Wednesday 20 March 2013

ပြည်သူအတွက်မဟုတ်ဘူးဆိုလျှင်..ဘာဒီမိုကရေစီလဲ!

0 comments | Read more...


ဒီနေ့မြင်တွေ့နေရတဲ့လက်ပံတောင်းတောင် အငြင်းပွါးမှုများကို ဘက်မလိုက်တဲ့အမြင်နဲ့ကြည့်မယ်ဆိုလျှင်
ပြည်သူလို့ခေါ်တဲ့ဒေသခံလယ်သမားတွေ သာလျှင်ခံရတဲ့ဘက်မှာရှိနေတာကိုတွေ့ရမယ်။ ဒီစီမံကိန်းကိုစခဲ့
ကတည်းက၊ လယ်တွေကိုအတင်းအဓမ္မ သိမ်းယူခဲ့ခြင်းကစတင်ပြီး၊ ၎င်းအသိမ်းခံလယ်မြေတွေအတွက်(၃)
နှစ်စာ သီးနှံကြေးဘဲ ပေးထားတာကို၊ လက်ဝါးကြီးအုပ် ဂုတ်သွေးစုပ်လိုသူတွေက၊ စာချုပ်ပေါ်မှာ၎င်းတို့လို
ချင်တဲ့ပုံစံကို ဖန်တီးပြီးလူလည်ကျထားတဲ့လုပ်ရပ်တွေဟာ၊ မူလအရင်းခံပြသနာဖြစ်ပါတယ်။

ပြည်သူတွေဟာအာဏာရှင် အတင်းအဓမ္မအုပ်ချုပ်သူတွေလုပ်သမျှကို၊ ခံနေရတဲ့ဘက်ကဘဲ ရှိနေခဲ့ရတာ
ဟာ ရာစုနှစ်တဝက်ကျော်လောက်ရှိပြီဆိုတာ၊ ကမ္ဘာကသိသလို၊ လတ်တလောအာဏာရှင်တဖြစ်လဲဆိုတဲ့
ပုဂ္ဂိုလ်များလည်းသိကြပါတယ်။ ဒီနေ့မြန်မာပြည်မှာ အပြောင်းအလဲတွေလုပ်နေတယ်ဆိုပြီးသံကောင်းဟ
စ်နေကြတယ်ဆိုပေမယ့်၊ လူထုတွေရဲ့ဘဝတွေကို ပြန်လေ့လာကြည့်မယ်ဆိုလျှင်၊ ယခင်ကအခြေအနေများ
နဲ့ဘာမှမထူးဘူးဆိုတာကိုတွေ့ရမယ်။ ဒါ့ကြောင့်လည်းလူထုဟာ၊ ၎င်းတို့ရဲ့နေ့စဉ်စားဝတ်နေရေးကိုတော
င် မဖြေရှင်းနိုင်တော့တဲ့အခြအနေတွေကိုရင်ဆိုင်လာရလို့၊ ကန့်ကွက်ဆန္ဒပြမှုတွေဖြစ်ရတာပါ။ သူတို့မ
မှားပါဘူး။ လယ်သမားတွေ လုပ်ရပ်ကသိပ်မှန်ကန်ပါတယ်။ သူတို့အနေနဲ့ မတရားသူများပိုင်တဲ့မြေတွေ
ကိုတောင်းဆိုနေတာမဟုတ်ပါ။ သူတို့ပိုင်ဆိုင်တဲ့ မြေတွေကို တရားမဲ့သိမ်းယူထားတဲ့သူတွေထံကနေပြန်
လည်ရယူပြီး သူတို့မိသားစုတွေရဲ့စားဝတ်နေရေးကိုဖြေရှင်းနိုင်ဖို့သာလျှင်သူတို့ရဲ့အန္တိမရည်မှန်းချက်
သာလျှင်ဖြစ်တယ်။

ပြည်သူတွေမှာအားကိုးစရာမရှိတာ၊ လွတ်လပ်ရေးရပြီးနောက်ပိုင်း အာဏာသိမ်းအစိုးရတက်လာပြီးကတ
ည်းကဆိုတော့ စုံစမ်းရေးကော်မီရှင်ရဲ့ လူနည်းစုအတွက်သာအကျိုးရှိစေသောဆုံးဖြတ်ချက်တွေနဲ့ရင်ဆိုင်
ရတာဟာ ယခင်ကလိုဘဲအဖိနှိပ်ခံဘဝတွေကနေ ရုန်းမထွက်နိုင်သေးသကဲ့သို့ဖြစ်နေသည်။ မြန်မာပြည်
ကိုဝင်ရောက်လာနေသော ရင်းနှီးမြှုပ်နှံမှုတွေဟာ လက်ဦးမှုရယူပြီး အကျိုးအမြတ် အများကြီးရလိုတဲ့တ
ရုပ် ကုမ္ပဏီတွေ အများစုဖြစ်ပြီး၊ တရုပ်တွေဟာ မြန်မာပြည်သူမပြောနဲ့သူ့ပြည်သူတွေကိုတောင် အလေး
သိပ်ထားတဲ့သူတွေမဟုတ်တဲ့အပေါ်မှာ၊ တရုပ်က မြန်မာနိုင်ငံအတွင်းမှာ ရင်နှီးမြှုပ်နှံမှု့တွေ မလုပ်တော့မှာ
ကိုစိုးရိမ် တယ်ဆိုတဲ့ ကော်မရှင်ရဲ့အစီရင်ခံစာကတော့၊ မတရားအလုပ်ခံနေရစဉ် အားကိုးရာမဲ့နေချိန်မှာမျ
က်နှာကိုဖြတ်ရိုက်ခံလိုက်ရသလိုပုံစံမျိုးဖြစ်နေသည်။

၈၈ မျိုးဆက်ကိုယ်စားပြု မင်းကိုနိုင် ပြောသလို၊ အစီရင်ခံစာဟာ အစီရင်ခံစာလိုဘဲဖြစ်သင့်သည်။ ဒါပေမ
ယ့်၊ အာဏာရှင်တွေဟာ၊ သူတို့လိုလိုလားလားဖြစ်တဲ့အခါမျိုးမှာ၊ လုပ်ချင်ရာလုပ်တယ်ဆိုတဲ့အလေ့အထ
ရှိပြီးသားဆိုတော့၊ ကော်မရှင်ရဲ့အစီရင်ခံစာကိုချက်ခြင်း အကောင်အထည်ဖေါ်နေတာဟာ ရယ်စရာတော့
ကောင်းလှသည်။ ဖြစ်သင့်တာက၊ ကော်မရှင်ရဲ့အစီရင်ခံစာ ထွက်ပြီးနောက် ခေတ္တရပ်ဆိုင်းထားပြီး အသေ
အခြာ ပြန်လည်သုံးသပ်မှုကိုပြုလုပ်ပြီး၊ဒေသခံ ပြည်သတွေနဲ့အကြေအလည်ဖြစ်အောင်ပြုလုပ်ပြီးမှ၊ လုပ်
ငန်းတွေကိုပြန်စတယ်ဆိုတာက အနိမ့်ဆုံးအဆင့်လုပ်သင့်တယ်။ အဖြစ်သင့်ဆုံးကတော့၊ ဒေသတွင်းမှာရှိ
တဲ့လယ်ပိုင်ရှင်များ၊ သူတို့ရဲ့လယ်ယာမြေတွေကိုပြန်လည်ရရှိပြီး၊ အဲဒီလယ်ယာမြေတွေကိုမှီခိုပြီးတနေ့
တာစားဝတ်နေရေးကိုဖြေရှင်းနေရတဲ့ဒေသခံပြည်သူတွေရဲ့အကျိုးကိုရှေ့ရှုတဲ့ဆုံးဖြတ်ချက် တွေသာလျှင်
သဘာဝအကျဆုံးဖြစ်ပေမည်။ ဒါပေမယ့်ဒေသခံပြည်သူတွေရဲ့ စိုးရိမ်မှုတွေကိုထုတ်ဖေါ်ပြောဆိုခွင့်တွေပိ
တ်ပင်ခံထားရတာဟာ၊ သဘာဝမကျဘူးဖြစ်တယ်။

ဒီမိုကရေစီရဲ့အခြေခံဟာ၊ Government of the people, for the people, by the people ဆိုတဲ့ပြည်
သူကိုအခြေခံတဲ့စနစ်ဖြစ်ပေမယ့်၊ မြန်မာနိုင်ငံမှာတော့ တရုပ်စီးပွါးရေးကုမ္ပဏီတွေနဲ့ မြန်မာပြည်ကစစ်
အာဏာရှင်တွေအကျိုးကိုအဓိရှေ့တန်းတင်နေတယ်ဆိုတာကတော့၊ မြန်မာပြည်မှာဘယ်လိုဒီမိုကရေစီ
မျိုးကိုအကောင်အထည်ဖေါ်နေတာလည်းဆိုတာစဉ်းစားစရာဖြစ်နေတယ်။ ဒီနေ့ လယ်ယာမြေတွေကို
ကလိန်ကကျစ် လုပ်နေတာဟာလက်ပံတောင်းတောင်ဒေသမှာသာမဟုတ်၊ မြန်မာနိုင်ငံအနှံ့မှာပြည်သူ
တွေဒုက္ခပေးခံနေရတာဖြစ်တယ်။ တိုးတက်တဲ့တိုင်းပြည် ဖြစ်အောင်လုပ်နေတယ်ဆိုပြီး သံကောင်းဟစ်
ပြီး ပြည်သူကဘဲ သူတို့ကိုဖိနှိပ်တဲ့သူတွေကို အလုပ်အကျွေးပြန်ပြုနေရတယ်ဆိုတဲ့စနစ်ကြီးကတော့နိုင်
ငံတကာကသိထားတဲ့ဒီမိုကရေတော့မဟုတ်လောက်ဘူး။

အဲဒီလို ပြည်သူ့အကျိုးကိုရှေ့တန်းမတင်တဲ့ ဒီမိုကရေစီကို ဘာဒီမိုကရေစီလဲ? လို့မေးစရာဖြစ်နေပြီ။

ဘာဘဲဖြစ်ဖြစ် ဒီနေ့မြန်မာနိုင်ငံအနှံမှာအလိမ်ခံနေရတဲ့လယ်သမားတွေနဲ့ ထပ်တူထပ်မျှရှိကြောင်းကို
လူထုတရပ်လုံးက သက်သေပြဖို့လိုတဲ့အချိန်ကိုရောက်နေပြီလို့ထင်တယ်။
 =============================



http://www.youtube.com/watch?v=o-QmVEEbfFI
http://blog.irrawaddy.org/2013/03/blog-post_7665.html
http://www.bbc.co.uk/burmese/multimedia/2013/03/130315_uwintin_analysis_on.shtml
http://groups.yahoo.com/group/8888peoplepower/attachments/folder/48398398/item/1298542238/view?picmode=large&mode=tn&order=ordinal&start=1&dir=asc 

Monday 11 March 2013

စစ်တပ် ပဓါန ဝါဒ

0 comments | Read more...

မြန်မာပြည်ကို ၁၉၆၂ မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းအချိန်ကစပြီးမြန်မာနိုင်ငံရဲ့ဆုတ်ယုတ်မှု
ခရီးစဉ်ကိုစတင်ခဲ့တယ်လို့ပြောလို့ရတယ်။ မင်းသားမလုပ်ရရင်ပတ်မကြီးကိုထိုးဖေါက်ပစ်မယ်ဆိုတဲ့အ
ယူအဆနဲ့ ဗိုလ်ချုပ်နဲ့အာဇာနည်တွေကို ရက်ရက်စက်စက်လုပ်ကြံသတ်ဖြတ်ခဲ့တာဟာ တိုင်းပြည်ကို
စစ်အာဏာသိမ်းပြီးစစ်တပ်ပဓါနဝါဒနဲ့အုပ်ချုပ်တယ်ဆိုတဲ့ အယူအဆနဲ့တဆက်တည်းပါဘဲ။ လွတ်လပ်
ရေးရပြီးကတည်းက မကောင်းတဲ့ သန္ဓေ တည်မှုနဲ့စခဲ့တဲ့မြန်မာနိုင်ငံဟာ အစစ်အမှန် တိုးတက်ရေးလ
မ်းကြောင်းပေါ်ကိုရောက်ဖို့အတွက် အရှိန်ယူနေဆဲဘဲလို့ပြောလို့ရတယ်။ အဲဒီလိုတိုးတက်မှုဘက်ကို
သွားနေတဲ့အချိန်မှာ၊ မြန်မာပြည်သားတိုင်းရဲ့လိုအပ်ချက်ကတော့၊ မှန်ကန်တဲ့အယူအဆကိုတဦးချင်းစီ
အလိုက်မှာမွေးမြူဖို့နဲ့၊ တိုင်းပြည်အတွက်အမှန်တကယ်ကြိုးကြိုးစားစားလုပ်ဆောင်ခြင်းပါဘဲ။

ဒါပေမယ့်၊ ယနေ့လောလောဆယ်ကာလအထိမြန်မာ ပြည်ကိုအပြောင်းအလဲတွေဖြစ်အောင်လုပ်နေပါတ
ယ်ဆိုတဲ့သူတွေဟာ စစ်တပ်ကြီးစိုးရေးဆိုတဲ့အယူဝါဒကိုစွဲကိုင်ထားတဲ့သူများသာလျှင်ဖြစ်နေသေးကြော
င်း တွေ့ရသည်။ မြန်မာပြည်သမိုင်းကြောင်းမှာ၊ အတုယူစရာအစိုးရတရပ်မရှိခဲ့သေးသည့်အပေါ်မှာ၊ တို
င်းပြည်အမှန်တကယ်တိုးတက်ရေးကိုလုပ်လိုတဲ့ဆန္ဒပြင်းပြစွာရှိတယ်ဆိုရင်၊အနစ်နာခံပြီးပြည်သူအများစု
ထင်သာမြင်သာအောင်လုပ်ဆောင်ပြသောပုဂ္ဂိုလ်များဖြစ်တယ်ဆိုတာသက်သေပြရန်လိုအပ်ပါသည်။ သို့
ပါသော်လည်း၊ ယခုအထိအခြေအနေများအရ၊တိုင်းပြည်နှင့်ပြည်သူများ၏လိုအပ်ချက်များကိုဖြည်ဆည်း
ပေးရမယ့်အစား၊ ပြည်သူတွေ၏ဘဝများ၊ ယခင်ကထက်ဆိုးဝါးအောင်နဲ့၊ပြည်သူတွေရဲ့အကျိုးစီးပွါးထ
က်၊၎င်းတို့ကိုယ်တိုင်နဲ့ ၎င်းတို့နဲ့ဆက်စပ်ပတ်သက်နေတဲ့သူတွေရဲ့အကျိုးစီးပွါးတွေကိုသာရှေ့ရှုလုပ်
ဆောင်နေဆဲဘဲဆိုတာ၊ လယ်ယာမြေတွေကိုအဓမ္မသိမ်းယူနေမှုတွေက ညွှန်းဆိုနေတယ်။

စစ်တပ်အသုံးစရိတ်ကိုပြန်ကြည့်မယ်ဆို၊ ယခင်ကထက် ၅ % လျော့ကျသွားတယ်ဆိုပေမယ့်၊ တိုင်းပြည်
နဲ့ပြည်သူတွေကို အထောက်အကူဖြစ်စေမယ့် ကျန်းမာရေးပညာရေးတွေမှာတော့ အဆပေါင်းများစွာန
ည်းနေသေးတာကိုတွေ့ရပါတယ်။ ယှဉ်ပြီးပြောရမယ်ဆိုရင်တော့၊ စစ်ရေးအတွက် ၂၁ % (US$ 2.4 bil
lion) ဖြစ်ပြီး၊ ကျန်းမာရေးအတွက် ၁.၈ % (US$ 7 /person/year) ဖြစ်တယ်။ ဒီနေရာမှာ၊ တချို့လူေ
တွေကအ
မေရိကန်နဲ့နှိုင်းယှဉ်ပြီး၊ အမေရိကန်က စစ်အသုံးစရိတ်အတွက် အမေရိကန်ဒေါ်လာ ၃၈၀၃ ဘီလီယံသုံး
နေချိန်မှာ၊ မြန်မာက ကျပ် ဘီလီယံ ၆၀၀ သာသုံးနေတယ်ဆိုပြီး၊ လှည်ဖျားပြောဆိုနေတာတွေတွေ့ရတ
ယ်။ အဲဒီလိုအမေရိကန်နဲ့ယှဉ်ပြီးပြောရမယ်ဆိုရင်၊ အမေရိကန်က သူ့ရဲ့စစ်အသုံးစရိတ်ကို တိုင်းပြည်တ
ခုလုံးအသုံးစရိတ်ရဲ့ ၁၉ % သာရှိပြီး၊ ကျန်းမာရေးအတွက် ၂၃ % သုံးမှာဖြစ်တယ်။ ဒါတောင်အမေရိကန်
ကတကမ္ဘာလုံးမှာသူ့ရဲ့တပ်တွေဖြန့်ထားတာဖြစ်တယ်။ အဲဒီတော့ မြန်မာကစစ်အသုံးစရိတ်မှာ အများ
ကြီးသုံးနေသေးတာ၊ သဘာဝမကျဘူးလို့ထင်တယ်။ ဒီနေရာမှာဆင်ခြေပေးတာက၊ မြန်မာ့တပ်မတော်
ကိုခေတ်မှီတဲ့တပ်မတော်ဖြစ်အောင်တည်ဆောက်ဖို့လိုတယ်လို့ဆိုကြပြန်တယ်။ ဘာလို့လည်းဆိုတော့
မြန်မာနိုင်ငံဟာ၊ အင်အားကြီး နှစ်နိုင်ငံဖြစ်တဲ့တရုပ်နဲ့အိန္ဒိယကြားမှာ၊ ကျူးကျော်စစ်တွေဖြစ်လာရင်ပြန်
ပစ်စရာဘာလက်နက်မှမရှိဘူးလို့ဆိုတယ်။ ဒီအယူအဆဟာ ဟုတ်သလိုလိုရှိပေမယ့်၊ ၂၁ ရာစုခေတ်မှာ
တနိုင်ငံနဲ့တနိုင်ငံကျူးကျော်စစ်တွေကို ကမ္ဘာကလက်မခံတော့သလိုလက်ပိုက်ကြည့်နေမှာလည်းမဟုတ်
ဘူးဆိုတာ သာဓကတွေအများကြီးရှိခဲ့တယ်။

ဒီနေ့ကာလ၊ ယူနီဖေါင်းချွတ် ပြီး အစိုးရတာဝန်ရှိတွေဆိုပြီးလုပ်နေကြတဲ့သူတွေ၊ စစ်တပ်နဲ့အသွင်ပြော
င်းအာဏာရှင်တွေကို ကျားကန်ပေးထားတဲ့ပါတီကြီးကပုဂ္ဂိုလ်တွေဟာ၊ စစ်တပ်က ထိန်းသိမ်းထားလို့တို
င်းပြည်ရဲ့အချုပ်အချာအာဏာ တည်တန့်နေတာ၊ ဘာညာဆိုပြီး ယခုအချိန်အထိဝါးဒဖြန့်ပြီးပြောဆိုနေ
ကြတုန်းဘဲဖြစ်တယ်။ အဲဒီအယူအဆဟာ မမှန်ဘူး၊ အာဏာရှင်တစုရဲ့အမှားတွေလုပ်ထားတာကိုဖုန်းကွ
ယ်ဖို့ဘဲဖြစ်တယ်ဆိုတာအားလုံးကသိထားတယ်ဆိုတာကို ထိုပုဂ္ဂိုလ်တွေမေ့နေကြတယ်။ စစ်တပ်နဲ့ပတ်
သက်လို့အမှန်တကယ်ဖြစ်နေရမယ့် အခြေအနေက၊ လွန်ခဲ့တဲ့တပတ်က မြင်းခြံမှာဖြစ်ခဲ့တဲ့၊ ခမရ ၁၅ မှ
စစ်ဗိုလ်တွေနဲ့စစ်သားတွေပါဝင်တဲ့အုပ်စုတစုက အရပ်သားတယောက်ကိုဝိုင်းရိုက်ပြီးနောက်၊ ၎င်းတို့မှား
တယ်ဆိုတာသိပြီး ခခယယ ပြန်လည်တောင်းပန်ခြင်းကိုပြုလုပ်ခဲ့ရာမှာ၊ အရိုက်ခံရပြီးနှာခေါင်းသွေးထွက်
ဖူးရောင်သွားခဲ့တဲ့အရပ်သားပုဂ္ဂိုလ်က ခွင့်လွတ်ပေးလိုက်တယ်ဆိုတဲ့အခြေအနေမျိုးတွေကိုလုပ်ပြနေရမ
ယ်။ လက်နက်အားကိုးနဲ့ကျောင်းသားတွေကိုသတ်ဖြတ်နှိပ်စက်ခဲ့သလို၊ ဘုန်းကြီးတွေကိုသတ်ဖြတ်နှိပ်
စက်ခဲ့သလို၊ လူမျိုးစုတွေကို ၎င်းတို့ရဲ့ဒေသတွေမှာ၊ သတ်ဖြတ်နှိပ်စက်ခဲ့သလို၊ မကြာသေးခင်ကအထိ
လက်ပတောင်းတောင်မှာ ဆန္ဒပြသူတွေကို နှိမ်နင်းခဲ့သလို မျိုးအယူအဆနဲ့၊ မြန်မာပြည်မှာစစ်တပ်က
သာလျှင်အဓိကအကျဆုံး၊ ငါတို့စစ်သားတွေသာလျှင် တိုင်းပြည်ကိုကယ်တင်သူတွေဖြစ်တယ်လို့ဘဲယူ
ဆနေမယ်ဆိုရင်တော့၊ ရှေ့ဆက်ပြီးကောင်းတာတွေဖြစ်လာနိုင်ဖို့က သိပ်ပြီးမလွယ်ကူလှဘူးလို့မြင်မိ
ပါတယ်။

အမှန်တကယ်တော့၊ လက်နက်အားကိုးတဲ့သူတွေဟာ သူရဲဘောကြောင်ပြီးကြောက်တတ်တဲ့သူတွေဖြစ်
ကြတယ်ဆိုတာအားလုံးနားလည်ကြပါတယ်။ အဲဒါကြောင့် သူတို့တွေဟာ Fair Fighting ကိုတော်ရုံနဲ့
လက်မခံတတ်ကြဘူး။ စစ်တပ်ကတိုင်းပြည်ရဲ့အာဏာကိုအချိန်မရွေးပြန်သိမ်းယူနိုင်တယ်၊ စစ်တပ်က
တိုင်းပြည်ရဲ့ဘဏ္ဍာငွေတွေကိုလိုအပ်သလိုယူသုံးနိုင်တယ်၊ နိုင်ငံတော်သမ္မတဟာ စစ်တပ်ဘက်ကလာ
တဲ့သူသာဖြစ်ရမယ်၊ လွှတ်တော်ထဲမှာ စစ်တပ်က ၂၅ % ထားမယ်ဆိုတာတွေဟာ ရွံရှာဖွယ်ကောင်းတဲ့မ
တရားမှုတွေဖြစ်တယ်ဆိုတာ၊ အဲဒီအယူအဆကို ဆက်လက်ရှင်သန်အောင်လုပ်နေကြတဲ့သူတွေသိသင့်
တယ်။ ဒီနေ့ မြန်မာနိုင်ငံရဲ့ အမှန်တကယ်တိုးတက်ပြောင်းလဲမှုကိုမြင်ချင်တယ်ဆိုရင်၊ သူရဲဘောကြော
င်တဲ့ လက်နက်၊အုပ်စုအားကိုးပြီးအနိုင်ပိုင်းတယ်ဆိုတဲ့အယူအဆကို စွန့်လွှတ်ပြီး၊ Fair Fighting လို့
ခေါ်တဲ့၊ တန်းတူရည်တူ တရားမျှမျှတတ ယှဉ်ပြိုင်ခြင်းကိုသာ ဒီမိုကရေစီလို့ခေါ်နိုင်မှာဖြစ်ပြီး၊ အမှန်တ
ကယ်တတ်ကျွမ်းနားလည်သော အမှန်တကယ်တိုင်းပြည်ကိုချစ်သော သူများကသာလျှင် တိုင်းပြည်ကို
တိုးတက်အောင်ပြုလုပ်နိုင်မှာဖြစ်ကြောင်း ထောက်ပြအပ်ပါသည်။
----------------------------------------------

 မြန်မာနိုင်ငံ မှာ စစ်တပ် ကြီးစိုးရေးဝါဒ

Tuesday 5 March 2013

လာဘ်ပေးလာဘ်ယူ ကိုဘယ်လိုတိုက်မလဲ

0 comments | Read more...


မြန်မာနိုင်ငံကိုဆင်းရဲတွင်းထဲမှာ နှစ်ပေါင်းများစွာကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေထဲမှာရောက်နေအောင်လု
ပ်ခဲ့တာသည်စစ်အာဏာရှင်စနစ်နှင့်အတူ၊ ဓလေ့ထုံးစံလိုဖြစ်နေခဲ့သောလာဘ်ပေးလာဘ်ယူမှုကြောင့်ဆို
တာ အမှန်တရားပင်ဖြစ်သည်။ ယနေ့ပေးလာသောအခြေအနေများအရ၊ အာဏာရှင်တွေကို မဖယ်ရှား
နိုင်သေးပေမယ့်၊ ခြစားလာဘ်စားမှုတွေ ပပျောက်အောင်ပြည်သူတွေအားလုံးလက်တွဲလုပ်နိုင်တယ်လို့
သတ်မှတ်လို့ရတယ်။

လာဘ်ပေးလာဘ်ယူမှု့တွေရှိနေတဲ့အခါ၊ အာဏာကို ကိုယ်ကျိုးအတွက် ဖေါက်လွဲဖေါက်ပြန် အသုံးချခြ
င်းတွေရှိနေမယ်။ ပြည်သူ့အကျိုးစီးပွါးကိုလစ်လျှုရှုပြီး၊ ပုဂ္ဂိုလ်ရေးအကျိုးစီးပွါးအတွက် ဆုံးဖြတ်ချက်တွေ
ချမှတ်ခြင်းတွေပြုလုပ်တယ်။ ဒီမိုကရေစီ နှင့်ပတ်သက်သောဖွဲ့စည်းတည်ထောင်မှု့များကိုအားနည်းစေ
ပြီး၊ တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေပြီး၊ ပြည်သူများ၏ ယုံကြည်ထောက်ခံမှု များလျော့နည်းစေတ
ယ်။ ဈေးနှုံး၊ အရည်အသွေး၊ တီထွင်ကြံဆမှုတွေအပေါ်မှာအခြေခံတဲ့ မျှတတဲ့ ပြိုင်ဆိုင်မှုတွေအပေါ်အ
ခြေခံရမယ့်အစား၊ အပြိုင်အဆိုင်လာဘ်ပေးလာဘ်ယူမှုများကိုဖြစ်ပေါ်စေတယ်။ အဲဒီလိုအခြေအနေတွေ
ဟာ ကုန်သွယ်မှု့လုပ်ငန်းတွေကိုထိခိုက်စေပြီး၊ နိုင်ငံတကာရင်နှီးမြှုပ်နှံမှုတွေကိုအဟန့်အတားဖြစ်စေ
တယ်။

သဘာဝပတ်ဝန်းကျင်ကိုကာကွယ်သောအဖွဲ့အစည်းများအနေနဲ့လာဘ်စားသောအခါ၊ အခြေခံတိုးတက်
မှုရရှိ ရမယ့်ကိစ္စတွေဟာတိမ်မြုပ်ပြောက်ကွယ်နေပြီး၊ ပတ်ဝန်းကျင်ဆက်လက်တည်ရှိမှုကိုခြိမ်းခြောက်မှု
တွေရှိလာတယ်။ လာဘ်စားမှုတွေတိုးပွါးလာစဉ်မှာ၊ စစ်အာဏာရှင်တွေဟာပိုပြီးလျှို့ဝှက်တတ်လာပြီး၊ အ
ခြေခံအကျဆုံးလူမှု့ရေး၊ စီးပွါးရေးအခွင့်အရေးများဟာ ခြိမ်းခြောက်ခြင်းခံလာရတယ်။ တဆက်တည်းမှာ
ဘဲ သန်းပေါင်းများစွာသောပြည်သူတွေအတွက်၊ ရိုးရိုးသားသားလုပ်ကိုင်စားသောက်ခြင်းဆိုတာကိုပြုလုပ်
ချင်ပေမယ့်၊ မဖြစ်နိုင်တော့တဲ့အခြေအနေကိုရောက်ရပါတော့တယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ခြစားလာဘ်စားတဲ့နိုင်ငံ ၁၇၆ နိုင်ငံရှိသည့်အထဲမှာအမှတ်စဉ် ၁၇၂ မှာရှိနေ
တယ်။ ဒီလို ကမ္ဘာ့နိုင်ငံတွေ ကြားမှာ အောက်ဆုံးအဆင့်နားမှာဘဲရှိနေတာဟာ၊ ကျယ်ကျယ်ပြန့်ပြန့် လာ
ဘ်
စားမှု့တွေရှိနေလို့ဖြစ်တယ်။ ယနေ့ကာလအခြေအနေများအရ တိုင်းပြည်နှင့်  ပြည်သူတွေရဲ့ ဘဝေ
တွဟာ၊ ယ္ခင်ကနဲ့ ဘာမှမထူးဘူးဆိုတာတွေ့ရတယ်။ လယ်သမားတွေရဲ့ဘဝတွေဆိုလျှင် ပိုဆိုးလာတာ
တွေကို တွေ့နေရတယ်။ ဒီအခြေအနေတွေပေါ်မှာ ဦးသိန်းစိန်အစိုးရအနေနဲ့ဖြေရှင်းချက်ပေးလိမ့်မှာက
ဒီလိုအခြေအနေတွေ ကနေရုန်းထွက်နိုင်ဖို့ အချိန်ကာလတခုကို ဖြတ်ကျော်ရလိမ့်မယ်ဆိုတာဘဲဖြစ်သ
ည်။ ဒါပေမယ့်လက်တွေ့သဘောအရ၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနိုင်ငံရေး၊ စီးပွါးရေး၊ ပတ်ဝန်းကျင်ထိန်း
သိမ်းရေး လုပ်ငန်းများကိုရှေ့ဆက်ဖို့ရန်၊ အတော်လေးခက်ခဲနေတာကိုတွေ့ရမည်။ ဘာ့ကြောင့်လဲဆိုေ
တော့၊ မြန်မာ့နိုင်ငံရေးလမ်းကြောင်းတွင် မရှင်းမရှင်းဖြစ်နေသော အခြေအနေများကြောင့်ပင်ဖြစ်သည်။
ဥပမာအားဖြင့်၊ ၂၀၀၈ ဖွဲ့စည်းပုံကိုမပြင်နိုင်ခြင်း၊ ပြင်ရန်အတွက် လမ်းစကိုပင်မဖေါ်ထုတ်နိုင်ခြင်း။ ဒီမို
ကရေစီနည်းကျကျ၊ မျှမျှတတ ရှိသောရွေးကောက်ပွဲမရှိခဲ့ခြင်း ကြောင့်၊ ပြည်သူများ အစစ်အမှန်တင်ေ
မြာက်သောပြည်သူ့ကိုယ်စားလှယ်များ အုပ်ချုပ်ရေးနေရာများတွင်မရှိဘဲ၊ စစ်ယူနီဖေါင်းချွတ်များကသာ
အဓိကအချက်အချာကျသောနေရာများကိုရယူထားခြင်း။ ခြစားလာဘ်စားမှုပြသနာများကို ပြတ်သားစွာ
အရေးယူ မှု မပြုလုပ်နိုင်ခြင်းများသည် လက်တွေ့ကျသောအချက်အလက်များဖြစ်သည်။

၁၉၈၈ နောက်ပိုင်းစစ်အာဏာရှင်များ သည်တိုင်းပြည်ကို ဒုက္ခအပေးဆုံးပုဂ္ဂိုလ်များဖြစ်သည်။ စစ်တပ်သာ
လျှင် အခရာကျသည်ဟုဆိုပြီး အာဏာရှိတာကိုအလွဲသုံးစားပြုလျက် ရနိုင်သမျှသောစီးပွါးရေးလုပ်ငန်း
များကို အတင်းအဓမ္မ လက်ဝါးကြီးအုပ်လုပ်ဆောင်လာပြီးနောက်၊ အနှစ် ၂၀ ကျော်ကာလအတွင်း အာ
ဏာရှင် ဗိုလ်ချုပ်ကြီးများ သန်းကြွယ်သဌေးတွေဖြစ်သွားကြပြီး၊ စစ်အုပ်စုပြုလုပ်မယ့် ၂၀၁၀ ရွေးကောက်
ပွဲမတိုင်ခင်လေးအထိ၊ ခွဲတမ်းတွေ ခွဲဝေယူခဲ့ကြတာကို အမှတ်ရမိပါသေးသည်။ အဲဒါအပြင် ၁၉၉၇-၂၀၀၁
ခုနှစ်များအတွင်း သဘာဓါတ်ငွေ့မှရတဲ့ငွေများသည် စာရင်းပြောက်နေဆဲပင်ဖြစ်သည်။ မြန်မာနိုင်ငံရဲ့၊ နို
င်ငံတကာသို့ပေးရမယ့်အကြွေးဟာ အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံ ကို စစ်အာဏာရှင်တွေအသုံးချခဲ့
တယ်။ ကျိန်းသေတာကတော့ ပြည်သူကိုဖိနှိပ်ဖို့၊ တိုင်းရင်းသားတွေကိုတိုက်ဖို့အတွက်သုံးခဲ့တာဖြစ်ပြီး၊
ပြည်သူအကျိုးအတွက် အသုံးမပြုခဲ့တာတော့ကျိန်းသေတယ်။ ကံကောင်းချင်တော့ အပေါ်ယံပြောင်းလဲမှု
တွေလုပ်ပြတဲ့အပေါ်မှာ၊ ဂျပန်က အမေရိကန်ဒေါ်လာ ၃.၇ ဘီလီယံ မြန်မာကပေးရမယ့်အကြွေးတွေကိုခ
ဝါချပေးလိုက်တယ်။ ပြီးတော့ နော်ဝေ က အမေရိကန်ဒေါ်လာ ၅၃၄ သန်း၊ ပြီးတော့တောင်ကိုးရီးယားက
လည်း သူ့ကိုပေးရမယ့်အကြွေးတွေကိုမယူတော့ဘူးဆိုတော့၊ အားလုံးစုစုပေါင်း အမေရိကန်ဒေါ်လာ ၆
ဘီလီယံလောက် ပေးစရာမလိုဘဲဖြစ်သွားပြီ။

ပြီးတော့ဦးပိုင်လီမိတက် ဆိုပြီး တိုင်းပြည်ကိုလှည့်စားခဲ့တာဟာလည်း ဒီနေ့အထိမရှင်းမလင်းဘဲဆိုတာ
အားလုံးအသိပါဘဲ။ အဲဒီဦးပိုင်မှာ ဝမ်ပေါင်က $ 1 Billion ထည့်ပြီး စစ်တပ်က ရှယ်ယာတွေနဲ့လုပ်ကြတဲ့
နေရာမှာ၊ အကျိုးအမြတ်ကို၊ ပါဝင်လုပ်ကိုင်တဲ့ သုံးဖွဲ့ (စစ်အစိုးရ၊ ဝမ်ပေါင် နဲ့ ဦးပိုင်) ယူလိုက်တဲ့အခါမှာ
စုစုပေါင်း ၄၃.၉ ရာခိုင်နှုံး သာစာရင်းထဲမှာရှိပြီး၊ ၅၆.၁ % သောအမြတ်ငွေတွေက ဘယ်ကိုသွားနေသလဲ
ဆိုတာမည်သူမျှမသိပေ။ ပြီးတော့လက်ပတောင်းတောင်မှာ သိမ်းထားတဲ့လယ်မြေတွေအတွက် လျော်ေ
ကြးပေးပြီးဖြစ်ပေမယ့်၊ လယ်သမားတွေကတော့ဘာမှမရခဲ့ကြဘူး။

ပြီးတော့၊ လယ်မြေတွေသိမ်းယူနေတဲ့ကိစ္စတွေမှာ၊ လယ်သမားတွေဘက်ကိုလုံးဝ ထည့်မတွက်ဘဲ တဦး
တယောက်ရဲ့အကျိုး၊ အုပ်စုတခုရဲ့အကျိုးအတွက်အဆင်ပြေလျှင် ပြီးရောဆိုတဲ့လုပ်ဆောင်မှု့မျိုးနဲ့လုပ်
နေခြင်းဟာ စစ်အာဏာရှင်တွေရဲ့လုပ်ရိုးလုပ်စဉ်နဲ့ဘာမှမထူးဘူးဖြစ်နေတယ်။ ပြီးတော့အဲဒီလို ပြည်သူ
တွေအပေါ်မတရားလုပ်ဆောင်ခြင်းတွေရှိတာကို၊ အထက်ကိုတိုင်ကြားပေမယ့်လည်း၊ ဘာအရေးယူမှုမှ
ပြုလုပ်တာကိုမတွေ့ရပေ။

ဒီလို မြန်မာနိုင်ငံဟာ ယခင်ကလိုဘဲ ဘာမှမထူးခြားတဲ့အခြေအနေမှာရှိနေခြင်းဟာ၊ ခြစားလာဘ်စားမှု့
ပြုလုပ်ထားတဲ့သူတွေကို ထိထိရောက်ရောက် အရေးယူ အပစ်ပေးခြင်းမလုပ်နိုင်တာကြောင့် ဆိုတဲ့အေ
ကြာင်းရင်းတခုကြောင့်လည်းဖြစ်တယ်လို့ပြောလို့ရတယ်။ ဒါကိုဖြေရှင်းဖို့အတွက် ဦးသိန်းစိန်ရဲ့လွှတ်ေ
တော်မှာ လာဘ်ပေးလာဘ်ယူမှုတိုက်ဖျက်ရေးကော်မီတီဆိုပြီးဖွဲ့ပေးလိုက်တာကိုလည်း မှတ်သားမိပါသ
ည်။ ဒါပေမယ့်လည်း၊ ဒီအဖွဲ့ဟာလည်း လွတ်လွတ်လပ်လပ်လုပ်နိုင်ဖို့အတွက် လောင်းရိပ်မိနေ မယ့်ပုံေ
ပေါ်တဲ့အတွက်၊ ထူးထူးခြားခြားဖြစ်မလာနိုင်ဘူးလို့ယုံကြည်တယ်။

အဲဒါကြောင့် အနောက်နိုင်ငံတွေမှာ လာဘ်စားမှု့တွေကို တိုက်ဖျက်သလို၊ ပြည်သူတွေအနေနဲ့လုပ်ကြ
မယ်ဆိုရင်၊ မြန်မာနိုင်ငံကလာဘ်ပေးလာဘ်ယူမှု့တွေကို လျော့နည်းသွားအောင် နဲ့အဲဒီ အယူအဆတွေ
ကိုပပျောက်အောင်လုပ်နိုင်လိမ်မယ်လို့ယုံကြည်သည်။ အနောက်နိုင်ငံတွေမှာ (Whistle-blower) လို့
ခေါ်တဲ့ လာဘ်စားတဲ့သူတွေကိုသိနေ တဲ့ သတင်းထုတ်ဖေါ်သူတွေဟာ အဓိကကျတယ်လို့သတ်မှတ်ကြ
တယ်။ ထိုနည်းတူစွာဘဲ မြန်မာနိုင်ငံမှာလည်း ကိုယ်တိုင်သိနေလို့ထုတ်ဖေါ်ပြောပြပေးမယ့်သူတွေအများ
ကြီးလိုအပ်နေတယ် လို့ထင်တယ်။ အဲဒီလိုမျိုးပြောပြပေးတဲ့သူတွေရှိလာမှ ပြည်သူတွေသိခွင့်ရမယ်၊ တ
ဆက်တည်းမှာဘဲ ပြည်သူတွေကိုမတရားလုပ်ထားတဲ့သူတွေကိုယ်တိုင် သူတို့ရဲ့သတင်းတွေဟာပြည်သူ
တွေကြားထဲမှာပြန့်နှံ့နေတယ်ဆိုတာ သိလာရင် သူတို့အတွက်နယ်ကျဉ်းသွားမယ်။ နောင်လုပ် လာနိုင်
တဲ့လာဘ်ပေးလာဘ်ယူမှုများကို ဟန့်တားနိုင်မယ်။ ရှိပြီးသားလာဘ်ပေးလာဘ်ယူမှုများကိုအရေးယူခြင်း
တွေပြုလုပ်နိုင်မယ်လို့ယုံကြည်ပါတယ်။

တဆက်တည်းမှာဘဲ၊ အဲဒီလိုထုတ်ဖေါ်ပြောဆိုမယ့်သူတွေရဲ့လုံခြုံရေးကိုလည်း ထိန်းသိမ်းပေးမယ်ဆိုရင်၊ ထုတ်ဖေါ်ပြောဆိုကြမယ့်သူတွေပိုများလာမယ်လို့ထင်မိပါတယ်။

အဲဒါကြောင့်နောက်ဆက်တွဲပါ ပုံစံလေးထဲမှာမိမိတို့သိထားသော မည်သည့်လာဘ်ပေးလာဘ်ယူမှုကိုမဆို
ဖေါ်ပြပေးပါရန် မြန်မာပြည်နှင့်မြန်မာပြည်သူများ၏အကျိုးအတွက် တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

============================

မြန်မာပြည်မှလာဘ်ပေးလာဘ်ယူမှု့များကိုဖေါ်ထုတ်ကြရအောင်


အထက်ပါဇယားတွင်ပေါ်လာအောင်အတွက် အောက်ပါ ပုံစံကိုဖြည့်စွက်ပါ။ -------------------------------------------------------------------------- --------------------------------------------------------------------------

Labels

ဧပြီ(၁) ရက် ကြားဖြတ်ရွေးကောက်ပွဲ၊ တရားမျှတမယ်လို့၊ ထင်ပါသလား?

Search This Blog