ယနေ့မြန်မာပြည်သည်ဘယ်ကိုဦးတည်ပြီးဘယ်ကိုရောက်မယ်ဆိုတာကို၊ ဘယ်သူမှတတ်အပ်မပြောနိုင်သောအခြေအနေတွင်ရောက်ရှိနေသည်ဟုထင်သည်။ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်ရဲ့အနာဂတ်ကိုမည်သူမှတိတိကျကျမပြောနိုင်တဲ့အခြေအနေမှာရောက်ရှိနေလို့ဘဲဖြစ်ပါတယ်။ဥပမာ အားဖြင့်၊ မြန်မာပြည်ရဲ့ပြည်သူကရွေးချယ်ထားခြင်းမဟုတ်တဲ့အတင်းအဓမ္မသမ္မတ သိန်းစိန်၊ ဘာလီသတင်းစာရှင်းလင်းပွဲမှာပြောတာက၊ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးရှေ့ဆက်ပြီးတော့လုပ်စရာကတော့တိတိကျကျတော့မရှိသေးဘူး၊ အခြေအနေပေါ်မူတည်ပြီးဆက်လုပ်သွားရမှာဘဲဆိုပြီး၊ [...]
Home » Archives for 2011
Sunday, 11 December 2011
Saturday, 10 December 2011
ပုံပြင်ထဲကကျားငစဉ်းလဲနဲ့မြန်မာပြည်မှစစ်အာဏာရှင်များ

မင်းသုဝဏ်ရေးတဲ့၊ ကလေးပုံပြင်များထဲမှ အိန္ဒိယပုံပြင်တခုကိုဘာသာပြန်ထားတဲ့ပုံပြင်တခုထဲမှာပါဝင်တဲ့ကျားငစဉ်းလဲတကောင်ရဲ့ပြုမူချက်နဲ့ပတ်သက်ပြီး၊ မြန်မာပြည်မှာလက်ရှိဖြစ်ပေါ်နေသောအခြေအနေများအပေါ်စစ်အာဏာရှင်လက်သစ်တို့ပြုမူချက်များ၊ တော်တော်လေးဆက်စပ်မှုရှိသည်ဟုတွေးဆမိသည်။ ဒါ့ကြောင့်ဒီပုံပြင်လေးကိုမျှဝေခံစားဖြစ်တာပါ။ပုံပြင်အရ၊ ကျားငစဉ်းလဲကို ပုဏ္ဏားက ကယ်ခဲ့ပြီးတဲ့အခါမှာ၊ [...]
Tuesday, 6 December 2011
မင်းကိုနိုင်နဲ့ ၈၈ ခေါင်းဆောင်တွေကိုမလွှတ်ပေးတာဟာအာဏာရှင်တို့ရဲ့ အန္တိမရည်မှန်းချက်

မြန်မာပြည်မှာဖြစ်ပေါ်နေမှုများကိုကြည့်ပြီး၊ မကြာသေးမှီ အတိတ်ကာလကဖြစ်စဉ်များကိုမေ့လျော့ကောင်းမေ့လျော့ကြလိမ့်မည်။ ဒါပေမယ့်၊ အာမခံချက်ရှိသော အနာဂါတ်၊ ကျွန်တော်တို့တွေအမှန်တကယ်လိုလားသောမြန်မာပြည်ရဲ့အနာဂါတ်တခုဆီသို့မရောက်သေးဘူးလို့ ယူဆရသည့်အခါမျိုးတွင်၊ ဖြစ်ပျက်ခဲ့ပြီးသောအခြေအနေများကို၊ ပြန်လည်ဆက်စပ် ပြီးသုံးသပ်နိုင်ပါက၊ ရည်မှန်းသောအနာဂါတ်ဆီသို့ဘယ်လို၊ [...]
Saturday, 3 December 2011
စစ်အုပ်ချုပ်ရေးပြန်မသွားတော့ဘူး ဆိုတာကို ဘယ်သူတွေပြောသင့်သလဲ

