You are here: Home » ACTION » အခြေခံအကျဆုံးအပြောင်းအလဲ
Sunday, 29 July 2012
မကြာသေးခင်ကဘဲ ကမ္ဘာ့အရက်စက်ဆုံးစစ်အာဏာရှင်တွေအုပ်ချုပ်ခြင်းခံခဲ့ရတဲ့မြန်မာနိုင်မှာ၊ ဒီမိုကရေ
စီဘက်ကိုပြောင်းလဲနေပါပြီဆိုပြီး ကမ္ဘာတလွှား ကွက်ကြို ကွက်ကြား မရဲတရဲ ချီးမွန်းနေကြတာတွေကြား
နေရတယ်။
အစစ်အမှန် အပြောင်းအလဲဟုတ်မဟုတ်ကို မသုံးသတ်နိုင်သေးခင်မှာ၊ ညင်သာတဲ့ပြောင်းလဲမှု သို့မဟုတ်
ကမ္ဘာမှာ စံနမူနာယူလောက်သော အာဏာရှင်စနစ် မှ ဒီမိုကရေစီသို့ကူးပြောင်းခြင်း ပုံသဏ္ဍန် ကိုဖေါ်ထု
တ်လိုတာကြောင့်၊ ကမ္ဘာ့ခေါင်းဆောင်များ ဒေါ်အောင်ဆန်းစုကြည်ကိုဦးတည်ပြီး၊ အားပေးနှစ်သိမ့်တဲ့ မြန်
မာပြည်သို့လာရောက်လည်ပတ်ခြင်းကိုပြုလုပ်ကြတယ်။
အပြောင်းအလဲတွေကို ပြန်ကြည့်တဲ့အခါ၊ မြန်မာပြည်မှာ ယခင်ကနဲ့မတူတာတွေ အများကြီးတွေ့ရတာကို
တော့မငြင်းလိုပါ။ ဦးသိန်းစိန် ဗိုလ်ချုပ်အောင်ဆန်းပုံချိတ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့တာကနေစပြီး
မြစ်ဆုံဆည် ကို ရပ်ဆိုင်းတယ်၊ တိုင်းပြည်အကျိုးအတွက် အနစ်နာခံပြီးလုပ်နေကြတဲ့သူတွေကိုနောက်ယေ
ာင်ခံလိုက်ခြင်း ထောက်လှန်းခြင်းတွေကို ပေါ်ပေါ်ထင်ထင်မလုပ်တော့ဘူး၊ သတင်းသမားတွေ လွတ်လပ်
စွာသတင်းယူခွင့်ရနေကြတယ် (censor တွေတော့ရှိနေဆဲဘဲ)၊ ဆန္ဒပြခွင့်ကို လက်တလုံးခြား လှည့်ပတ်ပြီး
ခွင့်ပြုချက်ပေးထားတယ်၊ စတဲ့စတဲ့ ပွင့်လင်းထင်သာမှုမရှိတဲ့ ကိစ္စတွေကိုတော့၊ မြန်မာပြည်မှာလုပ်ဆောင်
နိုင်နေတာတွေကိုတွေ့ရမှာဖြစ်တယ်။
နောက်ကြောင်းပြန်လှည့်လို့မရတဲ့ပြောင်းလဲမှု့မျိုးကိုအကောင်အထည်ဖေါ်နေပါတယ်ဆိုတဲ့အသုံးအနှုံးကို
လက်ကိုင်ပြုပြီး၊ နိုင်ငံတကာကိုရော၊ ပြည်တွင်းကိုပါ၊ ဝါဒဖြန့်လုပ်ဆောင်လာခဲ့တာ၊ မြန်မာ့အရေးကိုလုပ်ေ
ဆာင်နေသူ အတော်များများရဲ့အာရုံကိုဖမ်းစားနိုင်ခဲ့တယ်။ ဒါပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ
ရယ်၊ ယူနီဖေါင်းချွတ်ပြီး အစိုးရအဖွဲ့ထဲဝင်လာသူတွေရဲ့ သဘောထားတွေမပြောင်းလဲတာတွေရယ်ကိုကြ
ည့်ရင်၊ မြန်မာပြည်ဟာ အချိန်မရွေး နောက်ကြောင်းပြန်လှည့်လို့ရနိုင်တယ်။ ယခင်ကလဲ နိုင်ငံတကာရဲ့ေ
ပြာဆိုမှုတွေကို ဂရုမစိုက်ခဲ့သလို အပြုအမူမျိုးရှိခဲ့တာကြောင့်၊ ၎င်းတို့ရဲ့အကျိုးစီးပွါးကိုအခြေခံပြီးနောက်
ကြောင်းပြန်လှည့်မယ်ဆိုရင်၊ နိုင်ငံတကာရဲ့ပြောဆိုရှုံ့ချမှုတွေကို လစ်လျှုရှုဖို့ရာ အာဏာရှင်တွေအနေ
နဲ့ ဝန်မလေးလောက်ဘူးလို့ထင်တယ်။
ဒီနေ့မြန်မာပြည်ရဲ့အခြေအနေကိုပြန်ကြည့်မယ်ဆိုရင်၊ အပေါ်ယံပြောင်းလဲမှုတွေ သာလျှင်ဖြစ်ပြီး၊ အဲဒီေ
ပြာင်းလဲမှုတွေတောင်၊ ပြည်သူတွေအတွက်အာမခံချက်မပေးနိုင်သေးတာကိုတွေ့ရမယ်။ စီးပွါးရေးလုပ်ငန်း
တွေ အားလုံးကို ယခင်ကလိုဘဲ ၎င်းတို့နဲ့ ၎င်းတို့ကို ပံ့ပိုးနေသောသူတွေရဲ့လက်ထဲမှာဘဲထားထားခြင်း
ဟာ၊ ၎င်းတို့ရဲ့ရည်ရွယ်ချက်တွေထဲက တခုဖြစ်တယ်။ ဦးသိန်းစိန်ရဲ့အပြောအရ၊ နိုင်ငံခြားတိုင်းပြည်တွေ
မှာအလုပ် သွားလုပ်နေကြတဲ့မြန်မာလူမျိုးတွေကို၊ မြန်မာပြည် ကိုပြန်ခေါ်ပြီး မြန်မာပြည်တိုးတက်ရေးအတွ
က်၊ ဝိုင်းဝန်းလုပ်ဆောင်ကြစေခြင်တယ်ဆိုတဲ့ ကိစ္စဟာလည်း၊ လက်တွေ့မှာ အလုပ်တွေမရှိဘဲနဲ့၊ သင့်တင့်
လျောက်ပတ်တဲ့ လုပ်ခကြေးငွေတွေကို မရနိုင်ဘဲနဲ့၊ ဥပဒေ စိုးမိုးရေးကို လက်တွေ့ကျကျအကောင်အထ
ည်မဖေါ်နိုင်သေးတာကိုသိနေကြတဲ့မြန်မာတွေအနေနဲ့ မြန်မာပြည်ကိုပြန်လာကြမယ်ဆိုတဲ့ကိစ္စဟာအတေ
ာ်လေးခက်ခဲလှပါတယ်။
မြန်မာပြည်ရဲ့တိုးတက်မှုတွေကိုအသေအခြာ ဆန်းစစ်ကြည့်မယ်ဆိုရင်၊ အချိန်နဲ့တပြေးညီ၊ ရည်ရွယ်ချက်ရှိ
ရှိ၊ စည်းစနစ်နဲ့သွားနေတယ်ဆိုတဲ့ အရာတွေကိုဆွဲထုတ်ပြဖို့ရာ၊ အလွန်ခက်ခဲပါသည်။ အဓိကျပသနာကေ
တာ့၊ စစ်အစိုးရ ဆိုသူများက၊ ၎င်းတို့ရဲ့သဘောထား၊ ထင်မြင်ချက်တွေ၊ လုပ်ဆောင်ချက်တွေကို၊ မှားနေ
သည့်တိုင်အောင်၊ ၎င်းတို့လုပ်တာမှန်သည်၊ ဆိုသည့် ကမ္ဘာထဲမှ မထွက်ဘဲ၊ ဒီမိုကရေစီ ဆိုတဲ့အ ရေခွံကိုခြုံ
ပြလိုက်ပြီး၊ မြန်မာပြည်ရဲ့ပြသနာများကို၊ ဟန်ဆောင်ဖြေရှင်းနေတဲ့ ပုံစံမျိုးဖြစ်နေတယ်။ စစ်အစိုးရရဲ့ ယူနီေ
ဖါင်းချွတ်တွေ (သို့) ကြံ့ဖွတ်ပါတီ ရဲ့တာဝန်ရှိတဲ့သူတွေရဲ့ အပြောအဆိုတွေကို သုံးသပ်ကြည့်မယ်ဆိုရင်၊ ၎င်းတို့အနေနဲ့ ၎င်းတို့ရဲ့ရည်ရွယ်ချက်တွေကို တစိုက်မတ်မတ်၊ အကောင်အအထည်ဖေါ်နေတယ်ဆိုတာ
သိသာတယ်။ တချိန်တည်းမှာဘဲ၎င်းတို့ရဲ့ရည်ရွယ်ချက်တွေဟာ၊ အကောင်အထည်ပေါ်လာသလိုဖြစ်နေ
တာကိုတွေ့ရမှာဖြစ်တယ်။
အတိုက်အခံတွေဘက်ကတော့၊ လွှတ်တော်ထဲမှာ ပါဝင်လုပ်ဆောင်ခြင်းအားဖြင့်၊ တိုင်းပြည်ကိုတိုးတက်ေ
အာင်မလုပ်နိုင်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်နိုင်အောင်လုပ်မယ်၊ ဥပဒေစိုးမိုးရေး ရအောင်လုပ်ဆော
င်မယ်လို့ကြွေးကြော်ထားတာကိုတွေ့ရတယ်။ ဖြစ်နိုင်ခြေရှိ/မရှိ ကိုတော့ လောလောဆယ်နဲ့၊ ဒီလွှတ်တေ
ာ်သက်တမ်းအတွင်းမှာ ဖြစ်မလာနိုင်ဘူးလို့တွေ့ရှိရတယ်။ ဘာကြောင့်လည်းဆိုတော့ စစ်အာဏာရှင်တွေ
က ၎င်းတို့ကျူးလွန်ထားခဲ့သမျှကို အရေးယူမခံရစေဖို့၊ ဒီဖွဲ့စည်းပုံထဲမှာ အကုန်လုံးထည့်သွင်းရေးဆွဲထား
ပြီးသားဆိုတဲ့အပေါ်မှာ၊ ဒီ၂၀၀၈ ဖွဲ့စည်းပုံဟာ၊ စစ်အာဏာရှင်တွေရဲ့ ခံကတုတ်ဖြစ်တယ်၊ ဒါကိုအစွမ်းကုန်
ကာကွယ်ရမယ်ဆိုတာဟာ စစ်အာဏာရှင်တွေရဲ့ရည်မှန်းချက်ဖြစ်တယ်ဆိုတာဟာ သဘာဝကျလှပါတယ်။
ဒါဆိုရင် ယခုလက်ရှိလွှတ်တော်သက်တမ်းကုန်မယ့်၊ ၂၀၁၅ ကိုမျှော်ကြည့်မယ်ဆိုရင်လည်း၊ ကိုယ်လိုရာဆွဲ
တွေးတဲ့ပုံစံမျိုးနဲ့ ရွေးကောက်ပွဲမှာအပြတ်အသတ်အနိုင်ရအောင်လုပ်ပစ်လိုက်မယ်ဆိုတဲ့အယူအဆနဲ့စိတ်
ကူးကြည့်လို့ရပေမယ့်၊ လက်တွေ့သဘောမှာ ဖြစ်လာနိုင်ခြေအလွန်နည်းတယ်ဆိုတာ ယနေ့ရှိပြီးသားအ
ခြေအနေတွေကညွှန်းဆိုနေတယ်။ စစ်အာဏာရှင်တွေအနေနဲ့ ရွေးကောက်ပွဲကို အနိုင်ရမှဖြစ်မယ်ဆိုတဲ့
အခြေအနေအရဘဲ၊ တရားသည်၊ မတရားသည်ကို လစ်လျှူရှုပြီး၊ အောက်လမ်းနည်းနဲ့အနိုင်ရအောင်လုပ်
သွားမယ်ဆိုရင်လည်း၊ အတိုက်အခံတွေဘက်က ထိထိရောက်ရောက်အရေးယူနိုင်တဲ့ လုပ်ဆောင်ချက်တွေ
ယခင်ကတည်းကမရှိခဲ့ဘူးဆိုတာ၊ အထင်အရှားမြင်ခဲ့ပြီးပြီ။
ဒါဆိုရင်အခြေခံအကျဆုံးအပြောင်းအလဲကဘာလဲ???..........
မြန်မာပြည်မှာ အစစ်အမှန်ပြောင်းလဲမှုဘက်ကိုဦးတည်ဖို့အတွက် အဓိကကျတဲ့အောက်ခြေတွေကိုအရင်
ဦးစွာ ပြောင်းလဲပစ်နိုင်တယ်ဆိုရင်၊ မြန်မာပြည်မှာ ရိုးရာဓလေ့လိုဖြစ်နေတဲ့ ခြစားလဒ်စားမှုတွေကို တိုက်
ဖျက်ပစ်နိုင်မယ်။ တိုင်းပြည်အကျိုး၊ အများပြည်သူအကျိုးထက် မိမိကိုယ်ကျိုးကိုသာကြည့်နေရတဲ့လုပ်ရိုးလု
ပ်စဉ်တွေကိုပယ်ဖျက်နိုင်မယ်။ အခွင့်သင့်စွာဘဲ မကြာသေးခင်က ထွက်ပေါ်လာတဲ့ရပ်ကွက်ကျေးရွာအုပ်ချု
ပ်ရေးဆိုင်ရာနည်းဥပဒေတွေထွက်ပေါ်လာခဲ့ပြီ ဆိုတော့ ပြည်သူတွေတိုက်ရိုက်ရွေးချယ်ခွင့်ရမယ်လို့ဆိုထ
ားတယ်။ အဲဒီလိုအမှန်တကယ်ပြည်သူ့ဆန္ဒနဲ့လျှို့ဝှက်မဲပေးပြီးရွေးချယ်မယ်ဆိုလျှင်၊ ယခင် ခြစားလဒ်စား
နေတဲ့၊ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်အောင်ပံ့ပိုးနေတဲ့ပုဂ္ဂိုလ်တွေကို တိုင်းပြည်နဲ့လူမျိုးအတွက်အ
မှန်တကယ်အလုပ်လုပ်နိုင်မယ့်သူတွေနဲ့အစားထိုးနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။ ဒါ့ကြောင့် ကိုမင်းကို
နိုင်နဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်များကို၊ အခြေခံအကျဆုံးအပြောင်းအလဲများဖြစ်ပေါ်လာအောင်ကြိုးပမ်း
စေလိုတာကြောင့် ဒီဆောင်းပါးလေးနဲ့တင်ပြလိုက်ပါရစေ။
(ကိုမင်းကိုနိုင်နဲ့ ၈၈ ခေါင်းဆောင်များကို အလေးအနက်အကြံပေးခြင်တာက အဓိက ရည်ရွယ်ချက်ပါ။)
(ပြည်သူကရွေးချယ်နိုင်တော့မည့်ရပ်ကျေး နည်းဥပဒေပေါ်ထွက်လာ - http://burmese.dvb.no/archives/27902 )
Related Posts
CAREFUL CONSIDERATION IS NEEDED TO LIFT SANCTIONS ON BURMA CAREFUL CONSIDERATION IS NEEDED TO LIFT SANCTIONS ON BURMAPolitical climate in Burma at the moment is all about sanctions imposed by US and EU. Actually it is the occasion to fulfil what the regime wants for their continue grip on power. Chairing the ASEAN in 2014 which is one of the wish lists of ... readmore
The Voice Weekly ဂျာနယ်၊ Modern ဂျာနယ် နဲ့ မြစ်ဆုံဆည်မြန်မာပြည် ကို ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနေပါတယ်ဆိုတဲ့၊ စစ်အာဏာရှင်အရေခြုံများဟာ၊ ပြည်သူကိုအနိုင်ကျင့်လိုတဲ့စိတ်တွေကို၊ မထိန်းချုပ်ထားနိုင်ဘူးဆိုတာ၊ The Voice Weekly ဂျာနယ်၊ Modern ဂျာနယ် တို့ကိုတရားစွဲတဲ့ကိစ္စ၊ မြစ်ဆုံဆယ်ကိုပြန်စတင်မယ်ဆိုတဲ့ကိစ္စတွေကိုကြည့်ရင်၊ အနာဂါတ် မြန်မာပြည်အတွက် စိုးရိမ်စရ ... readmore
ကြိုဆိုပါတယ်၊ ထောက်ခံပါတယ်၊ ယုံကြည်ပါတယ် ၈၈ ခေါင်းဆောင်များကြိုဆိုပါတယ်မတရားတဲ့ဥပဒေများနဲ့ မတရားထောင်ချခံထားရခြင်းမှ လွတ်မြောက်လာတဲ့ ၈၈ ခေါင်းဆောင်များကို၊ သူတို့ကိုယ်တိုင် ခံစားရတဲ့ပီတိဖြစ်မှုမျိုးလို၊ သူတိုရဲ့မိသားစုဝင်တွေခံစားရတဲ့ ကြည်နှူးမှုမျိုး နဲ့ဆင်တူသော ဝမ်းသာပီတိဖြစ်မှု ဖြင့် လှိုက်လှဲစွာကြိုဆိုပါတယ်။ အလေးပြုပါတယ်။ထောက်ခံပါတယ်၈၈ ပြည်သူ့အရေးတော်ပံ ... readmore
လာဘ်ပေးလာဘ်ယူ ကိုဘယ်လိုတိုက်မလဲ မြန်မာနိုင်ငံကိုဆင်းရဲတွင်းထဲမှာ နှစ်ပေါင်းများစွာကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေထဲမှာရောက်နေအောင်လု ပ်ခဲ့တာသည်စစ်အာဏာရှင်စနစ်နှင့်အတူ၊ ဓလေ့ထုံးစံလိုဖြစ်နေခဲ့သောလာဘ်ပေးလာဘ်ယူမှုကြောင့်ဆို တာ အမှန်တရားပင်ဖြစ်သည်။ ယနေ့ပေးလာသောအခြေအနေများအရ၊ အာဏာရှင်တွေကို မဖယ်ရှား နိုင်သေးပေမယ့်၊ ခြစားလာဘ်စားမှုတွေ ပ ... readmore
လစ်ဗျားဖြစ်စဉ်မှ မြန်မာပြည်အတွက်အတွေးတခုအာရပ်စပရင်းလို့ခေါ်တဲ့ အီဂျစ်မှစတင်လိုက်သော၊ အောက်ခြေလူထုမှနှစ်ကာလကြာမြင့်စွာအုပ်ချုပ်နေသောစစ်အာဏာရှင်များကိုတွန်လှန်ဖြိုချခြင်း များတွင်ယခုလောလောဆယ်မြင်တွေ့နေရသော၊ လစ်ဗျားတွင်ဖြစ်ပျက်နေသည့်ဖြစ်စဉ်များသည်တခုအပါအဝင်ဖြစ်သည်။အာရပ်ကမ္ဘာမှာ ဖြစ်စဉ်များရဲ့အခြေခံတူညီချက်ကတော့၊အာဏာရှင်များ၊ ပြည်သူလူထုပေါ်မတရာ ... readmore
အခြေအနေကိုအကောင်းဆုံးအသုံးချခြင်းအတိတ်ကို ပြန်သွားတာတော့မဟုတ်ပါ။ မနေ့ကဖြစ်ခဲ့တာတွေကိုတော့လစ်လျှုရှုလို့မရနိုင်ဘူးလို့ထင်ပါတယ်။မြန်မာပြည် ဒီမိုကရေစီအရေးအတွက်၊ ရဟန်းသံဃာတွေ၊ ကျောင်းသားတွေ၊ ပြည်သူတွေ ရဲ့ အသက်တွေ ဘဝပေါင်းမြောက်များစွာကိုပေးဆပ်ခဲ့ ပြီးပြီ။ ဒီလိုအနစ်နာခံခဲ့ခြင်း တွေရဲ့ ရည်ရွယ်ချက်ကတော့၊ မြန်မာပြည်နဲ့ ပြည်သူတွေရဲ့ဘဝတွေ လ ... readmore
ဟီလာရီကလင်တင်ရဲ့ခရီးစဉ်မှာ စိုးရိမ်မှုတွေဖေါ်ပြကြရအောင်နိုဝင်ဘာ(၃၀) ရက်နေ့မှာသွားမယ့်၊ အမေရိကန်နိုင်ငံရဲ့နိုင်ငံခြားရေးဝန်ကြီးရဲ့ခရီးစဉ်မှာ၊ မြန်မာတယောက်အနေနဲ့၊ စစ်အစိုးရမှအသွင်ပြောင်းလာတဲ့ သိန်းစိန်အစိုးရ နဲ့မလိုအပ်သေးသော အပေးအယူလုပ်မှုများမဖြစ်ပေါ်လာစေရေးအတွက်၊ စိုးရိမ်တယ်ဆိုလျှင်၊ ကျွန်တော်တို့တွေရဲ့အသံတွေကိုကြားနိုင်အောင်၊အောက်ပါအိတ်ဖွင့်ပေးစာလေးကို ... readmore
မြန်မာနိုင်ငံရဲ့အဓိကပြသနာတခုမြန်မာပြည်မှာအဓိက ပြသနာပေါင်းများစွာထဲက တခုဖြစ်သော စစ်တပ်ကြီးစိုးရေး၊ အရပ်သားများကို အနိုင်ကျင့်ချင်တိုင်းအနိုင်ကျင့်လိုခြင်း သဘောထား လုပ်ဆောင်ချက်နဲ့ပတ်သက်ပြီး၊ ကိုကျော်ကျော်သိန်းနဲ့အတူ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ ၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ဆွေးနွေးထားတာ တော်ေ ... readmore
စောင့်ကြည့်ခြင်း (သို့) NATO လုပ်ခြင်းဖြင့် စစ်အာဏာရှင်စနစ်အောက်ကမလွတ်မြောက်နိုင်မြန်မာပြည်မှာနိုင်ငံရေးအခင်းအကျင်းများပြောင်းလဲလာနေသည်၊စစ်အာဏာရှင်များလှည့်ကွက်အသစ်များသုံးပြုလာကြသည်ဆိုတာကိုမည်သူမှငြင်း၍မရနိုင်ပါ။ သေချာတာတခုကတော့မြန်မာပြည်အစစ်အမှန်ပြောင်လဲရေးဘက်သို့ရောက်ရှိဖို့အတွက် စစ်အာဏာရှင်များအမြင်မှန်ရလာနေပြီလောဆိုတာကို၊ ဒေါ်အောင်ဆန်းစုကြည်ပင်လျှင်ထင်မြင်ချက်မပေးနိုင်ပါ။ ထ ... readmore
AN OPEN LETTER TO PRESIDENT OBAMA Normal 0 false false false EN-GB X-NONE X-NONE ... readmore
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment