You are here: Home » ACTION » လာဘ်ပေးလာဘ်ယူ ကိုဘယ်လိုတိုက်မလဲ
Tuesday, 5 March 2013
မြန်မာနိုင်ငံကိုဆင်းရဲတွင်းထဲမှာ နှစ်ပေါင်းများစွာကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေထဲမှာရောက်နေအောင်လု
ပ်ခဲ့တာသည်စစ်အာဏာရှင်စနစ်နှင့်အတူ၊ ဓလေ့ထုံးစံလိုဖြစ်နေခဲ့သောလာဘ်ပေးလာဘ်ယူမှုကြောင့်ဆို
တာ အမှန်တရားပင်ဖြစ်သည်။ ယနေ့ပေးလာသောအခြေအနေများအရ၊ အာဏာရှင်တွေကို မဖယ်ရှား
နိုင်သေးပေမယ့်၊ ခြစားလာဘ်စားမှုတွေ ပပျောက်အောင်ပြည်သူတွေအားလုံးလက်တွဲလုပ်နိုင်တယ်လို့
သတ်မှတ်လို့ရတယ်။
လာဘ်ပေးလာဘ်ယူမှု့တွေရှိနေတဲ့အခါ၊ အာဏာကို ကိုယ်ကျိုးအတွက် ဖေါက်လွဲဖေါက်ပြန် အသုံးချခြ
င်းတွေရှိနေမယ်။ ပြည်သူ့အကျိုးစီးပွါးကိုလစ်လျှုရှုပြီး၊ ပုဂ္ဂိုလ်ရေးအကျိုးစီးပွါးအတွက် ဆုံးဖြတ်ချက်တွေ
ချမှတ်ခြင်းတွေပြုလုပ်တယ်။ ဒီမိုကရေစီ နှင့်ပတ်သက်သောဖွဲ့စည်းတည်ထောင်မှု့များကိုအားနည်းစေ
ပြီး၊ တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေပြီး၊ ပြည်သူများ၏ ယုံကြည်ထောက်ခံမှု များလျော့နည်းစေတ
ယ်။ ဈေးနှုံး၊ အရည်အသွေး၊ တီထွင်ကြံဆမှုတွေအပေါ်မှာအခြေခံတဲ့ မျှတတဲ့ ပြိုင်ဆိုင်မှုတွေအပေါ်အ
ခြေခံရမယ့်အစား၊ အပြိုင်အဆိုင်လာဘ်ပေးလာဘ်ယူမှုများကိုဖြစ်ပေါ်စေတယ်။ အဲဒီလိုအခြေအနေတွေ
ဟာ ကုန်သွယ်မှု့လုပ်ငန်းတွေကိုထိခိုက်စေပြီး၊ နိုင်ငံတကာရင်နှီးမြှုပ်နှံမှုတွေကိုအဟန့်အတားဖြစ်စေ
တယ်။
သဘာဝပတ်ဝန်းကျင်ကိုကာကွယ်သောအဖွဲ့အစည်းများအနေနဲ့လာဘ်စားသောအခါ၊ အခြေခံတိုးတက်
မှုရရှိ ရမယ့်ကိစ္စတွေဟာတိမ်မြုပ်ပြောက်ကွယ်နေပြီး၊ ပတ်ဝန်းကျင်ဆက်လက်တည်ရှိမှုကိုခြိမ်းခြောက်မှု
တွေရှိလာတယ်။ လာဘ်စားမှုတွေတိုးပွါးလာစဉ်မှာ၊ စစ်အာဏာရှင်တွေဟာပိုပြီးလျှို့ဝှက်တတ်လာပြီး၊ အ
ခြေခံအကျဆုံးလူမှု့ရေး၊ စီးပွါးရေးအခွင့်အရေးများဟာ ခြိမ်းခြောက်ခြင်းခံလာရတယ်။ တဆက်တည်းမှာ
