တန်ရာ တန်ကြေးတော့ပေးရမယ်လို့ထင်တယ် - ၂

Wednesday 11 January 2012


တန်ရာတန်ကြေးတော့ပေးရမယ်လို့ထင်တယ် - အပိုင်း (၂)
အပိုင်း (၁) ကို ဒီမှာသွားရောက်ဖတ်ရှုနိုင်ပါတယ်။

အတိုက်အခံများ၏စည်းလုံးညီညွတ်စွာတိုက်ပွဲဝင်မှုအားနည်းခြင်း

အရှိအတိုင်းရှုမြင်ရန်

ဒီကန္တကိုတင်ပြတဲ့နေရာမှာ၊ အမှန်တကယ်တွေ့မြင်ရတဲ့အခြေအနေများကိုသာ ဆွေးနွေးတင်ပြလိုတာကြောင့်၊
လိုအပ်ချက်များရှိကောင်းရှိပေလိမ်မည်။ ဒါပေမယ့်၊ ဥပမာသဘောအရ၊ ကိုယ်နဲ့ယှဉ်ပြိုင်ထိုးသတ်ရမယ့်ပြိုင်ဘ
က်ကဲ့သို့ အရပ်အမောင်း၊ အလုံးအထည် မတိမ်းမယိမ်းရှိမှသာလျှင်၊ ကိုယ့်ရဲ့ပြိုင်ဘက်ကိုအနိုင်ရအောင်ထိုးသ
တ်နိုင်ပေမည်။ သို့မဟုတ်ဘဲ၊ ကိုယ်တိုင်က အလုံးအထည်၊ အရပ်အမောင်းအားဖြင့်ဘယ်လိုမှ မယှဉ်သာအောင် ကွာခြားနေသည်ကို လစ်လျှုရှုပြီး၊ အရှိသဘောကိုဥပေက္ခာ ပြုပြီးကြိုးဝိုင်းထဲသို့ဝင်သွားမယ်ဆိုရင်တော့၊ ကျိန်း
်သေအရှုံးနှင့်ရင်ဆိုင်ရမှာဖြစ်သည်။ ဒီသဘောသဘာဝအရ၊ ကိုယ်ကိုယ်တိုင်ရဲ့လက်ရှိအခြေအနေကို၊ လက်ရှိအ
တိုင်းရှုမြင်နိုင်ပါမှ၊ ကိုယ့်ရဲ့ပြိုင်ဘက်ကို အနိုင်ရအောင်ထိုးသတ်နိုင်ဖို့အတွက်၊ ဘယ်လိုပြင်ဆင်ရမည်၊ဘယ်လို
ပရိယယ်ကိုသုံးရမည်ဆိုတာကိုသိနိုင်ပေမည်။

ဦးစွာအနေနဲ့ ကျွန်တော်တို့အားလုံးအရှိအတိုင်းလက်ခံရမှာက၊ တဖက်ကကျွန်တော်တို့ရဲ့ပြိုင်ဘက် စစ်အာ
ဏာရှင်လူယုတ်မာများ(သို့) စစ်သားမပီသသော စစ်ယူနီဖေါင်းဝတ်များ (သို့) ယူနီဖေါင်းဝတ်ပြီး၊ကလိန်ကကျစ်
အမျိုးမျိုးလုပ်ဆောင်နေကြတဲ့အာဏာရှင်များဟာ၊ နိုင်ငံတခုလုံးအတိုင်းအတာဆောင်တဲ့ ယန္တရား ကြီးရှိတယ်။ အဲဒီယန္တရားကြီးဟာ စနစ်တခုနဲ့လည်ပတ်ပြီး၊ အာဏာရှင်တို့ဖြစ်စေခြင်သလိုဖန်တီးလုပ်ဆောင်နေကြတယ်။ ရှင်းရှင်းပြောရမယ်ဆိုရင်၊ အဲဒီယန္တရားကြီးဟာစနစ်တကျမှားယွင်းနေတာဖြစ်တယ်။ အဲဒီစနစ်တကျမှားယွင်းနေ
တဲ့ ယန္တရားကြီးနဲ့၊ နှစ် ၅၀ ကျော် ကြာအောင် မြန်မာပြည်သူတွေကိုနှိပ်စက်ခဲ့တာဖြစ်တယ်။

အဲဒီလိုစနစ်တခုနဲ့လည်ပတ်နေတဲ့ယန္တရားကြီးကို၊ တွန်းလှန်တဲ့အခါမှာ၊ တယောက်ကတမျိုး၊ အခြားအဖွဲ့တခု
ကတမျိုးဆိုသလိုမျိုး တော်လှန်တဲ့သဏ္ဍန်နဲ့ (သို့) စနစ်တကျ မဟုတ်တဲ့ တိုက်ပွဲဝင်မှု့မျိုးနဲ့ဆိုရင်၊ အောင်ပွဲရ
နိုင်ဖို့သိပ်မလွယ်ကူနိုင်ဘူးလို့သတ်မှတ်လို့ရတယ်။ စစ်အစိုးရဟာ စနစ်တခုနဲ့သွားနေတဲ့အပေါ်မှာ၊၎င်းတို့လို
လားတဲ့ရည်မှန်းချက်တွေကို ကြိုးပမ်းအကောင်အထည်ဖေါ်လို့ရတယ်။ အဲဒါအပြင်အတိုက်အခံဘက်က စနစ်
တကျနဲ့ အတိုက်အခံပြုလုပ်မှုမရှိခြင်းအပေါ်၊ အတားအဆီးကိုထင်တာထက်လျော့နည်းစွာတွေ့ကြုံရတဲ့အပေါ်၊
၎င်းတို့ရဲ့ရည်မှန်းချက်တွေကို၊ အလွန်အကျွံ အခက်အခဲတွေကြားကလုပ်ဆောင်စရာမလိုဘဲ၊ ရရှိကြတယ်။ ဒါ
ပေမယ့် ကျွန်တော်တို့အတိုက်အခံများအနေနှင့် စနစ်တခုဖြင့်စနစ်တကျတိုက်ပွဲဝင်မှုကိုပြုလုပ်ကြမယ်ဆိုလျှင်၊
လတ်တလောအကျိုးအမြတ်အနေနှင့် အာဏာရှင်တွေလုပ်ချင်သလိုအလွယ်တကူမလုပ်နိုင်တော့မယ့်အခြေ
အနေကိုဖန်တီးနိုင်လိမ့်မည်။ ထို့အပြင် စနစ်တခုဖြင့်ယန္တရားတခုလည်ပတ်သလို ပူးပေါင်းတိုက်ပွဲဝင်ကြမည်ဖြစ်
တာကြောင့်၊ တနေ့တာကုန်ဆုံးသွားသည့်အခါတွင်၊ တနေ့တာနှင့်ညီမျှသောအလုပ်ပြီးမှုဖြစ်လာပေမည်။

ထိုနည်းတူစွာ၊ တလကုန်သွားလျှင်၊ တလနှင့်ညီမျှသော အလုပ်ပြီးမှု၊ တနှစ်ကုန်သွားလျှင်တနှစ် နှင့်ညီမျှသော
အလုပ်ပြီးမှုများရှိလာပေမည်။ ဒီနေရာမှာ၊ အားလုံးအတွက်လိုအပ်မယ့်၊ အားလုံးတညီတညွတ်တည်း လက်ခံ
မယ့် ဦးတည်ချက် နှင့်လုပ်ငန်းစဉ်များကို မဖြစ်မနေချမှတ်ဖို့လိုအပ်တယ်ဆိုတာကိုသတိချပ်ရပေမည်။

