NLD ပါတီ မှတ်ပုံတင်သင့်ပါသလား?

Tuesday 1 November 2011

ယနေကာလ ဖြစ်ပေါ်နေသော မြန်မာပြည်မှနိုင်ငံရေးအခြေအနေများသည်ကြိုတင်တွက်ဆ၍မရနိုင်သောအခြေအ
နေများကိုဖြစ်ပေါ်စေလျက်၊ ပြည်သူများကိုအမှန်တကယ် စိတ်ဝေဝါးမှုဖြစ်စေမှာတော့အမှန်ပင်ဖြစ်သည်။
တိုင်းပြည်နဲ့လူမျိုးအတွက်လုံးဝ လှည့်ကြည့်ခြင်းမရှိတဲ့၊ အလွန်ဆိုးဝါးသော စစ်အာဏာရှင်များကို၊ အတိုက်အ
ခံပြုနေသော၊ ပြည်သူများရဲ့အကျိုးကိုသယ်ပိုးမည်ဟု အပြည့်အဝသတ်မှတ်ခြင်းခံရပြီး၊ ပြည်သူများမှယုံကြည်ကိုး
စားခြင်းခံရပြီး၊ အခွင့်အာဏာပေးအပ်ခြင်းခံထားရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရွေးကောက်ပွဲဝင်ရန်မှတ်
ပုံပြန်တင်တော့မယ်ဆိုတဲ့သတင်းသည်အလွန်အံ့အားသင့်စရာကောင်းသည်။ ဘာဖြစ်လို့လဲဆိုတော့ (၁) NLD အနေနှင့် စစ်တပ်ကြီးစိုးရေးကိုအခြေပြုပြီး အတင်းအဓမ္မအတည်ပြုထားသော၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့်၊
အတင်းအဓမ္မ လိမ်လည်ပြီးစစ်အာဏာရှင်များကိုပံ့ပိုးမည့်ကိုယ်စားလှယ်များကိုသာအနိုင်ရအောင်ပြုလုပ်ပေးခဲ့
သော
၂၀၁၀ ရွေးကောက်ပွဲဖြင့်အနိုင်ပိုင်းပြီး တိုင်းပြည်အာဏာကိုယနေ့ထိတိုင်မလွှတ်သေးသောစစ်အာဏာရှင်များ
လက်အောက်တွင်၊ NLD ပါတီကိုမှတ်ပုံတင်လိမ်မည်မဟုတ်ဟုယုံကြည်ထားသည်၊ (၂) စစ်အာဏာရှင်တဖြစ်
လဲ (သို့) ဦးသိန်းစိန်ဝန်ကြီးချုပ်အဖြင့်တင်ဆက်သော ယနေ့ကာလအစိုးရသည်၊ အစစ်အမှန် အပြောင်းအလဲ
များကိုလုပ်နေပါသည်ဟုသတ်မှတ်၍မရသေးသော အခြေအနေ၌ သာရှိနေသေးခြင်း (၃) စစ်အာဏာရှင်တဖြစ်
လဲအစိုးရအနေနှင့် တိုင်းပြည်နှင့်လူမျိုးအတွက်အမှန်တကယ် လုပ်လာပါလိမ်မည်ဆိုသည့် သုံးသပ်ချက်ကိုပြုလု
ပ်ရန် ဘယ်လိုမှမဖြစ်နိုင်သေးခြင်း၊
စသည့်အကြောင်းအချက်များအပေါ်အခြေခံလျက် NLD အနေနှင့် မှတ်ပုံပြန်တင်ပြီးရွေးကောက်ပွဲဝင်လိမ့်မည်
မဟုတ်ဟုသတ်မှတ်ထားခဲ့သည်။ ဒါပေမယ့်၊ ဥပဒေတချို့ကိုပြင်ပေးမယ်ဆိုရင် NLD က ပြန်လည်မှတ်ပုံတင်
တော့မယ်ဆိုတာကို ကာယကံရှင်များမှ ထုတ်ပြောလာကြလေပြီ။
ဒါကိုပြန်သုံးသပ်ကြည့်တဲ့အခါမှာတော့၊ တွေမြင်နိုင်တာက၊ NLD မှတ်ပုံတင်ဖို့အတွက်၊ တာဝန်ရှိသူများမှတဖွဖွ
ထုတ်ဖေါ်ပြောနေခဲ့ခြင်းမရှိသည့်အပေါ်၊ စစ်အစိုးရရဲ့လိုအင်ဆန္ဒကို NLD ရဲ့တာဝန်ရှိသူများမှလိုက်လုပ်ပေးရတဲ့
သဘောက၊ ထင်ရှားနေပေသည်။
၂၀၁၀ ရွေးကောက်ပွဲများမတိုင်ခင်၊ အချို့အချို့သောသူများ၊ စစ်အစိုးရနဲ့ပူးပြီးသတ်မယ်ဆိုတဲ့သူများ၊ ယခုပါလီ
မန်ထဲတွင်၊ ဘာမှလုပ်၍မရနိုင်ဘဲ ရှိနေတယ်ဆိုတာအားလုံးအသိပါဘဲ။ NLD ရော အဲဒီလိုအယူအဆမျိုးနဲ့၊ ပါတီမှတ်ပုံပြန်တင်ပြီးရွေးကောက်ပွဲဝင်မယ်ဆိုရင်ကော၊ လွတ်လပ်ရေးရပြီးကထဲက၊ နလန်မထူနိုင်သေးသော
မြန်မာပြည်နဲ့၊ ဆင်းရဲဒုက္ခမျိုးစုံကို ခံစားနေရသော မြန်မာပြည်သူလူထုကြီးတရပ်လုံးအတွက် ကောင်းကျိုးချမ်း
သာများကိုဖန်တီးပေးနိုင်မည်လော???????

NLD မှတ်ပုံပြန်တင်ခြင်းသည်၊ ပြည်သူအတွက်အကျိုးဖြစ်စေပါသလာ?

1 comments:

  • ko pauk says:
    20 November 2011 at 21:19

    အကျိုး၇ှိနိုင်ပါသည် ပြည်သူများကNLD နှင့် နအဖအပြတ်အသတ်အနိုင်ယူအားပြိုင်တာပြည်သူများလိုလားတယ်လို့မထင်ပါ
    ပြည်သူများကအားလုံးပါဝင်တဲ့ ဒီမိုကေ၇စီပြောင်းလဲရေးကိုသာလိုလားကြသည်။တစ်ဦးနှင့်တဦးဆန်.ကျင်နေခြင်းနေခြင်းသည် နိုင်ငံတော်အတွက် တိုးတက်ဖွံ့ဖြိုးရေးကို နှောင့်နှေစေသည် ဟုယုံကြည်သောကြောင့်

Post a Comment

Labels

ဧပြီ(၁) ရက် ကြားဖြတ်ရွေးကောက်ပွဲ၊ တရားမျှတမယ်လို့၊ ထင်ပါသလား?

Search This Blog