ဘဲ သန်းပေါင်းများစွာသောပြည်သူတွေအတွက်၊ ရိုးရိုးသားသားလုပ်ကိုင်စားသောက်ခြင်းဆိုတာကိုပြုလုပ်
ချင်ပေမယ့်၊ မဖြစ်နိုင်တော့တဲ့အခြေအနေကိုရောက်ရပါတော့တယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ခြစားလာဘ်စားတဲ့နိုင်ငံ ၁၇၆ နိုင်ငံရှိသည့်အထဲမှာအမှတ်စဉ် ၁၇၂ မှာရှိနေ
တယ်။ ဒီလို ကမ္ဘာ့နိုင်ငံတွေ ကြားမှာ အောက်ဆုံးအဆင့်နားမှာဘဲရှိနေတာဟာ၊ ကျယ်ကျယ်ပြန့်ပြန့် လာ
ဘ်
စားမှု့တွေရှိနေလို့ဖြစ်တယ်။ ယနေ့ကာလအခြေအနေများအရ တိုင်းပြည်နှင့် ပြည်သူတွေရဲ့ ဘဝေ
တွဟာ၊ ယ္ခင်ကနဲ့ ဘာမှမထူးဘူးဆိုတာတွေ့ရတယ်။ လယ်သမားတွေရဲ့ဘဝတွေဆိုလျှင် ပိုဆိုးလာတာ
တွေကို တွေ့နေရတယ်။ ဒီအခြေအနေတွေပေါ်မှာ ဦးသိန်းစိန်အစိုးရအနေနဲ့ဖြေရှင်းချက်ပေးလိမ့်မှာက
ဒီလိုအခြေအနေတွေ ကနေရုန်းထွက်နိုင်ဖို့ အချိန်ကာလတခုကို ဖြတ်ကျော်ရလိမ့်မယ်ဆိုတာဘဲဖြစ်သ
ည်။ ဒါပေမယ့်လက်တွေ့သဘောအရ၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနိုင်ငံရေး၊ စီးပွါးရေး၊ ပတ်ဝန်းကျင်ထိန်း
သိမ်းရေး လုပ်ငန်းများကိုရှေ့ဆက်ဖို့ရန်၊ အတော်လေးခက်ခဲနေတာကိုတွေ့ရမည်။ ဘာ့ကြောင့်လဲဆိုေ
တော့၊ မြန်မာ့နိုင်ငံရေးလမ်းကြောင်းတွင် မရှင်းမရှင်းဖြစ်နေသော အခြေအနေများကြောင့်ပင်ဖြစ်သည်။
ဥပမာအားဖြင့်၊ ၂၀၀၈ ဖွဲ့စည်းပုံကိုမပြင်နိုင်ခြင်း၊ ပြင်ရန်အတွက် လမ်းစကိုပင်မဖေါ်ထုတ်နိုင်ခြင်း။ ဒီမို
ကရေစီနည်းကျကျ၊ မျှမျှတတ ရှိသောရွေးကောက်ပွဲမရှိခဲ့ခြင်း ကြောင့်၊ ပြည်သူများ အစစ်အမှန်တင်ေ
မြာက်သောပြည်သူ့ကိုယ်စားလှယ်များ အုပ်ချုပ်ရေးနေရာများတွင်မရှိဘဲ၊ စစ်ယူနီဖေါင်းချွတ်များကသာ
အဓိကအချက်အချာကျသောနေရာများကိုရယူထားခြင်း။ ခြစားလာဘ်စားမှုပြသနာများကို ပြတ်သားစွာ
အရေးယူ မှု မပြုလုပ်နိုင်ခြင်းများသည် လက်တွေ့ကျသောအချက်အလက်များဖြစ်သည်။
၁၉၈၈ နောက်ပိုင်းစစ်အာဏာရှင်များ သည်တိုင်းပြည်ကို ဒုက္ခအပေးဆုံးပုဂ္ဂိုလ်များဖြစ်သည်။ စစ်တပ်သာ
