ဦးသိန်းစိန်ရဲ့အစိုးရအဖွဲ့ကို ပြန်ပြင်ဖွဲ့စည်းမယ်ဆိုတဲ့အပေါ်

Sunday 22 April 2012

တရားမဝင် စစ်အစိုးရတဖြစ်လဲ ယူနီဖေါင်းချွတ် အရပ်သားအစိုးရအတွင်း အလွန် ရှုပ်ထွေးတဲ့ဇာတ်လမ်းများ ကို ပိုမိုရှင်း လင်းအောင် ခေါင်းမာတဲ့သူတွေ၊ တဦးခြင်းနှင့် မိမိအသိုင်းအဝိုင်း ရဲ့အကျိုးကိုသာကြည့်ပြီး တိုင်းပြည်ချစ်တယ်လို့အော်ေ နသူများကို၊ ၎င်းတို့နဲ့သင့်တော်တဲ့နေရာမှာ ထားမယ်ဆိုတဲ့ ဦးသိန်းစိန်ရဲ့ပြန်လည်ဖွဲ့စည်းမယ်ဆိုတဲ့အကြံကတော့၊ တော် တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်။ လုပ်နိုင်မလုပ်နိုင်ကတော့ ဦးသိန်းစိန်ရဲ့အပိုင်းပေါ့။

ဒီလိုလုပ်ဖို့လိုအပ်ချက်က တော့ မြန်မာနိုင်ငံမှာ အမှန်တကယ်နဲ့အရေးတကြီးလိုအပ်နေတဲ့ကိစ္စလို့မြင်တယ်။ မြန်မာပြည်သူလူထုကမထောက်ခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အတင်းအဓမ္မ အုပ်ချုပ်နေတဲ့ စစ်အစိုးရဟာ ပွင့်လင်းပြီး၊ ပြည်သူအများအတွက်အကျိုးဖြစ်စေရန် ပြည်သူအများစုထောက်ခံတဲ့ ပြုပြင်ပြောင်းလဲရေးတွေကိုမလုပ်လို့ကတော့၊ မြန်မာပြည်ဟာစစ်အာဏာရှင်တွေလက်ထဲမှာ ဘဲရှိနေပြီး၊ အစစ်အမှန်တိုးတက်မှုဘက်ကိုရောက်မှာမဟုတ်ဘူးလို့သုံးသပ်လို့ရတယ်။

ဒါပေမယ့် ရှိပြီးသား တရားမဝင် အစိုးရအဖွဲ့အတွင်း၊ သင့်တင့်သောပြောင်းလဲမှုတွေလုပ်မယ်ဆိုရင်တော့၊ ပြည်သူတွေ လည်းအလိုက်အထိုက လက်ခံပေးနိုင်လိမ့်မယ်လို့ထင်တယ်။ ကျိန်းသေတာတခုကတော့၊ ဦးသိန်းစိန်နဲ့၎င်းရဲ့အုပ်စုကတော့၊ ခေါင်းမာတဲ့ စစ်တပ်အုပ်စုကို၊ မလှန်နိုင်သေးသလိုဖြစ် နေတယ်ဆိုတာ၊ ကေအိုင်အေနဲ့ အတိအကျ အပစ်အခတ်မရပ်စဲနိုင်သေးတဲ့အခြေအနေတွေကပြဆိုနေတယ်။ ဒါပေ မယ့်လည်း၊ ဦးသိန်းစိန်ဟာ လုံးဝပြုပြင်ပြောင်းလဲချင်တဲ့လူ ဟုတ်မဟုတ်က လည်းဘယ်သူမှမပြောနိုင်ဘူး။

ဦးသိန်းစိန် ရဲ့အပြောအဆိုတွေနဲ့၊ အကဲခတ်လို့ရနိုင်သမျှသော၎င်း ရဲ့သဘောထားတွေအရဆိုလျှင် သူလည်းဒီ ပုတ်ထဲကဒီပဲဘဲ ဆိုတာ သတ်မှတ်လို့ရတယ်။ အမြင်ကျဉ်းမြောင်းတဲ့အာဏာရှင်စစ်တပ်ထဲက၊ အယူသည်းလွန်းတဲ့စစ်သားတွေ ဆိုတော့၊ သတင်းလုံခြုံမှု့ကိုအရမ်း ထိမ်းသိမ်းတာကြောင့်၊ ဘာတွေဖြစ်လာမလဲဆိုတာကိုတော့ခန့်မှန်းရခက်ပါတယ်။

0 comments:

Post a Comment

Labels

ဧပြီ(၁) ရက် ကြားဖြတ်ရွေးကောက်ပွဲ၊ တရားမျှတမယ်လို့၊ ထင်ပါသလား?

Search This Blog