မင်းကိုနိုင်နဲ့ ၈၈ ခေါင်းဆောင်တွေကိုမလွှတ်ပေးတာဟာအာဏာရှင်တို့ရဲ့ အန္တိမရည်မှန်းချက်

Tuesday 6 December 2011








မြန်မာပြည်မှာဖြစ်ပေါ်နေမှုများကိုကြည့်ပြီး၊ မကြာသေးမှီ အတိတ်ကာလကဖြစ်စဉ်များကိုမေ့လျော့ကောင်းမေ့
လျော့ကြလိမ့်မည်။ ဒါပေမယ့်၊ အာမခံချက်ရှိသော အနာဂါတ်၊ ကျွန်တော်တို့တွေအမှန်တကယ်လိုလားသောမြ
န်မာပြည်ရဲ့အနာဂါတ်တခုဆီသို့မရောက်သေးဘူးလို့ ယူဆရသည့်အခါမျိုးတွင်၊ ဖြစ်ပျက်ခဲ့ပြီးသောအခြေအနေ
များကို၊ ပြန်လည်ဆက်စပ် ပြီးသုံးသပ်နိုင်ပါက၊ ရည်မှန်းသောအနာဂါတ်ဆီသို့ဘယ်လို၊ ဆက်လျှောက်ရမည်ဆို
တာကို၊ သဲသဲကွဲကွဲ သိုမြင်နိုင်ပေမည်။

လွန်ခဲ့တဲ့တနှစ်လောက်အချိန်အထိ၊ တရားမဝင်နှင့် အစစ်အမှန်ပြည်သူလူထု၏ဆန္ဒ မပါဘဲ အတင်းအဓမ္မအတ
ည်ပြုထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် တရားမဝင် အတင်းအဓမ္မ အနိုင်ယူခဲ့သော ၂၀၁၀ ရွေကေ
ာက်ပွဲ တို့ဖြင့်၊ ဝန်ကြီးချုပ် နှင့် ဗလာဗလာဝန်ကြီးများ မတိုင်မှီအထိ၊ အလွန်တရာ ရက်စက်ကြမ်းကြုတ်သောစ
စ်အာဏာရှင်များမြန်မာပြည်ကို သေနတ်အားကိုးဖြင့်အုပ်ချုပ်သည်ဆိုတာကိုတွေ့ရမည်။

အဲဒီအခြေအနေကနေ၊ ဒီဘက်ခြမ်း၊ အရပ်သားအစိုးရလိုလို၊ အပြောင်းအလဲလုပ်သယောင်ယောင်အစိုးရလိုလို
ဘက်ကိုကူးပြောင်းလာတာဘာ့ကြောင့်လဲ?
(က) အာဏာရှင်များအတွင်း၊ သဘောထားတင်းမာသူနှင့်ပြော့ပြောင်းသူများအကြားတင်းမာမှုများ ပိုမိုကြီးထွား
လာခြင်း၊
(ခ) မြန်မာပြည်တွင်အလွန်အကျွံလူ့အခွင့်အရေး ချိုးဖေါက်မှုများ ကြောင့် ကုလသမဂ္ဂထောက်ခံသော လူ့အခွ
င့်အရေးစုံစမ်းမှုကော်မရှင် commission of inquiry ကိုလက်ခံရတော့မည့်အခြေအနေသို့ဆိုက်ရောက်လာနေ
ခြင်း၊
စသည့်အခြေအနေများကြောင့်၊ အာဏာရှင်များမလိုလားသည့်အခြေအနေသို့မဆိုက်ရောက်မှီ၊ အရေးတယူေ
ဆာင်ရွက်သော သဘောကြောင့်၊ အလျှင်အမြန် အာဏာရှင်တမတ်သားပါဝင်သော အရပ်သားအစိုးရတခုပေါ်
လာခြင်းဖြစ်ပေမည်။

အာဏာရှင်တဖြစ်လဲ သိန်းစိန်အစိုးရရဲ့၊ အရေးတကြီးလိုအပ်ချက်တွေကဘာလဲ?
(က) အာစီယံဥက္ကဌ ဖြစ်ဖို့
(ခ) စီးပွါးရေးပိတ်ဆို့မှု့တွေပွင့်ဖို့
(ဂ) အမေရိကန်နဲ့ဆက်ဆံရေးအဆင်ပြေသယောင် သရုပ်ဆောင်ဖို့
(ဃ) NLD ကို ပါလီမန်ထဲမှာ ပါဝင်ပတ်သက်နေဖို့

အထက်ပါအခြေအနေတွေကိုရောက်အောင်ဖန်တီးနိုင် ရင်ဘာဖြစ်မလဲ?
အထက်ကအခြေအနေတွေအတိုင်းဖြစ်လျှင်၊ ၎င်းတို့ဟာ နိုင်ငံတကာက အသိအမှတ်ပြုပေးရမယ့်၊ မြန်မာနိုင်ငံ
ရဲ့ပြုပြင်ရေးအစိုးရအဖြစ်အသတ်မှတ်ခံရမှာဖြစ်တယ်။ အဲဒီလိုတွေဖြစ်လာရင် ၎င်းတို့ရဲ့အတိတ်ကလုပ်ဆောင်
ခဲ့တာတွေကိုခဝါချ နိုင်လိမ့်မယ်လို့၊ စစ်အာဏာရှင်တွေယုံကြည်နေကြတယ်။

အဲဒါကြောင့်၊ အာဏာရှင်တွေဟာ၊ ၎င်းတို့လုပ်ဆောင်ဖို့လိုအပ်တဲ့၊ အဆင့်တိုင်းမှာပိုင်နိုင်စိတ်ချလောက်တဲ့အ
ခြေအနေမျိုးဖြစ်အောင်လုပ်တယ်။ ဥပမာ။ ။ ၂၀၀၈ ဖွဲ့စည်းပုံပါ အချက်အလက်တွေကိုကြည့်ခြင်းအားဖြင့်၊ ၂၀၁၀ ရွေကောက်ပွဲကိုအတင်းအဓမ္မ အနိုင်ယူခြင်းအားဖြင့်၎င်းတို့ရဲ့ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုတွေကိုထိန်းထား
နိုင်ခဲ့တယ်။

ယခုလက်ရှိအခြေအနေတွေကြည့်လျှင်၊ အာဏာရှင်လက်သစ်တွေဟာ၊ လုံးဝအသာစီးကိုရနေကြတယ်။ နိုင်ငံ
ရေးအကျဉ်းသားတွေကိုလွှတ်ပေးဖို့ဟာ၊ မူလကရည်ရွယ်ချက်ရှိတယ်။ ယခုလိုချင်တာလေးများရသွာပြီးတဲ့နေ
ာက်၊ မသိသလိုဟန်ဆောင်ချင်လာတယ်။ ဒါပေမယ့်၊ မလွှတ်ပေးပါဘူးလို့မပြောရဲဘူးလို့ထင်တယ်။

ဘာဘဲဖြစ်ဖြစ်၊ အာဏာရှင်တွေရဲ့ စိတ်ထဲမှာ အမြဲတမ်း insecure ဖြစ်နေစေမယ့်အရာတွေကတော့၊ ၈၈၈၈ ဆို
တဲ့အင်အားစုနဲ့၊ ၈၈၈၈ ကိုဖြိုခွင်းခဲ့ခြင်းအမှု၊ ၂၀၀၃ ဒီပဲယင်းသတ်ဖြတ်မှု နဲ့၊ ၂၀၀၇ သံဃာတွေကိုချေမှုန်းခြင်း
တို့ဟာ၊ ၎င်းတို့အတွက်အရိပ်မဲတွေအဖြစ်တည်ရှိနေခဲ့တယ်။ အဲဒီအထဲမှာမှ၊ အဓိကအကျဆုံးဖြစ်တဲ့၊ ၈၈၈၈
ဆိုတာကို၊ လုံးဝ ပြည်ဖုံးကားချလိုက်ချင်တာဟာ၊ အာဏာရှင်တွေရဲ့ဆန္ဒဖြစ်တယ်။

ဒါ့ကြောင့်၊ ၈၈ ခေါင်းဆောင်တွေရဲ့သဘောထားတွေကိုသိထားပြီးသည့်အပေါ်မှာ၊ ယခုလိုမြန်မာ့နိုင်ငံရေးကိုေ
နာက်ပြန်မလှည့်တော့ဘူးလို့ကြေငြာပြီး၊ နိုင်ငံရေးအရပွင့်လင်းမှုတချို့နဲ့သွားနေတဲ့အချိန်မှာ၊ ၈၈ အုပ်စုတွေ
ရဲ့ကြိုးပမ်းမှု့ကြောင့်၊ သမိုင်းဘီးကိုတပတ်ပြန်လည်သွားတဲ့အခြေအနေမျိုးကိုပြန်ရောက်သွားမှာ၊ စိုးရိမ်ပြီး၊ ပြန်
မလွှတ်ပေးရဲသေးတာဖြစ်တယ်။ အဲဒါအပြင်အခြေအနေအရ၊ ပြန်လွှတ်ပေးစရာမလိုတဲ့အခြေအနေတွေပေးလာ
မယ်ဆိုရင်လည်းပြန်မလွှတ်ပေးဖို့အစီအစဉ်ရှိပြီးသားဖြစ်ပုံပေါ်တယ်။

အဲဒါတွေအပြင် နိုင်ငံတကာမှာရှိနေတဲ့၊ ၈၈ အင်အားစုတွေကိုလည်း၊ စာရင်းထဲတောင်မထည့်တော့ဘဲ၊ လစ်လျှူ
ရှုထားတယ်ဆိုတာ၊ အားလုံးတွေ့မြင်တဲ့အတိုင်းပါဘဲ။

ဒါဆိုရင်၊ အာဏာရှင်တွေကတော့၊ ၎င်းတို့ရွှေ့ရမယ့်အကွက်ကိုရွှေ့လိုက်ပြီးပြီ။ ကျွန်တော်တို့ ၈၈ အင်အားစု
တွေအနေနဲ့ရွှေ့မယ့်အကွက်ကို၊ အာဏာရှင်တွေစောင့်နေကြတယ်ထင်တယ်။

0 comments:

Post a Comment

Labels

ဧပြီ(၁) ရက် ကြားဖြတ်ရွေးကောက်ပွဲ၊ တရားမျှတမယ်လို့၊ ထင်ပါသလား?

Search This Blog