လျှင် အခရာကျသည်ဟုဆိုပြီး အာဏာရှိတာကိုအလွဲသုံးစားပြုလျက် ရနိုင်သမျှသောစီးပွါးရေးလုပ်ငန်း
များကို အတင်းအဓမ္မ လက်ဝါးကြီးအုပ်လုပ်ဆောင်လာပြီးနောက်၊ အနှစ် ၂၀ ကျော်ကာလအတွင်း အာ
ဏာရှင် ဗိုလ်ချုပ်ကြီးများ သန်းကြွယ်သဌေးတွေဖြစ်သွားကြပြီး၊ စစ်အုပ်စုပြုလုပ်မယ့် ၂၀၁၀ ရွေးကောက်
ပွဲမတိုင်ခင်လေးအထိ၊ ခွဲတမ်းတွေ ခွဲဝေယူခဲ့ကြတာကို အမှတ်ရမိပါသေးသည်။ အဲဒါအပြင် ၁၉၉၇-၂၀၀၁
ခုနှစ်များအတွင်း သဘာဓါတ်ငွေ့မှရတဲ့ငွေများသည် စာရင်းပြောက်နေဆဲပင်ဖြစ်သည်။ မြန်မာနိုင်ငံရဲ့၊ နို
င်ငံတကာသို့ပေးရမယ့်အကြွေးဟာ အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံ ကို စစ်အာဏာရှင်တွေအသုံးချခဲ့
တယ်။ ကျိန်းသေတာကတော့ ပြည်သူကိုဖိနှိပ်ဖို့၊ တိုင်းရင်းသားတွေကိုတိုက်ဖို့အတွက်သုံးခဲ့တာဖြစ်ပြီး၊
ပြည်သူအကျိုးအတွက် အသုံးမပြုခဲ့တာတော့ကျိန်းသေတယ်။ ကံကောင်းချင်တော့ အပေါ်ယံပြောင်းလဲမှု
တွေလုပ်ပြတဲ့အပေါ်မှာ၊ ဂျပန်က အမေရိကန်ဒေါ်လာ ၃.၇ ဘီလီယံ မြန်မာကပေးရမယ့်အကြွေးတွေကိုခ
ဝါချပေးလိုက်တယ်။ ပြီးတော့ နော်ဝေ က အမေရိကန်ဒေါ်လာ ၅၃၄ သန်း၊ ပြီးတော့တောင်ကိုးရီးယားက
လည်း သူ့ကိုပေးရမယ့်အကြွေးတွေကိုမယူတော့ဘူးဆိုတော့၊ အားလုံးစုစုပေါင်း အမေရိကန်ဒေါ်လာ ၆
ဘီလီယံလောက် ပေးစရာမလိုဘဲဖြစ်သွားပြီ။
ပြီးတော့ဦးပိုင်လီမိတက် ဆိုပြီး တိုင်းပြည်ကိုလှည့်စားခဲ့တာဟာလည်း ဒီနေ့အထိမရှင်းမလင်းဘဲဆိုတာ
အားလုံးအသိပါဘဲ။ အဲဒီဦးပိုင်မှာ ဝမ်ပေါင်က $ 1 Billion ထည့်ပြီး စစ်တပ်က ရှယ်ယာတွေနဲ့လုပ်ကြတဲ့
နေရာမှာ၊ အကျိုးအမြတ်ကို၊ ပါဝင်လုပ်ကိုင်တဲ့ သုံးဖွဲ့ (စစ်အစိုးရ၊ ဝမ်ပေါင် နဲ့ ဦးပိုင်) ယူလိုက်တဲ့အခါမှာ
စုစုပေါင်း ၄၃.၉ ရာခိုင်နှုံး သာစာရင်းထဲမှာရှိပြီး၊ ၅၆.၁ % သောအမြတ်ငွေတွေက ဘယ်ကိုသွားနေသလဲ
ဆိုတာမည်သူမျှမသိပေ။ ပြီးတော့လက်ပတောင်းတောင်မှာ သိမ်းထားတဲ့လယ်မြေတွေအတွက် လျော်ေ
ကြးပေးပြီးဖြစ်ပေမယ့်၊ လယ်သမားတွေကတော့ဘာမှမရခဲ့ကြဘူး။
ပြီးတော့၊ လယ်မြေတွေသိမ်းယူနေတဲ့ကိစ္စတွေမှာ၊ လယ်သမားတွေဘက်ကိုလုံးဝ ထည့်မတွက်ဘဲ တဦး
တယောက်ရဲ့အကျိုး၊ အုပ်စုတခုရဲ့အကျိုးအတွက်အဆင်ပြေလျှင် ပြီးရောဆိုတဲ့လုပ်ဆောင်မှု့မျိုးနဲ့လုပ်
နေခြင်းဟာ စစ်အာဏာရှင်တွေရဲ့လုပ်ရိုးလုပ်စဉ်နဲ့ဘာမှမထူးဘူးဖြစ်နေတယ်။ ပြီးတော့အဲဒီလို ပြည်သူ
တွေအပေါ်မတရားလုပ်ဆောင်ခြင်းတွေရှိတာကို၊ အထက်ကိုတိုင်ကြားပေမယ့်လည်း၊ ဘာအရေးယူမှုမှ
ပြုလုပ်တာကိုမတွေ့ရပေ။
ဒီလို မြန်မာနိုင်ငံဟာ ယခင်ကလိုဘဲ ဘာမှမထူးခြားတဲ့အခြေအနေမှာရှိနေခြင်းဟာ၊ ခြစားလာဘ်စားမှု့
ပြုလုပ်ထားတဲ့သူတွေကို ထိထိရောက်ရောက် အရေးယူ အပစ်ပေးခြင်းမလုပ်နိုင်တာကြောင့် ဆိုတဲ့အေ
ကြာင်းရင်းတခုကြောင့်လည်းဖြစ်တယ်လို့ပြောလို့ရတယ်။ ဒါကိုဖြေရှင်းဖို့အတွက် ဦးသိန်းစိန်ရဲ့လွှတ်ေ
တော်မှာ လာဘ်ပေးလာဘ်ယူမှုတိုက်ဖျက်ရေးကော်မီတီဆိုပြီးဖွဲ့ပေးလိုက်တာကိုလည်း မှတ်သားမိပါသ
ည်။ ဒါပေမယ့်လည်း၊ ဒီအဖွဲ့ဟာလည်း လွတ်လွတ်လပ်လပ်လုပ်နိုင်ဖို့အတွက် လောင်းရိပ်မိနေ မယ့်ပုံေ
ပေါ်တဲ့အတွက်၊ ထူးထူးခြားခြားဖြစ်မလာနိုင်ဘူးလို့ယုံကြည်တယ်။
အဲဒါကြောင့် အနောက်နိုင်ငံတွေမှာ လာဘ်စားမှု့တွေကို တိုက်ဖျက်သလို၊ ပြည်သူတွေအနေနဲ့လုပ်ကြ
မယ်ဆိုရင်၊ မြန်မာနိုင်ငံကလာဘ်ပေးလာဘ်ယူမှု့တွေကို လျော့နည်းသွားအောင် နဲ့အဲဒီ အယူအဆတွေ
ကိုပပျောက်အောင်လုပ်နိုင်လိမ်မယ်လို့ယုံကြည်သည်။ အနောက်နိုင်ငံတွေမှာ (Whistle-blower) လို့
ခေါ်တဲ့ လာဘ်စားတဲ့သူတွေကိုသိနေ တဲ့ သတင်းထုတ်ဖေါ်သူတွေဟာ အဓိကကျတယ်လို့သတ်မှတ်ကြ
တယ်။ ထိုနည်းတူစွာဘဲ မြန်မာနိုင်ငံမှာလည်း ကိုယ်တိုင်သိနေလို့ထုတ်ဖေါ်ပြောပြပေးမယ့်သူတွေအများ
ကြီးလိုအပ်နေတယ် လို့ထင်တယ်။ အဲဒီလိုမျိုးပြောပြပေးတဲ့သူတွေရှိလာမှ ပြည်သူတွေသိခွင့်ရမယ်၊ တ
ဆက်တည်းမှာဘဲ ပြည်သူတွေကိုမတရားလုပ်ထားတဲ့သူတွေကိုယ်တိုင် သူတို့ရဲ့သတင်းတွေဟာပြည်သူ
