မြန်မာပြည်မှ၊ စစ်အာဏာရှင်များရဲ့သမရိုးကျဗျူဟာ

Wednesday 2 November 2011

ယနေ့မြန်မာပြည်မှာဖြစ်ပေါ်နေသော အခြေအနေများကိုလေ့လာကြည့်မည်ဆိုလျှင်၊ ယခင် စစ်အာဏာရှင်အ
ဆက်ဆက်၏လုပ်ဆောင်ချက်များနှင့်ဘာမှထူးခြားမှုမရှိတာကိုတွေ့ရမည်ဖြစ်သည်။ စစ်အာဏာရှင်များ၏အဓိကဗျူဟာသည်၊ တိုင်းပြည်၏အာဏာကိုလက်လွှတ်စရာမလိုဘဲနဲ့၊ ၎င်းတို့ရဲ့အကျိုးစီး
ပွါး၊ ၎င်းတို့မိသားစုများရဲ့အကျိုးစီးပွါးနဲ့၊ ၎င်းတို့အားမြှေက်ပင့်ပံ့ပိုးနေသော သူများရဲ့အကျိုးစီးပွါးများကို ဆုံးရှုံး
ခြင်းမဖြစ်စေဘဲ၊ အသွင်တမျိုးဖြင့်မြန်မာပြည်မှာဆက်လက်တည်ရှိနေလိုခြင်းသည်၊ ယနေ့အချိန်အထိ တိုင်းပြ
ည်နှင့်လူမျိုးကိုစုတ်ပြတ်အောင်လုပ်ခဲ့သောစစ်အာဏာရှင်များ၏ ယနေ့ကာလအဖြစ်ခြင်ဆုံးဆန္ဒများဖြစ်သည်
ဟုပြော၍ရသည်။
ဒါ့ကြောင့်စစ်အာဏာရှင်များသည်၊ ၎င်းတို့အနေနှင့်အမှားများကိုမလုပ်ထားသယောင်ယောင် ဟန်ဆောင်ပြပြီး
ပြည်သူနှင့်အတိုက်အခံမျာအပေါ်အံ့မခန်းစကားလုံးများသုံး၍ ၎င်းတို့ရဲ့သမရိုးကျဗျူဟာကိုအသုံးပြုလေ့ရှိသည်။
ဥပမာအားဖြင့် မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသားမရှိဘူး။ ဥပဒေကိုချိုးဖေါက်ပြီး ထောင်ကျနေသူများသာရှိပါ
သည်။ (ဥပဒေရဲ့အထက်မှာနေသော၊စစ်အာဏာရှင်များကို၎င်းတို့ရဲ့ဥပဒေများဖြင့်၎င်းတို့အပေါ်မှာပြန်ပြီးသက် ရောက်စေမယ်ဆိုလျှင်တော့၊ အထက်ကပြောခဲ့သော ၎င်းတို့နဲ့အတူ၊ ၎င်းတို့ရဲ့မိသားစုအသိုင်းအဝိုင်းများအ ကုန်လုံးထောင်ထဲသို့ဝင်ရမှာကျိန်းသေသည်။) ပြီးတော့ နိုင်ငံတကာကိုရောက်ရှိနေသောမြန်မာများ၊ ၎င်းတို့ပြု
လုပ်ထားသောအပြစ်များကို စိုးရိမ်စရာမလိုဘဲပြန်လာနိုင်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ
အမြင်မှန်ရပြီးလက်နက်ချ၊ အလင်းဝင်တာကိုကြိုဆိုသည်၊ စသည်ဖြင့်အထက်စည်းက နေပြီးပြောဆိုမှုများဟာမ
ထူးဆန်းတော့ပါ။ ဒါကို အဖိနှိပ်ခံနေရတဲ့ ကျွန်တော်တို့အားလုံးအမြဲတမ်း နားလည်နေဖို့လိုအပ်သည်ဟုထင်သ
ည်။ ဒီလိုနည်းဗျူဟာမျိုးနဲ့ဘဲ လူမျိုးစုလက်နက်ကိုင်အဖွဲ့များကို တခုခြင်းစီအလိုက်တမျိုးစီ လုပ်ဆောင်ခြင်းခံနေ
ရတာကို၊ ကျွန်တော်တို့အားလုံးတွေ့မြင်ရမည်ဖြစ်သည်။ တဆက်တည်းမှာဘဲ KNU နဲ့ DKBA ကိုငြိမ်းချမ်းရေး
ဆွေးနွေး မယ်လို့ကမ်းလှမ်းပြီး၊ ကချင်ကိုဖိတိုက်နေတာကိုတွေ့ရမယ်။ တဖက်က NLD နဲ့ Dialogue လိုလို
ဘာလိုလိုနဲ့၊ ၎င်းတို့လုပ်စရာရှိတာများကိုဆက်လုပ်နေခြင်းဟာ၊ စစ်အစိုးရရဲ့သမရိုးကျဗျူဟာများသာလျှင်ဖြစ်
တယ်ဆိုတာ၊ သိစေ မြင်စေခြင်ပါတယ်။ ဒါရဲ့ဆိုလိုရင်း က၊ စစ်အာဏာရှင်များအနေနဲ့ တခုပြီးမှ တခု၊ တဖွဲ့ပြီး
မှတဖွဲ့ ခြေမှုန်းခြင်းကိုသာလျှင်လုပ်သွားမည်ဟုတွက်ဆကြည့်၍ရသည်။ ဒါပေမယ့်၊ အထက်ကပြောခဲ့သလိုဖြစ်
ပေါ်နေမှုများကိုပြောင်းပြန်လှန်ပစ်လိုက်မယ်ဆိုလျှင် မြန်မာပြည်ရဲ့အစစ်အမှန်အပြောင်းအလဲကိုရနိုင်လိမ့်မည်
ဟုထင်မိသည်။ ဥပမာ။ ။NLD နဲ့ပြည်တွင်းမှ အတိုက်အခံအဖွဲ့အစည်းများမှ လိုအပ်မယ့်အတိုက်အခံပြုမှုများ
ကိုတွန်းတွန်းတိုက်တိုက် ဆက်လုပ်နေမယ်၊ နိုင်ငံတကာမှာရှိနေတဲ့အတိုက်အခံများအနေနဲ့လဲ စုစုစည်းစည်းနဲ့
တင်းခံကြမယ်၊ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေဟာလည်း နယ်ခြားစောင့်တပ်လုပ်ခံရခြင်းကိုသာလျှင် လက်မခံ
ဘဲ တပြိုင်တည်းတိုက်ပွဲဝင်မယ်ဆိုလျှင်!!!!!!!!

0 comments:

Post a Comment

Labels

ဧပြီ(၁) ရက် ကြားဖြတ်ရွေးကောက်ပွဲ၊ တရားမျှတမယ်လို့၊ ထင်ပါသလား?

Search This Blog