် က သမ္မတ တဦးအနေနှင့်ထုတ်ပြန်ထားခဲ့တယ်ဆိုတာ၊ မြန်မာသိကမ္ဘာသိ ဖြစ်ခဲ့တယ်။ ရပ်တန့်ထားမယ့်
ကာလကိုလည်း၊ ၎င်းအနေနဲ့သမ္မတ အဖြစ် တာဝန်ထမ်းဆောင်နေသ၍ကာလ အတောအတွင်း၊ တည်ဆောက်ရေး
လုပ်ငန်းတွေကိုပြန်မစဘူးလို့၊ အတိအလင်းကြေငြာထားခဲ့တယ်။ ဒီလို အပြောတမျိုးအလုပတမျိုးလုပ်ခဲ့တာတွေဟာ
စစ်အာဏာရှင်တွေလက်ထက်မှာ၊ မရေတွက်နိုင်လောက်အောင်အများကြီးဘဲ။ ယခုဦးသိန်းစိန်အစိုးရ အနေနဲ့၊ သူတို့
ကိုယ်သူတို့အခိုင်အမာပြောဆိုနေတာက၊ သူတို့ဟာယခင်အစိုးရလိုမဟုတ်ပါဘူး၊ အစစ်အမှန်ဒီမိုကရေစီကိုဖေါ်ဆော
င်မယ့်အစိုးရလို့ဆိုပေမယ့်၊ ယခုလိုပြည်သူလူထုအတွက်၊ တိုင်းပြည်အတွက်အကျိုးမရှိတဲ့ကိစ္စကို ပြန်လည်လုပ်ဆောင်
မယ်ဆိုတာဟာ၊ မလှိမ့်တပတ်လုပ်တာထင်ရှားတယ်။ ဒီနေရာမှာရှင်းရှင်းလင်းလင်းမြင်ကြည့်လို့ရတဲ့ ကိစ္စတခုက၊ ယ္ခု
အစိုးရထဲမှာပါဝင်သူအတော်များများဟာ၊ ပြည်သူကအစစ်အမှန်ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေမဟုတ်ကြဘူးဆို
တာကို၊ ၎င်းတို့ကိုယ်တိုင်သိနေလျက်နဲ့၊ ယခုလိုပြည်သူရဲ့အကြည်အငြိုပျက်မယ့်ကိစ္စကို တော့မလုပ်သင့်ဘူးလို့၎င်း
တို့သဘောပေါက်သင့်တယ်။ အဲဒီလိုသဘောမပေါက်ဘူးဆိုရင်တော့၊ ယခုလုပ်နေသမျှတွေဟာ၊ ဟန်ဆောင်လုပ်ဇတ်
တွေဘဲလို့မှတ်ယူသင့်တယ်။ တနည်းအားဖြင့်၊ ပြည်သူကိုသွေးတိုးစမ်းတဲ့သဘောလို့လဲပြောလို့ရတယ်။ အဲဒါကြောင့်
ဒီလိုအားပြိုင်သလိုလုပ်လာတဲ့ကိစ္စတွေအပေါ် ပြည်သူတွေအနေနဲ့၊အမှန်တရားဖြစ်သင့်တဲ့အခြေအနေများအပေါ်မား
မားမတ်မတ်ရပ်တည်ကြမယ်ဆိုရင်တော့၊ မြန်မာနိုင်ငံနဲ့မြန်မာပြည်သူတွေအတွက်ဖြစ်သင့်တာတွေဖြစ်လာလိမ့်မယ်
လို့မြင်ပါတယ်။
မိတ်ဆွေအနေနှင့် လည်းအထက်ပါကိစ္စများအပေါ် အလွန်စိုးရိမ်မိတယ်ဆိုလျှင်အောက်ပါ ပုံစံလေးမှာ မိမိထင်မြင်သော၊
ဖြစ်စေလိုသောဆန္ဒကိုထုတ်ဖေါ်ရေးသားနိုင်ပါသည်။
0 comments:
Post a Comment