NLD ပါတီ ရွေးကောက်ပွဲဝင်မယ်ဆိုလျှင်

Monday 7 November 2011










ယနေ့ NLD ပါတီ ရဲ့လုပ်ဆောင်ချက်တွေကိုကြည့်မယ်ဆိုလျှင်၊ အလွန်နားလည်ရခက်သောအခြေအနေကို
မြင်တွေ့ရမည်ဖြစ်သည်။ 1990 ရွေးကောက်ပွဲပြီးနောက်ပိုင်းကာလများမှာလူထုနှင့်ထိစပ်ပြီးတသားတည်းရှိ
ခဲ့တယ်ဆိုပေမယ့်၊ ယခုကာလတွေအတွင်းမှာတော့ NLD ရဲ့ဆုံးဖြတ်ချက်ပိုင်ပိုင်နိုင်နိုင်မရှိဘဲ၊ ဘယ်ကိုဦးတ
ည်သွားနေသလဲဆိုတာကို၊ သာမန်ပြည်သူတွေအနေနှင့် မမြင်တွေ့နိုင်ခြင်းအပေါ်၊ ပြည်သူတယောက်အနေ
နှင့်ဘယ်လိုပံ့ပိုးရမလဲဆိုတာတွေဝေနေရတဲ့အခြေနေမျိုးဖြစ်နေလိမ့်မယ်လို့သုံးသပ်၍ ရသည်။

ကျွန်တော်တို့အားလုံးသိကြတဲ့အတိုင်း၊ 1990 ရွေးကောက်ပွဲရလဒ်ကိုပယ်ဖျက်ဖို့ရည်ရွယ်တဲ့၊ ၁၉၉၃ ခုနှစ်
ကပြုလုပ်တဲ့၊ အတုအယောင်၊ ညောင်နှစ်ပင်ညီလာခံကနေ၊ 1995 မှာ NLD အနေနဲ့သပိတ်မှောက်ပြီးထွက်
ခဲ့တယ်။ နောက်တကြိမ် 2010 ရွေးကောက်ပွဲကိုလည်းမဝင်ဖို့ဆုံးဖြတ်ပြီး၊ NLD ပါတီကိုမှတ်ပုံမတင်ဖို့ဆုံးဖြ
တ်ခဲ့တယ်။ ဒီအခြေအနေတွေဟာ၊ လူထုနဲ့တသားတည်းဘဲရှိတယ်လို့ပြောလို့ရခဲ့တယ်။ လူထုထောက်ခံမှု့
လည်းအပြည့်အဝရှိခဲ့ပါတယ်။

ဒါပေမယ့်ယနေ့ NLD၊ဟာ ၈၈၈၈ ရဲ့ ပေးဆပ်မှု့များမှအခြေခံပြီးလျှောက်လာခဲ့တဲ့လမ်းကနေ၊ အဓိပါယ်ကွဲ
လွဲမှုရှိသောလမ်းကြောင်းကိုရွေးဖို့ပြင်ဆင်နေပြီဆိုတဲ့ သတင်းဟာ၊ မြန်မာ့နိုင်ငံရေးအထဲမှာပါဝင်ပါတ်သက်
နေသူတွေ၊ မြန်မာ့နိုင်ငံရေးကိုစောင့်ကြည့်လေ့လာနေသူတွေ အတွင်း၊ အလွန်စိတ်ဝင်စားစရာကောင်းသော
အခြေအနေတခုဖြစ်လာနေခဲ့သည်။

ဒါဆိုရင်၊ ယနေ့မြန်မာ့နိုင်ငံရေးအခြေအနေကို အောက်ပါ အတိုင်းရှုမြင်ကြည့်ရအောင်။

NLD မှတ်ပုံမတင်ဘူး၊ ရွေးကောက်ပွဲမဝင်ဘူးဆိုလျှင်!!!

၈၈၈၈ အရေးအခင်းပြီးနောက်ပိုင်း၊ ၁၉၉၀ ရွေးကောက်ပွဲကျင်းပေးမည်ဆိုသည့်အပေါ်၊ ဒေါ်အောင်ဆန်းစု
ကြည်ဦးဆောင်သောကြောင့်၊ စစ်အာဏာရှင်စနစ်ကို အဆုံးသတ်လိုသော၊ ပြည်သူလူထု တရပ်လုံး၏တခု
တည်းသောပါတီဖြစ်လာခဲ့တယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ ၉၃ ရာခိုင်နှုံးအနိုင်ရရှိခဲ့တယ်။ ရွေးကောက်ပွဲအ
နိုင်ရပြီး ရက် ၆၀ အကြာ၊ ၁၉၉၀ ဒီဇင်ဘာ ၂၉ မှာ ဂန္ဒီ ခန်းမကြေငြာစာတမ်းဖြင့်၊ ပါလီမန်ခေါ်ပေးဖို့တောင်း
ဆိုခဲ့တယ်။ ပြီးတော့ အခြားသော ၁၉၉၀ အနိုင်ရပါတီများ နှင့် ပေါင်းစပ်ဖွဲ့စည်းသော CRPP ဖြင့် ပါလီမန်
ခေါ်ပေးဖို့တောင်းဆိုခဲ့တယ်။ စစ်အာဏာရှင်များဘက်မှ၊ အကြောင်းပြန်ချက်မရရှိသည့်အပြင်၊ NLD အရွေး
ကောက်ခံအမတ် ၁၁၀ ဦး နှင့် အခြားတာဝန်ရှိသူများအဖမ်းခံခဲ့ရတယ်။ NLD ရုံးတွေစတင်အပိတ်ခံရတယ်။

အဲဒီကာလတုန်းက၊ အခြေအနေမှန်ကတော့ NLD ကိုအမြစ်ဖြတ်ရေးဆိုတာထင်ထင်ရှားရှားကြီးတွေ့မြင်ခဲ့
ရမှာဖြစ်တယ်။

အဲဒီအခြေအနေကနေပြီးတော့၊ NLD အနေနဲ့၊ ကိစ္စတော်တော်များများမှာလုပ်လို့မရတော့တဲ့အခြေအနေကို
ရောက်သွားခဲ့တယ်။ ပိုဆိုးတာက နဝတ တဖြစ်လဲ နအဖ ဟာ လူထုကို စစ်တပ်နဲ့တိုက်ရိုက် မခြေမှုန်းတော့
ဘဲ၊ ကြံ့ဖွတ် စွမ်းအားရှင်တွေဆိုပြီး လူမိုက်ဂိုဏ်းတွေနဲ့ တဆင့်ခံခြေမှုန်းတဲ့အပေါ်၊ အန်အယ်လ်ဒီ ရော၊ ပြည်
သူလူထုပါ၊ လှုပ်၍မရတော့တဲ့အခြေအနေဖြင့် နှစ်အတော်ကြာကြာ စခန်းသွားခဲ့ရတယ်။

ပြီးတော့ နာဂစ် မုန်တိုင်းကျတာကိုလုံးဝလစ်လျူရှုပြီး၊ စစ်အာဏာရှင်စနစ် မြန်မာနိုင်ငံမှာထာဝစဉ်တည်ရှိ
နေရေးကို အကောင်အထည်ဖေါ်မယ့် ၂၀၀၈ ဖွဲ့စည်းပုံကိုအတင်းအဓမ္မ၊ မတရား၊ ဥပဒေမဲ့ အတည်ပြုပြီး
နောက် ၂၀၁၀ ရွေးကောက်ပွဲ မကျင်းပမှီ၊ ၂၀၀၉ ခုနှစ် ဧပြီလ ၂၉ ရက်နေ့မှာ ရွှေဂုန်တိုင်ကျေငြာ စာတမ်း
ကိုထုတ်ပြန်နိုင်ခဲ့တယ်။

ဒါပေမယ့် ယခုနောက်ဆုံးဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ပြီး နောက်ပိုင်း အန်အယ်လ်ဒီ ရဲ့ နိုးကြားမှု
တွေတဖန်နိုးထလာခဲ့တယ်။ ပါတီအတွင်း အနာဂတ်သစ်ကို ဖန်တီးဖို့အိမ်မက်တွေရှိလာခဲ့ကြတယ်။ ဒါပေ
မယ့်အန်အယ်ဒီအနေနဲ့ တိကျတဲ့၊ အချိန်နဲ့တပြေးညီလုပ်ဆောင်မယ့် strategy ဆိုတာကိုချမှတ်လို့မရဘဲ
ဖြစ်ခဲ့တယ်။ မချမှတ်သေးတာလဲဖြစ်ကောင်းဖြစ်မယ်။ ဒါပေမယ့် နိုင်ငံအဝှမ်း မှာရှိတဲ့ လူငယ်တွေနဲ့ တွေ့ဆုံ
ပြီးကွန်ယက် ဖွဲ့ခြင်းလုပ်ဆောင်ချက်တွေတော့ရှိခဲ့တယ်ဆိုတာသိရတယ်။ ဒါပေမယ့် အဲဒီလိုတွေ့ဆုံမှုတွေရဲ့
နောက်ပိုင်းမှာ၊ အသေးစိတ် လုပ်နေကြမယ့်ကိစ္စတွေကိုတော့ထုတ်ဖေါ်ပြောကြားခဲ့ခြင်းမရှိသည့်အတွက်မသိ
နိုင်တာကတော့သဘာဝကျတယ်လို့ထင်ပါတယ်။

ဒါပေမယ့် နိုင်ငံရေးပါတီဆိုတာ၊ လူထုနဲ့ထိစပ်နေဖို့လိုတယ်ဆိုတဲ့ အယူအဆနဲ့၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့
နောက်ဆုံး ပဲခူးခရီးစဉ်ကိုတော့၊အပြည့်အဝထောက်ခံပါတယ်။ ဆက်ပြီးတော့အဲဒီလိုခရီးစဉ်တွေလဲရှိလာလိ
မ်ဦးမည်လို့ထင်နေခဲ့တယ်။

မည်သို့ပင်ဖြစ်စေ၊ NLD အနေနဲ့ ပါတီမှတ်ပုံမတင်ဘဲ၊ ရွေးကောက်ပွဲမဝင်ဘူးဆိုလျှင်ယခုရှိပြီးသားအခြေအ
နေနှင့်ထူးခြားသောလုပ်ဆောင်မှုတွေကို၊ လုပ်နေလိမ့်မည်မဟုတ် ဟု၊ ပြော၍ရသည်။

ဒါဆိုရင်......
NLD ပါတီမှတ်ပုံတင်မယ်၊ ရွေးကောက်ပွဲဝင်မယ်ဆိုလျှင်!!!

NLD ရွေးကောက်ပွဲဝင်ပြီဆိုတာနဲ့၊ NLD ဟာ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို မေ့ပစ်လိုက်ပြီလို့ဆိုလို့ရပါတယ်။
၁၉၉၀ ရွေးကောက်ပွဲရလဒ်နဲ့ ဆက်စပ်သောလုပ်ဆောင်ချက်များကို ဘာမှလုပ်လို့မရတော့ဘူးဖြစ်တယ်။ တဆ
က်တည်းမှာဘဲ၊ ရွှေဂုန်တိုင်ကြေငြာစာတမ်းကိုလည်း စွန့်လွတ်လိုက်တယ်လို့ပြောလို့ရပါတယ်။ ရွှေဂုန်တိုင်ကြေ
ငြာစာတမ်းရဲ့အဓိကအချက်ကြီးများဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားများချွင်းချက်မရှိလွတ်ပေးရေး၊ ၁၉၉၀ ရွေး
ကောက်ပွဲရလဒ်၊ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ပေးရေးတွေဆိုတဲ့အချက်တွေဟာ၊ ဘာမှသတ်သတ်မှတ်မှတ်ဖြစ်
မလာခဲ့သေးခင်မှာ၊ စွန့်ပယ်လိုက်တာဖြစ်တယ်လို့ပြောလို့ရတယ်။ NLD ဟာ ပြည်သူလူထုက ယုံကြည်အား
ထားတဲ့ပါတီတခုအဖြင့်ဆက်လက်တည်ရှိနေစဉ်မှာ၊ စစ်အာဏာရှင်စနစ်မကင်းစင်သေးတဲ့၊ ၂၀၀၈ ဖွဲ့စည်းပုံနဲ့
အာဏာကို ဆက်လက်ယူထားဦးမယ့်၊ လူတစုနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုတာဟာ၊ ပြည်သူလူထုအတွက်စဉ်း
စားစရာ ဖြစ်နေလိမ့်မယ်လို့ထင်တယ်။

မြန်မာ့နိုင်ငံရေးကိုသမာသမတ်ကျတဲ့ရှုထောင့်ကနေကြည့်ရင်၊ အပြောင်းအလဲဆိုတာဟာ၊ အပေါ်ယံဟန်ပြတွေ
ဘဲဆိုတာ၊ သက်သေပြနေတာတွေအများကြီးရှိနေခဲ့တယ်။

