
မြန်မာနိုင်ငံမှာ အမှန်တကယ်ပြောင်းလဲမှုလုပ်လိုတယ်ဆိုလျှင် လူပြောင်းခြင်းထက်၊ စနစ်ကိုပြောင်းလဲပစ်ခြင်း
ကပို၍ အဓိပါယ် ရှိလိမ်မည်ဟုထင်သည်။ ဘာလို့လဲဆိုတော့၊ NLD အဖွဲ့ဝင် ၂ ဦးကိုစွမ်းအားရှင်များဝိုင်းရိုက်ခြ
င်း၊ အာဏာပိုင်လို့ခေါ်တဲ့စစ်အစိုးရရဲ့ နောက်ခံကျောရှိးများ (သို့မဟုတ်) ဘာဘဲလုပ်လုပ်အရေးယူခြင်းမခံရမယ့်
ပုဂ္ဂိုလ် များမှ အင်အားသုံး၍ မိသားစုတစုရဲ့အိမ်နှင့် အိမ်တွင်းပစ္စည်းမျာကို၊ ဖျက်စီးပြီး မောင်းထုတ်လိုက်ခြင်း၊ စ
သည်သို့သော ဖြစ်ရပ်များသည်၊ ယနေ့လက်ရှိအချိန်အထိ တည်ရှိနေသေးသည်။ ဒီလောက်ကြားရတာ ဟာ၊ မီဒီယာနဲ့အလွန်နီးစပ်လို့ဖြစ်ပေမယ့်၊ လူမသိသူမသိ ဘဲ အောက်ခြေလူထုတွေ၊ နိုင်ငံအနှံ့မှာ ဥပဒေမဲ့ဘယ်
လောက်အထိနှိပ်စက်ခံနေရမလဲဆိုတာတွေးကြည့်လို့ရပါတယ်။
မြန်မာပြည်ရဲ့အနာဂတ်ကို တွေးမြင်ကြည့်လျှင်၊ ဒီလိုမျိုးအလား တူနိုင်ထက်စီးနင်းမှုများဟာ ဆက်လက်တည်
ရှိနေဦးမည်လို့သတ်မှတ်၍ရသည်။ အကြောင်းမူကား၊ မြန်မာနိုင်ငံကို ရာစုနှစ်တဝက်ကျော်နီးပါး ဖျက်စီးခဲ့သည့်
စနစ်သည်၊ corruption နှင့် အထက်ကိုဖားပြီးအောက်ခြေ၊ အခြေခံလူထုကို လုပ်ခြင်ရာလုပ်ခြင်းတို့ကို၊ မြန်မာ
ပြည်တွင်၊ အပေါ်ယံ နှင့် အထက်ပိုင်း အရေခွံလဲပြီးပြောင်းလဲမှုလုပ်ခြင်းဖြင့်၊ ဘယ်လိုမှသက်သာရာ ရစေနိုင်
မည်မဟုတ်ပေ။ ဥပမာအားဖြင့်၊ ဆွေးမြေ့ပြီး အသုံးမကျတော့သောအဆောက်အဦးတခုကို၊ အမိုးအကာများကို
သာ၊ ပြင်ဆင်မှု ပြုလုပ် လိုက် ခြင်းဟာ၊ အစစ်အမှန် စိတ်ချမ်းသာစရာအခြေအနေကိုဘယ်လိုမှဖန်တီးပေးနိုင်
လိမ့်မည်မဟုတ်ဘူးဆိုတာအလွယ်တကူနားလည်နိုင်ပါတယ်။
ဒါဆိုရင် အစစ်အမှန် လဲဖြစ်ပြီး၊ တိုင်ပြည်နဲ့လူမျိုးအတွက် ဂုဏ်ယူဝင့်ကြွားဖွယ်၊ အပြောင်းအလဲတခုဖြစ်အောင်
ဘယ်လိုလုပ်ဆောင်နိုင်မလဲ?? ကျွန်တော်ထင်တယ်၊ ကျွန်တော်တို့အားလုံးမှာ အဲဒါရဲ့အဖြေတွေရှိနေကြတယ်
လို့ထင်တယ်။
NLD ၂ ဦးကို စွမ်းအားရှင်တို့ ၀ိုင်းရိုက်
ရန်ကုန် အင်းစိန်က မိသားစုတစု သမ္မတထံပေးသောစာ
0 comments:
Post a Comment