စစ်အစိုးရဘာလုပ်သလဲ

မြန်မာနိုင်ငံရဲ့အဆင့်အတန်းဟာ၊ ကမ္ဘာနဲ့ယှဉ်ပြီးပြောမယ်ဆိုလျှင် ကမ္ဘာ့နိုင်ငံအတော်များများဟာ ၂၁ ရာစုထဲ
မှာရောက်နေကြတယ်ဆိုပေမယ့်၊ မြန်မာနိုင်ငံကတော့ ၁၉ ရာစုလောက်မှာဘဲရှိနေသေးသလို၊ အစစ အရာရာ
မဖွံဖြိုးခြင်းဒဏ်ကိုပြည်သူတွေခံနေကြရတယ်။ ဒီလိုဘာလို့ဖြစ်တာလဲဆိုတော့၊ စစ်အစိုးရဟာတိုင်းပြည်အတွက်
အလုပ်လုပ်နေခြင်းမဟုတ်လို့၊ မြန်မာဆိုတာမျက်နှာငယ်ရတယ်၊ ပြည်သူတွေမှာဆင်းရဲမှုဒဏ်ကို နှစ်ရှည်လများ
မျိုးဆက်တခုပြီးတခု ခါးစည်းခံနေရတာဖြစ်တယ်။

ဒါဆိုရင်စစ်အစိုးရဘာတွေလုပ်သလဲ? ရှင်းရှင်းလေးဘဲတွေးကြည့်လို့ရတယ်။ စစ်အစိုးရအတွင်းမှာအဓိကဦးစား
ပေးလုပ်ဆောင်နေရတာက၊ အာဏာနှင့် ပိုင်ဆိုင်မှု ပြိုင်ပွဲ သည်၊ တိုင်းပြည်တိုးတက်ရေးထက်၊ ၎င်းတို့အတွက်
သေရေးတမျှအရေးကြီးသော နံပါတ် တစ်လုပ်ငန်းးစဉ်ဖြစ်တယ်။ အဲဒါကြောင့် အာဏာလွန်ဆွဲပွဲတွေကို ကျွန်
တော်တို့တွေမြင်နေရတ်ာဖြစ်တယ်၊ စီးပွါးရေးလုပ်ငန်းပိုင်ဆိုင်မှုတွေခွဲဝေယူနေကြတာတွေကိုကျွန်တော်တို့မြ
င်နေရတာဖြစ်တယ်။ ပြီးတော့စစ်အစိုးရ၊ ဘာလုပ်သေးလဲ။ အာဏာ နဲ့၊ ပိုင်ဆိုင်မှုတွေရှိလာတဲ့အခါမှာ၊ အဲဒါတွေ
ကိုထာဝရှိခံစားလိုတဲ့ တပ်မက်စိတ်ကြောင့်၊ ၄င်းတို့ရဲ့လုံခြုံရေးနဲ့၊၎င်းတို့ရဲ့တည်ရှိမှုကိုပံ့ပိုးသောသူများရဲ့လုံ
ခြုံရေးတွေဟာအရေးကြီးတဲ့ကဏ္ဍကိုရောက်လာတယ်။ အရင်ဦးဆုံးဖြစ်တာကတော့၊ ပြည်သူတွေအပေါ် အပြစ်
ကျူးလွန်ခြင်းကစပြီး၊ အပြစ်တွေတခုပြီးတခု ကျူလွန်မှုဖြစ်လာတဲ့အခါမှာ၊ အာဏာကိုလက်လွှတ်၍မရတော့တဲ့
အခြေအနေမျိုးကိုရောက်လာတယ်။ အဲဒီအခါမှာ၊ ဗိုလ်ချုပ်အောင်ဆန်း ရည်ရွယ်ခဲ့တဲ့၊ တပ်မတော်သည်ပြည်သူ့
အတွက် ဆိုတာရဲ့ဆန့်ကျင်ဘက်၊ စစ်တပ်သည်ပြည်သူကိုနှိပ်စက်ဖို့အတွက် ယန္တရားဆိုတဲ့အခြေအနေဘက်
ကိုရောက်သွားရတယ်။

စစ်အစိုးရဘာတွေလုပ်သေးလဲ။ အထက်ကပြောခဲ့သလို၊ အာဏာနဲ့ ပိုင်ဆိုင်မှု တွေရဲ့ အရသာတွေကိုသားစဉ်
မြေးဆက်ခံစားလိုတဲ့အခါမှာ၊ စစ်အာဏာရှင်စနစ် မြန်မာပြည်မှာထာဝစဉ်တည်ရှိရေးကို အမြစ်တွယ်အောင်ပြု
လုပ်ခြင်းဆိုတဲ့လုပ်ငန်းစဉ်ရှိလာတယ်။ အဲဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေလို ပုံစံမျိုးထွက်ပေါ်လာအော
င်၊ ၁၉၉၃ မှစပြီး ၂၀၀၈ အထိဆိုလျှင် ၁၅ နှစ်ကြာအောင် ကလိန်ကကျစ်အကြံတွေထုတ်ရတယ်။ စစ်အာဏာရှင်
တွေဟာ၊ နှိုက်နှိုက်ချွတ်ချွတ်၊ ပြည်သူကိုနှိပ်ကွပ်ဖို့အတွက်လိုလေသေးမရှိအောင် ပြင်ဆင်ထားတယ်ဆိုတာကို၊ အာဏာရှင်တွေရဲ့ယခုလက်ရှိလုပ်နေတာတွေကြည့်ရင်သိနိုင်တယ်။

စစ်အစိုးရဘာတွေလုပ်သေးလဲ။ ဒီတခါတော့ ( party time) ပျော်ပွဲရွှင်ပွဲလေးတွေတက်ရဦးမယ်။ သူတို့ကိုယ်
ပိုင်သတင်းစာတွေမှာပါတဲ့ အတိုင်း၊ ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်းတွေကို နေ့ရှိသရွေ့လုပ်ရသေးတယ်။ လုပ်ငန်းနား
လည်တာမလည်တာကတော့ ဘေးဖယ်ထားပေါ့၊ ကြော့ကြော့လေးနဲ့ရှေ့တန်းထွက်စရာမလိုတဲ့ယူနီဖေါင်းလေး
တွေနဲ့ မဆီမဆိုင်ကိစ္စလေးတွေကိုလုပ်ရသေးတယ်။ တကယ်ဆိုရင် အောက်ခြေ ငယ်သားတွေအတွက်၊မလိုအ
ပ်တဲ့စစ်ပွဲတွေဖြစ်တဲ့ တိုင်းရင်းသားလူမျိုးစုတွေကိုထိုးစစ်ဆင်ခြင်း အလုပ်တော့ရှိတယ်။ ဒါဟာလည်းလုံးဝမလိုအ
ပ်တဲ့စစ်ပွဲတွေဖြစ်တယ်ဆိုတာသိသာပါတယ်။ လူမျိုးစုတွေဟာ၊ သူ့ဟာနဲ့သူ နေထိုင်နေကြတာဖြစ်တယ်။သူတို့
ရဲ့အခွင့်အရေးတွေကိုရရှိဖို့အတွက် သူတို့နဲ့ဆိုင်ရာနယ်မြေတွေမှာဘဲခုခံကာကွယ်ပြီးနေထိုင်နေကြတာဖြစ်တ
ယ်။ ဘယ်လူမျိုးစုကမှ၊ မြန်မာပြည်ထဲကိုထိုးစစ်တွေဆင်ပြီးဝင်ရောက်လာနေတာမရှိဘူး။ စစ်အစိုးရဟာဒါကို ရေး
ကြီးခွင်ကျယ်လုပ်ပြီးထိုးစစ်တွေဆင်တယ်။ ကျေးရွာတွေမီးရှို့တယ်။ အမျိုးသမီးတွေကိုမုဒိမ်းကျင့်ခွင့်ပေးထားတ
ယ်။ ရွာသားတွေရဲ့ ပစ္စည်းတွေကိုလုယက်တာ၊ သိမ်းယူတာဟာ၎င်းတို့အတွက်အပြစ်မဟုတ်ဘူး။ ဒီလိုထိုးစစ်ေ
တွပြုလုပ်ခြင်း၊ စစ်ပွဲတွေကိုဖန်တီးထားတာဟာလည်း၊ ရည်ရွယ်ချက်တွေရှိတယ်။ အောက်ခြေတပ်မှုးတပ်သားေ
တွကိုထိန်းချုပ်တဲ့နေရာမှာ၊ စစ်တပ်ဆိုတဲ့အတိုင်း စစ်မရှိဘဲနဲ့ အမိန့်ပေးခြင်းအလုပ်ကို၊ ကာလတခုအတိုင်းအ
တာအထိ ကြာမြင့်စွာဖြစ်ပေါ်စေခဲ့လျှင်၊ အောက်ခြေတပ်တွေကိုထိန်းချုပ်တဲ့နေရာမှာပြသနာများစွာရှိသည်။ကျွန်
တော်တို့မြင်တွေ့ခဲ့ပြီးသလို၊ တပ်ရင်းအလိုက် အာခံမှုတွေ တိုးပွါးလာမှာကိုစိုးရိမ်သည့်အတွက်စစ်ကိုဖန်တီးပြီး၊
လုပ်ချင်ရာလုပ်ခွင့်တွေကိုပေးထားရတာဖြစ်တယ်။

စစ်အစိုးရတခုလုံးမှာလည်ပတ်ဖို့အတွက်၊ တခုတည်းသော ကျွေးကြော်သံကတော့၊ အနောက်အင်အားကြီးနိုင်
ငံတွေကမြန်မာနိုင်ငံကို၊ ကျူးကျော်နယ်ချဲ့ဖို့ကြိုးပမ်းနေကြတယ်။ အဲဒါကြောင့် အထက်ပိုင်းအာဏာရှင်တွေရဲ့
အိုးအိမ်တွေမပြိုကွဲရေးအတွက် အချုပ်အချာအာဏာတည်မြဲဘို့လိုအပ်တယ်။ ယခင်ကဆိုရင်တော့ အမေရိကန်
ကို တိုက်ရိုက်ရည်ညွှန်းတယ်။ အမေရိကန်ရဲ့လုပ်နိုင်ခွင့်ကိုလည်း၊ အလွန်ကြောက်ကြပုံပေါ်သည်။ ဒါ့ကြောင့်
ကမ္ဘာမှာ၊ မြန်မာစစ်အစိုးရအမုန်းဆုံးဟာ၊ အမေရိကန်ဖြစ်တယ်ဆိုတာ၊ယခင်အာဏာရှင်များအတိအလင်းထုတ်
ဖေါ်ပြောဆိုခဲ့တာကိုကြားခဲ့ကြပြီဖြစ်မှာပါ။ ယခုသိန်းစိန်လည်း ၂၀၁၂ လွတ်လပ်ရေးနေ့မှာ၊ဒီဓါတ်ပြားဟောင်း
ကြီးကိုဘဲ ပြန်ဖွင့်ပြသွားခဲ့တယ်ဆိုတာ အားလုံးကြားခဲ့တဲ့အတိုင်းပါဘဲ။

ဒီလိုဆိုရင်၊ စစ်အစိုးရဟာ၊ တိုင်းပြည်အတွက်တကယ်ကိုဘာမှလုပ်မနေဘူးဆိုတာ၊ နှစ်ကာလကြာခဲ့တဲ့အပေါ်မှာ၊
မြန်မာပြည်ဟာဆုတ်ယုတ်တဲ့ဘက်ကိုသွားနေတယ်ဆိုတာ၊ မနေ့တနေ့ကအခြေအနေများကသက်သေပြနေခဲ့
တယ်။

အတိုက်အခံတွေရောဘာတွေလုပ်သလဲ

ကျွန်တော်တို့အတိုက်အခံတွေဘက်က၊ လိုအပ်ချက်များစွာရှိခဲ့တာကြောင့်၊ ကမ္ဘာမှာ ဒီမိုကရေစီဝေ့ တွေတခုပြီး
တခုဖြတ်နေပေမယ့်လည်း၊ မြန်မာပြည်မပါဘူးဖြစ်နေတယ်။ အဲဒါကြောင့်ကျွန်တော်တို့အတိုက်အခံတွေအနေနဲ့
လည်း၊ လုပ်သင့်တာကိုအချိန်နဲ့တပြေးညီ၊ အချိန်ကာလကုန်သွားသလောက်၊ အကျိုးဖြစ်ထွန်းမှု ဖြစ်အောင်လုပ်
နိုင်ခဲ့လား မလုပ်နိုင်ခဲ့ဘူးလားဆိုတာကိုသမာသမတ်ကျကျ၊ ရှုမြင်နိုင်ပါမှ၊ ဘာလိုအပ်ချက်တွေရှိနေသလဲဆို
တာကို တွေ့ရှိနိုင်ပေမည်။ ဒီနေရာမှာအတိုက်အခံများနဲ့ပတ်သက်တဲ့ဆွေးနွေးချက်များဟာ၊ မြန်မာပြည်လွတ်
မြောက်ရေးအတွက်သာရည်ရွယ်ပြီးပြောဆိုတာဖြစ်တဲ့အတွက်၊ အပုဒ်ချတာမဟုတ်သလို မကောင်း မတရားပြော
ဆိုတာလည်းမဟုတ်ရပါ။

ပြည်တွင်း

မြန်မာပြည်တွင်းမှ အတိုက်အခံဆိုလျှင်အဓိက အင်အားစုမှာ အမျိုးသားဒီမိုကရေစီအဖွဲု့ချုပ်ဖြစ်သည်။အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့် ယခုနောက်ဆုံးဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာပြီးနောက်ပိုင်းမှာ၊အတိုင်း
အတာတခုအထိကျယ်ပြန့်စွာလုပ်ဆောင်လာနိုင်တယ်ဆိုတာဘယ်သူမှမငြင်းနိုင်ပေ။ အစည်းအဝေးတွေ၊ အခ
မ်းအနားတွေ၊ အာဇာနည်နေ့ချီတက်အလေးပြုခြင်းနှင့်ပဲခူးခရီးစဉ်တွေကိုလုပ်နိုင်ခဲ့သလို၊ အခြားသောလုပ်နိုင်စ
ရာတွေများစွာရှိပေလိမ့်မည်။ ဒါပေမယ့် တခုလုံးအတိုင်းအတာအရ၊ အန်အယ်လ်ဒီ ကို အားကိုးကြီးစွာနဲ့ကြည့်
နေကြတယ်။ လုံလောက်တဲ့ လွတ်လပ်စွာ လုပ်နိုင်ခွင့်ရှိတဲ့ အခြေအနေမှာ၊ ပြည်သူလူထုနဲ့အတူ၊ စစ်အာဏာရှင်
စနစ်ကိုပြိုလဲအောင် ဘယ်လိုနည်းတွေနဲ့လုပ်ဆောင်မည်လဲဆိုတာကို စောင့်ကြည့်ပြီး၊ အဲဒီလုပ်ငန်းစဉ်တွေမှာ
ဘယ်လိုပါဝင်နိုင်မလဲဆိုတာအသင့်ပြင်ထားကြတယ်။ အန်အယ်လ်ဒီအနေနှင့် အဲဒီအခွင့်အရေးတွေကိုအသုံးချ တာကိုမတွေ့ရဘူး၊အန်အယ်လ်ဒီရဲ့ပါတီကို ပြန်လည်ဖွဲ့စည်းတဲ့ အလုပ်တွေကိုတော့လုပ်နေတာတွေ့ရတယ်။
အရှိအတိုင်းအရ၊ အန်အယ်ဒီအနေနှင့်လုပ်နေတာသည်၊ ရွေးကောက်ပွဲဝင်ရန်အတွက်၊ ပါတီမှတ်ပုံတင်ခြင်း၊ခွင့်
ပြုချက်ရမရကိုစောင့်ခြင်း၊ ရွေးကောက်ပွဲအတွက်ပြင်ဆင်ခြင်းစသည့်လုပ်ငန်းစဉ်များသည်၊အန်အယ်လ်ဒီရဲ့အဓိ
ကလုပ်ဆောင်နေသောရည်ရွယ်ချက် ကြီးဖြစ်နေသည်။ အဲဒီလိုလုပ်ရတဲ့ရည်ရွယ်ချက်ရဲ့ အကျိုးဖြစ်ထွန်းနိုင်မှု
ကို လေ့လာကြည့်လျှင်၊ ကြားဖြတ်ရွေးကောက်ပွဲတွင် ၄၈ နေရာလစ်လပ်နေခြင်းအတွက် အန်အယ်လ်ဒီအနေနှင့်
အဆိုပါ လွှတ်တော်အမတ်နေရာများမှာ အနိုင်ရရန်အတွက်ဖြစ်သည်။ ပြီးလျှင် လွှတ်တော်ထဲသို့ အန်အယ်လ်ဒီ ကိုယ်စားလှယ်များ ရောက်သွားမည်။ အခြေခံဥပဒေပြင်ဆင်ရေး၊ ဥပဒေစိုးမိုးရေးကို လွှတ်တော်ထဲမှာဆွေးနွေး
မည်။ ဒါတွေကကိုယ့်ဘက်ကဖြစ်လိုတဲ့ဆန္ဒတွေဖြစ်တယ်။ ဖြစ်နိုင်ခြေရှိမရှိအတွက်၊ အခြားတဖက်ရဲ့ တုန့်ပြန်မှု
နှင့် လက်ရှိအခြေအနေတွေကိုထည့်တွက်ရဦးမည်ဖြစ်သည်။ လောလောဆယ်အခြေအနေမှာ ၂၀၀၈ ဖွဲ့စည်းပုံ
အခြေခံဥပဒေအရ၊ လွှတ်တော်များတွင် မဲခွဲဆုံးဖြတ်ခြင်နည်းလမ်းးများဖြင့် မည်သည့်အဆိုတင်သွင်းမှုမှအနိုင်ရ
ဖို့ရန်မဖြစ်နိုင်ပါ။ ဘာ့ကြောင့်လဲဆိုတော့ ကြံ့ဖွတ်ပါတီ မှအမတ်များနှင့် သုံးပုံတပုံသော စစ်တပ်ကိုယ်စားလှယ်
များသည်၊ ရည်ရွယ်ချက်ရှိရှိ၊ အဆိုပါနေရာများကိုယူထားခြင်းဖြစ်တာကြောင့်၊ သူတို့လုပ်သင့်တာတွေကိုဘဲဆ
က်လုပ်နေကြမည်ဟုသတ်မှတ်၍ရသည်။ ဒါဆိုလျှင် ပြည်သူတယောက်ရဲ့အမြင်မှာအန်အယ်လ်ဒီအနေနှင့် ဖြစ်နို
င်ခြေကိုတောင်မြော်မှန်းလို့မရတဲ့၊လုပ်ဆောင်ချက်တွေကိုတန်ဖိုးရှိသောအချိန်များကိုအသုံးပြုလျက်အကောင်အ
ထည်ဖေါ်နေသည်ဟုမြင်မည်ဆိုလျှင်၊အဲဒီလိုမျိုးထင်မြင်သူအနေနဲ့မမှားဘူးလို့ထင်ပါသည်။ အချုပ်အားဖြင့်၊အန်
အယ်လ်ဒီသည် ၎င်းပါတီဝင်အမတ်တချို့လွှတ်တော်အတွင်းသို့ဝင်ရောက်နိုင်ရေးကိုလုပ်ဆောင်နေခြင်းသည်၊
လောလောဆယ်ကာလ၊ အန်အယ်လ်ဒီအနေနှင့်အမြင့်ဆုံးလုပ်ဆောင်နေတာဖြစ်သည်။ တဆက်တည်းမှာဘဲ၊ ထိုလုပ်ဆောင်မှုရဲ့ ရလဒ် အသီးအပွင့်အနေနှင့် စစ်အာဏာရှင်စနစ်ကိုဖယ်ရှားနိုင်သော၊ အခြေအနေသို့ရော
က်ရှိအောင်မဖြစ်နိုင်ဟုသတ်မှတ်၍ရသည်။ အရှိသဘောအရ၊ ထိုထက်ပိုသောမျှော်လင့်ချုက်ကိုထားတယ်ဆို
လျှင်၊ လက်ရှိအခြေအနေနှင့် လွဲချော်နေသော ကိုယ်လိုရာဆွဲတွေးမှုသာလျှင်ဖြစ်လိမ့်မည်ဟုရိုးရိုသားသးဘဲမြင်
ပါသည်။

ဒါဆိုလျှင်အခြားသောပြည်တွင်းအင်အားစုများကို ကြည့်မယ်ဆိုလျှင်၊ ၈၈၊ ၉၆၊ ၂၀၀၇ စသည်ဖြင့်ပါဝင်လှုပ်ရှားခဲ့
သူများရော၊ ထောက်ခံသူများပါဝင်တဲ့အင်အားစုကတော့၊ ခေါင်းဆောင်များဖြစ်ကြတဲ့ မင်းကိုနိုင်နဲ့အတူ အား
လုံးသော ၈၈ မျိုးဆက်ခေါင်းဆောင်များထောင်တွင်းရောက်နေကြတဲ့အပေါ်ငြိမ်နေကြတယ်လို့ထင်ရတယ်။အရှိ
သဘောအရ ထိုအင်အားစုများလည်း မြန်မာပြည်မှ လက်ရှိဖြစ်ပေါ်နေသောအခြေအနေများကိုစောင့်ကြည့်နေ
ကြရတဲ့အခြေအနေမှာသလျှင်ရှိနေခဲ့သည်။ လွတ်လပ်စွာလုပ်ကိုင်ခွင့် တစုံတရာရနေပါသော်လည်း၊ ဒီလိုလုပ်နို
င်ခွင့်တွေကိုအသုံးမချနိုင်ဘဲဖြစ်နေခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ၊ ၈၈ မျိုးဆက်ခေါင်းဆောင်များ ရဲ့ဦးဆောင်မှု
ကိုရခဲ့ပါမူ၊ ထိုအင်အားစုများသည်၊ အာဏာရှင်စစ်အစိုးရရဲ့ အဓမ္မတည်ရှိမှုကို ကိုင်လှုပ်နိုင်မည်ဖြစ်သော်လည်း၊
လောလောဆယ်အခြေအနေအရ၊ စစ်အစိုးရရဲ့ဆက်လက်တည်ရှိမှုကိုဟန့်တားနိုင်မည့်ပုံမပေါ်ပေ။

ထို့အပြင်၊ ပြည်တွင်း၌ အခြားသောအင်အားစုများရှိသေးပါသော်လည်း၊ သူတို့လည်း၊အာဏာရှင်များဘာတွေ
လုပ်လာလိမ့်မလဲဆိုတာကိုဘဲစောင့်ကြည့်ရင်းရှိနေခဲ့ကြတာလက်ရှိအနေအထားလို့ဘဲမြင်ပါတယ်။

ပြည်ပ

နယ်စပ်အခြေစိုက်အဖွဲ့အစည်းများ

ပြည်ပရှိ မြန်မာ့လွတ်မြောက်ရေးကြိုးပမ်းသူများတွင်၊ နယ်စပ်နှင့်နိုင်ငံတကာဟုထပ်ရှိပြန်သည်။ဦးစွာအနေနှင့်
မြန်မာပြည်နယ်စပ်တလျောက်မြန်မာတပြည်လုံးလွတ်မြောက်ရေးရော၊ ၎င်းတို့သက်ဆိုင်ရာ လူမျိုးစုဒေသများ လွတ်မြောက်ရေးအတွက်ပါလုပ်ဆောင်နေသောသူများရဲ့လုပ်ဆောင်နိုင်မှုကိုလည်း ဆွေးနွေးဖို့လိုအပ်မယ်လို့
ထင်မိပါတယ်။ ဒီတော့မှ နယ်စပ်ဒေသရောက် အဖွဲ့အစည်းများအနေနဲ့ စစ်အစိုးရရဲ့တည်ရှိမှုကိုခြိမ်းခြောက်မှု
ပြုနေသလား၊ ဒါမှမဟုတ်စစ်အစိုးရအနေနှင့်ထည့်သွင်းတွက်ချက်စရာမလိုလောက်အောင်ဘဲထိုအဖွဲ့အစည်း
များကပြုမူနေပါသလားဆိုတာဆန်းစစ်ဖို့လိုအပ်လာသည်။ ပထမဦးဆုံးတွေ့ရှိရမည့်အချက်က၊ အဲဒီနယ်စပ်
တွင် အလွန်မြောက်များစွာသောအဖွဲ့အစည်းများ၊ စစ်အာဏာရှင်စနစ်ပြုတ်ကျရေးလုပ်ဆောင်နေကြတာကိုေ
တွ့ရမည်။ အဲဒါအပြင် ထိုအဖွဲ့ပေါင်းမြောက်များစွာဖြင့်ပေါင်းစပ်ထားသော၊ တပ်ပေါင်းစုအဖွဲ့များလည်းထပ်ရှိေ
သးသည်။ အဲဒီလိုအဖွဲ့ငယ်များဖြင့်ပေါင်းစပ်ထားသောတပ်ပေါင်းစုအဖွဲ့များပင်၊ အတော်များများရှိသည်ကိုတွေ့
ရသည်။ ထိုအဖွဲ့အစည်းများအားလုံးသည်စစ်အာဏာရှင်စနစ်ပြုတ်ကျရေးလုပ်ဆောင်နေသည်မှာ အနည်းဆုံး
အနှစ်၂၀ ကျော်သက်တမ်းရှိသောအဖွဲ့အစည်းများဖြစ်ကြသည်။ အမည်နာမအားဖြင့်၊ တပ်ပေါင်းစုဆိုတာသည်၊
အလွန်အားရှိစရာလိုပုံစံမျိုးဖြစ်ပေမယ့်၊ အမှန်တကယ်စနစ်တကျလုပ်ဆောင်မှုမရှိပါမူ၊ ကာလကြာလာသည်နှင့်
အမျှ၊ အကျိုးဖြစ်ထွန်းမှုတစုံတရာကိုမပြနိုင်သောအခြေအနေမျိုးသို့ဆိုက်ရောက်သွားတာသည်၊ သဘာဝတရား
ပင်ဖြစ်သည်။ ထိုကဲ့သို့ အမှန်တကယ်စစ်အစိုးရပြုတ်ကျရေးလမ်းစဉ်ဖြင့်လုပ်ငန်းစဉ်များမရှိသောတပ်ပေါင်းစု
များသည်၊ သဘောတရားအရ၊ ကြားလို့ကောင်းသော်လည်း၊ လက်တွေ့သဘောတွင်၊ ပြည်သူများ၏အထင်ေ
သးခံရမှု နှင့် အာဏာရှင်များမှ၊ ထည့်သွင်းစဉ်းစားခြင်းမလုပ်သည့်အဖွဲ့အစည်းများအဖြစ်ရောက်ရှိသွားပေမည်။ အမှန်တကယ် ဖြစ်ပျက်နေသည့်အခြေအနေအရလည်း၊ တပ်ပေါင်းစုဟုဆွဲစပ်လိုက်ပြီး၊ ရုံးဖွင်ြ့ပီး၊ စုပေါင်းရုံးထိုင်
ကြသလိုပုံစံမျိုးသာလျှင်ဖြစ်နေခဲ့သည်။ တဖက်ကကြည့်လျှင်တော့၊ သူတို့တွေလည်းမြန်မာပြည်လွတ်မြောက်
ရေးလုပ်နေကြတာဘဲလို့မြင်လို့ရပေမယ့်၊ အရှိသဘောအရ၊ နှစ်ကာလကြာလာသည်နှင့်အမျှ၊ ထိရောက်သော
အကျိုးရလဒ်များကိုမပြနိုင်ခဲ့ပါက၊ တစုံတရာလိုအပ်ချက်တွေရှိနေတာကြောင့်ဆိုတာကို လက်ခံရပေတော့မည်။

အဆိုပါအခြေအနေများကြောင့် နယ်စပ်ဒေသတွင်အခြေပြုသောအဖွဲ့အစည်းများအနေနှင့်လည်း၊အမှန်တကယ်
စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက်အာမခံနိုင်လောက်အောင်၊စွမ်းဆောင်မှုမပြုနိုင်ဘူးဆိုတာ ပြည်သူတေ
ယာက်အနေနှင့်တွေ့ရှိခံစားရပေမည်။

လူမျိုးစုလက်နက်ကိုင်အဖွဲ့များ

တဆက်တည်းမှာဘဲ၊ လူမျိုးစုလက်နက်ကိုင်အဖွဲ့များရဲ့၊ လုပ်ဆောင်နိုင်မှုကိုဆန်းစစ်ကြည့်သည့်အခါမှာလည်း၊
တွ့မြင်ရနိုင်တဲ့အချက်များကတော့ အမျာုးစုသောလူမျိုးစုအဖွဲ့များသည်၊ ရာစုနှစ်တဝက်နီးပါး စစ်အာဏာရှင်စ
နစ်ကို ခုခံတိုက်ခိုက်နေသောအဖွဲ့များဖြစ်ကြသည်။ ယခင်ကာလတွေတုန်းကတော့ သက်ဆိုင်ရာလူမျိုးစုအဖွဲ့
များရဲ့ ဒေသများမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးရဖို့ကိုသာ ဦးတည်ခဲ့ပေမယ့်၊ ယခုအခါ တနိုင်ငံလုံးအတိုင်းအတာေ
ဆာင်သော ဒီမိုကရေစီနှင့်လူ့အခွင့်ရေးရရှိရေး၊ စစ်မှန်သော နှင့် တနိုင်ငံလုံးအတိုင်းအတာဆောင်သော အပစ်
အခတ်ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး တွေကိုတောင်းဆိုလာတာသည်ရအလွန်ကောင်းမွန်သောလက္ခဏာ
များဖြစ်ကြသည်။ ဒါပေမယ့်အရှိသဘောအရ၊ အားလုံးသောလူမျိုးစုအဖွဲ့အစည်းများသည်၊ ခုခံစစ်ကိုသာဆင်နွှဲေ
နသော အဖွဲ့အစည်းများဖြစ်ကြသည်။ တနည်းအားဖြင့် စစ်အစိုးရတပ်များ၎င်းတို့ဒေသသို့ထိုးစစ်များဆင်သည့်
အခါတွင်ပြန်လည်ခုခံတိုက်ခိုက်သောစစ်ကိုဆင်နွှဲခြင်းဖြင့်၊ ယနေ့ထိတိုင်ရပ်တည်နေကြခြင်းဖြစ်သည်။ တနည်း
အားဖြင့် ၎င်းလူမျိုးစုအဖွဲ့များနှင့်တပ်ပေါင်းစုအဖွဲ့တွေရဲ့သဘောတူထားပြီးသားနဲ့ပထမဦးဆုံးရည်ရွယ်ချက်ဖြစ်
တဲ့၊စစ်အာဏာရှင်စနစ်ပြုတ်ကျရေးကို၊ လက်တွေ့ကျကျ လုပ်ငန်းစဉ်များဖြင့်၊ လက်တွေ့ကျကျ အကောင်အထ
ည်ဖေါ်၊ စုပေါင်းအတူတကွတိုက်ပွဲဝင်ခြင်းကို မပြုလုပ်နိုင်သေးသမျှ၊ စစ်အာဏာရှင် တွေ မြန်မာပြည်မှာတည်ရှိ
နေမှုကို ခြိမ်းခြောက်မှုမပြုနိုင်ဘူးလို့ သတ်မှတ်၍ရပေသည်။ ဒါပေမယ် ယခုနောက်ဆုံးအခြေအနေအထိအချို့
သောလူမျိုးစုအဖွဲ့စည်းများ၏ရပ်တည်ချက်သည်၊ အခြေအနေပေါ်မူတည်ပြီး မြန်မာပြည် ကိုစစ်အာဏာရှင်ေ
အာက်ကလွတ်မြောက်စေမည့်လမ်းကြောင်းပေါ်ကိုရောက်အောင် ယူဆောင်သွားနိုင်မယ့်အခြေအနေမျိုးကိုဆုပ်
ကိုင်ထားတာကိုတွေ့ရသည်။ အဲဒါကဘာလဲဆိုတော့၊ ယူ၊အန်၊အက်ဖ်၊စီ လို့ခေါ်တဲ့၊ ညီညွတ်သော တိုင်းရင်းသား
လူမျိုးများ ဖက်ဒရယ်ကောင်စီ အဖွဲ့ရဲ့ဖြစ်ပေါ်လာပုံနှင့် ရပ်တည်ချက်များသည်၊ စစ်အစိုးရရဲ့ တခုခြင်းစီအလိုက်
ခွဲထုတ်ပြီး၊ ငြိမ်းချမ်းရေးလုပ်နေပါသည်ဆိုသည့်လုပ်ငန်းများကိုတစုံတရာအခက်အခဲ ဖြစ်စေသည်ဟုသတ်မှတ်၍
ရသည်။

သို့ပါသော်လည်း၊ လူမျိုးစုလက်နက်ကိုင်အဖွဲ့များအနေနှင့် လည်း မိမိနယ်မြေတွင်သာခုခံ စစ်ကိုဆင်နွှဲနေခြင်း
သည်၊ စစ်အာဏာရှင်စနစ်တည်ရှိမှုကို တစုံတရာခြိမ်းခြောက်မှုမပြုနိုင်သည့်အပြင်၊ ကာလကြာလာသည်နှင့်
အမျှ၊ စစ်အာဏာရှင်တို့ဖြစ်စေချင်သလိုပုံစံမျိုးထဲသို့တစတစ သက်ရောက်သွားခြင်းသာလျှင်ဖြစ်ပေလိမ့်မည်
ဟုသတ်မှတ်၍ရသည်။

နိုင်ငံတကာရောက်မြန်မာအတိုက်အခံများ

နောက်ထပ်အင်အားစုတခုအနေနှင့် နိုင်ငံတကာရောက်၊ မြန်မာပြည်လွတ်မြောက်ရေးလုပ်ဆောင်နေသူများ၊စစ်
အာဏာရှင်စနစ်ပြုတ်ကျရေးလုပ်ဆောင်နေသူများရဲ့လုပ်ဆောင်နိုင်မှု့များကိုလည်းထည့်သွင်းဆွေးနွေးရန်လို
အပ်ပေသည်။ နိုင်ငံတကာမှာရှိတဲ့မြန်မာ့အရေးလုပ်ဆောင်နေတဲ့မြန်မာအဖွဲ့အစည်းများနဲ့ပတ်သက်လို့၊အများ
စုသောသူတွေမြင်တာက၊ စစ်အာဏာရှင်စနစ်ကို သိသိသာသာပြောင်းလဲသွားအောင် သို့မဟုတ် စစ်အာဏာရှ
င်စနစ်ပြိုကျသွားအောင် လုပ်နိုင်စွမ်းမရှိဘူးလို့သတ်မှတ်ကြတယ်။ အဲဒီအဖွဲ့အစည်းတွေအနေနဲ့ အလုပ်နိုင်ဆုံး
က၊ နိုင်ငံတကာဖိအားတွေ၊ စစ်အစိုးရအပေါ် သက်ရောက်စေဖို့၊ ကုလသမဂ္ဂ ရဲ့ ဖိအားတွေ၊အစစ်အစိုးရပေါ်တိုး
ပွါးသတ်မှတ်လာဖို့ကလွဲရင် အခြားလုပ်နိုင်တာမရှိ ဘူးလို့သတ်မှတ်ကြတယ်။ မြန်မာပြည်မှာစစ်အစိုးရကိုဖြုတ်
ချနိုင်ရေးအတွက်၊ ပြည်ပရောက်အင်အားစုများထက်၊ ပြည်တွင်းကအင်အားစုများက ပို၍အရေးကြီးပြီး၊ပိုမိုစွမ်းေ
ဆာင်နိုင်တယ်လို့သတ်မှတ်ကြတယ်။

နိုင်ငံတကာရောက်မြန်မာအတိုက်အခံများနှင့်ပတ်သက်၍ အထက်ပါတွေးခေါ်အယူဆမှုများဟာ၊ တစုံတခုသော
အတိုင်းအတာအထိမှန်ကန်မှုရှိပါသည်။ဒါပေမယ့်အမှန်တကယ်စစ်အစိုးရပြုတ်ကျရေးလက်တွေ့လုပ်ငန်းစဉ်တွေကို၊
ပြည်တွင်း၊ နယ်စပ်၊ ပြည်ပ အတိုက်အခံတွေ စုပေါင်းလုပ်ဆောင်ကြမယ်ဆိုရင် အင်အားစုတခုခြင်းစီ၏ အရေးပါ
မှုတွေရှိကြသည်။

ဒီနေရာမှာမေးစရာရှိတာက၊ စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် လက်တွေ့ကျတဲ့လုပ်ငန်းစဉ်တွေနဲ့၊စနစ်
တကျ အကောင်အထည်ဖေါ်လုပ်ဆောင်ကြဖို့ ဆန္ဒ အစစ်အမှန်ရှိကြရဲ့လား၊ မရှိဘူးလားဆိုတာဖြစ်သည်။

အရှိသဘောအရ၊ နိုင်ငံတကာရောက် မြန်မာ့အရေးကိုလုပ်ဆောင်နေသော မြန်မာအဖွဲ့အစည်းများ ဟာလည်း
အဆမတန်များပြားလွန်းလှသည်။ အဖွဲ့အစည်းများပြီးထိရောက်စွာလုပ်နိုင်ကြတယ်ဆိုရင်လည်း၊ ဖြေသိမ့်လို့ရ
နိုင်သေးသည်။ ဒါပေမယ့် နိုင်ငံတကာရှိမြန်မာအဖွဲ့များအနေနှင့်ပုံမှန်လုပ်ဆောင်နေတဲ့လုပ်ငန်းစဉ်များကတော့ ဆန္ဒပြခြင်း၊ သဘောထားထုတ်ပြန်ခြင်း၊ နိုင်ငံတကာရဲ့ ဖိအားများ ရရှိလာအောင်ကြိုးပမ်းခြင်း တွေကိုသာ လုပ်ေ
ဆာင်နေခဲ့ကြသည်။ ထို့အပြင် ပြည်တွင်းလိုအပ်မှုများအတွက်ရံပုံငွေ ရှာဖွေထောက်ပံ့ခြင်းတို့ကိုလည်းလုပ်ေ
ဆာင်ကြသည်။ စိတ်ဓါတ်ပိုင်းဆိုင်ရာအရတော့၊ စစ်အာဏာရှင်စနစ် ပြုတ်ကျရေး ကိုဦးတည်လုပ်ရမည်ဆိုတာ
သိခြင်းနှင့်အတူလုပ်ဆောင်နေကြတယ်ဆိုပေမယ့်၊ ထိရောက်သည့်လုပ်ငန်းစဉ်များဘက်သို့ ဦးမတည်နိုင်ဘဲ
ရှိနေခဲ့ကြသည်။ များသောအားဖြင့် အွန်လိုင်းလုပ်ဆောင်ခြင်းများ ကဲန်ပိန်းများသာဖြစ်တာကြောင့်၊ စစ်အစိုးရရဲ့
တည်ရှိမှုကိုတစုံတရာခြိမ်းခြောက်နိုင်တယ်လို့ထင်ရပေမယ်၊ စစ်အစိုးရဟာ ဖိအားပေးမှု အများစုကိုလစ်လျှု
ရှုနိုင်တာကြောင့်၊ ဖိအားပေးခြင်းလုပ်ဆောင်မှုများကိုလည်း၊ အဓိကလုပ်ငန်းစဉ်များအဖြစ် သတ်မှတ်ပြီးလုပ်ေ
ဆာင်၍မရနိုင်ပေ။ လက်ရှိအနေအထားအရ၊ နိုင်ငံတကာရောက်မြန်မာအတိုက်အခံများ၏အာရုံစိုက်မှုသည်
မြန်မာပြည်တွင်းမှာ ဖြစ်ပေါ်နေသော မြန်မာ့နိုင်ငံရေး ဖြစ်စဉ်များ၊ ပြည်တွင်းမှ လုပ်ဆောင်နေမှုများဖြစ်သည်။ ဆိုလိုတာက စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက်သီးသန့်လုပ်ငန်းစဉ် မရှိသည့်အပေါ်၊ မြန်မာပြည်တွင်းဖြ
စ်ပေါ်နေသောနိုင်ငံရေး အခြေအနေများနဲ့ပတ်သက်၍ သဘောထားများထုတ်ဖေါ်ပြောဆိုကြသည့်လုပ်ငန်းများ
ကိုသာလုပ်ဆောင်နေကြသလိုဖြစ်နေသည်။

ဒါဆိုရင်၊ နိုင်ငံတကာမှာရှိနေကြသော မြန်မာ့အရေးကိုလုပ်ဆောင်နေကြသောအတိုက်အခံများသည်လည်း၊ စစ်
အာဏာရှင်စနစ်ကိုယိုင်လဲသွားအောင်၊ ပြုတ်ကျသွားအောင်လုပ်ဆောင်နိုင်သည့် အခြေအနေမရှိဘူးလို့သတ်
မှတ်လို့ရသည်။ ဒါပေမယ့်စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် လက်တွေ့ကျသောလုပ်ငန်းစဉ်များဖြင့်လုပ်
ဆောင်ကြမယ်ဆိုလျှင်တော့၊ စစ်အာဏာရှင်များမြန်မာပြည်မှာတည်ရှိနေမှုကို အဆုံးသတ်ဖို့အတွက်အထော
က်အကူများစွာပြုနိုင်လိမ့်မည်ဟုယုံကြည်သည်။

မြန်မာပြည်မှာစစ်အာဏာရှင်စနစ်ပြုတ်ကျရေး၊ မြန်မာပြည်ရဲ့ဒုတိယလွတ်လပ်ရေးကို ရရှိအောင် ကြိုးပမ်းနေကြ
သူများစွာရှိသလို၊ ဆင်းရဲဒုက္ခများရှည်ကြာစွာခံစားနေရပြီးလူမျိုးတူအချင်းချင်း နှိပ်စက်မှုကိုခံနေရသော၊ အဖိနှိပ်
ခံမြန်မာပြည်သူများကို စာနှာထောက်ခံသော နိုင်ငံတကာပြည်သူများ၊ အဖွဲ့အစည်းမြောက်များစွာရှိကြသည်။ နိုင်ငံတကာအနေအထားနှင့်မကြည့်ခင်မှာ၊ မြန်မာပြည်တွင်းအနေအထားနှင့်ဘဲပြန်ကြည့်မည်ဆိုလျှင်၊ မြန်မာတ
နိုင်ငံလုံးအတိုင်းအတာနှင့် မြန်မာပြည် နေရာအနှံ့မှာရှိသောပြည်သူများ၊စစ်အာဏာရှင်စနစ်ပြုတ်ကျရေး၊ ဒီမို
ကရေစီစနစ် မြန်မာပြည်မှာတည်ဆောက်ရေးကို အတိုင်းထက်အလွန်လိုလားကြသည်။ အားပေးထောက်ခံကြ
သည်။ ထိုနည်းတူစွာဘဲ၊ လက်တဆုပ်စာစစ်အာဏာရှင်တစု ကိုဖယ်ရှားပစ်ဖို့တိုက်ပွဲဝင်နေကြသောအဖွဲ့အစ
ည်းပေါင်းမြောက်များစွာလည်းရှိကြသည်။

သို့ပါသော်လည်းကောက်ကျစ်စဉ်းလဲသောစစ်အာဏာရှင်များသည်၊ ယနေ့ထိတိုင် သက်ဆိုးရှည်ပြီး၊ မြန်မာပြ
ည်ကိုလုပ်ချင်သလို လုပ်ခွင့်ရနေသည်။ ကောက်ကျစ်ယုတ်မာသော စစ်အာဏာရှင်များသည် တိုင်းပြည်ရဲ့သယံ
ဇာတများကို၎င်းတို့ရဲ့ကိုယ်ကျိုး ၎င်းတို့ရဲ့မိသားစုအကျိုးတွေအတွက် ဆက်လက်အသုံးချနိုင်နေဆဲဖြစ်သည်။
ထို့အပြင် အနာဂါတ်တွင်လည်း၊ မြန်မာပြည်မှာစစ်အာဏာရှင်စနစ်ကြီးစိုးနိုင်ရန်၊အခြေခံအုတ်မြစ်များတည်ေ
ဆာက်ထားနိုင်ခဲ့ပြီးပြီ။

ဒီနေရာမှာမေးစရာတခုရှိလာတာက၊ လုံလောက်သောအင်အားနှင့် ထောက်ခံမှုတွေရှိခဲ့ပါလျက်နဲ့လက်တဆုပ်
စာ စစ်အာဏာရှင်တွေကိုဘာလို့မဖယ်ရှားနိုင်သေးတာလဲ ဆိုတဲ့မေးခွန်းဖြစ်သည်။ ဒီမေးခွန်းရဲ့အဖြေကို (၁)
စစ်အစိုးရက လိမ်မာပါးနပ်လို့လား? ........(၂) အတိုက်အခံများဘက်က အလွန်ညံ့ဖျင်းလို့လား?.........ဆိုတာ
အကြမ်းမျဉ်းအဖြေရှာကြည့်၍ရသည်။ ဒါပေမယ့်အသေအခြာ လေးလေးနက်နက်လေ့လာကြည့်မယ်ဆိုရင်ေ
တာ့၊ တွေ့ရှိရမယ့်အချက်က၊ ဘယ်သူက စနစ်တကျနဲ့ ယန္တရားတခု လည်ပတ်သလို ရည်မှန်းချက်ကိုရောက်ေ
အာင်အကောင်အထည်ဖေါ်သလဲ ဆိုတဲ့အပေါ်မှာ၊ အချိန်ကြာလာသည့်အခါ၊ အမှန်တကယ်လုပ်တဲ့သူက၎င်းလု
ပ်ဆောင်မှု၏အကျိုးရလဒ်ကို ရရှိခံစားသလို၊ အမှန်တကယ် တစိုက်မတ်မတ်လုပ်ဆောင်ခြင်းမရှိခဲ့ပါမူ မည်သည့်
အကျိုးဖြစ်ထွန်းမှုမှ မရရှိနိုင်ဘူးဆိုတာ သဘာဝ ကျသည်ဟုထင်သည်။ ဒီနေ့မြန်မာပြည်မှာဖြစ်ပေါ်နေသောအ
ခြေအနေများသည်၊ ကျွန်တော်တို့အားလုံးမနေ့ကလုပ်ဆောင်မှုများ၏ အကျိုးရလဒ်ဖြစ်သည်။

ဒါဆိုရင်၊ မြန်မာပြည်မှာ စစ်အာဏာရှင်စနစ်ကိဖယ်ရှားနိုင်ရေးအတွက် ရိုးစင်းသောအဖြေက၊ အတိုက်အခံများ
အနေနှင့် စနစ်တကျနှင့် ယန္တရားတခုလည်ပတ်သလို အားလုံးအတွက်ဖြစ်သင့်တဲ့ရည်ရွယ်ချက်တွေကို အကော
င်အထည်ဖေါ်သည့်
အခြေအနေမျိုး မဖန်တီးနိုင်သ၍ စစ်အာဏာရှင်များ ရဲ့တည်ရှိမှုကိုခြိမ်ခြောက်
မှုမပြုနိုင်ဟုထင်ပါသည်။ အနိမ့ှ်ဆုံးအဆင့် အဖြင့် စားကပွဲဝိုင်းမှာဆွေးနွေးသော တွေ့ဆုံဆွေးနွေးမှုများပင်လျှင်၊ စစ်အစိုးရဘက်မှအသိအမှတ်ပြုပြီးထည့်သွင်းစဉ်းစားရသော ကျစ်လစ်စုစည်းသော အတိုက်အခံအင်အားစု တခု
ဖြစ်ဖို့လိုသည်ဟုမြင်သည်။ အတိုက်အခံများ၏ တခုတည်းသော အမြဲတမ်းလိုအပ်ချက်တခုကတော့၊အောင်ပွဲရ
နိုင်မည့် စုစည်းစွာလုပ်ဆောင်ခြင်းနည်းလမ်းကိုဘယ်တော့မှ ရွေးချယ်မှု မလုပ်ခြင်းပင်ဖြစ်သည်။ ဆိုလိုတာက စစ်အာဏာရှင်စနစ်ကိုဖယ်ရှားပစ်ဖို့အတွက် (၁) လုပ်ရိုးလုပ်စဉ်များကို၊ တဖွဲ့ခြင်းစီအလိုက်လုပ်ဆောင်သလိုပုံ
စံမျိုးဘဲဆက်လုပ်နေမှာလား (ယနေ့အထိအောင်ပွဲမရသေးတဲ့အကြောင်းရင်း)(၂) စုစည်းပြီး ကျစ်လစ်စွာဖြင့်
အားလုံးအတွက်လိုအပ်မယ့်ရည်ရွယ်ချက်ကို စနစ်တကျ အကောင်အထည် ဖေါ်ခြင်း (အောင်ပွဲရဖို့အတွက်အပြ
ည့်အဝ အာမခံချက်ပေးသည်) ဆိုသည် ရွေးချယ်မှု နှစ်ခုအနက် တခုကိုလုပ်ရမည်ဆိုလျှင် နံပါတ်တစ်ကိုသာရွေး
ချယ်ကြတာကြောင့်ဖြစ်သည်။

ယနေ့အာရပ်ကမ္ဘာမှာ ဖြစ်ပေါ်နေသောဒီမိုကရေစီအရေးပြောင်းလဲမှုများကိုကြည့်လျှင် ပြည်သူများအနေနှင့်ထိုက်တန်စွာပေးဆပ်ကြ၍၊ ပေးဆပ်ခြင်းနှင့်ညီမျှသော
အကျိုးရလဒ်များကိုရရှိကြသည်။ အပြန်အလှန်အားဖြင့် အဲဒီလိုမျိုးသူတို့တွေအနေနှင့် မလုပ်ဆောင်ခဲ့ကြဘူးဆို
လျှင် ယခုလောလောဆယ်ကာလသို့ရောက်ရှိနေသောအခြေအနေများကို ရရှိခံစားဖို့ရန်မဖြစ်နိုင်ပေ။ အဲဒီအာ
ရပ်ကမ္ဘာမှာ ဖြစ်ပေါ်နေတဲ့လူထုတော်လှန်ရေးများရဲ့ ထူးခြားချက်က လူထုတွေအနေနှင့်၊ ဆက်တိုက် တိုက်ပွဲဝင်
ခြင်း ကိုလုပ်ဆောင် ခြင်းကြောင့်အာဏာရှင်များ ကျဆုံးရသည်။ အဓိကထူးခြားမှုကြီးကတော့၊ အာဏာရှင်စနစ်
ဆိုတဲ့ယန္တရား ကိုရပ်တန့်ပစ်လိုက်နိုင်ပြီး၊ ပြည်သူအတွက်အကျိုးရှိတဲ့စနစ်ကို စတင်နိုင်မယ့်အခြေအနေကိုရရှိ
ခြင်းပင်ဖြစ်သည်။ တကယ်ဆို အာဏာရှင် တယောက် ကိုဖယ်ရှားဖို့ရန်အလွန်ကိုခက်ခဲပြီး၊ ထိုက်သင့်သောပေး
ဆပ်မှုကိုလည်း လုပ်ဆောင်ရသည်။ လစ်ဗျား မှာဆိုလျှင် နိုင်ငံတကာရဲ့ကူညီ ဖေးမမှုရှိတာတောင် အာဏာရှင်
ကဒါဖီ ကိုဆုံးခန်းတိုင်အောင် အလွန်ခက်ခက်ခဲခဲနှင့်လုပ်ဆောင်ခဲ့ရတဲ့သဘောမှာရှိတယ်။ အထက်ကပြောခဲ့သ
လိုဘဲ သူတို့တွေအဲဒီလိုမကြိုးပမ်းခဲ့ကြဘူးဆိုလျှင်၊ သူတို့တွေအဲဒီလိုမပေးဆပ်ခဲ့ကြဘူးဆိုလျှင်၊ အာဏာရှင်များ
ဟာ ဘယ်တော့မှ အလျော့ပေးမှာမဟုတ်ဘူးဆိုတာ ဘယ်သူမှမငြင်းနိုင်တဲ့သဘောတရားတခုလိုဖြစ်နေခဲ့တယ်။

မြန်မာပြည်မှာ ပြန်ကြည့်မယ်ဆိုလျှင်၊ လူထုရဲ့အင်အားနဲ့ တော်လှန်ခြင်းပုံစံများ အကြိမ်တော်တော်များများရှိခဲ့
သည်။ ဒါပေမယ့် ဆက်တိုက်ဆက်တိုက် လုပ်ဆောင်ခြင်းမျိုး ကိုမစွမ်းဆောင်နိုင်သည့်အပေါ် အာဏာရှင်စနစ်ထဲ
မှာဘဲတဝဲလည်လည်ဖြစ်နေခဲ့ရသည်။ နောက်တခုရှိသေးတာက မြန်မာပြည်မှအတိုက်အခံများသည်အာဏာရှင်
တို့ရဲ့အလိမ်အညာ လှည့်ကွက်တွေကို အမြဲတမ်း ယုံကြည်မိခြင်းပင်ဖြစ်သည်။ ရှိခဲ့ပြီးသော အတွေ့အကြုံများအ
ရ၊ မြန်မာပြည်မှအာဏာရှင်များသည်ကတိဘယ်တော့မှ မတည်သူများဖြစ်သည်။ ပြည်သူကို ဗြောင်လိမ်ခြင်း၊နိုင်
ငံတကာကိုဗြောင်လိမ်ခြင်း၊ ၎င်းတို့အခြင်းခြင်း လိမ်ကျစ်နေကြခြင်းများဖြင့်၊ မြန်မာပြည်ကိုနောက်ကျသထက်ကျ
အောင်လုပ်ဆောင်နေ သူများဖြစ်သည်။ အာဏာရှင်တွေဟာ ၎င်းတို့အလှည့် တဖန်ပြန်ခံရမှာကို အလွန်ကြော
က်ပြီး သူရဲဘောကြောင်ကြသည်။ ယခုလောလောလတ်လတ်ဘဲ နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးမယ်ဆို
ပြီး၊ တဖြည်းဖြည်းနဲ့ နိုင်ငံရေးအကျဉ်းသားဆိုတဲ့အသုံးအနှုံးကိုတောင် မသုံးတော့ဘဲ၊ မြန်မာပြည်မှာရာဇဝတ်အ
ကျဉ်းသားသာလျှင်ရှိတယ်ဆိုပြီး လုပ်ချလိုက်တာ ဘယ်လောက်တရားကျဘို့ကောင်းလိုက်သလဲ။

အဲဒီလိုဆိုတော့၊ မြန်မာပြည်မှာ အစစ်အမှန် အခြေအနေတွေ ကိုပြောင်းလဲမှုဖြစ်ဖို့ရန်၊ တန်ရာတန်ကြေးတော့ေ
ပးရမယ်လို့ထင်တယ်။ တကျပ်တန်သောပစ္စည်းကို ဆယ်ပြားနဲ့ပေးဝယ်မယ် ဆိုလျှင်တော၊့ ရောင်းတဲ့သူကလ
ည်း အများကြီးစဉ်းစားပေဦမည်။ အကြွေဆယ်ပြား နဲ့တော့တကျပ်တန်ပစ္စည်းကိုမရနိုင်ဘူးလို့ထင်ပါသည်။

0 comments:

Post a Comment

Labels

ဧပြီ(၁) ရက် ကြားဖြတ်ရွေးကောက်ပွဲ၊ တရားမျှတမယ်လို့၊ ထင်ပါသလား?

Search This Blog