တွေကြားထဲမှာပြန့်နှံ့နေတယ်ဆိုတာ သိလာရင် သူတို့အတွက်နယ်ကျဉ်းသွားမယ်။ နောင်လုပ် လာနိုင်
တဲ့လာဘ်ပေးလာဘ်ယူမှုများကို ဟန့်တားနိုင်မယ်။ ရှိပြီးသားလာဘ်ပေးလာဘ်ယူမှုများကိုအရေးယူခြင်း
တွေပြုလုပ်နိုင်မယ်လို့ယုံကြည်ပါတယ်။
တဆက်တည်းမှာဘဲ၊ အဲဒီလိုထုတ်ဖေါ်ပြောဆိုမယ့်သူတွေရဲ့လုံခြုံရေးကိုလည်း ထိန်းသိမ်းပေးမယ်ဆိုရင်၊ ထုတ်ဖေါ်ပြောဆိုကြမယ့်သူတွေပိုများလာမယ်လို့ထင်မိပါတယ်။
အဲဒါကြောင့်နောက်ဆက်တွဲပါ ပုံစံလေးထဲမှာမိမိတို့သိထားသော မည်သည့်လာဘ်ပေးလာဘ်ယူမှုကိုမဆို
ဖေါ်ပြပေးပါရန် မြန်မာပြည်နှင့်မြန်မာပြည်သူများ၏အကျိုးအတွက် တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။
============================
မြန်မာပြည်မှလာဘ်ပေးလာဘ်ယူမှု့များကိုဖေါ်ထုတ်ကြရအောင်
အထက်ပါဇယားတွင်ပေါ်လာအောင်အတွက် အောက်ပါ ပုံစံကိုဖြည့်စွက်ပါ။ -------------------------------------------------------------------------- --------------------------------------------------------------------------
Related Posts
“ဤ" ကတော့ "ကျွဲ" ဘဲဖြစ်နေ ဦးမှာပါ မြန်မာစစ်အာဏာရှင်တွေရဲ့တိုင်းပြည်နဲ့လူမျိုးအပေါ်လူလည်ကျမှုတွေဟာ..ဒီနေ့.ဒီအချိန်အထိ စနစ်တ ကျနဲ့ပြုလုပ်နေဆဲဘဲဆိုတာ သိကြသူတွေရှိသလို.. သိသိကြီးနှင့်ခံနေကြသူများလည်းမြောက်များစွာရှိနေ တာကိုတွေ့ရသည်။ မြန်မာပြည်ကိုဒီမိုကရေစီနိုင်ငံအဖြစ်သို့ပြောင်းလဲပေးခဲ့ပြီဆိုပြီး..လူသိရှင်ကြား၊နိုင်ငံ တကာသိအော ... readmore
The Voice Weekly ဂျာနယ်၊ Modern ဂျာနယ် နဲ့ မြစ်ဆုံဆည်မြန်မာပြည် ကို ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနေပါတယ်ဆိုတဲ့၊ စစ်အာဏာရှင်အရေခြုံများဟာ၊ ပြည်သူကိုအနိုင်ကျင့်လိုတဲ့စိတ်တွေကို၊ မထိန်းချုပ်ထားနိုင်ဘူးဆိုတာ၊ The Voice Weekly ဂျာနယ်၊ Modern ဂျာနယ် တို့ကိုတရားစွဲတဲ့ကိစ္စ၊ မြစ်ဆုံဆယ်ကိုပြန်စတင်မယ်ဆိုတဲ့ကိစ္စတွေကိုကြည့်ရင်၊ အနာဂါတ် မြန်မာပြည်အတွက် စိုးရိမ်စရ ... readmore
