Saturday 2 June 2012

အာဏာရှင်တွေဟာ ထင်တာထက်ပိုပြီး လိမ္မာ ပါးနပ်ကြတယ်

0 comments | Read more...
Dictators are supposed to be dumb, or at least crazy. Muammar al-Qaddafi was a ranting lunatic with a goofy fashion sense. Kim Jong Il had a weird hairstyle and a penchant for surreal sloganeering. Those generals in Burma were brutes given to consulting soothsayers on major decisions and shooting people at the drop of a hat. Full Story

အာဏာရှင်တွေဟာ၊၎င်းတို့ရရှိထားတဲ့လုပ်ပိုင်နိုင်ခွင့်တွေအပေါ်မူတည်ပြီး၊လူထုကမနှစ်မြို့တာကိုသိလျက်
နဲ့ ၎င်းတို့ရဲ့စည်းစိမ်တွေကို ဘိုးစဉ်ဘောင်ဆက် ထိန်းသိမ်းထားနိုင်ဖို့ အာဏာကို တည်မြဲနေအောင်လုပ်
တာဟာ သူတို့ရဲ့ ရည်မှန်းချက်သာလျှင်ဖြစ်တယ်။  ဘယ်သူတွေဘာပြောပြော၊ ကမ္ဘာကဘာဘဲပြောပြောဂရု
မစိုက်ဘဲ၊ ၎င်းတို့လုပ်ခြင်တာတွေကို၊ မရရအောင်အကောင်အထည်ဖေါ်တယ်၊ ၎င်းတို့ကိုဆန့်ကျင်တဲ့ ပြည်သူကို
နည်းမျိုးစုံနဲ့နှိပ်စက်တယ်ဆိုတဲ့အချက်တွေဟာ၊ အာဏာရှင်တွေရဲ့တူညီတဲ့လက္ခဏာဖြစ်တယ်။


လစ်ဗျား အာဏာရှင် ကဒါဖီ ရဲ့ နိုင်ငံတကာသိအောင် ပြည်သူကိုနှိပ်စက်ခြင်း၊ နိုင်ငံတကာမှာ ၎င်းရဲ့လူမ
ဆန် ရက်စက်မှုတွေလုပ်ခဲ့ခြင်းကြောင့်၊ နိုင်ငံတကာနဲ့ ၎င်းရဲ့နှိပ်စက်ခြင်းကိုခံခဲ့ရတဲ့ ပြည်သူလူထုရဲ့အပြစ်
ပေးခြင်းကိုခံလိုက်ရတယ်။ မြောက်ကိုးရီးယားအာဏာရှင် ကင်ဂျုံအီး နိုင်ငံတကာနဲ့ ၎င်းရဲ့ပြည်သူတွေကိုယ်
တိုင်ရဲ့ဒါဏ်ခတ်ခြင်းကိုမခံရခင်မှာ သေသွားတော့ကံကောင်းသလိုတော့ရှိသားဘဲ။

ဒါပေမယ့် တိုင်းပြည်ကိုစုတ်ပြတ်နေအောင်လုပ်ပြီး၊ ပြည်သူတွေကိုနည်းမျိုးစုံနဲ့ နှိပ်စက်နေတဲ့မြန်မာပြည်က
အာဏာရှင်တွေရော ဘယ်ရောက်နေကြသလဲ။ သူတို့ရဲ့ရည်ရွယ်ချက်ကဘာလဲ။ သူတို့အတွက် နောက်
တဆင့် ဖြစ်သင့်တာဟာဘာလဲ။ အဖြေမရှိတဲ့မေးခွန်းတွေကတော့အများကြီးဘဲ။

မြန်မာပြည်ကအာဏာရှင်တွေရော အထက်ကဆောင်းပါးရှင် CHRISTIAN CARYL ပြောသလို ငတုံးငအတွေ
ဖြစ်မလား၊ ဒါမှမဟုတ် တကယ်ဘဲလိမ္မာပါးနပ်ကြသလားဆိုတာကတော့ ပြောရတာအတော်ခက်လိမ့်မယ်။ ပြည်သူကိုရန်သူလိုသဘော
ထားပြီး၊ နှိပ်စက်လိုရသမျှနည်းတွေနဲ့နှိပ်စက်ခြင်းကိုပြုလုပ်တဲ့အတွက်၊ ဦးနှောက်
မရှိတဲ့ ငတုံးငအတွေလို့ပြောလို့ရပေမယ့်၊ အကွက်ကျကျ နဲ့ပြင်ဆင်ပြီးတော့ ၎င်းတို့ရဲ့ ကျုးလွန်ထားတဲ့ရာ
ဇဝတ်မှုတွေအတွက် ဒဏ်ခတ်ခြင်းမခံရအောင်၊ စစ်အာဏာရှင်စနစ်ကို၊ ဒီမိုကရေစီအရေခြုံပြလိုက်တာက
တော့၊ တော်တော်လေးလိမ္မာပါးနပ်တယ်လို့ပြောမလား၊ မကောင်းတဲ့ဘက်မှာ တဖက်ကမ်းခပ်အောင်တော်
တယ်လို့ပြောရမလားဘဲ။

မြန်မာပြည်ရဲ့အခြေအနေနဲ့ပတ်သက်ပြီးကျိန်းသေတာတခုကတော့၊ အာဏာရှင်တွေဟာလက်သည်းလေး
ဖွက်လိုက်ရုံနဲ့၊ ယခင်က ၎င်းတို့ပြုလုပ်ခဲ့ပြီးသော၊ နည်းမျိုးစုံမတရားမှုများကိုပြန်မလုပ်တော့ဘူးလို့ဘယ်သူ
မှအာမခံချက်မပေးနိုင်တဲ့အခြေအနေမှာရှိတယ်။ မြန်မာပြည်မှာ စစ်အာဏာရှင်တွေဟာ အတွင်းထဲမှာရှိနေ
ဆဲဖြစ်ပြီး၊ ဖယ်ရှားပစ်ခြင်းမခံရသ၍၊ ဆက်လက်ပြီးဒုက္ခပေးမြဲပေးနေလိမ်မယ်လို့ယုံကြည်ရပါတယ်။

Labels

ဧပြီ(၁) ရက် ကြားဖြတ်ရွေးကောက်ပွဲ၊ တရားမျှတမယ်လို့၊ ထင်ပါသလား?

Search This Blog