အမေရိကန်ရဲ့ကြားဝင်လုပ်ဆောင်ပေးမှု့ဆက်လက်လိုနေဦးမည်

Saturday 5 November 2011



မြန်မာပြည်မှာဒီမိုကရေစီအရေး ထွန်းကားစေဖို့၊ အမေရိကန်တို့ရဲ့ပံ့ပိုးကူညီမှုများဟာ၊ အလေးအနက်အသိမှတ်
ပြုစရာကောင်းသည်။ မြန်မာ့ဒီမိုက ရေအစီအရေးပြောင်းလဲမှုတခုဖြစ်စေဖို့အမေရိကန်နိုင်ငံအနေနှင့် sanction
အပါအဝင် အခြားသော စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာကူညီဆောင်ရွက်ပေးနေမှုများဟာ အဖိနှိပ်ခံပြည်သူများအတွ
က်အားတက်စရာဟုမြင်မိသည်။
ယနေ့ ဒီမိုကရေစီလို့ကြွေးကြော်ပြီးလုပ်ဆောင်နေသော အစိုးရသည်၊ စစ်အာဏာရှင်များမှလာသူများဖြစ်သည်
ထို့ကြောင့်၎င်း တို့ကိုဥပဒေဖြင့်ထိန်းချုပ်၍ မရနိုင်ဟုထင်သည်။ 1962 နောက်ပိုင်းကတည်းက၊ မြန်မာပြည်နှင့်
လူမျိုးအပေါ်အမျိုးမျိုး လိမ်လည်လှည့်ဖြားခဲ့သည်မှာ၊ မနေ့တနေ့ကအထိပင်ဖြစ်သည်။
ဒါပေမယ့်ယခုမကြာသေးခင်ကာလတွေမှာတော့၊ စစ်အာဏာရှင်များ ပြောင်းလဲသွားပြီလား၊ ဒါမှမဟုတ် စစ်အာ
ဏာရှင်များ၊ လုပ်နည်းလုပ်ဟန်တစုံလုံးကိုပြောင်းလဲပစ်လိုက်ပြီလားဆိုတာကိုတော့၊ အချိန်နှင့်ယှဉ်၍ စောင့်ကြ
ည့်ဖို့လိုသည်၊
ထို့ကြောင့်၊ ပြီးခဲ့တဲ့ရက်က၊ မြန်မာပြည်ကို Derek Mitchell နဲ့Michael posner တို့ပါဝင်ပြီး၊ အရောင်းအဝယ်
ကိစ္စအတွက်ဈေးနှုံး ကိုစကားပြောကြသလို၊ အမေရိကန်ရဲ့ကြားဝင်ဖြန်ဖြေပေးမှု့သည်၊ အလွန်နည်းလမ်းကျသ
ည်။ ဘာ့ကြောင့်လဲဆိုတော့၊ ယနေ့စစ်အစိုးရသည်၊ ဥပဒေဘောင်အတွင်းက လုပ်ဆောင်နေပြီလားဆိုတာမည်
သူမှအာမခံချက်မပေးနိုင်ပေ။ အာဏာရှင်လက်သစ်တက်လာပြီး၊ စစ်အာဏာတကြော့ပြန်သိမ်းနိုင်တယ်ဆိုတာ
သမိုင်းဖြစ်ရပ်များကသက်သေပြနေခဲ့သလို၊ ဒီနေ့ ဖွဲ့စည်းပုံမှာပါ ထည့်သွင်းထားသည်ဆိုတာမမေ့အပ်ပေ။ တ
ဖက်ကပြန်ကြည့်လျှင်၊ မြန်မာမြန်မာ အခြင်းခြင်း ဘာလို့တိုက်ရိုက်ပြောလို့မဲရနိုင်ရမှာလဲလို့စောဒကတက်မယ်
ဆိုရင်လည်းမမှားပါ။
ဒါပေမယ့်တိုင်းပြည်အတွက်အမှန်တယ်အလုပ်လုပ်တဲ့အစိုးရ၊ ဥပဒေကိုလေးစားလိုက်နာတဲ့အစိုးရလို့ယုံကြည်
မှု့လုံးဝ မပေးနိုင်သေးခင်မှာ၊ အမေရိကန်လို၊ UN လို ကြားခံတခုခုက၊ ဝင်ရောက်လုပ်ဆောင်ပေးခြင်းဟာ၊ အ
ကျိုးမယုတ်သည့်အပြင်၊ စစ်အစိုးရမှ အမှားအယွင်းလုပ်ခဲ့သည်ရှိသော်၊ နိုင်ငံတကာမှတိုက်ရိုက်သိရှိနိုင်ခြင်းအ
ကျိုးကျေဇူးကိုရရှိစေသည်ဟုယုံကြည်သည်။

0 comments:

Post a Comment

Labels

ဧပြီ(၁) ရက် ကြားဖြတ်ရွေးကောက်ပွဲ၊ တရားမျှတမယ်လို့၊ ထင်ပါသလား?

Search This Blog