တန်ရာ တန်ကြေးတော့ပေးရမယ်လို့ထင်တယ် - ၁

Monday 2 January 2012



ပြောင်းလဲမှုတွေဖြစ်လာနေတယ်ဆိုတဲ့မြန်မာပြည်ရဲ့ယနေ့ကာလပြသနာများကို၊ အမှန်တကယ်ကြည့်တတ်သူ
မှမြင်တယ်ဆိုတဲ့ သဘောအရ၊ အောက်ပါအခြေအနေများကိုလေ့လာကြည့်ခြင်အားဖြင့်၊ မြန်မာပြည်ရဲ့အနာဂ
တ် (သို့) အနီးစပ်ဆုံးဖြစ်နိုင်ခြေရှိမယ့် အခြေအနေများကိုတွေ့မြင်နိုင်လိမ့်မယ်လို့ယုံကြည်သည်။

အဲဒီအခြေအနေတွေကဘာတွေလဲဆိုတော့.

၁။ မြန်မာပြည်မှပြောင်းလဲမှုဆိုတာဟာ အနည်းအကျဉ်းမျှသာဖြစ်ပြီး အစစ်အမှန်ပြောင်းလဲမှုဟုသတ်မှတ်၍မရ။
၂။ စစ်အာဏာရှင်စနစ်ရှိနေသေးသည်၊
၃။ စစ်အာဏာရှင်များ၏ တိုင်းပြည်နှင့်လူမျိုးပေါ်အလွန်အကျွန် ပြစ်မှုကျူးလွန်ထားမှုများနှင့်၊ ကျယ်ပြန့်သော
ခြစားလစား မှုများကြောင့် အာဏာရှင်စနစ်မှလျော့ပေး၍မရ၊
၎။ အတိုက်အခံများဘက်မှထင်မြင်သော ဥပဒေစိုးမိုးရေးသည် ဖြစ်နိုင်ခြေအလွန်နည်းသည်၊
၅။ ၈၈ မျိုးဆက်များနှင့် ၈၈ မျိုးဆက်များ၏ကြိုးပမ်းမှုများကို လုံးဝဖြောက်ဖျက်ပစ်ဖို့နှင် အာဏာရှင်များသည်
သာအမှန်တကယ်တိုင်းပြည်ကို၊ တိုးတက်အောင် ကျိုးပမ်းနေသည်ဆိုသကဲ့သို့သက်သေပြရန်။
၆။ အတိုက်အခံများ၏ စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်ခြင်းအားနည်းခြင်းကြောင့်စစ်အာဏာရှင်များသက်ဆိုး
ရှည်ပြီး၊ တိုင်းပြည်ကို၎င်းတို့လုပ်ခြင်သလိုလုပ်၍ရနေသည်။


မြန်မာပြည်မှအပြောင်အလဲဆိုတာ

မြန်မာပြည်ရဲ့စီးပွါးရေး၊ လူမူရေး၊ နိုင်ငံရေးများ ဆုတ်ယုတ်ကျဆင်ေးသွားသည်မှာ၊ စစ်အာဏာရှင်များမြန်မာ
ပြည်ကိုစတင်အုပ်ချုပ်ခဲ့သည့်အချိန်မှစတင်ခဲ့တယ်လို့ပြောလို့ရတယ်။ ဦးနေဝင်းလက်ထက်၊ မဆလဆိုတဲ့ စန
စ်အောက်မှာ၊ မြန်မာပြည်ဟာ၊ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများစာရင်းထဲကိုရောက်သွားခဲ့ရတယ်။ အဲဒီအခြေအနေ
ကနေ၊ ဆက်လက်ပြီးထိုးဆင်းသွားတာသန်းရွှေလက်ထက်ထိဆိုရင်၊ မြန်မာပြည်ရဲ့အဆင့်အတန်းဟာ၊ ပိုမိုဆိုး
ဝါးသွားတယ်ဆိုတာ၊ အားလုံးတွေ့ကြုံခံစားမိမှာပါ။စီးပွါးရေးဆုတ်ယုတ်လာမှု့နဲ့ဆက်စပ်ပြီး၊ ငွေကြေးဖေါင်းပွ
မှု့၊ အလုပ်လက်မဲ့ဖြစ်မှုများက၊ ဌါနဆိုင်ရာများရဲ့အဆင့်ပေါင်းစုံမှာ ခြစားလဒ်စားမှုများကို ထင်ထင်ရှားရှားနဲ့ကျ
ယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်စေပြီး၊ ကမ္ဘာမှာ၊ ဆိုမာလီယာ နဲ့မြောက်ကိုးရီးယားတို့ထက်နည်းနည်းလေးသာပိုတဲ့၊ ကမ္ဘာ့တတိယမြောက်၊ လဒ်စားတဲ့နိုင်ငံအဆင့်အထိကိုရောက်ရှိခဲ့ရတယ်။ ပြီးတော့ပြည်သူကိုအနှိပ်စက်ဆုံးနိုင်
ငံစာရင်းမှာဆိုရင်၊ နံပါတ် (၁) ကိုရယူနိုင်တဲ့အထိဖြစ်ခဲ့တယ်။

အဲဒီလို ကမ္ဘာနဲ့အဆက်ပြတ်ပြီး၊ လုံးပါးပါးနေတဲ့အချိန်မှာ၊ ဘာဆိုဘာမှလုပ်လို့မရဘဲ၊ လွတ်လပ်ခွင့်ကင်းမဲ့နေ
တဲ့အချိန်မှာ၊ နိုင်ငံရေးအကျဉ်းသား နှစ်ရာလောက်လွှတ်ပေးတာရယ်၊ ဟန်ဆောင်သတင်းစာလွတ်လပ်ခွင့်ဆို
တာရယ်၊ ဘီဘီစီ၊ ဒီဗွီဘီ၊ အာအက်ဖ်အေနဲ့ဗွီအိုအေတို့ကိုနားထောင်ခွင့်ပြုလိုက်တယ်ဆိုတာတွေအပေါ်၊ မြန်
မာပြည်ကြီးဒီမိုကရေစီဘက်ကိုဦးတည်နေပြီလို့ထင်မြင်ယူဆတာဟာ၊ စိတ်ကူးယဉ်မှုကိုအသားပေးသလိုဖြစ်
နေတယ်လို့မြင်တယ်။

ပြည်သူလူထုအပေါ်အမြဲတမ်း ရန်သူတွေလိုသဘောထားပြီး၊ ငါနဲ့ငါ့မိသားစုကြီးပွါးရေးကိုသာအဓိကထားတဲ့အာ
ဏာရှင်များဟာဘာလို့အပြောင်းအလဲကိုလုပ်မှာလဲ၊ ဘာရည်ရွယ်ချက်တွေရှိသလဲဆိုတာကိုလက်ရှိ၎င်းတို့လုပ်
ပြနေတဲ့အခြေအနေတွေကသက်သေပြနေတယ်ဆိုတာထင်ထင်ရှားရှားမြင်နေရတယ်။စစ်အာဏာရှင်စနစ်ထာဝ
ရ တည်ရှိရေး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုတပြားသားမှ အလျော့မပေးဘဲ၊ အတင်းအဓမ္မအတည်ပြုပြီး၊ပြည်
သူကမရွေးချယ်ဘဲ၊ လွှတ်တော်ထဲမှာ အော်တိုမစ်တစ် အမတ်တွေဖြစ်လာပြီးတိုင်းပြည်တိုးတက်အောင်ဘာမှလု
ပ်ဆောင်မပေးနိုင်မဲ့ကိုယ်စားလှယ်တွေနဲ့အထက်စီးကရနေစေဖို့ ၂၀၁၀ ရွေးကောက်ပွဲကို၊ အောက်လမ်းနည်းေ
တွနဲ့ဗြောင်လိမ်ဗြောင်စား၊ တိုင်းပြည်ရဲ့အာဏာကိုယူထားပြီး၊ အချိန်မရွေးစစ်အာဏာပြန်သိမ်းလို့ရအောင်လုပ်
ထားတာတွေက၊ ပထမအဆင့်လိမ်ညာမှုဖြစ်ပြီး၊ အာစီယံဥက္ကဌဆိုတဲ့တာဝန်နဲ့၊ စီးပွါးရေးပိတ်ဆို့မှုတွေပွင့်လာေ
စဖို့က၎င်းတို့ရဲ့ဒုတိယအရေးကြီးတဲ့ဦးတည်ချက်တွေဖြစ်တယ်ဆိုတာ၊ လယ်ပြင်မှာဆင်သွားသလိုထင်ရှားနေ
တယ်။

ဒီလိုလုပ်ဆောင်ချက်တွေဟာ၊ တိုင်းပြည်နဲ့ပြည်သူလူထုအတွက်မဟုတ်ဘူးဆိုတာ ၎င်းတို့ကိုယ်တိုင်တွေကသိ
နေကြတယ်။ စစ်အာဏာရှင်တွေဟာ၊ နှစ်ပေါင်း၅၀ လောက်၊ နည်းအမျိုးမျိုးနဲ့လိမ်ညာပြီးတဲ့အခါမှာ၊ ယခုတကြိ
မ်မှာတော့၊ လိမ်ပါတယ်လို့မထင်မှတ်ရမယ့်ပုံသဏဏ္ဍန် မျိုးတွေနဲ့တင်ဆက်အသုံးတော်ခံတဲ့အခါမှာ၊ နိုင်ငံတ
ကာကတောင်မှ၊ မြန်မာပြည်ကစစ်အာဏာရှင်တွေတခါမှလုပ်မပြဘူးတာတွေကိုလုပ်ပြနေကြတယ်ဆိုတဲ့အယူအ
ဆနဲ့လိုက်လျောမှုတွေပေးလာနေကြတာကိုတွေ့ရလိမ်မယ်။