ပြည်သူ့ဝန်းရံမှု လိုအပ်မည့် မတရားမှုများမြန်မာပြည် ဒီမိုကရေစီနိုင်ငံဘက်ဆီကိုသွားနေပြီလို့သူတို့ပြောကြတယ်။ အောက်ပါအမှု (၃) ခုကိုကြည့်ရင်မြန်မာပြည်ဟာယခင်ကနဲ့ဘာမှထူးခြားမှုမရှိသေးဘူးလို့ အတိအကျပြောလို့ရတယ်။ တရားမျှတတဲ့ဥပဒေတွေကိုကျင့်သုံးလိုစိတ်မရှိဘူး၊ အပြစ်ကျူးလွန်တဲ့သူတို့ရဲ့ဘက်တော်သားတွေဟာ ဘာမှပြသနာမရှိဘူး၊ ပြည်သူလူထုကိုအနိုင်ကျင့်ချင်တိ ... readmore
၈၈ စိတ်ဓါတ် မှ တိုင်းပြည်ထူထောင်ရေးဆီသို့ ၈.၈.၈၈ မှာ ပါဝင်ခဲ့သူ တိုင်း ၈ လေးလုံးနှစ်ပတ်လည်ကို အမြဲတမ်းအမှတ်ရနေတာကတော့ နိုင်ငံကိုကြီးပွါး တိုးတက်စေခြင်တဲ့စိတ်ကိုဖြေဖျောက်၍ မရတာကြောင့်ဖြစ်တယ်လို့ထင်တယ်။ ၂၄ နှစ်ကြာ ရှိခဲ့ပြီဖြစ်တဲ့ပြ ည်သူ့အရေးတော်ပုံရဲ့အကျိုးဆက်တွေကြောင့်၊ ဒီနေ့ဖြစ်နေတဲ့ကိစ္စတွေ ဖြစ်နေရတယ်ဆိုပေမယ့်၊ ဖြစ်သ င့်သလောက် ... readmore
တန်ရာ တန်ကြေးတော့ပေးရမယ်လို့ထင်တယ် - ၂တန်ရာတန်ကြေးတော့ပေးရမယ်လို့ထင်တယ် - အပိုင်း (၂)အပိုင်း (၁) ကို ဒီမှာသွားရောက်ဖတ်ရှုနိုင်ပါတယ်။အတိုက်အခံများ၏စည်းလုံးညီညွတ်စွာတိုက်ပွဲဝင်မှုအားနည်းခြင်းအရှိအတိုင်းရှုမြင်ရန်ဒီကန္တကိုတင်ပြတဲ့နေရာမှာ၊ အမှန်တကယ်တွေ့မြင်ရတဲ့အခြေအနေများကိုသာ ဆွေးနွေးတင်ပြလိုတာကြောင့်၊လိုအပ်ချက်များရှိကောင်းရှိပေလိမ်မည်။ ... readmore
NLD ပါတီ မှတ်ပုံတင်သင့်ပါသလား?ယနေကာလ ဖြစ်ပေါ်နေသော မြန်မာပြည်မှနိုင်ငံရေးအခြေအနေများသည်ကြိုတင်တွက်ဆ၍မရနိုင်သောအခြေအနေများကိုဖြစ်ပေါ်စေလျက်၊ ပြည်သူများကိုအမှန်တကယ် စိတ်ဝေဝါးမှုဖြစ်စေမှာတော့အမှန်ပင်ဖြစ်သည်။တိုင်းပြည်နဲ့လူမျိုးအတွက်လုံးဝ လှည့်ကြည့်ခြင်းမရှိတဲ့၊ အလွန်ဆိုးဝါးသော စစ်အာဏာရှင်များကို၊ အတိုက်အခံပြုနေသော၊ ပြည်သူများရဲ့အကျိ ... readmore
ပြည်သူပိုင်ဘဏ္ဍာကိုအလွဲသုံးစားလုပ်ခြင်းနဲ့လဒ်စားမှုကို ပြတ်သားစွာအရေးမယူနိုင်လျှင်မြန်မာပြည်မှာ၊ စစ်အာဏာရှင်စနစ်ခိုင်မြဲအောင်တွန်းပို့တဲ့၊ အကြောင်းအရင်းတခုဖြစ်တဲ့ ခြစားလဒ်စားမှုများကိုပြတ်ပြတ်သားသား အရေးယူနိုင်/မနိုင် ဆိုတဲ့အချက်ဟာလည်း၊ စစ်အာဏာရှင်တဖြစ်လဲဦးသိန်းစိန်အစိုးရကို၊ မြန်မာပြည်နှင့်ပြည်သူလူထုအတွက်၊ ရိုးသားမှုရှိ/မရှိ ဆိုတဲ့အကဲဖြတ် ချက် ထုတ်နိုင်ပေမည်။ယခုအချိန်အထိတော့၊ ... readmore
သူရဦးရွှေမန်းရဲ့တပတ်တာ၊ မှတ်စရာအသံနားထောင်ရန်အောက်ပါပုံကိုနှိပ်ပါ။မြန်မာပြည်မှာ အပြောင်းအလဲတွေဟာ ဘယ်လိုအကောင်အထည်ပေါ်လာလိမ့်မလဲဆိုတာကိုတွေးကြည့်ရင်၊မြန်မာပြည်ရဲ့လူ့သက်တမ်းတခုအပြင်၊ နောက်သက်တမ်းတခုကိုပါထည့်သွင်းစဉ်းစားရလောက်အောင်ပြသနာတွေ ရှုပ်ထွေးပြီး၊ ခရီးလမ်းဆုံးကို မမြင်နိုင်သည့်အခြေအနေနှင့်ရင်ဆိုင်ရတာဟာသဘာဝကျလှသည်။ ဖွံဖြိုးသော ... readmore
မင်းကိုနိုင်နဲ့ ၈၈ ခေါင်းဆောင်တွေကိုမလွှတ်ပေးတာဟာအာဏာရှင်တို့ရဲ့ အန္တိမရည်မှန်းချက်မြန်မာပြည်မှာဖြစ်ပေါ်နေမှုများကိုကြည့်ပြီး၊ မကြာသေးမှီ အတိတ်ကာလကဖြစ်စဉ်များကိုမေ့လျော့ကောင်းမေ့လျော့ကြလိမ့်မည်။ ဒါပေမယ့်၊ အာမခံချက်ရှိသော အနာဂါတ်၊ ကျွန်တော်တို့တွေအမှန်တကယ်လိုလားသောမြန်မာပြည်ရဲ့အနာဂါတ်တခုဆီသို့မရောက်သေးဘူးလို့ ယူဆရသည့်အခါမျိုးတွင်၊ ဖြစ်ပျက်ခဲ့ပြီးသောအခြေအနေများကို၊ ပြန်လည်ဆက်စပ် ပြီ ... readmore
အခြေခံအကျဆုံးအပြောင်းအလဲ မကြာသေးခင်ကဘဲ ကမ္ဘာ့အရက်စက်ဆုံးစစ်အာဏာရှင်တွေအုပ်ချုပ်ခြင်းခံခဲ့ရတဲ့မြန်မာနိုင်မှာ၊ ဒီမိုကရေ စီဘက်ကိုပြောင်းလဲနေပါပြီဆိုပြီး ကမ္ဘာတလွှား ကွက်ကြို ကွက်ကြား မရဲတရဲ ချီးမွန်းနေကြတာတွေကြား နေရတယ်။ အစစ်အမှန် အပြောင်းအလဲဟုတ်မဟုတ်ကို မသုံးသတ်နိုင်သေးခင်မှာ၊ ညင်သာတဲ့ပြောင်းလဲမှု သို့မဟုတ် ကမ္ဘာမှာ စံနမူနာယ ... readmore
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment