ယနေ့မြန်မာပြည်သည်ဘယ်ကိုဦးတည်ပြီးဘယ်ကိုရောက်မယ်ဆိုတာကို၊ ဘယ်သူမှတတ်အပ်မပြောနိုင်သော
အခြေအနေတွင်ရောက်ရှိနေသည်ဟုထင်သည်။ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်ရဲ့အနာဂတ်ကိုမည်သူမှတိ
တိကျကျမပြောနိုင်တဲ့အခြေအနေမှာရောက်ရှိနေလို့ဘဲဖြစ်ပါတယ်။
ဥပမာ အားဖြင့်၊ မြန်မာပြည်ရဲ့ပြည်သူကရွေးချယ်ထားခြင်းမဟုတ်တဲ့အတင်းအဓမ္မသမ္မတ သိန်းစိန်၊ ဘာလီသ
တင်းစာရှင်းလင်းပွဲမှာပြောတာက၊ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးရှေ့ဆက်ပြီးတော့လုပ်စရာကတော့တိတိကျကျ
တော့မရှိသေးဘူး၊ အခြေအနေပေါ်မူတည်ပြီးဆက်လုပ်သွားရမှာဘဲဆိုပြီး၊ မြန်မာသတင်းထောက်တွေအများစု
ပါဝင်တဲ့၊ သတင်းစာရှင်းလင်းပွဲမှာပြောသွားခဲ့တယ်။
ဆိုလိုတာက၊ သူကိုယ်တိုင်ကသမ္မတဖြစ်နေတယ်ဆိုပေမယ့်၊ သူကိုယ်တိုင်ရဲ့လုပ်ပိုင်ခွင့်ကို၊သူကိုယ်တိုင်အသုံး
မချနိုင်ဘဲဖြစ်နေတယ်ဆိုတဲ့သဘောဖြစ်တယ်။ မြန်မာပြည်မှာလတ်တလော၊ ဖြစ်ပျက်နေတဲ့ကိစ္စအဝဝ ကိုကြ
ည့်လျှင်၊ အခြေအနေအရဖြစ်သင့်လို့သမ္မတအနေနှင့် ၎င်း၏လုပ်ပိုင်ခွင့်နယ်ပယ်ထဲမှာလုပ်လို့ရနိုင်မဲ့ကိစ္စတွေ
ဟာ၊ မလိုအပ်ဘဲကြန့်ကြာနေတာတွေရှိနေတယ်။ ဒါတွေဟာဘာ့ကြောင့်လဲဆိုတော့၊ သိန်းစိန်အနေနှင့်တဖက်
ပိုင်းမှာညှိနှိုင်းမှုတွေလုပ်နေရတဲ့ပုံပေါ်သည်။ တဖက်ပိုင်းဆိုတာက၊ သန်းရွှေ (သို့) အခြားသောလက်သစ်အာ
ဏာရှင်အုပ်စု (သို့) လောလောဆယ် မပြောပလောက်သောအပြောင်းအလဲများကိုလက်မခံသောခေါင်းမာသ
ည့်အာဏာရှင်များဖြစ်ပေလိမ့်မည်။ ဒီလိုဆိုရင်သိန်းစိန်သည်၊ သမ္မတလို့တံဆိပ်ကပ်ခံထားရတဲ့၊ မြန်မာပြည်ရဲ့
အနာဂတ်ကိုမသိနိုင်သော၊ မြန်မာပြည်သူလူထုရဲ့ရွေးချယ်ခြင်းကိုမခံခဲ့ရသောပုဂ္ဂိုလ်သာလျှင်ဖြစ်သည်။
ပြီးလျှင်မြန်မာပြည်ရဲ့အနာဂတ်ကို၊ မီဒီယာတွေမှာထုတ်ဖေါ်ပြောနေတဲ့၊ သမ္မတအကြံပေးဆိုသူများကိုပြန်ကြ
ည့်လျှင်၊ မြန်မာပြည်ဟာဆယ်စုနှစ်တခုအတွင်းမှာ အင်ဒိုနီးရှာလောက်အဆင့်ကိုရောက်လာအောင်လုပ်လို့ရ
တယ်။ ၂၅ နှစ်ကာလအတွင်း၊ အာရှထိပ်သီး ၃ နိုင်ငံထဲတနိုင်ငံအပါအဝင်ဖြစ်လာနိုင်တယ်ဟုပြောဆိုနေသူ
များဟာလည်း၊ သိန်းစိန်နဲ့အဖွဲ့တွေ၊ ဘယ်လိုရည်ရွယ်ချက်ရှိတယ်၊ ဘာတွေလုပ်နေတယ်ဆိုတာတွေကိုဂဃ
နဏမသိကြဘူးဆိုတာ၊ ၎င်းတို့ပြောဆိုချက်များအရ သိနိုင်ပေသည်။ ၎င်းတို့အကြံပေးနေရသောအစိုးရနှင့်
ပတ်သက်၍ ဘယ်လိုအစီအစဉ်တွေရှိတယ်သမ္မတအနေနှင့် ဘယ်ပုံဆက်လုပ်ဖို့တော့ရည်ရွယ်ထားတယ်ေ
နာက်တဆင့်လုပ်မယ့်အစီအစဉ်ကဘာဖြစ်တယ်ဆိုတာတွေကို၊ ဘာမှရေရေရာရာမပြောနိုင်ဘဲရှိနေခဲ့တယ်။ ဒါကိုတဖက်ကပြန်တွေးကြည့်မယ်ဆိုရင်တော့၊ မမြင်ချင်ယောင်မကြားချင်ယောင်ဆောင်နေတာလည်းဖြစ်ေ
ကာင်းဖြစ်မယ်။ ဒါမှမဟုတ်၊ အာဏာရှင်တို့လုပ်ရိုးလုပ်စဉ်အတိုင်း၊ မပြောဖို့ရန်နှုတ်ပိတ်ခံထားရတာလည်းဖြ
စ်ပေလိမ့်မည်။ အဲဒီလိုဆိုတော့သူတို့လည်းဘာမှမသိကြပါ။
ဒါဆိုရင်ကျွန်တော်တို့အတိုက်ခံတွေဘက်ကိုကြည့်တဲ့အခါဝယ်၊ အန်အယ်လ်ဒီဆိုတာရှိသည်။ ဒါဆိုရင်အန်
အယ်လ်ဒီရဲ့တာဝန်ရှိတဲ့သူတွေကိုမေးမြန်းကြည့်မယ်ဆိုပြန်ရင်လည်း၊ မြန်မာပြည်သည်၊ အတိအကျဒီမိုက
ရေစီဘက်ကိုဦးတည်နေသည်ဟု၊ ဘယ်သူမှထုတ်ဖေါ်မပြောနိုင်သည့်အခြေအနေမျိုးဖြစ်နေသည်။
အသေအချာပြန်စမ်းစစ်ကြည့်မယ်ဆိုရင်တော့၊ မြန်မာပြည်ကိုစုတ်ပြတ်သတ်နေအောင် နည်းမျိုးစုံနဲ့ဂုတ်
သွေးစုတ်ပြီး၊ ဖက်စစ်ဆန်ဆန်အုပ်စိုးခဲ့သူတွေကဘဲ၊ အပြောင်းအလဲလေးတချို့ကိုလုပ်ပြပြီးဒီမိုကရေစီဆို
တဲ့အရေခွံလေးကိုစွတ်ပြီး ဆက်လက်အသုံးတော်ခံနေကြတယ်ဆိုတာအထင်အရှားဖြစ်ပါတယ်။ ဘီလူးကို
မင်းသားခေါင်းပေါင်းနဲ့၊ မင်းသားဝတ်စုံတွေကိုအသေအချာဝတ်ပေးလိုက်တဲ့အခါမှာ၊ မင်းသားနဲ့တူသလို
လိုတော့ဖြစ်သွားမယ်။ ဒါပေမယ့်၊ မင်းသားဝတ်စုံတွေရဲ့အတွင်းမှာတော့၊ လူသားစားတဲ့ဘီလူးရှိနေတယ်
ဆိုတာဟာအမှန်တရားဖြစ်လိမ့်မယ်။
ဒီလိုဆိုရင်မြန်မြာ့ပည်ရဲ့ရှိခဲ့ပြီးသားအခြေအနေတွေအပေါ်မူတည်ပြီး၊ ယနေ့လက်ရှိအခြေအနေများနှင့်
ပေါင်းစပ်ပြီးအတိအကျပြောလို့ရနိုင်တာက၊ မြန်မာပြည်သည် စစ်အာဏာရှင်တွေရဲ့ ချယ်လှယ်မှုအောက်
မှာဘဲရှိနေတုန်းဘဲဆိုတာဖြစ်တော့သည်။
You are here: Home » Think » မြန်မာပြည် ဘယ်ကိုဦးတည်သွားနေပါသလဲ?
Sunday, 11 December 2011
Related Posts
CAREFUL CONSIDERATION IS NEEDED TO LIFT SANCTIONS ON BURMA CAREFUL CONSIDERATION IS NEEDED TO LIFT SANCTIONS ON BURMAPolitical climate in Burma at the moment is all about sanctions imposed by US and EU. Actually it is the occasion to fulfil what the regime wants for their continue grip on power. Chairing the ASEAN in 2014 which is one of the wish lists of ... readmore
မြန်မာနိုင်ငံရဲ့အဓိကပြသနာတခုမြန်မာပြည်မှာအဓိက ပြသနာပေါင်းများစွာထဲက တခုဖြစ်သော စစ်တပ်ကြီးစိုးရေး၊ အရပ်သားများကို အနိုင်ကျင့်ချင်တိုင်းအနိုင်ကျင့်လိုခြင်း သဘောထား လုပ်ဆောင်ချက်နဲ့ပတ်သက်ပြီး၊ ကိုကျော်ကျော်သိန်းနဲ့အတူ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ ၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ဆွေးနွေးထားတာ တော်ေ ... readmore
စစ်အုပ်ချုပ်ရေးပြန်မသွားတော့ဘူး ဆိုတာကို ဘယ်သူတွေပြောသင့်သလဲယနေ့ကာလ၊ မြန်မာနိုင်ငံမှာမြင်နေ၊ ကြားနေရတာတွေသည်၊ အမှန်တကယ် ဘဲဖြစ်နေသလိုလို ပုံစံမျိုးလို့ထင်ရပေမယ့်၊ ဖြစ်စဉ်များကိုအသေအချာ၊ ဆက်စပ်ကြည့်လျှင်၊ ယုံကြည်ဖို့ အလွန်ခက်ခဲတာကိုတွေ့ရပေမည်။ ဥပမာအားဖြင့်၊ အာဏာရှင်တွေရဲ့အဝန်းအဝိုင်းအတွင်းမှာဘဲ၊ တချို့ကနိုင်ငံရေးအကျဉ်းသားရှိတယ်၊ တချို့ကမရှိဘူးတချို့ကအရေအတွက် ... readmore
စီးပွါးရေးပိတ်ဆို့မှု၊ သိန်းစိန် အစိုးရ နဲ့ ဝမ်းနဲစရာတခုယခုမြန်မာနိုင်ငံမှာရောက်ရှိနေတဲ့၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တင်ရဲ့ခရီးစဉ်မှာ၊ အသံအကျယ်လောင်ဆုံးထွက်တဲ့ကိစ္စကတော့၊ စီးပွါးရေးပိတ်ဆို့မှု ကိုရုပ်သိမ်းပေးဖို့ဆိုတဲ့အချက်ပါဘဲ။ Bali summit ပြီးနောက်သိန်းစိန် သို့မဟုတ်၎င်းနဲ့အတူလိုက်ပါသွားသူများက မြန်မာပြည်ကိုလာဖို့ဖိတ်ခေါ်ခြင်းအပေါ်၊ သမ္မတအို Oba ... readmore
ခရိုနီတွေနဲ့ပါတ်သက်ခြင်း အပေါ် မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အမှန်တကယ် ဒီမိုကရေစီဘက်ကိုသွားနေတယ် လို့ဆိုလို့မရတဲ့အချိန်မှာ တာဝန်သိပြည်သူတယောက်အနေနဲ့၊ တိုင်းပြည်အတွက်မဖြစ်သင့်တာတွေ ဖြစ်မလာအောင် ယုံကြည်ချက် နဲ့ထောက်ပြပြောဆိုမှု့ပြုတာဟာ ဘေးထိုင်ဘုပြောတာ မဟုတ်ဘဲ၊ ဒီမိုကရေစီဆိုတဲ့ စနစ်ထဲမှာ မိမိပါဝင်ရ မယ့်ကဏ္ဍကနေ ပါဝင်ဆေင်ရွက ... readmore
လာဘ်ပေး၊ လာဘ်ယူတိုက်ဖျက်ရေး ကော်မီတီ မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံ အဖြစ်ရောက်ရှိရန်၊ အခြေခံကနေပြောင်းလဲမှု တွေလုပ်ရမယ့်ကိစ္စများစွာရှိ သည့်အနက်၊ ရိုးရာအစဉ်အလာလိုဖြစ်ပြီး၊ မြန်မာနိုင်ငံမှာအမြစ်တွယ်နေတဲ့ ခြစားလာဘ်စားမှုတွေကို ပ ပြောက်အောင်လုပ်ဆောင်ဖို့လိုအပ်ခြင်းဟာလည်း၊ အရေးတကြီးလိုအပ်နေတယ်ဆိုတာ၊ ယခင်နှစ်ပေါင်း များစွာ ကတည ... readmore
အောင်ပွဲကိုညွှန်ပြခြင်း (သို) ၈၈ ခေါင်းဆောင်များသို့အကြံပြုခြင်းလွန်ခဲ့သော (၂၃) လောက်တုန်းက၊ မြန်မာနိုင်ငံရဲ့အခြေအနေများဟာ၊ ယနေ့ကာလတွင် လုပ်ဆောင်နိုင်သောအခြေအနေများနှင့် တော်တော်လေးအသွင်တူသည်။ ရိုးသားစွာဖြင့်ပြောရမယ်ဆိုရင်တော့၊ ယနေ့အခြေအနေများသည်၊ ယ္ခင်အခြေအနေများနဲ့ကွဲလွဲမှုရှိသလို၊ ယခင်ကထက်ပိုမိုသောလုပ်ဆောင်နိုင်မှုများကိုလုပ်ဆောင်နိုင်နေတာကိုတွေ့ရသည်။ ဥပမာအား ... readmore
အန်အယ်လ်ဒီ (NLD) ပြည်သူ့ဆန္ဒကို ထင်ဟပ်ပြဖို့လိုပြီတရားမဝင် တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ စစ်အစိုးရရဲ့လွှတ် တော်ထဲကိုဝင်မယ့်၊ အန်အယ်လ်ဒီရဲ့ အရွေးချယ်ခံအမတ်များ ကျမ်းသစ္စာ ကျိန်ဆိုခြင်းမှ စတင် ပြီး ပြည်သူအတွက်လုပ်ပြဖို့လိုနေပါပြီ။ ဦးသိန်းစိန် ဟာ၊ အန်အယ်လ်ဒီ ရွေးကောက်ပွဲ မဝင်ခင်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကိ ... readmore
စစ်အစိုးရကို အတိုက်အခံပြုသူ နည်းသွားမည်လော?မြန်မာပြည်ရဲ့စစ်အာဏာရှင်အစိုးရကို အတိုက်အခံပြုနေသော အတိုက်အခံအဖွဲ့၊ အတော်များများကို မြန်မာပြည်တွင်းနှင့် ပြည်ပနိုင်ငံအတော်များများတွင်တွေ့ရမည်ဖြစ်သည်။ မြန်မာပြည်တွင်းကိုပြန်ကြည့်လျှင် NLDသည်အဓိကအတိုက်အခံအဖွဲ့ကြီးဖြစ်သည်ဟုပြောလို့ရသည်။ ဒါပေမယ့် NLD ရဲ့ အင်နဲ့အားနဲ့ အတိုက်အခံပြုမှုများကို၂၀၀၃ ဒီပဲရင ... readmore
ဟီလာရီကလင်တင်မြန်မာနိုင်ငံသို့လာရောက်ခြင်းအပေါ် Aljazeera မှတင်ဆက်သော Inside Storyအမေရိကန်နိုင်ငံခြားရေးဝန်ကြီး၊ ဟီလာရီကလင်တင် မြန်မာနိုင်ငံသို့လာရောက်ခြင်းအပေါ် မြန်မာနိုင်ငံရဲ့အခြေအနေများကိုဆွေးနွေးထားတာ စိတ်ဝင်စားဖို့ကောင်းတယ်။ အဲဒီဆွေးနွေးချက်တွေထဲမှာပါသလို၊ စစ်အာဏာရှင်တွေဟာ၊ နိုင်ငံရေးအကျဉ်းသားတွေကို bargaining chip အရောင်းအဝယ်လုပ်ရာတွင်အသုံးပြုသောပစ္စည်းတွေလိုသာသဘောထားတယ်ဆို ... readmore
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment