သိန်းစိန်ရဲ့သဘောထားဟာ၊ စစ်အစိုးရရဲ့သဘောထားပါဘဲ

Sunday 20 November 2011










သိန်းစိန်ရဲ့ဘာလီကျွန်း သတင်းစာရှင်းလင်းပွဲ မှာ ထုတ်ဖေါ်ပြောဆိုလိုက်တာတွေဟာ၊ သိန်းစိန်ရဲ့သဘောထား
ဖြစ်သလို၊ ခေတ်အဆက်ဆက် က စစ်အစိုးရတွေရဲ့ သဘောထား၊ တနည်းအားဖြင့် ကမ္ဘာ့အရက်စက်ဆုံးစစ်အာ
ဏာရှင် သန်းရွှေ တို့နဲ့အတူတူပါဘဲဆိုတာကို ညွှန်းနေတာတွေကိုတွေ့ရတယ်။အဲဒါတွေကဘာတွေလဲဆိုတော့

အာဏာရှင်ပါးစပ်ကထွက်တဲ့ ဒီမိုကရေစီ
မြန်မာပြည်မှာတည်ဆောက်နေတဲ့ဒီမိုကရေစီဟာ၊ အနောက်နိုင်ငံတွေကဒီမိုကရေစီနဲ့မတူဘူး။ဘာဖြစ်လို့လဲ
ဆိုတော့၊ လူမျိုး၊ ဘာသာ၊ အစားအသောက် မတူတာကြောင့်လို့ဆိုဘဲ။ အဲဒါကြောင့်အနောက်နိုင်ငံတွေမှာ ကျင့်သုံးနေတဲ့ဒီမိုကရေစီနဲ့တူအောင်တော့မရနိုင်ဘူးဆိုတော့၊ သန်းရွှေ နဲ့၊ သိန်းစိန်ပေါင်းပြီး ရေးဆွဲထားတဲ့
ပြည်သူအတွက်မဟုတ်သော၊ ၎င်းတို့နှင့်၎င်းတို့ရဲ့အသိုင်းအဝိုင်းများအတွက် အပြည့်အဝ အာမခံချက်ပေး
မယ့်၊ ဒီမိုကရေစီသာလျှင်ဖြစ်လိမ့်မည်ထင်သည်။

လူမျိုးစုလက်နက်ကိုင်တွေကို၊ သောင်းကျန်းသူဟုသာသတ်မှတ်
ယခုလိုအပြောင်းအလဲလုပ်နေပါတယ်ဆိုတဲ့ကာလမှာတောင်၊ အပြောအဆိုကိုဆင်ခြင်ရမယ်ဆိုတာကို၊ သိလျ
က် နဲ့၊ လူမျိုးစုလက်နက်ကိုင်တွေကိုသောင်းကျန်းသူအဆင့်မှာသာထားတယ်ဆိုတာ၊ စစ်အာဏာရှင်တွေရဲ့ရင်
တွင်းကသဘောထား၊ ထာဝရဘယ်တော့မှမပြောင်းလဲမယ့်သဘောထားကိုပြဆိုတာဘဲဖြစ်တယ်။ မြန်မာပြည်
မှဖြစ်စဉ်များကိုသတိထားမိ မယ်ဆိုလျှင်၊ လူမျိုးစုအဖွဲ့တွေကိုအပစ်အခတ်ရပ်စဲပြီးနောက်၊ နောက်တဆင့်လုပ်
ငန်းစဉ်က၊ နယ်ချားစောင့်တပ်ထက် သာလွန်တဲ့အခြေအနေမျိုးကိုပေးလိမ်မည်မဟုတ်။ ပြီးတော့လူမျိုးစုတွေ
ဘာ့ကြောင့်လက်နက်ကိုင်နေရသလဲဆိုတာကို ပေါ့ပေါ့တန်တန်ဘဲပြောသွားခဲ့တယ်။ စားဝတ်နေရေးမပြေလည်
ကြခြင်းအပေါ်၊ အလုပ်အကိုင်တွေ၊ စက်မှုဇုန်တွေဖန်တီးပေးလိုက်တဲ့အခါကျရင်၊ လက်နက်ကိုစွန့်ချင်ကြလိမ်
မယ်လို့ပြောခဲ့တယ်။ ဆိုလိုရင်းတွေကိုအသေအချာသုံးသပ်ကြည့်ရင်၊ စစ်အစိုးရဟာ၊ သူတို့ကိုယ်သူတို့မှန်တာ
တွေလုပ်နေသယောင်ယောင်ဟန်ဆောင်ပြနေတာဟာအထင်အရှားဖြစ်တယ်။

မြန်မာပြည်မှာနိုင်ငံရေးအကျဉ်းသား၊ ယုံကြည်ချက်ကြောင့်အကျဉ်းကျနေသူတွေမရှိဘူးတဲ့ဗျာ
ဥပဒေတခုခုကိုကျူးလွန်လို့၊ အပြစ်ပေးအရေးယူခံထားရတာသာလျှင်ဖြစ်တယ်လို့ပြောတယ်။ အကျဉ်းသားနှစ်
သောင်းကျော်လောက်လွှတ်ပေးပြီးတာကိုတော့ရေးကြီးခွင်ကျယ်ပြောသွားတယ်။

ဆိုတော့၊ ဒီလိုပြောဆိုမှုတွေဟာ၊ အာဏာရှင်တွေရဲ့ ပင်ကိုသဘောထားတွေကို ထင်ဟပ်ပြနေတယ်ဆိုတာ ရှင်း
ရှင်းကြီးမြင်နိုင်တယ်။ ပိုဆိုးတာက ၎င်းတို့လုပ်နေတာမှန်သမျှ ဟာ တိုင်းပြည်နဲ့လူမျိုးအတွက်ဘဲဆိုပြီး ဟန်ေ
ဆာင်ပြီးခံယူနေကြတာကတော့ရင်နာဖို့ကောင်းပါတယ်။

ဒါတွေကိုမပြောခင်မှာ၊ သိန်းစိန်နဲ့ယခုလွှတ်တော်ထဲမှာ၊ မဲမသမာမှုတွေနဲ့ မနိုင်နိုင်အောင် အနိုင်ယူပြီး အတင်း
အဓမ္မ နဲ့ အစိုးရအဖွဲ့ပါဆိုပြီးလုပ်နေသူတွေကို အမြဲတမ်းသတိပေးဖို့လိုအပ်နေတာ နှစ်ခုရှိတယ်။

(၁) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်သူလူထုဆန္ဒနဲ့အတည်ပြုခဲ့တာမဟုတ်သလို၊ ပြည်သူလူထုကလက်
မခံတဲ့ဥပဒေတွေဖြစ်တယ်။
(၂) သိန်းစိန်အပါအဝင်ကြံ့ဖွတ်ပါတီမှ အတင်အဓမ္မအနိုင်ယူထားသူတွေဟာ၊ ပြည်သူ့ဆန္ဒအစစ်အမှန်နဲ့ရွေး
ကောက်ထားခြင်းမဟုတ်တဲ့အတွက်၊ အာဏာရှင်တွေဖြစ်နေဆဲဘဲဆိုတာကို၊
၎င်းတို့သိအောင်အမြဲတမ်းပြောပြနေဖို့လိုလိမ်မယ်။

တခုကျိန်းသေတာကတော့၊ သိန်းစိန် နဲ့အဖွဲ့ ရဲ့လုပ်ရပ် သဘောထားများဟာ ယ္ခင် စစ်အုပ်စုက လုပ်ခဲ့သလိုပုံစံ
မျိုးလို့မထင်ရတဲ့အကောင်အထည်ဖေါ်မှုမျိုးတွေနဲ့၊ ယခင်စစ်အုပ်စုတွေလုပ်ခဲ့သလိုဘဲ လုပ်ဆောင်နေကြတာ
သာလျှင်ဖြစ်သည်။

0 comments:

Post a Comment

Labels

ဧပြီ(၁) ရက် ကြားဖြတ်ရွေးကောက်ပွဲ၊ တရားမျှတမယ်လို့၊ ထင်ပါသလား?

Search This Blog