Saturday 23 February 2013

“ဤ" ကတော့ "ကျွဲ" ဘဲဖြစ်နေ ဦးမှာပါ

0 comments | Read more...




မြန်မာစစ်အာဏာရှင်တွေရဲ့တိုင်းပြည်နဲ့လူမျိုးအပေါ်လူလည်ကျမှုတွေဟာ..ဒီနေ့.ဒီအချိန်အထိ စနစ်တ
ကျနဲ့ပြုလုပ်နေဆဲဘဲဆိုတာ သိကြသူတွေရှိသလို.. သိသိကြီးနှင့်ခံနေကြသူများလည်းမြောက်များစွာရှိနေ
တာကိုတွေ့ရသည်။ မြန်မာပြည်ကိုဒီမိုကရေစီနိုင်ငံအဖြစ်သို့ပြောင်းလဲပေးခဲ့ပြီဆိုပြီး..လူသိရှင်ကြား၊နိုင်ငံ
တကာသိအောင် လုပ်ပေးခဲ့ခြင်းက၊ စစ်အာဏာရှင်တွေ ဟာ ၎င်းတို့ရဲ့ရည်ရွယ်ချက်တွေကိုစတင်အကော
င်အထည်ဖေါ်တာဖြစ်တယ်။ ဒါရဲ့နောက်ကွယ်က အတွေးအခေါ်ကတော့၊ တချိန်က ရုပ်ရှင်မင်းသားကျော်
ဟိန်းပြောခဲ့တဲ့ စကားတခုရှိတယ်။ ကျော်ဟိန်း နာမည်ကြီးနေရာမှ လူသစ် လူငယ်သရုပ်ဆောင်တွေ နေရာ
ဝင်ယူလာတဲ့အချိန်မှာကျော်ဟိန်းနာမယ်ကျလာတယ်။ အဲဒီတော့ ကျော်ဟိန်းအနေနဲ့ သူ့ရဲ့နာမည်ကြီးခြင်း
ကိုဆက်ထိန်းထားနိုင်အောင်အတွက်၊ လူသစ်တန်းတွေ နဲ့ရင်ဘောင်တန်းလုပ်ဆောင် ဖို့အတွက်ပြည်သူ
တွေကို နှိုးဆော်လိုက်တဲ့စကားတခုကတော့"မင်းတို့အကြိုက်လုပ်ပြမယ်" ဆိုတာပါဘဲ။

ယနေ့ မြန်မာပြည်ကစစ်အာဏာရှင်တွေလည်း ရာစုနှစ်တဝက်နီးနီး တိုင်းပြည်နဲ့ လူထုကို လူလည်ကျတဲ့ သမရိုးကျလုပ်ငန်းစဉ်တွေကိုလုပ်လာခဲ့ပြီးနောက်မှာ၊ ရှေ့ဆက်ရန်အခက်အခဲတွေကြုံလာတာကြောင့်၊ဖြစ်
ပေါ်လာသောအခြေအနေပေါ်မူတည်ပြီးမီဒီယာ ကိုမီဒီယာဖြင့်တိုက်မည်၊ ပြည်သူတွေနဲ့နိုင်ငံတကာကပြော
နေသည့် ဒီမိုကရေစီနှင့် အသံထွက်တူပြီး အဓိပ္ပါယ်ကွဲလွဲသော စစ်အာဏာရှင်တွေရဲ့ဒီမိုကရေစီကို အကော
င်အထည်ဖေါ်တာဟာ၊ ကျော်ဟိန်းပြောသလို စစ်အာဏာရှင်တွေရဲ့"မင်းတို့အကြိုက် လုပ်ပြမယ်" ဆိုတာနှ
င့်သဘောအတူတူပင်ဖြစ်သည်။

အဲဒီလိုအတွေးအခေါ်နဲ့ မြန်မာပြည်ရဲ့စစ်အာဏာရှင်လက်သစ်တွေဟာခရီးဆက် လာခဲ့ရာမှာ၊ မြန်မာပြည်
မှာ၊ ပါလီမန်ရှိတယ်ဆိုတာရယ်၊ အကျဉ်းသားတွေလွှတ်ပေးတယ်ဆိုတာတွေရယ်၊ သတင်းလွတ်လပ်ခွင့် ရှိ
တယ်ဆိုတာတွေရယ်၊ တိုင်းရင်းသားနဲ့အတိုက်အခံအင်အားစုတွေနဲ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ် တ
ယ်၊ ပြီးတော့ အမေရိကန်နဲ့အနီးကပ်ဆက်ဆံမှု့တွေပြုလုပ်တယ်ဆိုတဲ့ လုပ်ငန်းစဉ်တွေ၊အကုန်လုံး စစ်အာ
ဏာရှင်တွေဆီမှာရှိတယ်။

ဒါပေမယ့် ဒီအချက်တွေကို အတွင်းကျကျကြည့်မယ်ဆိုရင်တော့...ပါလီမန်ထဲမှာ ပြည်သူကမရွေးချယ်ဘဲ
စစ်တပ်ကအတင်းထိုးထည့်ထားတဲ့ ပုဂ္ဂိုလ်တွေက ၂၅ ရာခိုင်နှုံး နဲ့၊ စစ်အာဏာရှင်စနစ်သက်ဆိုးရှည်စေ
ဖို့ဝိုင်းဝန်းလုပ်ဆောင်မယ့်၊ ရွေးကောက်ပွဲမှာ မတရားမှုတွေနဲ့အနိုင်ရလာတဲ့ ပုဂ္ဂိုလ်တွေက ၆၀ ရာခိုင်နှုံး
ဆိုတော့၊ အာဏာရှင်တွေနဲ့၎င်းတို့ရဲ့အပေါင်းအပါတွေကို၊ ထိခိုက်နစ်နာစေမယ့် မည်သည့်တင်ပြချက်မ
ဆိုဟာကျဆုံးနေမှာဘဲ။ အကျဉ်းသားတွေလွှတ်ပေးတယ်ဆိုပေမယ့်၊ အများစုသောနိုင်ငံရေးအကျဉ်းသား
တွေကတော့ အကျဉ်းထောင်တွေထဲမှာဘဲရှိနေတုန်းဘဲ။

