
စစ်အစိုးရ တဖြစ်လဲ ဦးသိန်းစိန်အစိုးရ၏ လုပ်ဆောင်ချက်များသည် အသေအချာ လေ့လာကြည့်လျှင် ဘယ်လို
ဦးတည်ချက်ရှိတယ်ဆိုတာကိုခန့်မှန်း၍ရသည်။ DKBA ကို အပစ်အခတ်ရပ်စဲခြင်းရဲ့ဖြစ်နိုင်ခြေ ရှိသောရည်
ရွယ်ချက်ကတော့၊ DKBA သည်လက်တွေ့ဆန်သည်၊ တုန့်ပြန်မှု့ မြန်ဆန်သည်၊ မြဝတီ၊ ဘုရားသုံးဆူကဲ့သို့
့သော နယ်စပ်ကူးသန်းရောင်းဝယ်ရေးမြို့နှင့် အခြားသောအတွင်းပိုင်းကျသောနေရာများကို ဝင်ရောက်မွှေနှော
က်နိုင်စွမ်းရှိသည်။ ပြီးတော့ DKBAရဲ့စစ်ရေးအရလုပ်ဆောင်မှု့များသည် ကိုယ်ပိုင်နယ်မြေကိုထိန်းသိမ်းခြင်းကို
အခြေမခံသော၊ လုံးဝပြောက်ကျားစစ်နှင့်တိုက်ပွဲဝင်နိုင်ခြင်းဖြစ်သည်။ ဒါ့ထက်ပို၍ အဓိကကျသောအကြောင်း
ရင်းလို့စစ်အစိုးရကသတ်မှတ်လိမ့်မှာက ABSDF ကျောင်းသားတပ်မတော်နှင့် DKBA တို့ပူးပေါင်းတိုက်ပွဲဝင်
နေခြင်းကြောင့်လဲ ဖြစ်သည်။ ပြီးတော့အခြားအကြောင်းရင်းအဖြင့်၊ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးကိုအသေ
အချာပြန်ပြီးလုပ်ခြင်လျှင် DKBA ကို အပစ်ရပ်ခိုင်းထားမှရမည်။ ဒါ့ကြောင့်စစ်အစိုးရရဲ့ အထက်ပိုင်း ဥာဏ်ကြီး
ရှင် ပုဂ္ဂိုလ်ကြီးများရဲ့ညွှန်ကြားချက်ကြောင့် ဒါကိုအမြန်ဆုံးအကောင်အထည်ဖေါ်တာဖြစ်လိမ့်မည်။ DKBA ရဲ့
ခေါင်းဆောင် ဗိုလ်မှူးချုပ်စောလှဘွယ်အပြောအရဆိုလျှင်လည်း၊ စစ်အစိုးရဟာ အတင်းအဓမ္မ အပစ်အခတ်ရပ်
စဲရေးကိုလုပ်လိုက်တာဖြစ်တယ်။ သဘောတူညီချက်ကတော့၊ အချက်(၃) ချက်သာလျှင်ဖြစ်တယ်။ အဲဒါတွေက
ဘာတွေလဲဆိုတော့၊ အပစ်အခတ်ရပ်စဲရေး၊ ဆက်ဆံရေးရုံးထားရှိရေး နဲ့ လက်နက်ကိုင်ပြီးနယ်မြေတခုနဲ့တခု
ကိုဖြတ်သန်းသွားလာတဲ့အခါမှာ တဖက်နဲ့တဖက်အကြောင်းကြားရေးတို့သာလျှင်ဖြစ်ပါတယ်။ ပြီးတော့ DKBA
ဟာ UNFC ထဲမှာမပါတာကြောင့်လဲ၊ တခုခြင်းစီလုပ်လို့ရတဲ့အဖွဲ့တခုကိုရှင်းထုတ်လိုက်တာလဲဖြစ်ကောင်းဖြစ်
မယ်။ ဒီနေရာမှာ UNFC ရဲ့ ရပ်တည်ချက်ခိုင်မာနေသေးတာ ကတော့အားရဖို့ကောင်းပါသည်။ UNFC အနေ
နဲ့ယခုလိုတင်းခံပြီး၊ အနှစ်သာရရှိသော မဟာမိတ်ပြုခြင်းမျိုးဖြင့် ကောင်အထည်ဖေါ်လုပ်ဆောင်သွားလျှင်၊ အ
ခြေအနေများတမျိုးဖြစ်လာနိုင်ပေသည်။
မည်သို့ပင်ဖြစ်စေကာမူ၊ စစ်အစိုးရ၏ ကာလဆိုင်ရာကြောက်ရွှံ့မှု တခုရှိနေသည်။ ဒီ စိုးရိမ်ကြောက်ရွှံ့မှုကိုပြည်
တွင်းမှာတော့၊ လောလောဆယ်ဖြေရှင်းထားနိုင်ခဲ့သည်။ ဒါပေမယ့် အဓိကဇာတ်ကောင်တွေဖြစ်သည့်၊ လူမျိုးစု
လက်နက်ကိုင်အဖွဲ့အစည်းများကိုတော့ထိန်းချုပ်ရန်ကြိုးစားနေဆဲဖြစ်သည်။ ဒီကာလတွေအတွင်း၊ စစ်အစိုးရက
အရမ်းစိုးရိမ်တာကတော့၊ အာရပ်စပရင်းလိုပုံစံမျိုးမြန်မာနိုင်ငံမှာဖြစ်လာမှာကိုအရမ်းစိုးရိမ်သည်။ ဒါ့ကြောင့်ပြည်
တွင်းမှာ၊ ဒေါ်အောင်ဆန်းစုကြည်ကိုကပ်ပြီး၊ အကူအညီတောင်းခဲ့ခြင်းအပေါ်၊ ဒေါ်အောင်ဆန်းစုကြည်မှ၊ မြန်မာ
ပြည်ကိုတော့အာရပ်နိုင်ငံတွေမှာလို၊ လူထုတော်လှန်ရေးမျိုးအဖြစ်မခံဘူးဆိုတာကိုထုတ်ဖေါ်ပြောပေးရတဲ့အခြေ
အနေမျိုးရှိခဲ့တယ်ဆိုတာ၊ အားလုံးအသိပင်ဖြစ်သည်။
ထိုသို့ဆိုလျှင်၊ မြန်မာပြည်ရဲ့အနာဂါတ်သည်၊ သက်ဆိုင်သူများအားလုံး၏ အလေးအနက်ထားမှုနှင့်၊ လိုအပ်မဲ့
ပေးဆပ်ခြင်းကိုပြုလုပ်နိုင်/မနိုင်အပေါ်တွင်မူတည်ပြီးဖြစ်ပေါ်လာပေမည်။ စစ်အာဏာရှင်တွေရဲ့ရာဇဝင်မှာ
တော့၊ ၎င်းတို့ကျူးလွန်ထားသောမတရားမှုများအပေါ်အမြဲတမ်းမြင်ရောင်နေပြီး၊ သဘောထားကြီးစွာနဲ့လိုက်
လျောပေးလိမ့်မယ်ဆိုတာကတော့၊ မြန်မာ့သမိုင်းကိုမပြောနှင့်၊ ကမ္ဘာ့သမိုင်းမှာပင်လျှင်ရှာမတွေ့နိုင်ပေ။
0 comments:
Post a Comment