ယနေ့ကာလ၊ မြန်မာနိုင်ငံမှာမြင်နေ၊ ကြားနေရတာတွေသည်၊ အမှန်တကယ် ဘဲဖြစ်နေသလိုလို ပုံစံမျိုးလို့ထင်ရပေမယ့်၊ ဖြစ်စဉ်များကိုအသေအချာ၊ ဆက်စပ်ကြည့်လျှင်၊ ယုံကြည်ဖို့ အလွန်ခက်ခဲတာကိုတွေ့ရပေမည်။ ဥပမာအားဖြင့်၊ အာဏာရှင်တွေရဲ့အဝန်းအဝိုင်းအတွင်းမှာဘဲ၊ တချို့ကနိုင်ငံရေးအကျဉ်းသားရှိတယ်၊ တချို့ကမရှိဘူးတချို့ကအရေအတွက်ကို၊ အတိုက်အခံတွေဖေါ်ပြနေသလောက်မရှိဘူး၊ သမတအကြံပေးဆိုသူများကလည်း၊ [...]
Friday, 2 December 2011
ဟီလာရီကလင်တင်မြန်မာနိုင်ငံသို့လာရောက်ခြင်းအပေါ် Aljazeera မှတင်ဆက်သော Inside Story

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၊ ဟီလာရီကလင်တင် မြန်မာနိုင်ငံသို့လာရောက်ခြင်းအပေါ် မြန်မာနိုင်ငံရဲ့အခြေအနေများကိုဆွေးနွေးထားတာ စိတ်ဝင်စားဖို့ကောင်းတယ်။ အဲဒီဆွေးနွေးချက်တွေထဲမှာပါသလို၊ စစ်အာဏာရှင်တွေဟာ၊ နိုင်ငံရေးအကျဉ်းသားတွေကို bargaining chip အရောင်းအဝယ်လုပ်ရာတွင်အသုံးပြုသောပစ္စည်းတွေလိုသာသဘောထားတယ်ဆိုတာ သိပ်မှန်တယ်။ ဒါဆိုရင်စစ်အစိုးရတဖြင့်လဲ၊ [...]
Wednesday, 30 November 2011
စီးပွါးရေးပိတ်ဆို့မှု၊ သိန်းစိန် အစိုးရ နဲ့ ဝမ်းနဲစရာတခု

ယခုမြန်မာနိုင်ငံမှာရောက်ရှိနေတဲ့၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တင်ရဲ့ခရီးစဉ်မှာ၊ အသံအကျယ်လောင်ဆုံးထွက်တဲ့ကိစ္စကတော့၊ စီးပွါးရေးပိတ်ဆို့မှု ကိုရုပ်သိမ်းပေးဖို့ဆိုတဲ့အချက်ပါဘဲ။ Bali summit ပြီးနောက်သိန်းစိန် သို့မဟုတ်၎င်းနဲ့အတူလိုက်ပါသွားသူများက မြန်မာပြည်ကိုလာဖို့ဖိတ်ခေါ်ခြင်းအပေါ်၊ သမ္မတအို Obama ကလည်း၊ ရတဲ့အခွင့်အရေးကိုမလွတ်တမ်းဖမ်းဆုတ်လိုက်တဲ့ [...]
Tuesday, 29 November 2011
ဟီလာရီကလင်တင်ရဲ့ခရီးစဉ်မှာ စိုးရိမ်မှုတွေဖေါ်ပြကြရအောင်
နိုဝင်ဘာ(၃၀) ရက်နေ့မှာသွားမယ့်၊ အမေရိကန်နိုင်ငံရဲ့နိုင်ငံခြားရေးဝန်ကြီးရဲ့ခရီးစဉ်မှာ၊ မြန်မာတယောက်အနေနဲ့၊ စစ်အစိုးရမှအသွင်ပြောင်းလာတဲ့ သိန်းစိန်အစိုးရ နဲ့မလိုအပ်သေးသော အပေးအယူလုပ်မှုများမဖြစ်ပေါ်လာစေရေးအတွက်၊ စိုးရိမ်တယ်ဆိုလျှင်၊ ကျွန်တော်တို့တွေရဲ့အသံတွေကိုကြားနိုင်အောင်၊အောက်ပါအိတ်ဖွင့်ပေးစာလေးကို ပါဝင်လက်မှတ်ထိုးခြင်းအားဖြင့် ကျွန်တော်တို့ရဲ့စိုးရိမ်မှု့တွေကိုပြဆိုနိုင်မှာဖြစ်ပါတယ်။ကျွန်တော်တို့အားလုံးသိကြတဲ့အတိုင်း၊ သိန်းစိန်အစိုးရဟာ၊ [...]
Sunday, 20 November 2011
သိန်းစိန်ရဲ့သဘောထားဟာ၊ စစ်အစိုးရရဲ့သဘောထားပါဘဲ

သိန်းစိန်ရဲ့ဘာလီကျွန်း သတင်းစာရှင်းလင်းပွဲ မှာ ထုတ်ဖေါ်ပြောဆိုလိုက်တာတွေဟာ၊ သိန်းစိန်ရဲ့သဘောထားဖြစ်သလို၊ ခေတ်အဆက်ဆက် က စစ်အစိုးရတွေရဲ့ သဘောထား၊ တနည်းအားဖြင့် ကမ္ဘာ့အရက်စက်ဆုံးစစ်အာဏာရှင် သန်းရွှေ တို့နဲ့အတူတူပါဘဲဆိုတာကို ညွှန်းနေတာတွေကိုတွေ့ရတယ်။အဲဒါတွေကဘာတွေလဲဆိုတော့အာဏာရှင်ပါးစပ်ကထွက်တဲ့ ဒီမိုကရေစီမြန်မာပြည်မှာတည်ဆောက်နေတဲ့ဒီမိုကရေစီဟာ၊ အနောက်နိုင်ငံတွေကဒီမိုကရေစီနဲ့မတူဘူး။ဘာဖြစ်လို့လဲဆိုတော့၊ [...]
Monday, 7 November 2011
NLD ပါတီ ရွေးကောက်ပွဲဝင်မယ်ဆိုလျှင်

ယနေ့ NLD ပါတီ ရဲ့လုပ်ဆောင်ချက်တွေကိုကြည့်မယ်ဆိုလျှင်၊ အလွန်နားလည်ရခက်သောအခြေအနေကိုမြင်တွေ့ရမည်ဖြစ်သည်။ 1990 ရွေးကောက်ပွဲပြီးနောက်ပိုင်းကာလများမှာလူထုနှင့်ထိစပ်ပြီးတသားတည်းရှိခဲ့တယ်ဆိုပေမယ့်၊ ယခုကာလတွေအတွင်းမှာတော့ NLD ရဲ့ဆုံးဖြတ်ချက်ပိုင်ပိုင်နိုင်နိုင်မရှိဘဲ၊ ဘယ်ကိုဦးတည်သွားနေသလဲဆိုတာကို၊ သာမန်ပြည်သူတွေအနေနှင့် မမြင်တွေ့နိုင်ခြင်းအပေါ်၊ [...]
Sunday, 6 November 2011
လက်တွေ့ဘဝတွင် အမြဲတမ်းရှိနေဦးမည့် မတရားမှုများ

မြန်မာနိုင်ငံမှာ အမှန်တကယ်ပြောင်းလဲမှုလုပ်လိုတယ်ဆိုလျှင် လူပြောင်းခြင်းထက်၊ စနစ်ကိုပြောင်းလဲပစ်ခြင်းကပို၍ အဓိပါယ် ရှိလိမ်မည်ဟုထင်သည်။ ဘာလို့လဲဆိုတော့၊ NLD အဖွဲ့ဝင် ၂ ဦးကိုစွမ်းအားရှင်များဝိုင်းရိုက်ခြင်း၊ အာဏာပိုင်လို့ခေါ်တဲ့စစ်အစိုးရရဲ့ နောက်ခံကျောရှိးများ (သို့မဟုတ်) ဘာဘဲလုပ်လုပ်အရေးယူခြင်းမခံရမယ့်ပုဂ္ဂိုလ် များမှ အင်အားသုံး၍ မိသားစုတစုရဲ့အိမ်နှင့် [...]
Saturday, 5 November 2011
အမေရိကန်ရဲ့ကြားဝင်လုပ်ဆောင်ပေးမှု့ဆက်လက်လိုနေဦးမည်

မြန်မာပြည်မှာဒီမိုကရေစီအရေး ထွန်းကားစေဖို့၊ အမေရိကန်တို့ရဲ့ပံ့ပိုးကူညီမှုများဟာ၊ အလေးအနက်အသိမှတ်ပြုစရာကောင်းသည်။ မြန်မာ့ဒီမိုက ရေအစီအရေးပြောင်းလဲမှုတခုဖြစ်စေဖို့အမေရိကန်နိုင်ငံအနေနှင့် sanctionအပါအဝင် အခြားသော စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာကူညီဆောင်ရွက်ပေးနေမှုများဟာ အဖိနှိပ်ခံပြည်သူများအတွက်အားတက်စရာဟုမြင်မိသည်။ယနေ့ ဒီမိုကရေစီလို့ကြွေးကြော်ပြီးလုပ်ဆောင်နေသော [...]
Friday, 4 November 2011
DKBA နဲ့အလျှင်အမြန် အပစ်အခတ်ရပ်စဲတာဘာ့ကြောင့်လဲ?

စစ်အစိုးရ တဖြစ်လဲ ဦးသိန်းစိန်အစိုးရ၏ လုပ်ဆောင်ချက်များသည် အသေအချာ လေ့လာကြည့်လျှင် ဘယ်လိုဦးတည်ချက်ရှိတယ်ဆိုတာကိုခန့်မှန်း၍ရသည်။ DKBA ကို အပစ်အခတ်ရပ်စဲခြင်းရဲ့ဖြစ်နိုင်ခြေ ရှိသောရည်ရွယ်ချက်ကတော့၊ DKBA သည်လက်တွေ့ဆန်သည်၊ တုန့်ပြန်မှု့ မြန်ဆန်သည်၊ မြဝတီ၊ ဘုရားသုံးဆူကဲ့သို့သော နယ်စပ်ကူးသန်းရောင်းဝယ်ရေးမြို့နှင့် အခြားသောအတွင်းပိုင်းကျသောနေရာများကို [...]
စစ်အစိုးရကို အတိုက်အခံပြုသူ နည်းသွားမည်လော?

မြန်မာပြည်ရဲ့စစ်အာဏာရှင်အစိုးရကို အတိုက်အခံပြုနေသော အတိုက်အခံအဖွဲ့၊ အတော်များများကို မြန်မာပြည်တွင်းနှင့် ပြည်ပနိုင်ငံအတော်များများတွင်တွေ့ရမည်ဖြစ်သည်။ မြန်မာပြည်တွင်းကိုပြန်ကြည့်လျှင် NLDသည်အဓိကအတိုက်အခံအဖွဲ့ကြီးဖြစ်သည်ဟုပြောလို့ရသည်။ ဒါပေမယ့် NLD ရဲ့ အင်နဲ့အားနဲ့ အတိုက်အခံပြုမှုများကို၂၀၀၃ ဒီပဲရင်း အရေးအခင်းလောက်ထိသာ တွေ့မြင်ရပြီး၊ နောက်ပိုင်းတွင်အလွန့်အလွန် [...]
Wednesday, 2 November 2011
မြန်မာပြည်မှ၊ စစ်အာဏာရှင်များရဲ့သမရိုးကျဗျူဟာ

ယနေ့မြန်မာပြည်မှာဖြစ်ပေါ်နေသော အခြေအနေများကိုလေ့လာကြည့်မည်ဆိုလျှင်၊ ယခင် စစ်အာဏာရှင်အဆက်ဆက်၏လုပ်ဆောင်ချက်များနှင့်ဘာမှထူးခြားမှုမရှိတာကိုတွေ့ရမည်ဖြစ်သည်။ စစ်အာဏာရှင်များ၏အဓိကဗျူဟာသည်၊ တိုင်းပြည်၏အာဏာကိုလက်လွှတ်စရာမလိုဘဲနဲ့၊ ၎င်းတို့ရဲ့အကျိုးစီးပွါး၊ ၎င်းတို့မိသားစုများရဲ့အကျိုးစီးပွါးနဲ့၊ ၎င်းတို့အားမြှေက်ပင့်ပံ့ပိုးနေသော သူများရဲ့အကျိုးစီးပွါးများကို [...]
Tuesday, 1 November 2011
NLD ပါတီ မှတ်ပုံတင်သင့်ပါသလား?

ယနေကာလ ဖြစ်ပေါ်နေသော မြန်မာပြည်မှနိုင်ငံရေးအခြေအနေများသည်ကြိုတင်တွက်ဆ၍မရနိုင်သောအခြေအနေများကိုဖြစ်ပေါ်စေလျက်၊ ပြည်သူများကိုအမှန်တကယ် စိတ်ဝေဝါးမှုဖြစ်စေမှာတော့အမှန်ပင်ဖြစ်သည်။တိုင်းပြည်နဲ့လူမျိုးအတွက်လုံးဝ လှည့်ကြည့်ခြင်းမရှိတဲ့၊ အလွန်ဆိုးဝါးသော စစ်အာဏာရှင်များကို၊ အတိုက်အခံပြုနေသော၊ ပြည်သူများရဲ့အကျိုးကိုသယ်ပိုးမည်ဟု အပြည့်အဝသတ်မှတ်ခြင်းခံရပြီး၊ [...]
Friday, 21 October 2011
လစ်ဗျားဖြစ်စဉ်မှ မြန်မာပြည်အတွက်အတွေးတခု

အာရပ်စပရင်းလို့ခေါ်တဲ့ အီဂျစ်မှစတင်လိုက်သော၊ အောက်ခြေလူထုမှနှစ်ကာလကြာမြင့်စွာအုပ်ချုပ်နေသောစစ်အာဏာရှင်များကိုတွန်လှန်ဖြိုချခြင်း များတွင်ယခုလောလောဆယ်မြင်တွေ့နေရသော၊ လစ်ဗျားတွင်ဖြစ်ပျက်နေသည့်ဖြစ်စဉ်များသည်တခုအပါအဝင်ဖြစ်သည်။အာရပ်ကမ္ဘာမှာ ဖြစ်စဉ်များရဲ့အခြေခံတူညီချက်ကတော့၊အာဏာရှင်များ၊ ပြည်သူလူထုပေါ်မတရားအုပ်ချုပ်မှုများအတင်းအဓမ္မ အနိုင်ကျင့်မှုများကိုလုံးဝသီးမခံနိုင်တော့ခြင်းမရှိတော့တဲ့အခါမှာ၊ [...]
Wednesday, 19 October 2011
နှာစေးနေရသောအကြံပေးအဖွဲ့နှင့်အကြံအဖန်အစိုးရ

မြန်မာပြည်မှာနိုင်ငံရေးအကျဉ်းသားလုံးဝမရှိပါ ဆိုတဲ့ so-called ဦးသိန်းစိန်အစိုးရမှ တောက်လျှောက်ပြောလာပြီးမှယခု သမ္မတအကြံပေးအဖွဲ့ထဲက ပုဂ္ဂိုလ်တယောက်ကမြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသား ၆၀၀ လောက်ရှိတယ်ဆိုပြီး ပြောဆိုချက်ကတော့၊ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားရှိတယ်ဆိုတာကို ဝန်ုခံပြောဆိုလိုက်တာဘဲဖြစ်တယ်။အရေအတွက်နဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်တော့၊ [...]
Monday, 17 October 2011
Die, Die, Die
လွတ်မြောက်ရေးအတွက်တိုက်ပွဲဝင်နေသူများဒီဆောင်းပါးကိုဖတ်ကြည့်သင့်သည်။အလွန်ကြေကွဲစရာကောင်းသော၊ မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းမှုသမိုင်းတွင်ဖယ်ထား၍မရသော အာဏာရှင်များ၏ လုံးဝ၊ လုံးဝ လူမဆန်သောရက်စက်မှု့များကိုလူတိုင်း သိထားသင့်သည်။ Thanks to Wunna Maung and Kyaw Soe Lin for Saving Daw Suu's life. . . . .'They were screaming: Die, die, die!': The dramatic inside story of Aung San Suu Kyi's darkest hour - the independence [...]
Sunday, 16 October 2011
စောင့်ကြည့်ခြင်း (သို့) NATO လုပ်ခြင်းဖြင့် စစ်အာဏာရှင်စနစ်အောက်ကမလွတ်မြောက်နိုင်

မြန်မာပြည်မှာနိုင်ငံရေးအခင်းအကျင်းများပြောင်းလဲလာနေသည်၊စစ်အာဏာရှင်များလှည့်ကွက်အသစ်များသုံးပြုလာကြသည်ဆိုတာကိုမည်သူမှငြင်း၍မရနိုင်ပါ။ သေချာတာတခုကတော့မြန်မာပြည်အစစ်အမှန်ပြောင်လဲရေးဘက်သို့ရောက်ရှိဖို့အတွက် စစ်အာဏာရှင်များအမြင်မှန်ရလာနေပြီလောဆိုတာကို၊ ဒေါ်အောင်ဆန်းစုကြည်ပင်လျှင်ထင်မြင်ချက်မပေးနိုင်ပါ။ ထိုနည်းတူစွာ စစ်အာဏာရှင်များဘက်ကလည်းသိသိသာသာ [...]
Friday, 14 October 2011
ကိုဇာဂနာ၊ မစုစုနွေး တို့လို ပုဂ္ဂိုလ် များလိုအပ်နေ

ပြီးခဲ့တဲ့ (၂) ရက်ကမှ ထောင်ကထွက်လာသူတွေအထဲ၊နိုင်ငံရေးအကျဉ်းသားတွေဟာအားရစရာကောင်းလောက်အောင် မြန်မာပြည်ရဲ့နိုင်ငံရေးအဖြစ်မှန် တွေကိုထိန်သိမ်း တွေးမြင်ထားနိုင်တယ်ဆိုတာ၊ ၎င်းတို့နဲ့အင်တာဗျူးလုပ်ထားတာတွေကိုနားထောင်ကြည့်ရင် တွေ့ရှိနိုင်ပါတယ်။အထူးသဖြင့် ကိုဇာဂနာ၊ မစုစုနွေးတို့ရဲ့ပြောဆိုချက်တွေကို လေ့လာကြည့်လျှင်၊ ထောင်ထဲမှာနေရပေမယ့်၊ လတ်တလောမြန်မာ့နိုင်ငံရေးလောကကြီးထဲမှာ [...]
Wednesday, 12 October 2011
နိုင်ငံရေးအကျဉ်းသာားတွေကို မလွှတ်ပေးတာဟာဘာကြောင့်လဲ?

အဖြေကတော့ရှင်းပါတယ်။ သဘောထားမမှန်လို့သာလျှင်ဖြစ်ပါတယ်။ ရိုးသားသောသဘောထားဖြင့် အပြောနှင့်အလုပ်ညီအောင် သက်သေပြခြင်တယ်ဆိုရင်၊ ယနေအကျဉ့်းထောင်အသီးသီးမှာကျခံနေရတဲ့နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးမှာဖြစ်ပါတယ်။ ဒါပေမယ့် ယခုလွှတ်မဲ့အကျဉ်းသား ၆၃၅၉ ဦး နဲ့ လက်ချိုးရေလို့ရတဲ့နိုင်ငံရေးအကျဉ်းသားတချို့ကိုလွှတ်ပေးခြင်းဟာ နိုင်ငံတကာမှာအရောင်းအဝယ်တခုပြုလုပ်သလိုသာဖြစ်ကြောင်း၊ [...]
Monday, 3 October 2011
About Myitsone Dam Project
The Myitsone Hydroelectric Project is located at the confluence of the Mali and N'Mai rivers and is the largest of seven dams (total capacity 13,360 MW) planned along the Irrawaddy, Mali Hka, and N'Mai Hka rivers in Burma. Scheduled for completion in 2019, Myitsone will become the 15th largest hydropower station in the world, with installed capacity at 6,000 MW. The main dam is approximately 152 meters long, 152 meters high, [...]
Saturday, 1 October 2011
ဧရာဝတီ မှသည်

မြစ်ဆုံရေကာတာ တည်ဆောက်ခြင်းကို ခေတ္တ ရပ်ဆိုင်းထားလိုက်ပြီဆိုတဲ့နောက်ပိုင်းမှာ၊မြန်မာပြည်ရဲ့နိုင်ငံရေးကိုလေ့လာကြည့်လျှင်၊ အမျိုးမျိုးထင်မြင်ယူဆနိုင်သည်။အဖြစ်နိုင်ဆုံးထင်မြင်ချက်ကတော့သမ္မတဦးသိန်းစိန်ဟာအပြောနှင့်အလုပ်ညီအောင်ပြည်သူ့ဘက်ကရပ်တည်ပြလက်ခြင်းပင်ဖြစ်သည်ဟုသတ်မှတ်၍ရသည်။အဲဒီလိုဘဲအခြားသောထင်မြင်ယူဆ၍ရနိုင်သည့် အခြေအနေအကြောင်းရပ်များစွာ ရှိနေနိုင်ပေ [...]
Subscribe to:
Posts (Atom)
My Blog List
-
-
နောက်ဆုံးရ မြန်မာသတင်းများ4 years ago
-
-
-
-
-
-
-
-