
မြန်မာပြည်ရဲ့စစ်အာဏာရှင်အစိုးရကို အတိုက်အခံပြုနေသော အတိုက်အခံအဖွဲ့၊ အတော်များများကို မြန်မာပြ
ည်တွင်းနှင့် ပြည်ပနိုင်ငံအတော်များများတွင်တွေ့ရမည်ဖြစ်သည်။ မြန်မာပြည်တွင်းကိုပြန်ကြည့်လျှင် NLDသည်
အဓိကအတိုက်အခံအဖွဲ့ကြီးဖြစ်သည်ဟုပြောလို့ရသည်။ ဒါပေမယ့် NLD ရဲ့ အင်နဲ့အားနဲ့ အတိုက်အခံပြုမှု
များကို၂၀၀၃ ဒီပဲရင်း အရေးအခင်းလောက်ထိသာ တွေ့မြင်ရပြီး၊ နောက်ပိုင်းတွင်အလွန့်အလွန် နည်းပါးသွား
တာကိုတွ့ရမည်ဖြစ်သည်။ တဖက်ကလည်း စစ်အစိုးရ ရဲ့ တင်းကြပ်သောဖိနှိပ်မှု့များကြောင့်၊ ထိရောက်သော
အတိုက်အခံပြုမှုများကိုမလုပ်နိုင်ခဲ့ဘဲရှိနေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်လွတ်လာပြီးနောက်ပိုင်းမှာမှ၊အနည်းအ
ကျဉ်းပြန်လည်လုပ်ဆောင်၍ ရလာခြင်းဖြစ်သည်။ ဒါပေမယ့်၊ လွတ်လွတ်လပ်လပ် လုပ်ဆောင်၍ ရသလားဆို
တော့၊ အဲဒီလိုလည်းမဟုတ်ပေ။ ကျွန်တော်တို့အားလုံးအတွေ့အကြုံရှိခဲ့သည့်အတိုင်း၊ ဘက်ပေါင်းစုံမှ စောင့်
ကြည့်ခြင်းခံရမည်မှာ မလွဲမသွေပင်ဖြစ်သည်။ ဒါပေမယ့် ယခုနောက်ဆုံးအာဇာနည်နေ့ ချီတက်အလေးပြုခြင်း
နှင့်၊ ပဲခူး ခရီးစဉ်တွေမှာတော့အစောင့်အကြပ်နှင့် သွားလာခွင့်ရလိုက်တာကိုတော့၊ ကြံဖန်ပြီးကျေးဇူးတင်ပေးရ
ပေမည်။
ဒါပေမယ့်၊ အဲဒီ နောက်ပိုင်းမှာ၊ NLD ရဲ့ လှုပ်ရှားမှုများဟာ လမ်းကြောင်းပြောင်းသွားတယ်လို့ပြောရမလား၊ သို့
မဟုတ် ပြည်သူလူထုသို့ချပြလို့မရသေးတဲ့ တိတ်တဆိတ်လမ်းကြောင်းကသွားနေတာလား၊ တခုခုတော့ဖြစ်လိ
မ့်မည်။
ဘာဘဲဖြစ်ဖြစ်၊ စစ်အစိုးရအနေနှင့် အတိုက်အခံပြုခံရမှု၊ နည်းလာခြင်းအပေါ်၊ အများကြီးလွတ်လွတ်လပ်လပ်လု
ပ်လို့ရသည့်အပြင်၊ စစ်အစိုးရအနေနှင့် ဒီလိုလမ်းကြောင်းမျိုးကိုဘဲဖန်တီးနေတာဖြစ်သည်။
ထိုနည်းတူစွာဘဲ၊ မြန်မာနိုင်ငံပြင်ပအတိုက်အခံပြုမှုများကို ပြန်ကြည့်မယ်ဆိုရင်လည်း၊ ဟိုးယခင်ကာလက လို
ထိထိရောက်ရောက်လုပ်နိုင်ခြင်းမရှိတော့တာကိုတွေ့ရမည်ဖြစ်သည်။ ယခင်ကလုပ်ခဲ့သော၊ ကုလသမဂ္ဂ လုံခြုံ
ရေးကောင်စီမှာ မြန်မာနိုင်ငံရဲ့ပြသနာများကို ဆွေးနွေးရေး၊ စီးပွါးရေးပိတ်ဆို့မှုများ၊ နိုင်ငံရေးအကျဉ်းသားများ
လွတ်မြောက်ရေး စသည့်ကိစ္စများ ဟာ၊ နိုင်ငံတကာမှာရှိတဲ့အဖွဲ့အစည်းများရဲ့ကြိုးပမ်းမှုများကြောင့်လို့ပြော
လို့ရတယ်ဆိုပေမယ့်၊ ယခု စစ်အစိုးရတဖြစ်လဲ ဦးသိန်းစိန် ဝန်ကြီးချုပ်အဖြစ်တင်ဆက်ကပြသော အစိုးရရဲ့သ
ရုပ်ဆောင်မှုများကြောင့်၊ မြန်မာပြည်တွင်းသို့ပြန်ဝင်သွားကြသူများရှိသလို၊ လှည့်ဖျားမှုများအောက်တွင်မူးဝေ
ဝေဖြစ်ပြီး၊ လုပ်စရာရှိသည်များကိုတောင်မလုပ်နိုင်ဘဲ ငြိမ်ချက်သားကောင်းနေကြသည် ဟုပြောလို့ရသည်။
ဒီလိုအခြေနေများအတိုင်း၊ အနာဂတ်ကို တွေးမြင်ကြည့်လျှင်၊ နောင်တွင် စစ်အစိုးရအနေနှင့် အတိုက်အခံပြုခံရ
ခြင်း အနည်းအကျဉ်းသာ ခံရတော့မည်လောလို့တွေးထင်မိသည်။
0 comments:
Post a Comment