အမှန်တကယ်အပြောင်းအလဲလုပ်မလုပ်ဆိုတာကို၊ (၁) စစ်အာဏာရှင်များဟာဥပဒေအထက်မှာဘဲရှိနေခဲ့တဲ့အ
ခြေအနေကနေပြီးတော့၊ ယနေ့ကာလမှာဥပဒေဘောင်အတွင်းသို့ဘယ်လောက်အတိုင်းအတာအထိ၊ အလျော့
ပေးလုပ်ကိုင်လာပြီလဲ (၂) စစ်မှန်ပြီး အားလုံးအတိုင်းအတာဆောင်တဲ့တွေ့ဆုံဆွေးနွေးမှု ကိုအခြေခံပြီး၊သက်ဆို
င်သူများအားလုံးတိုင်းပြည်ကိုပြန်လည်တည်ဆောက်ကြတယ်ဆိုတဲ့ပုံသဏ္ဌန်၊ လုပ်ဆောင်မှုမျိုးတွေရှိလာပြီလား (၃) တိုင်းပြည်ရဲ့စီးပွါးရေးလုပ်ငန်းတွေကို၊ အာဏာရှင်တွေနဲ့၎င်းတို့ရဲ့လက်ဝေခံများကသာ ချုပ်ကိုင်ထားမှုက
နေ၊ ပြည်သူအများစုအကျိုးဖြစ်ထွန်းစေမည့်၊ စီးပွါးရေးပုံသဏ္ဌန်ဘက်ကိုလမ်းလွှဲပေးလိုက်ပြီလား၊ ဆိုတဲ့အချက်
များနဲ့တိုင်းတာကြည့်မယ်ဆိုရင်၊ အာဏာရှင်တွေဟာပြောင်းလဲမှုကို၊ အမှန်တကယ်လုပ်မလုပ်ဆိုတာတွက်ဆ
နိုင်ပါတယ်။

ဒါဆိုရင်မြန်မာပြည်မှာ၊ ယနေ့မြင်တွေ့နေရတာတွေသည်၊ တိုင်းပြည်နှင့် ပြည်သူလူထုအတွက်၊ လုံးဝအာမခံချ
က်မရှိသေးသောအခြေအနေ၊ တိုင်းပြည်နှင့်လူမျိုးကိုနှစ်ပေါင်းများစွာဒုက္ခပင်လယ်ဝေစေခဲ့တဲ့စနစ်ဆီသို့အလွယ်
တကူပြန်လည်ရောက်ရှိနိုင်သေးတဲ့အခြေအနေမှာပင်ရှိနေသေးသည်။


စစ်အာဏာရှင်စနစ်ရှိနေသေးသည်

မြန်မာပြည်လွတ်လပ်ရေးရပြီးကတည်းက၊နာမည်အမျိုးမျိုးနှင့်အာဏာရှင်များရှိခဲ့သည်။ မဆလ၊နဝတ၊နအဖ၊ ပြီး
တော့ ယ္ခုလက်ရှိ သိန်းစိန် နဲ့ ယူနီဖေါင်းချွတ်၊ အသွင်ပြောင်အာဏာရှင်များရဲ့ ကြီးစိုးမှု့ကာလ လို့သတ်မှတ်လို့
ရပေလိမ့်မည်။ မနေ့တနေ့ကထိတိုင်းပြည်ရဲ့ အာဏာကို အတင်းအဓမ္မယူခဲ့တဲ့၊ ကမ္ဘာ့အဆိုးဝါးဆုံးအာဏာရှင်
အဖြစ်သရဖူဆောင်းခဲ့တဲ့၊ သန်းရွှေ ရဲ့ယန္တရားတွေဟာသိန်းစိန်နဲ့အဖွဲ့က မြန်မာနိုင်ငံကိုအတင်းအဓမ္မကြီးစိုးတ
ယ်ဆိုတဲ့အချိန်ထိတိုင်အောင်၊ မပျက်ပြယ်သေးဘဲရှိနေတာကိုတွေ့နေရတယ်။ အန်အယ်လ်ဒီကို ပြိုင်ဖက်ပါတီ
လုပ်ခဲ့တဲ့ တစည၊ ပြည်သူလူထုကိုအရပ်သားသဏ္ဌန်နဲ့ တိုက်ခိုက်ခြေမှုန်းဖို့ အတွက်သာလျှင်ရည်ရွယ်ပြီးဖွဲ့စ
ည်းထားတဲ့၊ ကြံ့ဖွတ်၊ ပြည်ခိုင်ဖြိုး စတဲ့အဖွဲ့အစည်းတွေနဲ့ ဖွဲ့စည်းပုံတွေဟာ၊ ပြောက်ပျက်သွားပြီလို့ဘယ်သူတ
ဦးတယောက်ကမှကြေငြာခဲ့ခြင်းမရှိသေးသလို၊ အမှန်တကယ်လဲ (sleeping cell) တွေလိုတည်ရှိနေသေးတယ်
လို့သတ်မှတ်လို့ရတယ်။ အာဏာရှင်တွေဟာ၊ ဒီယန္တရားတွေနဲ့ ပြည်သူကိုနှိပ်စက်ပြီး၊ တိုင်းပြည်ကိုဆင်းရဲတွင်း
ထဲမှာဘဲထားပြီး၊ ၎င်းတို့ကိုယ်ကျိုးအတွက်တိုင်းပြည်ရဲ့ဘဏ္ဍာတွေကိုလိုသလို အသုံးပြုခဲ့တာဖြစ်တယ်။ အဲဒီလို
တိုင်းပြည်ရဲ့ဘဏ္ဍာတွေကိုအလွဲသုံးစားလုပ်ခြင်းအပြင်၊ ပေါ်ပေါ်ထင်ထင်ခြစားလဒ်စားမှုများက၊အာဏာရှင်တွေ
ကို အာဏာကိုယစ်မူးစေတဲ့အဓိကအချက်ကြီးဖြစ်ခဲ့တယ်။ ဒါ့ကြောင့်အာဏာကိုလက်လွှတ်လိုက်ရတဲ့အခါကျရင်
၊ တွေ့ကြုံရင်ဆိုင်ရမယ့်ကိစ္စတွေကို၊ ကြောက်လာတဲ့အခါ အာဏာကိုလက်လွှတ်ရမှာကြောက်လာတာဟာအမှ
န်တရားဖြစ်တယ်။

ယနေ့တွေ့မြင်နေရတဲ့၊ အာဏာရှင်တို့ရဲ့ အပြင်သဏ္ဌန်သာပြောင်းပြီးအုပ်ချုပ်တဲ့ပုံစံကိုပြန်ကြည့်ပါ။ အားလုံးနီး
နီးဟာ၊ အာဏာရှင်အဆက်ဆက်တွေရဲ့ ယန္တရားတွေထဲမှာပါဝင်ခဲ့တဲ့သူတွေ၊ အာဏာရှင်တွေကိုထောက်ခံခဲ့သူ
တွေ၊ အာဏာရှင်တို့ရဲ့အလိုကျအကောင်အထည်ဖေါ်ပေးခဲ့တဲ့ ဆဲလ်လေးတွေဖြစ်ခဲ့ကြတယ်။ အဲဒီလိုပုဂ္ဂိုလ်ေ
တွနဲ့၊ လက်ဝေခံတွေကဘဲ၊ မြန်မာပြည်ကိုကယ်တင်ရန်အတွက်နောက်ပြန်လှည့်လို့မရတဲ့လုပ်ငန်းစဉ်တွေနဲ့အ
ကောင်အထည်ဖေါ်နေတယ်လို့ဆိုတယ်။ အဲဒီလိုစိတ်ကူးမျိုး အရင်တုန်းက ဘာ့ကြောင့်မပေါ်တာလဲဆိုတာမေး
စရာရှိလာတယ်။ အာဏာရှင်အဆက်ဆက်ဟာ၊ လျို့ဝှက်ပြီး တိုင်းပြည်နဲ့ပြည်သူလူထုကိုဘာမှအသိမပေးဘဲလု
ပ်ချင်ရာလုပ်ကြတယ်။ အမြင်ကျဉ်းမြောင်းပြီး၊ အတွေးအခေါ်တွေဟာ ခေတ်နောက်မှာကျန်နေခဲ့တဲ့ စစ်သားမပီ
သတဲ့၊ စစ်သားတွေဖြစ်တာကြောင့်လည်း၊ သတင်းလုံခြုံမှုကို ထိန်းသိမ်းတဲ့သဘောနဲ့၊ ၎င်းတို့လုပ်မှာတွေကိုအ
သိမပေးတာလည်းဖြစ်ကောင်းဖြစ်မယ်။ ယခုအစိုးရဆိုသူတွေလည်း၊ ဒီလိုမျိုးပါဘဲ၊ ပွင့်လင်းမှုဘယ်မှာရှိသေးလို့
လဲ။ နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးမယ့်ရက်ကိုတောင်ပြောပိုင်ခွင့်မရှိသေးဘဲဖြစ်နေတယ်။ တိုင်းပြည်ရဲ့
အနာဂတ်နဲ့ပတ်သက်ပြီးတော့လဲ၊ ဘာတွေကို ဘယ်လိုဆက်လုပ်သွားမယ်၊ ဘယ်လောက်နှစ်ကာလအပိုင်းခြား
မှာ ဘာကိုအကောင်အထည်ဖေါ်ပြီးလုပ်ဆောင်မယ်ဆိုတာ တွေဘာမှမရှိဘူးဆိုတာတွေ့ရတယ်။

အာဏာရှင်တို့ရဲ့သဏ္ဌန်ကို အတွင်းကျကျမြင်နိုင်မယ့်အရာတခုကတော့၊ စစ်တပ်ထဲမှာ သဘောထားမတူတဲ့
အာဏာရှင်တွေရှိကြတယ်။ သူတို့တွေဟာသဘောထားမတူကြပေမယ့်၊ ယူနီဖေါင်းဝတ် အပြစ်ကျူးလွန်ထား
သူအခြင်းခြင်း၊ တစုံတခုသောအတိုင်းအတာအထိညီညွတ်မှုရှိကြတယ်။ အာဏာရှင်တွေ တိုင်းပြည်ရဲ့အာဏာ
ကို သိမ်းယူ၊လွှဲယူတဲ့အခါမှာ အလွန်ညင်သာတယ်။ သန်းရွှေလက်ထက်မှာဘဲ၊ ဝရုန်းသုန်းကားနဲ့ဟိုလူကိုအချုပ်
ထဲထည့်၊ ဒီလူကိုလုပ်ကြံသတ်ဖြတ် လုပ်ပေမယ့်၊ ယခုတကြိမ်မှာတော့၊ အရမ်းအသိသာကြီးမဟုတ်ဘဲနဲ့အာ
ဏာရှင်နောက်အုပ်စုတခုဆီသို့မြန်မာပြည်ကြီးရောက်ခဲ့ရပြန်လေပြီ။ အာဏာရှင်တွေအတွင်း တူညီတာကတော့
တိုင်းပြည်နဲ့နိုင်ငံတကာကို၊ စစ်သားများမပီသစွာလိမ်နည်းမျိုးစုံနဲ့လိမ်တယ်။ နိုင်ငံရေးအကျဉ်းသားမရှိဘူးလို့
ပြောတယ်၊ နိုင်ငံရေးအကျဉ်းသားတွေကို သံတိုင်တွေနောက်မှာဘဲရှိနေတာကို ပိုနှစ်ခြိုက်ကြတယ်။ မြန်မာပြည်
ဟာ အလွန်ဆင်းရဲတဲ့နိုင်ငံဖြစ်တာကြောင့်နူကလီးယား လက်နက်တည်ဆောက်ဖို့ဟာမဖြစ်ဘူးဆိုပြီး၊ဗိုလ်ကြီး
စိုင်းသိန်းဝင်းရဲ့ခိုင်လုံတဲ့အထောက်အထားတွေရှိတာတောင်မှငြင်းပယ်လိုက်သေးတယ်။ ဒီသဘော သဘာဝ
တွေနဲ့၊ ယခင်ကယန္တရားတစုံလုံးဟာ၊ ယခုအချိန်မှာအသွင်တမျိုးနဲ့ပြန်လည်၊ လည်ပတ်နေတာသာဖြစ်တယ်။

ပြီးတော့၊ အထက်ပိုင်းမှာ စစ်သားဆိုတဲ့သူများကသာကြီးစိုးထားသလို၊ အောက်ပိုင်းရပ်ကွက်အဆင့်အုပ်ချုပ်ရေး
တွေမှာလည်း၊ အာဏာရှင်များကိုအလုပ်အကျွေးပြုမယ့်သူများကိုသာခန့်အပ်ထားတာတွေဟာယခုအချိန်ထိအ
ပြောင်းအလဲမလုပ်သေးဘဲရှိနေသေးတာတွေ့ရတယ်။ အထက်ပိုင်းက၊ အပြစ်တွေတခုပြီးတခုကျူးလွန်ထားတဲ့
အာဏာရှင်တွေဟာ၊ ၎င်းတို့ရဲ့ထိုင်ခုံနဲ့ ဝါးတီးတွေကိုမထိခိုက်စေဖို့အတွက်၊ အောက်ခြေမှာရှိနေတဲ့၊ ပညာမတ
တ်၊ ဗဟုသုတခေါင်းပါးလွန်းတဲ့ သူတွေကို လုပ်ချင်ရာလုပ်ခွင့်ပေးထားရတယ်။ အဲဒီတော့မှ၊ အာဏာရှင်တွေအ
နေနဲ့ပြည်သူလူထုကိုနှိပ်ကွပ်ဖို့အမိန့်ပေးတဲ့အခါမျိုးမှာ၊ အောက်ခြေမှာရှိတဲ့လူရမ်းကားတွေက၊ လူသားချင်းမ
စာနာစွာနဲ့၊ နိုင်ထက်စီးနင်းလုပ်ကြမှာဖြစ်တယ်။ အဲဒီလိုအထက်အောက်ဖိနှိပ်မှုတွေဟာ၊ ယနေ့ထိတိုင်ရှိနေဆဲ
ဘဲဆိုတာ၊ လယ်မြေတွေသိမ်းတဲ့ပြသနာတွေကိုကြည့်ရင်အထင်အရှားဖြစ်တယ်။

အဲဒီလိုဆိုတော့၊ ကျွန်တော်တို့တွေ နှစ်ပေါင်းများစွာ တိုက်ပွဲဝင်နေတဲ့ အာဏာရှင်စနစ်ဆိုးကြီးဟာအတွင်းထဲမှာ
ရှိနေသေးတယ်။


အာဏာရှင်စနစ်ကိုစွန့်လွှတ်၍မရ

စစ်ယူနီဖေါင်းဝတ်ထားပြီး၊ နည်းမျိုးစုံနှင့်ကလိန်ကကျစ်လုပ်တဲ့အာဏာရှင်များရဲ့၊ ကျူးလွန်ထားမှုများဟာ၁၉၆၂
ခုနှစ်မှ စ၍ယနေ့ကာလအထိ ဆိုရင်အတော်များများရှိခဲ့ပြီ။ အဲဒီအထဲမှာ၊ ကျောင်းသားတွေကိုသတ်မှု မှစတင်
ပြီး၊ ကျောင်းသူတွေကိုမဒိန်းကျင့်ပြီးသတ်ဖြတ်ထားမှုများ၊ ပြီးတော့ မြန်မာနိုင်ငံဘာသာရေးရဲ့ အထွတ်အမြတ်
ထားရာ၊ သံဃာတော်တွေကိုတောင်သတ်ဖြတ်ထားမှု့များဟာလူစိတ်ကင်းမဲ့သူတွေသာ လုပ်တဲ့လုပ်ရပ်များသာ
်ဖြစ်တယ်။ အဲဒါအပြင်လူမျိုးစုတွေရဲ့ဒေသတွေမှာ၊ ကျေးရွာတွေမှာ၊ ရွာသားတွေရဲ့ပစ္စည်းတွေကိုလုယက်ခြင်း၊
ကျေးရွာတွေကိုမီးရှို့ခြင်း၊ အမျိုးသမီးများကိုမုဒိန်းကျင့်ခြင်းများဟာလည်းအလွန်အကျူးဖြစ်ပေါ်လျက်ရှိခဲ့တယ်။

ဒီလိုလုပ်ဆောင်မှုတွေရဲ့နောက်ကွယ်မှာ၊ မြင်တွေ့နိုင်တာကတော့၊အထက်ပိုင်းအာဏာရှင်တွေရဲ့အမိန့်ပေးမှု
ကို၊ အောက်ခြေမှာရှိတဲ့အာဏာရှင်တွေကို၊ လိုအင်ဖြည့်ဆီးပေးနေတဲ့၊ လက်ဝေခံအာဏာရှင်များကအကောင်အ
ထည်ဖေါ်လုပ်ဆောင်ခြင်းများရဲ့အကျိုးရလဒ်များသာလျှင်ဖြစ်တယ်။

အဲဒီလိုတရားဥပဒေရဲ့အထိန်းအကွပ်မရှိဘဲ၊ လုပ်ခြင်ရာလုပ်ခွင့်ရှိခြင်းများနဲ့အတူ၊ စစ်တပ်အတွင်းနှင့်အုပ်ချုပ်ေ
ရးယန္တရားများအတွင်းခြစားလဒ်စားမှုများဟာကျယ်ကျယ်ပြန့်ပြန့်ကိုဖြစ်ပေါ်လာပြီး၊ ယခုအချိန်အထိဆိုရင်၊သာ
မန်ပြည်သူတွေအနေနှင့်၊ တနေ့လုပ်မှတနေ့စားရတယ်ဆိုတဲ့တနေ့တာဝမ်းရေးကိုဖြေရှင်းနေရတဲ့အချိန်မှာ၊
အာဏာရှင်နဲ့အာဏာရှင်နဲ့ပတ်သက်သူတွေမှာတော့၊ ပိုင်ဆိုင်မှု့များအတွက်စိုးရိမ်သောကများနေရတဲ့ကာလ
မျိုးဖြစ်နေခဲ့ပြီ။

ဒီလိုအချိန်မှာ၊ မြန်မာနိုင်ငံကိုအစစ်အမှန်ဥပဒေစိုးမိုးမှုအောက်ကိုသွတ်သွင်းလိုက်မယ်ဆိုရင်၊ မြန်မာပြည်မှာတစုံ
တရာအတိုင်းအတာအထိ စစ်မှန်တယ်လို့ယူဆ၍ရတဲ့၊ ဒီမိုကရေစီစနစ်ကိုကျင့်သုံးမယ်ဆိုလျှင်၊ အာဏာရှင်တွေ
ဟာ၎င်းတို့ရဲ့သေတွင်းကို၎င်းတို့ကိုယ်တိုင်တူးသလိုဖြစ်နေမယ်။ အဲဒါကြောင့်လည်း၊၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥ
ပဒေ (စစ်အာဏာရှင်စနစ်ဆက်လက်တည်ရှိရေး) နှင့်၊ အာဏာရှင်တွေကိုသာ အနိင်ရစေမယ့်၊ ၂၀၁၀ ရွေးကော
က်ပွဲကိုလုပ်ခြင်းဖြင့်၎င်းတို့ရဲ့မူလအဆင့်အတန်းကိုထိန်းသိမ်းထားပြီး၊ လုံခြုံမှုရှိစေခဲ့တာဖြစ်တယ်။

ရှင်းရှင်းလင်းလင်းမှတ်သားလို့ရတဲ့အချက်က၊ စစ်အာဏာရှင်စနစ်ကို၊ ဖယ်ထုတ်လိုက်တယ်ဆိုလျှင်၊ဥပဒေစိုးမိုး
ရေးဝင်ရောက်လာမည်။ တရားမျှတတဲ့ဥပဒေများအောက်မှာ၊ မကောင်းတာလုပ်ထားသူများ၊ ပြည်သူကိုနှိပ်စက်
ထားသူများ၊ တိုင်းပြည်ဘဏ္ဍာများကိုအလွဲသုံးစားလုပ်ထားသူများ၊ ၎င်းတို့လုပ်ဆောင်ထားမှုများရဲ့အကျိုးသက်
ရောက်မှုကိုခံရတော့မည်။

ဒါ့ကြောင့်စစ်အာဏာရှင်တို့အတွက် အကောင်းဆုံးလမ်းက၊ ဒီမိုကရေစီဆိုတဲ့မင်းသားခေါင်းပေါင်းကိုဆောင်းပြီး၊ ယခင်ရှိပြီးသားအာဏှာရှင်စနစ်ဆိုတဲ့ခန္ဓာကိုယ်နဲ့၊ အသွင်ပြောင်းအုပ်ချုပ်ခြင်းက၊၎င်းတို့ရဲ့ဆက်လက်တည်ရှိမှု
ကိုအာမခံချက်ပေးနိုင်ပေမည်။


ဥပဒေစိုးမိုးရေး ဖြစ်နိုင်မည်လော

မြန်မာနိုင်ငံမှာ၊ တရားဥပဒေစိုးမိုးမှုမရှိတာကြာခဲ့ပြီ၊ အာဏာရှင်တို့ရဲ့သဘောသဘာဝအရ၊ တရားဥပဒေဆိုတာ၊ ၎င်းတို့လက်ထဲမှာသာရှိသည်။ ပြည်သူတယောက်ကိုလိုသလိုအကွက်ဆင်၍ဖမ်းလို့ရသည်။ ထိုသို့ဖမ်းဆီးပြီး
သည့်အခါမှာလည်း၊ ပုဒ်မအမျိုးမျိုးတပ်၍ ထောင်ဒဏ်သတ်မှတ်နိုင်သည်။ လောလောဆယ်ရှိနေသော ဥပဒေ
များသည်၊ အာဏာရှင်များနှင့်မသက်ဆိုင်သည့်အလား၊ ပြည်သူလူထုအနေနှင့်ပြန်လည်တရားစွဲဆိုခြင်းများရှိ
လာလျှင်၊ တရားစွဲဆိုသူ၏ အပြစ်များဖြစ်သွားသည့်သာဓကများစွာရှိသည်။မြန်မာပြည်ရဲ့ဥပဒေစိုးမိုးမှုကို၊ ရှင်း
ရှင်းလင်းလင်းမြင်ကြည့်မယ်ဆိုရင်တော့၊ အာဏာရှင်များသည်ဥပဒေအထက်တွင်ရှိနေကြသည်ဟုသတ်မှတ်၍
ရသည်။

နိုင်ငံတနိုင်ငံတွင်ဥပဒေစိုးမိုးခြင်းသည်၊ တိုင်းသူပြည်သားများအတွက်၊ လွတ်လပ်မှုတရားမျှတမှုများကိုအာမခံ
ချက်ပေးသည်။ တရားမျှတသောဥပဒေများအောက်တွင်၊ အားလုံးသည်တန်းတူအခွင့်အရေးများရရှိကြသည်။ အ
စစ်အမှန်ဒီမိုကရေစီမှာတော့၊ တရားဥပဒေစိုးမိုးရေးပါဝင်ပြီးသားဖြစ်သည်။ ဒါဆိုရင်မြန်မာပြည်မှာ၊တရားဥပဒေ
စိုးမိုးရေးဘယ်လိုလုပ်ဆောင်နိုင်မလဲ ဆိုရင်၊ ကိုယ့်ဟာကိုယ်ဖန်တီးယူတဲ့ဒီမိုကရေစီလိုမျိုးမဟုတ်ဘဲ၊ ကမ္ဘာ့နိုင်ငံ
အများစုတွေမှာကျင့်သုံးနေတဲ့ ဒီမိုကရေစီလိုမျိုးကိုကျင့်သုံးနိုင်မယ်ဆိုရင် တရားဥပဒေစိုးမိုးရေးကိုရရှိပြီးသားဖြစ်
ပေလိမ်မည်။

ဒါပေမယ့်မြန်မာပြည်မှာ၊ အသွင်တမျိုးနဲ့အာဏာရှင်တွေဆက်ရှိနေသေးတယ်။ တိုင်းပြည်ကိုစုတ်ပြတ်သတ်နေေ
အာင်လုပ်ဆောင်ခဲ့သူများမကြောင့်မကျဘဲဆက်လက်တည်ရှိနေကြတယ်။ ၎င်းတို့ရဲ့တည်ရှိမှုကို၊ ထိပါးလို့မရေ
အာင်၂၀၀၈ ဖွဲ့စည်းပုံနဲ့ကာရံထားကြတယ်။ မြန်မာပြည်မှာတရားဥပဒေစိုးမိုးရေးအတွက်ဆိုလျှင်ဖွဲ့စည်းပုံအခြခံ
ဥပဒေကိုပြင်ဆင်ရေးဆွဲမှရမည်။ ထိုအခါမှသာလျှင်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရပြည်သူလူထုကအစစ်အမှန်ရွေး
ကောက်သော၊ အစစ်အမှန်ပြည်သူ့ကိုယ်စားလှယ်များဖြင့်တိုင်းပြည်ကို အုပ်ချုပ်မှသာလျှင်၊ အစစ်အမှန်တရားဥ
ပဒေစိုးမိုးရေးကိုတည်ဆောက်နိုင်မည်ဖြစ်ပေသည်။

မြန်မာပြည်ရဲ့လက်ရှိအခြေအနေအရ၊ စစ်အာဏာရှင်များနှင့်၊ စစ်အာဏာရှင်စနစ် မကင်းစင်သေးသည့်အပေါ်၊ ဥပဒေစိုးမိုးရေးသည်၊ ဖြစ်နိုင်ပါမည်လောဟု မေးစရာဖြစ်နေသည်။


၈၈ မျိုးဆက်များကို ခြေရာဖြောက်ပစ်ဖို့

စစ်အာဏာရှင်များကို သတ္တိရှိရှိတော်လှန်သူများသည်၊ ကျောင်းသားများဖြစ်ပြီး၊ ၈၈၈၈ ဆိုတာသည်သမိုင်းဝင်ေ
တ်ာလှန်ရေးတခုအဖြစ်တည်ရှိနေသည်။ ကျောင်သားများ ၈၈ မျိုးဆက်များ၏ မီးမောင်းထိုးပြမှုများကြောင့်၊ မြန်
မာပြည်သူများ စစ်အာဏာရှင်များ၏လုပ်ရပ်များကိုသိခွင့်ရခဲ့ကြသည်။ စစ်အာဏာရှင်များ မြန်မာပြည်ကိုအဓမ္မ
္မကြီးစိုးနေမှုကို ဝိုင်ဝန်းတော်လှန်ခဲ့ကြသည်။ ဆက်လက်၍တော်လှန်နေကြသည်။ စစ်အာဏာရှင်များဟာမြန်မာ
ပြည်သူများအပေါ်၊ အလွန်အကျူး တိုင်းတပါးကျွန်ကဲ့သို့နှိပ်စက်နေခြင်းများကို၊ ကမ္ဘာကသိအောင်ဆောင်ကျဉ်း
ပေးနိုင်ခဲ့သည်။

ပြီးတော့၊ စစ်အာဏာရှင်များ၏ သတ်ဖြတ်ခံရမှုများအထဲတွင်၊ ၈၈ တွင်သတ်ဖြတ်ခြင်းသည်၊အလွန်အကျွံသတ်
ဖြတ်မှုကြီးအဖြစ်မြန်မာတပြလုံးနှင့်ကမ္ဘာ ကပါသိထားသည်။ ထို့အပြင် ၂၀၀၃ ဒီပဲယင်းသတ်ဖြတ်မှုနှင့်၊ ၂၀၀၇ သံဃာများကိုပင်သတ်ဖြတ်ထားမှု့များရှိခဲ့တာကြောင့်၊ ယ္ခုလက်ရှိလုပ်နေသော၊ အပြောင်းအလဲများကို လုပ်နေ
ပါသော်လည်း၊ လိပ်ပြာမသန့်ဖြစ်နေသည်။ အာဏာရှင်များသည်လောကဓံကိုအမြဲတမ်းထည့်သွင်းစဉ်းစားပုံပေါ်
သည်။ ဒါ့ကြောင့်၎င်းတို့သာစံနေရပြီး၊ ပြည်သူများကဘဲအမြဲတမ်းခံနေရတဲ့ အခြေအနေမှာအမြဲတမ်းမရှိနိုင်ဘဲ
၎င်းတို့ခံရမဲ့ကာလ လည်းရှိပေလိမ့်မည်ဟုယုံကြည်ပုံရသည်။

ဒါ့ကြောင့်၎င်းတို့ရဲ့အဓိကရန်သူကို၊ အမြဲတမ်းနလမ်မထူနိုင်အောင်နှိပ်ကွပ်ခြင်း၊ ထောင်သွင်းအကျဉ်းချခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်းအမှုတို့ကိုလုပ်ရခြင်းဖြစ်သည်။ အရှိသဘောအရ၊ ကျွန်တော်တို့တွေအနေနဲ့၊ အာဃာတ တရားကင်းစင်ရေးဘဲပြောပြော၊ ငြိမ်ချမ်းစွာဖြေရှင်းရေးဘဲဆိုဆို၊ စစ်အာဏာရှင်များအနေနဲ့ကတော့၎င်းတို့ရဲ့
ရေရှည်လုံခြုံရေးသည်၊ ၎င်းတို့ရဲ့ပထမဦးစားပေးတာဝန်ဖြစ်ရပေမည်။

ဒါ့ကြောင့်လဲ ၈၈ မျိုးဆက်တွေကို နှစ်ရှည်ထောင်ဒဏ်ချမှတ်ထားခြင်းနှင့် တိုင်းပြည်ပြင်ပသို့ရောက်ရှိနေသော ၈၈ မျိုးဆက်များအာလုံးကိုလစ်လျှုရှုပြီး၊ သမိုင်းထဲကဖယ်ဖြောက်ဖို့ကြိုးစားနေခြင်းမျှသာဖြစ်သည်။

================


တန်ရာတန်ကြေးတော့ပေးရမယ်လို့ထင်တယ် အပိုင်း - ၂

0 comments:

Post a Comment

Labels

ဧပြီ(၁) ရက် ကြားဖြတ်ရွေးကောက်ပွဲ၊ တရားမျှတမယ်လို့၊ ထင်ပါသလား?

Search This Blog