ဒီလို၊ ဒီနေ့မြင်တွေ့နေရတဲ့အခင်းအကြင်းတွေကို ရောက်ရှိဖို့အတွက်၊ မသမာတဲ့နည်းမျိုးစုံကိုသုံးပြီး၊ ပြည်သူ
နှင့်၊ တိုင်းပြည်အတွက်မဟုတ်ဘဲ၊ ၎င်းတို့နဲ့၊ ၎င်းတို့ရဲ့ အသိုင်းအဝိုင်းအကျိုးမယုတ်စေဖို့အတွက်သာလျှင်လုပ်
ယူခဲ့တယ်ဆိုတာ၊ ယ္ခင်ညီလာခံကိုဘဲကြည့်ကြည့်၊ ၂၀၀၈ ဖွဲ့စည်းပုံကိုအတည်ပြုတဲ့ကိစ္စတွေမှာ ရယ်၊ နောက်
ဆုံး၂၀၁၀ ရွေးကောက်ပွဲကို၊ အတင်းအဓမ္မ အနိုင်ရအောင်လုပ်သွားတာတွေဟာမေ့ထားလို့မရဘူးလို့ထင်တ
တယ်။

ဒါတွေကိုဘေးဖယ်ထားပြီး၊ စစ်အုပ်စုရဲ့လွှတ်တော်ထဲကိုဝင်သွားသည့်တိုင်အောင်၊ လွှတ်တော်ထဲမှာ ၈၅ ရာနှုံး
သော ပုဂ္ဂိုလ်များဟာ ကြံ့ဖွတ်နဲ့၊ အော်တိုမက်တစ် အမတ်တွေဖြစ်လာတဲ့ စစ်တပ်က လာတဲ့လူတွေ ဖြစ်ပြီး၊ ကျ
န်တဲ့၁၅ ရာနှုံးကသာ လျှင် အခြားပါတီပေါင်းစုံမှ ကိုယ်စားလှယ်များဖြစ်တယ်။ ဒါက ပြည်သူ့လွှတ်တော်မှာဖြစ်
တယ်။ အမျိုးသားလွှတ်တော်မှာတော့ အခြားပါတီပေါင်းစုံရဲ့ ပါဝင်မှုက ၁၇ ရာနှုံးဆိုတော့ ၂ ရာနှုံးပိုတယ်လို့
ပြောလို့ရတယ်။ ဒီလိုဆိုရင် မဲခွဲဆုံးဖြတ်သည်ဘဲဖြစ်ဖြစ်၊ ဥပဒေကြမ်းကိုတင်သည်ဘဲဖြစ်ဖြစ်၊ ဘာမှဖြစ်နိုင်ခြေ
ရှိလိမ့်မှာမဟုတ်ဘူးဆိုတာကိုတွေ့ရမယ်။ ယခုလောလောဆယ် မှာတောင်၊ အချို့သောအတိုက်အခံအမတ်
များရဲ့ တင်ပြချက်တွေဟာ၊ အရှုံးနဲ့ဘဲရင်ဆိုင်နေရတာကို ကြားနေရတယ်။

ဒါတွေကို NLD ကလဲသိလိမ်မယ်လို့ထင်တယ်။ ဒါဆိုရင် NLD ရွေးကောက်ပွဲဝင်တာဟာ၊ ရွေးချယ်စရာလမ်း
မရှိလို့ဖြစ်တယ်လို့ သတ်မှတ်ခြင်းခံရလိမ့်မယ်လို့မြင်တယ်။ တနည်းအားဖြင့်လည်း NLD ဟာ၊ အဲဒီလိုလမ်းကို
ရွေးချယ်ဆွဲဆောင်ခြင်းခံနေရသလိုမျိုးဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ မကြာသေးခင်ကမှပြင်ပေးလိုက်
တဲ့ဥပဒေများဟာ NLD ရဲ့ကိုယ်စားလှယ်တချို့လွှတ်တော်ထဲကိုရောက်လာဖို့အတွက်သာလျှင်ဖွင့်ပေးလိုက်
တဲ့လူတကိုယ်ဝင်စာအပေါက်လေးလိုဖြစ်နေတယ်။

အဲဒီလိုဆိုရင် NLD ပါတီကိုမှတ်ပုံတင်ပြီး၊ ရွေးကောက်ပွဲဝင်မယ်ဆိုတာဟာ၊ NLD အနေနဲ့ပြည်သူအတွက်ကို
ဘဲအကျိုးရှိအောင် လုပ်နေပါတယ်လို့ပြောနေပေမယ့်၊ မြန်မာပြည်ရဲ့သမိုင်းကြောင်းနဲ့ယှဉ်ထိုးပြီး အာဏာရှင်
တစုရဲ့လုပ်ဆောင်ချက်တွေအရ၊ ပြည်သူလူထုအတွက်မဖြစ်နိုင်သေးပါ လို့ရှုမြင်မိပါတယ်။

0 comments:

Post a Comment

Labels

ဧပြီ(၁) ရက် ကြားဖြတ်ရွေးကောက်ပွဲ၊ တရားမျှတမယ်လို့၊ ထင်ပါသလား?

Search This Blog