ခရိုနီတွေနဲ့ပါတ်သက်ခြင်း အပေါ်

Sunday 20 January 2013


မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အမှန်တကယ် ဒီမိုကရေစီဘက်ကိုသွားနေတယ် လို့ဆိုလို့မရတဲ့အချိန်မှာ
တာဝန်သိပြည်သူတယောက်အနေနဲ့၊ တိုင်းပြည်အတွက်မဖြစ်သင့်တာတွေ ဖြစ်မလာအောင် ယုံကြည်ချက်
နဲ့ထောက်ပြပြောဆိုမှု့ပြုတာဟာ ဘေးထိုင်ဘုပြောတာ မဟုတ်ဘဲ၊ ဒီမိုကရေစီဆိုတဲ့ စနစ်ထဲမှာ မိမိပါဝင်ရ
မယ့်ကဏ္ဍကနေ ပါဝင်ဆေင်ရွက်တာသာဖြစ်တယ်။
  
ခရိုနီဆိုတာ အပြုသဘောဆောင်တဲ့စကားလုံးတော့မဟုတ်ပါ။ ခရိုနီဆိုတဲ့အဓိပ္ပါယ် အရ၊ အာဏာရှင်တွေနဲ့
ဆက်စပ်ပြီး၊ ပြည်သူတွေကိုခေါင်းပုံဖြတ်ပြီး၊ တိုင်းပြည်ဘဏ္ဍာတွေကိုအလွဲသုံးစားလုပ်ပြီး၊  လာဘ်ပေးလာ
ဘ်ယူမှု့များနှင့်ဆက်စပ်ပြီး ကြီးပွါးလာသူများဖြစ်တယ်။

မြန်မာနိုင်ငံမှာ၊ တိုင်းပြည်ဖရိုဖရဲဖြစ်အောင်လုပ်ထားတဲ့အာဏာရှင်တွေ ကို တရားဥပဒေစိုးမိုးမှုရှိတဲ့ အချိန်
မှာ၊ ပြည်သူကို အမှန်တကယ် ကိုယ်စားပြုတဲ့၊ ပြည်သူ့ကိုယ်စားလှယ်များနဲ့ အုပ်ချုပ်တဲ့မြန်မာနိုင်ငံဖြစ်လာ
တဲ့အချိန်မှာ၊  ရာဇဝတ်ဘေးပြေးမလွတ် ဆိုတဲ့အတိုင်း၊    ဥပဒေ ရဲ့ပြစ်ဒဏ်ခတ်ခြင်းကို ခံရဖို့ ရှိနေပါသေး
သည်။ 

အဲဒီကာလကို မရောက်သေးချိန်မှာ၊ မြန်မာနိုင်ငံကိုဒီမိုကရေစီဘက်ကိုသွားနေပြီဆိုတဲ့ယူဆချက်နဲ့ ကိုယ်
လိုရာဆွဲတွေးပြီး၊ လုပ်ဆောင်မယ်ဆိုရင်တော့၊ တိုင်းပြည်နာမယ်၊ ပြည်သူတွေဒုက္ခရောက်မြဲရောက်နေလိ
မ္မယ်လို့ထင်တယ်။ ဒီလိုမပြတ်မသားတဲ့ကာလအတွင်းမှာ၊ တရားမဝင်ငွေတွေနဲ့၊ တိုင်းပြည်နဲ့ပြည်သူလူ
ထု ဆီက မတရားခေါင်းပုံဖြတ်ထားတဲ့ငွေတွေနဲ့ ဆက်စပ်ပတ်သက်တဲ့သူတွေဟာ၊ အဲဒီအကျိုးဆက်ကို
တချိန်မှာ ပြန်ခံရပေလိမ့်မည်။

အန်အယ်လ်ဒီအနေနဲ့ တရားဝင်ပါတီအဖြစ်ရောက်ရှိအောင်လုပ်ဆောင်နေတယ်ဆိုရင်၊ တချိန်မှာတန်
ပြန်အကျိုးသက်ရောက်မှုကိုခံရနိုင်တဲ့၊ တရားမဝင် ခရိုနီတွေ ပေးလာမယ့် ပိုက်ဆံတွေနဲ့ကင်းဝေးတာ
ဟာ အကောင်းဆုံးဖြစ်မယ်လို့ထင်တယ်။ 

ခရိုနီတွေပေးတာကိုမယူရဘူးဆိုလျှင်၊ မင်းတို့ကကောဘယ်လောက်ပေးနိုင်လို့လဲဆိုတာကတော့၊ ဒီ
မိုကရေစီနဲ့လွဲခြော်နေပြီလို့ထင်တယ်။ ပြီးတော့ ဒီလိုသဘောထားပေးတာဟာ ဘေးထိုင်ဘုပြောတာလဲ
မဟုတ်နိုင်ဘူးလို့ထင်တယ်။ အန်အယ်လ်ဒီကို၊ ပြည်သူ့ဘက်ကရပ်တည်တဲ့ပါတီအဖြင့်ရှုမြင်ပြီးတော့
ပြည်သူ့အကျိုးစီးပွါးနဲ့ဆန့်ကျင်ဘက် ဖြစ်သွားမှာကိုမလိုလားလို့ တင်ပြပြောဆိုခြင်းသာလျှင်ဖြစ်ပေ
လိမ့်မည်။

0 comments:

Post a Comment

Labels

ဧပြီ(၁) ရက် ကြားဖြတ်ရွေးကောက်ပွဲ၊ တရားမျှတမယ်လို့၊ ထင်ပါသလား?

Search This Blog