သတင်းလွတ်လပ်ခွင့်ရှိတယ်ဆိုပြီး မကြာသေးခင်က ဘလောဂ်ရေးသူဒေါက်တာဆိတ်ဖွါးကိုဖမ်းဆီးဖို့အ
တွက်လွှတ်တော်မှာ ကော်မရှင်ဖွဲ့တဲ့အဆင့်အထိလုပ်ကြတာဟာသမရိုးကျတော့မဟုတ်လောက်ဘူး။ အ
တိုက်အခံအင်အားစုတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေလုပ်ခဲ့တယ်ဆိုပေမယ့်၊ ဘယ်သူတဦးတယောက်
ကမှအစစ်အမှန်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအဖြင့်မသတ်မှတ်ကြဘူး။ အဲဒါအပြင် ကချင်ကိုတိုက်နေခြင်း
ကိုခေတ္တရပ်တယ်ဆိုပြီး၊ ရှမ်းဘက်မှာတိုက်ပွဲတွေဖြစ်လာတာကိုတွေ့ရမယ်။

စစ်အာဏာရှင်တွေဟာ၊ ၎င်းတို့ဖြစ်စေချင်သည့်အရာများကိုသာ အကောင်အထည်ဖေါ်လုပ်ဆောင်နေ
တယ်ဆိုတ၎င်းတို့ရဲ့လုပ်ရပများကသက်သေပြနေတယ်။ ထင်ရှားတဲ့ဥပမာအဖြင့်၊ ယခုလောလောဆ
ယ်မှာ လွှတ်တော်မှာအတည်ပြုတော့မယ့် စစ်အသုံးစရိတ် ဆိုတဲ့ကိစ္စကိုကြည့်နိုင်ပါသည်။ စစ်တပ်ဟာ
ယခင်လိုဘဲစစ်တပ်အသုံးစရိတ်ကို တိုင်းပြည်တခုလုံးအသုံးစရိတ်တွေထက် အများဆုံးရအောင်ပြုလုပ်
လျက်ရှိနေဆဲဘဲဆိုတာကိုတွေ့နိုင်တယ်။ ၂၀၁၂-၂၀၁၃ အတွက် စစ်အသုံးစရိတ် ကိုတိုင်းပြည်တခုလုံး
ဘက်ဂျက် ရဲ့ ငါးပုံ တပုံ(၂၀.၈၆ % - ကျပ်သန်းပေါင်း တသန်းခြောက်သောင်းကျော်- US$ 1.15 billion)
ဆိုတဲ့ပမာဏကိုရရှိမယ်။ အကြေအလည်ဆွေးနွေးတာမျိုးမဟုတ်ဘဲနဲ့၊ ဟန်ပြလောက်သာလွှတ်တော်
ကိုတင်ပြခဲ့သလိုဖြစ်တယ်။

ပညာရေးအတွက် ၄.၄ ရာခိုင်နှုံး၊ ကျန်းမာရေးအတွက် ၃.၉ ရာခိုင်နှုံး သုံးစွဲမယ်ဆိုတာနဲ့စစ်အသုံးစရိ
တ်ကိုပြန်ယှဉ်ကြည့်မယ်ဆိုရင်၊ ပြည်သူတွေဘဝတွေဟာ၊ သိပ်ပြီးအထွေအထူးကြီးဖြစ်မလာနိုင်ဘူးဆို
တဲ့အဖြေကိုဘဲရောက်ပြီး၊ စစ်တပ်ကြီးစိုးမှု့က၊ လျော့နည်းလာစရာအကြောင်းမရှိဘူးဆိုတာကိုတွေ့ရ
မယ်။ ဒါ့အပြင် စစ်တပ်က တိုင်းပြည်ဘဏ္ဍာ ကိုလိုအပ်သလောက် အကန့်အသတ်မရှိ လွှတ်တော်အ
တည်ပြုချက်မလိုဘဲထုတ်ယူသုံးစွဲနိုင်တယ်ဆိုတဲ့အခွင့်အာဏာကိုလည်းရရှိထားတော့၊ မြန်မာပြည်က
ဒီမိုကရေစီက ရယ်စရာကြီးလိုဖြစ်နေတယ်။

ဒီလိုမျိုးတွေမရှိတော့အောင် လုပ်နိုင်တဲ့တခုတည်းသောနည်းလမ်း ကတော့ ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်
နိုင်တယ်ဆိုမှ ဤ ကို ဤ လို့ဖတ်လို့ရနိုင်တော့မှာပါ။

Monday 11 February 2013

လယ်သမားတွေအတွက်သတင်းထူး

0 comments | Read more...

Labels

ဧပြီ(၁) ရက် ကြားဖြတ်ရွေးကောက်ပွဲ၊ တရားမျှတမယ်လို့၊ ထင်ပါသလား?

Search This Blog