Sunday 20 January 2013

ခရိုနီတွေနဲ့ပါတ်သက်ခြင်း အပေါ်

0 comments | Read more...

မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အမှန်တကယ် ဒီမိုကရေစီဘက်ကိုသွားနေတယ် လို့ဆိုလို့မရတဲ့အချိန်မှာ
တာဝန်သိပြည်သူတယောက်အနေနဲ့၊ တိုင်းပြည်အတွက်မဖြစ်သင့်တာတွေ ဖြစ်မလာအောင် ယုံကြည်ချက်
နဲ့ထောက်ပြပြောဆိုမှု့ပြုတာဟာ ဘေးထိုင်ဘုပြောတာ မဟုတ်ဘဲ၊ ဒီမိုကရေစီဆိုတဲ့ စနစ်ထဲမှာ မိမိပါဝင်ရ
မယ့်ကဏ္ဍကနေ ပါဝင်ဆေင်ရွက်တာသာဖြစ်တယ်။
  
ခရိုနီဆိုတာ အပြုသဘောဆောင်တဲ့စကားလုံးတော့မဟုတ်ပါ။ ခရိုနီဆိုတဲ့အဓိပ္ပါယ် အရ၊ အာဏာရှင်တွေနဲ့
ဆက်စပ်ပြီး၊ ပြည်သူတွေကိုခေါင်းပုံဖြတ်ပြီး၊ တိုင်းပြည်ဘဏ္ဍာတွေကိုအလွဲသုံးစားလုပ်ပြီး၊  လာဘ်ပေးလာ
ဘ်ယူမှု့များနှင့်ဆက်စပ်ပြီး ကြီးပွါးလာသူများဖြစ်တယ်။

မြန်မာနိုင်ငံမှာ၊ တိုင်းပြည်ဖရိုဖရဲဖြစ်အောင်လုပ်ထားတဲ့အာဏာရှင်တွေ ကို တရားဥပဒေစိုးမိုးမှုရှိတဲ့ အချိန်
မှာ၊ ပြည်သူကို အမှန်တကယ် ကိုယ်စားပြုတဲ့၊ ပြည်သူ့ကိုယ်စားလှယ်များနဲ့ အုပ်ချုပ်တဲ့မြန်မာနိုင်ငံဖြစ်လာ
တဲ့အချိန်မှာ၊  ရာဇဝတ်ဘေးပြေးမလွတ် ဆိုတဲ့အတိုင်း၊    ဥပဒေ ရဲ့ပြစ်ဒဏ်ခတ်ခြင်းကို ခံရဖို့ ရှိနေပါသေး
သည်။ 

အဲဒီကာလကို မရောက်သေးချိန်မှာ၊ မြန်မာနိုင်ငံကိုဒီမိုကရေစီဘက်ကိုသွားနေပြီဆိုတဲ့ယူဆချက်နဲ့ ကိုယ်
လိုရာဆွဲတွေးပြီး၊ လုပ်ဆောင်မယ်ဆိုရင်တော့၊ တိုင်းပြည်နာမယ်၊ ပြည်သူတွေဒုက္ခရောက်မြဲရောက်နေလိ
မ္မယ်လို့ထင်တယ်။ ဒီလိုမပြတ်မသားတဲ့ကာလအတွင်းမှာ၊ တရားမဝင်ငွေတွေနဲ့၊ တိုင်းပြည်နဲ့ပြည်သူလူ
ထု ဆီက မတရားခေါင်းပုံဖြတ်ထားတဲ့ငွေတွေနဲ့ ဆက်စပ်ပတ်သက်တဲ့သူတွေဟာ၊ အဲဒီအကျိုးဆက်ကို
တချိန်မှာ ပြန်ခံရပေလိမ့်မည်။

အန်အယ်လ်ဒီအနေနဲ့ တရားဝင်ပါတီအဖြစ်ရောက်ရှိအောင်လုပ်ဆောင်နေတယ်ဆိုရင်၊ တချိန်မှာတန်
ပြန်အကျိုးသက်ရောက်မှုကိုခံရနိုင်တဲ့၊ တရားမဝင် ခရိုနီတွေ ပေးလာမယ့် ပိုက်ဆံတွေနဲ့ကင်းဝေးတာ
ဟာ အကောင်းဆုံးဖြစ်မယ်လို့ထင်တယ်။ 

ခရိုနီတွေပေးတာကိုမယူရဘူးဆိုလျှင်၊ မင်းတို့ကကောဘယ်လောက်ပေးနိုင်လို့လဲဆိုတာကတော့၊ ဒီ
မိုကရေစီနဲ့လွဲခြော်နေပြီလို့ထင်တယ်။ ပြီးတော့ ဒီလိုသဘောထားပေးတာဟာ ဘေးထိုင်ဘုပြောတာလဲ
မဟုတ်နိုင်ဘူးလို့ထင်တယ်။ အန်အယ်လ်ဒီကို၊ ပြည်သူ့ဘက်ကရပ်တည်တဲ့ပါတီအဖြင့်ရှုမြင်ပြီးတော့
ပြည်သူ့အကျိုးစီးပွါးနဲ့ဆန့်ကျင်ဘက် ဖြစ်သွားမှာကိုမလိုလားလို့ တင်ပြပြောဆိုခြင်းသာလျှင်ဖြစ်ပေ
လိမ့်မည်။

Saturday 12 January 2013

လာဘ်ပေး၊ လာဘ်ယူတိုက်ဖျက်ရေး ကော်မီတီ

0 comments | Read more...


မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံ အဖြစ်ရောက်ရှိရန်၊ အခြေခံကနေပြောင်းလဲမှု တွေလုပ်ရမယ့်ကိစ္စများစွာရှိ
သည့်အနက်၊ ရိုးရာအစဉ်အလာလိုဖြစ်ပြီး၊ မြန်မာနိုင်ငံမှာအမြစ်တွယ်နေတဲ့ ခြစားလာဘ်စားမှုတွေကို ပ
ပြောက်အောင်လုပ်ဆောင်ဖို့လိုအပ်ခြင်းဟာလည်း၊ အရေးတကြီးလိုအပ်နေတယ်ဆိုတာ၊ ယခင်နှစ်ပေါင်း
များစွာ ကတည်းက ရှိနေခဲ့တဲ့လိုအပ်ချက်တခုပါ။ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့၊ တရားဥပဒေစိုးမိုးရေး
ကိုစနစ်တကျတည်ဆောက်နိုင်မယ်၊ ခြစားလာဘ်စားမှုတွေကို ထုံးတမ်းအစဉ်အလာလို အောက်ခြေမှ 
က်ပိုင်းအထိလုပ်ဆောင်နေခြင်းတွေ မရှိတော့အောင်လုပ်နိုင်မယ်ဆိုရင်ဘဲ၊ မြန်မာနိုင်ငံကိုအစစ်
မှန်တိုးတက်မှုဘက်ကို ဦးတည်လုပ်ဆောင်နိုင်လိမ့်မယ်လို့ယုံကြည်တယ်။

ယခုလောလောဆယ်မှာဘဲ၊ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ခြစားလာဘ်စားတဲ့နိုင်ငံ ၁၇၆ နိုင်ငံရှိသည့်အထဲမှာ
အမှတ်စဉ် ၁၇၂ မှာရှိနေတယ်ဆိုတော့၊ တော်တော်ကြီးကိုရုပ်ဆိုးတာဖြစ်တယ်။ ဒါတွေဟာ စစ်အာဏာရှင်
စနစ်မြန်မာနိုင်ငံမှာစတင်ကတည်းက တည်ရှိလာတော့၊ ဖျောက်ဖျက်ပစ်ဖို့မလွယ်ကူခဲ့ဘူးလို့သတ်မှတ်လို့
ရတယ်။ စစ်အာဏာရှင်တွေဟာ တိုင်းပြည်ကိုလုပ်ချင်သလိုလုပ်နိုင်ဖို့အတွက် အောက်ခြေတပ်များရဲ့ပံ့ပိုး
ထောက်ခံမှုတွေလိုအပ်တယ်။ အဲဒီအခါမှာ အောက်ခြေတွေကို လုပ်ချင်တာလုပ်ခွင့်တွေပေးရတယ်။ အေ
ာက်ခြေက တပ်မှူးတွေက လည်း အထက်က စစ်အာဏာရှင်ကြီးတွေကျင့်သုံးတဲ့အတိုင်း ၎င်းတို့ကိုယ်တို
င်အတုခိုး လုပ်ဆောင်လာကြတဲ့အခါ၊ မြန်မာပြည်ကြီးဖြစ်ချင်သလိုဖြစ်ခြင်းဆိုတဲ့ဇာတ်လမ်းကို စတင်ခဲ့တာ
ဖြစ်တယ်။ အဲဒီလိုအခြေအနေမှာ၊ အညှာအတာကင်းမဲ့တဲ့စိတ်ရှိတဲ့မြန်မာတွေဟာ တိုင်းပြည်အကျိုးဆိုတာ
ထက်၊ ငါနဲ့ငါ့ရဲ့မိသားစု၊ ငါ့အသိုင်းအဝိုင်းတွေကောင်းစားဖို့က ပထမ ဦးစားပေးဖြစ်ပြီး၊ အခြားသောမည်သ
ည့်အရာကိစ္စ မဆိုဟာ သာမည ကိစ္စတွေအဖြစ်သတ်မှတ်လိုက်တော့တယ်။

ထင်ရှားတဲ့သာဓကအဖြင့်၊ ကျက်သရေယုတ်အောင် တိုင်းပြည်ဘဏ္ဍာတွေကို အလွဲသုံးစားလုပ်ထားတဲ့ ဦး
ပိုင် ကုမ္ပဏီ ရဲ့လုပ်ဆောင်ထားတာတွေကို၊ ဒီနေ့ဒီအချိန်အထိဘာမှမလုပ်နိုင်သေးဘူးဆိုတာ၊ တတိုင်းပြ
ည်လုံးအသိပါ။ ဦးသိန်းစိန်နဲ့အပေါင်းအပါတွေဟာ၊ သန့်ရှင်းလတ်ဆတ်တဲ့အစိုးရဆိုပြီး တဇာဇာ ဟစ်ကြွေး
ပြီး၊ ပြောဆိုနေကြတယ်ဆိုပေမယ့်၊ လက်တွေ့အရ အကောင်အထည်ဖေါ်မှု နည်းပါးခြင်းအပေါ် ပြည်သူ
တွေ ၄င်းတို့အပေါ်ယုံကြည်မှုနည်းပါးတာဟာသဘာဝကျလှပါသည်။ တဖက်ကနေကြည့်ပြီးပြောမယ်ဆို
လျှင်၊ ဦးသိန်းစိန်နဲ့အပေါင်းအပါတွေဟာ မရိုးမသားနဲ့ အချိန်ကာလတခုကိုဖြတ်ကျော်နေကြတာလို့မြင်
ကြည့်လို့ရပါတယ်။ ဦးသိန်းစိန်အပါအဝင် စစ်ခေါင်းဆောင်တွေ၊ ယူနီဖေါင်းချွတ်တွေ တိုင်းပြည်အတွက်၊တို
င်းပြည်တိုးတက်မှုအတွက်တကယ်အနစ်အနာခံရဲတယ်ဆိုရင်၊ ပြည်သူတွေအတွက်၎င်းတို့အနေနဲ့လုပ်ပြ
လို့ရတာတွေအများကြီးရှိသလို၊ ပြည်သူတွေကလည်း ၄င်းတို့ရဲ့စစ်မှန်တဲ့ အနစ်နာခံလုပ်ဆောင်မှုတွေရှိ
လာတဲ့အပေါ်နားလည်ပေးမှာပါ။ ဒါပေမယ့် စစ်အာဏာရှင်တဖြင့်လဲ၊ ဦးသိန်းစိန်နဲ့အစိုးရ အဖွဲ့ဝင်တွေဟာ
၎င်းတို့ရဲ့ပိုင်ဆိုင်မှု့တွေကိုတောင် မဖေါ်ပြရဲကြဘူးဖြစ်နေတယ်။ သိသာထင်ရှားစွာဘဲ၊ ၄င်းတို့အနေနဲ့ပွင့်
လင်းမြင်သာတဲ့အစိုးရဆိုပြီး ပြောဆိုနေကြတယ်ဆိုပေမယ့်၊ ပြည်သူတွေသိခွင့်သိထိုက်တာကို မလုပ်ပြနိုင်
ခြင်းကိုကြည့်မယ်ဆိုရင်၊ တိုင်းပြည်နဲ့လူမျိုးကို၊ လှည့်စားနေတာဘဲဖြစ်တယ်။

ယခုဖွဲ့လိုက်တဲ့လာဘ်ပေးလာဘ်ယူမှုတိုက်ဖျက်ရေးကော်မီတီ ဆိုတာ ရှိသင့်တာကြာပြီ။ အခုမှဖွဲ့တယ်ဆို
ပေမယ့်လည်း၊ ဒီလိုကော်မီတီမျိုးရှိလာတဲ့အပေါ် အားပေးပါတယ်။ ဒါပေမယ့် အရှိသဘောအရသာဖွဲ့ပေး
လိုက်တယ်ဆိုတဲ့ပုံစံမျိုးဆိုရင်တော့၊ ဘာမှထူးခြားမှုမရှိနိုင်ဘူးလို့ထင်တယ်။ စည်းစနစ်တကျနဲ့ တင်းတင်း

ကြပ်ကြပ်လုပ်ဆောင်မှုမရှိဘူးဆိုရင်၊ လုပ်လေ့လုပ်ထရှိနေတဲ့သူတွေ အနေနဲ့က၊ ဆက်ပြီးတော့ လုပ်ဆော

င်နေဖို့ ဝန်မလေးဘူးဆိုတာ တထစ်ချပြောနိုင်ပါတယ်။ အပြစ်ပေးအရေးယူသင့်သူကို အပြစ်ပေးခြင်း၊ ချီး
မြှောက်သင့်သူကိုချီးမြှောင့်ခြင်း နဲ့အတူ၊ တရားဥပဒေစိုးမိုးတဲ့၊ မည်သူမဆို ဒါလုပ်ရင် ဒါဖြစ်မယ်ဆိုတဲ့လူ့
ဘောင်ကိုဖန်တီးပြီးလုပ်ဆောင်နိုင်တယ်ဆိုရင်တော့ တိုင်းပြည်အတွက်အကျိုးရှိမှာပါ။

Labels

ဧပြီ(၁) ရက် ကြားဖြတ်ရွေးကောက်ပွဲ၊ တရားမျှတမယ်လို့၊ ထင်ပါသလား?

Search This Blog